ထိပ်တန်းခေါင်းဆောင် အလီခါမေနီကို ပစ်မှတ်ထားဖို့ ကြိုးပမ်းမှုတွေကို အီရန်ထောက်လှမ်းရေး သတိပေး

156

Pika (NP News) - နိုဝင်ဘာ ၂၅
အစ္စရေးထိပ်တန်းခေါင်းဆောင် အလီခါမေနီကို ပစ်မှတ်ထားပြီး အီရန်နိုင်ငံကို မတည်မငြိမ်ဖြစ်စေဖို့ အမေရိကန်နဲ့ အစ္စရေးတို့အပါအဝင် နိုင်ငံခြားရန်သူတွေရဲ့ကြိုးပမ်းမှုတွေအားလုံးကို အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနက သတိပေးခဲ့တယ်လို့ သိရပါတယ်။
အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီကို ပစ်မှတ်ထားတိုက်ခိုက်ဖို့နဲ့ တစ်ခါတစ်လေမှာ လုပ်ကြံဖို့ ရန်သူတွေက ကြိုးပမ်းနေတယ်လို့ အီရန်ထောက်လှမ်းရေးဝန်ကြီး အက်စ်မေးခ်ခါတစ်က သတိပေးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် လည်း အက်စ်မေးလ်ခါတစ်က ဘယ်ဖြစ်ရပ်ကို ရည်ညွှန်းပြီးပြောဆိုတာလဲဆိုတဲ့အချက်အလက်တွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကဖြစ်ပွားခဲ့တဲ့အစ္စရေးနဲ့အီရန်တို့ရဲ့(၁၂)ရက်ကြာ စစ်ပွဲမတိုင်ခင်အချိန်အထိ အလီခါမေနီရဲ့အသက် ကို ခြိမ်းခြောက်မှုဆိုင်ရာ ထုတ်ပြန်ချက်တွေက မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အက်စ်မေးလ်ခါတစ်က “ဒီလိုလမ်းကြောင်းအတိုင်းလုပ်ဆောင်သူတွေဟာ ရန်သူဘက်က အေးဂျင့်တွေဆိုတာ သိသာပါတယ်” လို့ ပြောခဲ့ပါတယ်။
အက်စ်မေးလ်ခါတစ်ရဲ့ပြောဆိုချက်တွေဟာ အစ္စရေးနဲ့ အမေရိကန်တို့ကို တိုက်ရိုက်ရည်ညွှန်းပြီးပြောဆိုခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်ကလ အစ္စရေးနဲ့အီရန်တို့ကြားဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်ထိပ်တန်းစစ်ဘက်အရာရှိတွေ၊ နျူကလီးယားသိပ္ပံပညာရှင်တွေ အပါအဝင် လူအများအပြားသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီကို ပစ္မွတ္ထားဖို႔ ႀကိဳးပမ္းမႈေတြကို အီရန္ေထာက္လွမ္းေရး သတိေပး
Pika (NP News) - ႏိုဝင္ဘာ ၂၅
အစၥေရးထိပ္တန္းေခါင္းေဆာင္ အလီခါေမနီကို ပစ္မွတ္ထားၿပီး အီရန္ႏိုင္ငံကို မတည္မၿငိမ္ျဖစ္ေစဖို႔ အေမရိကန္နဲ႔ အစၥေရးတို႔အပါအဝင္ ႏိုင္ငံျခားရန္သူေတြရဲ႕ႀကိဳးပမ္းမႈေတြအားလုံးကို အီရန္ေထာက္လွမ္းေရးဝန္ႀကီးဌာနက သတိေပးခဲ့တယ္လို႔ သိရပါတယ္။
အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီကို ပစ္မွတ္ထားတိုက္ခိုက္ဖို႔နဲ႔ တစ္ခါတစ္ေလမွာ လုပ္ႀကံဖို႔ ရန္သူေတြက ႀကိဳးပမ္းေနတယ္လို႔ အီရန္ေထာက္လွမ္းေရးဝန္ႀကီး အက္စ္ေမးခ္ခါတစ္က သတိေပးေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ လည္း အက္စ္ေမးလ္ခါတစ္က ဘယ္ျဖစ္ရပ္ကို ရည္ၫႊန္းၿပီးေျပာဆိုတာလဲဆိုတဲ့အခ်က္အလက္ေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လကျဖစ္ပြားခဲ့တဲ့အစၥေရးနဲ႔အီရန္တို႔ရဲ႕(၁၂)ရက္ၾကာ စစ္ပြဲမတိုင္ခင္အခ်ိန္အထိ အလီခါေမနီရဲ႕အသက္ ကို ၿခိမ္းေျခာက္မႈဆိုင္ရာ ထုတ္ျပန္ခ်က္ေတြက မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ အက္စ္ေမးလ္ခါတစ္က “ဒီလိုလမ္းေၾကာင္းအတိုင္းလုပ္ေဆာင္သူေတြဟာ ရန္သူဘက္က ေအးဂ်င့္ေတြဆိုတာ သိသာပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အက္စ္ေမးလ္ခါတစ္ရဲ႕ေျပာဆိုခ်က္ေတြဟာ အစၥေရးနဲ႔ အေမရိကန္တို႔ကို တိုက္႐ိုက္ရည္ၫႊန္းၿပီးေျပာဆိုခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ ဇြန္ကလ အစၥေရးနဲ႔အီရန္တို႔ၾကားျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း အစၥေရးရဲ႕ ဗုံးႀကဲတိုက္ခိုက္မႈေတြေၾကာင့္ အီရန္ထိပ္တန္းစစ္ဘက္အရာရွိေတြ၊ န်ဴကလီးယားသိပၸံပညာရွင္ေတြ အပါအဝင္ လူအမ်ားအျပားေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။