သာဓုကန်စက်မှုဇုန်တွင် ဆိုလာစီမံကိန်းအကောင်အထည်ဖော်ရန် ညှိနှိုင်းနေ

280

Pearl (NP News) - နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ သာဓုကန်စက်မှုဇုန်တွင် ဆိုလာစီမံကိန်းအကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းရှင်များနှင့် လျှပ်စစ်ကုမ္ပဏီကြီးတစ်ခုတို့ ညှိနှိုင်းနေကြောင်း လုပ်ငန်းရှင်များထံ NP News မှ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။ အဆိုပါ ဆိုလာစီမံကိန်းကို အကောင်အထည်ဖော်ရန် သာဓုကန်စက်မှုဇုန်မှ တာဝန်ရှိသူများနှင့် လျှပ်စစ် ကုမ္ပဏီတို့ကြား ပြီးခဲ့သည့်လပိုင်းက နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“ဆိုလာစီမံကိန်းကို ကျွန်တော်တို့လုပ်နေပါတယ်။ သာဓုကန်စက်မှုဇုန်မှာ ကျွန်တော်တို့က ဒဂုံ ဦးဝင်းအောင်ရဲ့သားပေါ့နော်။ လျှပ်စစ်ကုမ္ပဏီတစ်ခုနဲ့ ကျွန်တော်တို့ ဆိုလာ ပရော့ဂျက်တစ်ခုအတွက် MOU ထိုးထားတယ်။ ထိုးထားတော့ သူတို့မြေပြင်ဆင်းတိုင်းတာပေါ့။ ဆာဗေးလုပ်တယ် ဘာညာလုပ် တာပေါ့။ တစ်ယူနစ်ကို MOU ထိုးထားတာတော့ ခန့်မှန်းခြေ (၅၀ဝ) နဲ့ (၆၀ဝ) ကြားပေါ့နော်။ Battery Backup နဲ့။ စက်ရုံအလုပ်ရုံတွေ အားလုံးအပေါ်မှာ ဆိုလာပြားတွေ တပ်ဆင်အသုံးပြုခွင့်၊ အသုံးပြုဖို့ အတွက် အကောင်အထည်ဖော်နေတာပေါ့။ ဆာဗေးအဆင့်တော့ ပြီးသွားပြီ။ MOU မထိုးခင်တုန်းက ပထမက proposal တင်ရတာပေါ့နော်။ ဘယ်စက်ရုံတွေပေါ်မှာ ခေါင်မိုးပေါ်တင်မယ်။ ထွက်ရှိလာတဲ့ မီး က ဘယ်လောက်ရမယ်။ ဒီမီးကို လုပ်ငန်းရှင်တွေက (၂၄)နာရီကို ဘယ်နှရုံသုံးနိုင်မလဲ။ အမျိုးမျိုးမေးတာ ပေါ့နော်”ဟု လုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများဆောင်ရွက်နေပြီး မီတာယူနစ်အတွက် ကောက်ခံ မည့်ဈေးနှုန်းများအပါအဝင် အသေးစိတ်များကို ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရ သည်။ ထို့ပြင် အဆိုပါ ဆိုလာစီမံကိန်းကို တစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန်အတွက် ညှိနှိုင်း ဆောင်ရွက်နေ ကြောင်းလည်းသိရသည်။
