ဟားမက်နဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ကတိပြု

 156

Pika (NP News) - နိုဝင်ဘာ ၂၅

လက်ဘနွန်နိုင်ငံမှာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်ဆောင်တာမျိုးနဲ့ ဂါဇာမှာလည်း ဟားမက်လက်နက်ကိုင်အဖွဲ့က အလားတူလုပ်ဆောင်မှာမျိုးကိုတားဆီးဖို့အတွက် လိုအပ်တာမှန်သမျှကို အစ္စရေးက လုပ်ဆောင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အစ္စရေးဟာ လက်ဘနွန်နိုင်ငံက ပစ်မှတ်ပေါင်းများစွာကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့လောင်ချာတွေနဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့အောက်တိုဘာလ(၁၀)ရက်နေ့ကရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက် တယ်လို့ အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့က အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ နေတန်ရာဟုက “အကြမ်းဖက်မှုတွေကို နေရာပေါင်းစုံကနေ ကျွန်တော်တို့ ဆက်လက်တိုက်ခိုက်နေ ပါတယ်။ လက်ဘနွန်မှာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ကျွန်တော်တို့အပေါ် ခြိမ်းခြောက်နိုင်တဲ့စွမ်းရည်တွေကို ပြန်လည်ထူထောင်တာကနေ ကာကွယ်ဖို့အတွက် လိုအပ်တာမှန်သမျှကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ အလားတူ လုပ်ဆောင်မှုမျိုးကိုလည်း ဂါဇာမှာလုပ်ဆောင်နေပါတယ်။ ဟားမက်လက်နက်ကိုင်အဖွဲ့က တပ်ဖွဲ့ စုဆောင်းတာတွေ၊ စစ်လက်နက်ပစ္စည်း စုဆောင်းတာမျိုးတွေ မရှိစေဖို့အတွက် လိုအပ်တာမှန်သမျှကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဟားမက္နဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ကို ဆက္လက္တိုက္ခိုက္သြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ကတိျပဳ
Pika (NP News) - ႏိုဝင္ဘာ ၂၅
လက္ဘႏြန္ႏိုင္ငံမွာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ျပန္လည္ဖြဲ႕စည္းမႈေတြ လုပ္ေဆာင္တာမ်ိဳးနဲ႔ ဂါဇာမွာလည္း ဟားမက္လက္နက္ကိုင္အဖြဲ႕က အလားတူလုပ္ေဆာင္မွာမ်ိဳးကိုတားဆီးဖို႔အတြက္ လိုအပ္တာမွန္သမွ်ကို အစၥေရးက လုပ္ေဆာင္သြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း အစၥေရးဟာ လက္ဘႏြန္ႏိုင္ငံက ပစ္မွတ္ေပါင္းမ်ားစြာကို တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့သလို ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကလည္း ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ေလာင္ခ်ာေတြနဲ႔ စစ္ဘက္ဆိုင္ရာေနရာေတြကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ၿပီးခဲ့တဲ့ေအာက္တိုဘာလ(၁၀)ရက္ေန႔ကရရွိခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ တယ္လို႔ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔က အျပန္အလွန္စြပ္စြဲေျပာဆိုမႈေတြ ရွိေနတယ္လို႔လည္း သိရပါတယ္။ ေနတန္ရာဟုက “အၾကမ္းဖက္မႈေတြကို ေနရာေပါင္းစုံကေန ကြၽန္ေတာ္တို႔ ဆက္လက္တိုက္ခိုက္ေန ပါတယ္။ လက္ဘႏြန္မွာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ကြၽန္ေတာ္တို႔အေပၚ ၿခိမ္းေျခာက္ႏိုင္တဲ့စြမ္းရည္ေတြကို ျပန္လည္ထူေထာင္တာကေန ကာကြယ္ဖို႔အတြက္ လိုအပ္တာမွန္သမွ်ကို ဆက္လက္လုပ္ေဆာင္သြားမွာပါ။ အလားတူ လုပ္ေဆာင္မႈမ်ိဳးကိုလည္း ဂါဇာမွာလုပ္ေဆာင္ေနပါတယ္။ ဟားမက္လက္နက္ကိုင္အဖြဲ႕က တပ္ဖြဲ႕ စုေဆာင္းတာေတြ၊ စစ္လက္နက္ပစၥည္း စုေဆာင္းတာမ်ိဳးေတြ မရွိေစဖို႔အတြက္ လိုအပ္တာမွန္သမွ်ကို ကြၽန္ေတာ္တို႔ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.