“သူတို့ အခု ဆိုလာ ဘယ်လိုတပ်မလဲဆိုတာ အင်ဂျင်နီယာ Team တွေနဲ့ ကြံ့ခိုင်မှုရှိမရှိ လာစစ် နေတယ်။ သူတို့ဘက်က တပ်မယ်၊ OK တယ် မီးပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့က ကိုယ်ပိုင် ဓာတ် အားပေးခွဲရုံရှိပြီးသား။ ကျန်တဲ့ EPC အပိုင်းကတော့ သူတို့ ညှိမယ်ပေါ့။ ကျန်တာက မီတာ တစ်ယူနစ် အတွက် ဈေးဘယ်လောက်ယူမလဲ အတိအကျမဟုတ်သေးဘူး။ ခန့်မှန်းခြေထွက်လာပြီ။ နောက်တစ် ခုက ကျွန်တော်တို့ကို (၂၄)နာရီ မီးပေးသုံးဖို့၊ မသုံးဖို့ပေါ့နော်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့က (၂၄) နာရီလိုချင်လို့ Battery Back up တွေထည့်ပေးဖို့ ညှိနေတယ်။ ယူနစ်က နည်းနည်းပိုတက်ရင်တက်ပေါ့။ အစိုးရဈေးနှုန်းက အခု(၉၀ဝ)လောက် ဖြစ်မယ်လို့ ပြောနေကြတယ်။ တရားဝင်ဇုန်တွေမှာလည်း အစည်းအဝေးလာလုပ်ပြီး ပြောသွားတယ်။ proposal အပြီးအစီး ၊ EPC နဲ့ ညှိတာတွေရော၊ ကျွန်တော်တို့နဲ့ ဈေးနှုန်းအတည်ပြုတာတွေရော။ လုပ်မယ့်ပုံစံတွေရော အကုန်လုံး တစ်နှစ်အတွင်း အကောင်အထည်ဖော်မယ်လို့တော့ လက်မှတ်ထိုးထားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
သာဓုကန္စက္မႈဇုန္တြင္ ဆိုလာစီမံကိန္းအေကာင္အထည္ေဖာ္ရန္ ညႇိႏႈိင္းေန
Pearl (NP News) - ႏိုဝင္ဘာ ၂၅
ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္ (၄) ရပ္ကြက္ရွိ သာဓုကန္စက္မႈဇုန္တြင္ ဆိုလာစီမံကိန္းအေကာင္အထည္ေဖာ္ရန္အတြက္ လုပ္ငန္းရွင္မ်ားႏွင့္ လွ်ပ္စစ္ကုမၸဏီႀကီးတစ္ခုတို႔ ညႇိႏႈိင္းေနေၾကာင္း လုပ္ငန္းရွင္မ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။ အဆိုပါ ဆိုလာစီမံကိန္းကို အေကာင္အထည္ေဖာ္ရန္ သာဓုကန္စက္မႈဇုန္မွ တာဝန္ရွိသူမ်ားႏွင့္ လွ်ပ္စစ္ ကုမၸဏီတို႔ၾကား ၿပီးခဲ့သည့္လပိုင္းက နားလည္မႈစာခြၽန္လႊာကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
“ဆိုလာစီမံကိန္းကို ကြၽန္ေတာ္တို႔လုပ္ေနပါတယ္။ သာဓုကန္စက္မႈဇုန္မွာ ကြၽန္ေတာ္တို႔က ဒဂုံ ဦးဝင္းေအာင္ရဲ႕သားေပါ့ေနာ္။ လွ်ပ္စစ္ကုမၸဏီတစ္ခုနဲ႔ ကြၽန္ေတာ္တို႔ ဆိုလာ ပေရာ့ဂ်က္တစ္ခုအတြက္ MOU ထိုးထားတယ္။ ထိုးထားေတာ့ သူတို႔ေျမျပင္ဆင္းတိုင္းတာေပါ့။ ဆာေဗးလုပ္တယ္ ဘာညာလုပ္ တာေပါ့။ တစ္ယူနစ္ကို MOU ထိုးထားတာေတာ့ ခန႔္မွန္းေျခ (၅၀ဝ) နဲ႔ (၆၀ဝ) ၾကားေပါ့ေနာ္။ Battery Backup နဲ႔။ စက္႐ုံအလုပ္႐ုံေတြ အားလုံးအေပၚမွာ ဆိုလာျပားေတြ တပ္ဆင္အသုံးျပဳခြင့္၊ အသုံးျပဳဖို႔ အတြက္ အေကာင္အထည္ေဖာ္ေနတာေပါ့။ ဆာေဗးအဆင့္ေတာ့ ၿပီးသြားၿပီ။ MOU မထိုးခင္တုန္းက ပထမက proposal တင္ရတာေပါ့ေနာ္။ ဘယ္စက္႐ုံေတြေပၚမွာ ေခါင္မိုးေပၚတင္မယ္။ ထြက္ရွိလာတဲ့ မီး က ဘယ္ေလာက္ရမယ္။ ဒီမီးကို လုပ္ငန္းရွင္ေတြက (၂၄)နာရီကို ဘယ္ႏွ႐ုံသုံးႏိုင္မလဲ။ အမ်ိဳးမ်ိဳးေမးတာ ေပါ့ေနာ္”ဟု လုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ေျမျပင္ကြင္းဆင္း စစ္ေဆးမႈမ်ားေဆာင္႐ြက္ေနၿပီး မီတာယူနစ္အတြက္ ေကာက္ခံ မည့္ေဈးႏႈန္းမ်ားအပါအဝင္ အေသးစိတ္မ်ားကို ဆက္လက္ညႇိႏႈိင္းေနဆဲျဖစ္ေၾကာင္း သိရ သည္။ ထို႔ျပင္ အဆိုပါ ဆိုလာစီမံကိန္းကို တစ္ႏွစ္အတြင္း အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ ညႇိႏႈိင္း ေဆာင္႐ြက္ေန ေၾကာင္းလည္းသိရသည္။
“သူတို႔ အခု ဆိုလာ ဘယ္လိုတပ္မလဲဆိုတာ အင္ဂ်င္နီယာ Team ေတြနဲ႔ ႀကံ့ခိုင္မႈရွိမရွိ လာစစ္ ေနတယ္။ သူတို႔ဘက္က တပ္မယ္၊ OK တယ္ မီးေပးႏိုင္တယ္ဆိုရင္ ကြၽန္ေတာ္တို႔က ကိုယ္ပိုင္ ဓာတ္ အားေပးခြဲ႐ုံရွိၿပီးသား။ က်န္တဲ့ EPC အပိုင္းကေတာ့ သူတို႔ ညႇိမယ္ေပါ့။ က်န္တာက မီတာ တစ္ယူနစ္ အတြက္ ေဈးဘယ္ေလာက္ယူမလဲ အတိအက်မဟုတ္ေသးဘူး။ ခန႔္မွန္းေျခထြက္လာၿပီ။ ေနာက္တစ္ ခုက ကြၽန္ေတာ္တို႔ကို (၂၄)နာရီ မီးေပးသုံးဖို႔၊ မသုံးဖို႔ေပါ့ေနာ္။ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔က (၂၄) နာရီလိုခ်င္လို႔ Battery Back up ေတြထည့္ေပးဖို႔ ညႇိေနတယ္။ ယူနစ္က နည္းနည္းပိုတက္ရင္တက္ေပါ့။ အစိုးရေဈးႏႈန္းက အခု(၉၀ဝ)ေလာက္ ျဖစ္မယ္လို႔ ေျပာေနၾကတယ္။ တရားဝင္ဇုန္ေတြမွာလည္း အစည္းအေဝးလာလုပ္ၿပီး ေျပာသြားတယ္။ proposal အၿပီးအစီး ၊ EPC နဲ႔ ညႇိတာေတြေရာ၊ ကြၽန္ေတာ္တို႔နဲ႔ ေဈးႏႈန္းအတည္ျပဳတာေတြေရာ။ လုပ္မယ့္ပုံစံေတြေရာ အကုန္လုံး တစ္ႏွစ္အတြင္း အေကာင္အထည္ေဖာ္မယ္လို႔ေတာ့ လက္မွတ္ထိုးထားတယ္” ဟု ၎က ဆက္လက္ေျပာသည္။