ဗင်နီဇွဲလားနဲ့ဆက်စပ်တဲ့စစ်ဆင်ရေးတွေရဲ့အဆင့်သစ်ကို အမေရိကန်က စတင်တော့မယ်

 222

Pika (NP News) - နိုဝင်ဘာ ၂၅

အမေရိကန်နိုင်ငံဟာ လာမယ့်ရက်ပိုင်းအတွင်း ဗင်နီဇွဲလားနဲ့ဆက်စပ်တဲ့စစ်ဆင်ရေးတွေရဲ့အဆင့်သစ်တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန်အရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရရဲ့ဖိအားတွေ တိုးမြင့်လာချိန် မှာပဲ ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း စစ်ဆင်ရေးအသစ်ရဲ့အချိန် အတိအကျ ဒါမှမဟုတ် အတိုင်းအတာအပြင် စစ်ဆင်ရေးအသစ် လုပ်ဆောင်ဖို့ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်တာမျိုး ရှိ/မရှိဆိုတဲ့အသေးစိတ်အချက်အလက်တွေကို အမေရိကန်အရာရှိ တွေက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
အမေရိကန်ဟာ ကာရေဘီယံပင်လယ်ပြင်မှာ စစ်ရေးတည်ဆောက်မှုတွေကို အရှိန်မြှင့်တင်ခဲ့ပြီးနောက် မကြာခင် မှာပဲ ယခုလိုသတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် လျှို့ဝှက်စစ်ဆင်ရေးတွေဟာ နီကိုလက်စ်မာဒူရို အပေါ် လုပ်ဆောင်ချက်အသစ်ရဲ့ပထမအပိုင်းဖြစ်နိုင်တယ်လို့လည်း အမေရိကန်အရာရှိတွေက ပြောကြားခဲ့ပါ တယ်။
အမေရိကန်က မကြာခင်လုပ်ဆောင်တော့မယ် စစ်ဆင်ရေးတွေဟာ လျှို့ဝှက်စစ်ဆင်ရေးတွေဖြစ်တာကြောင့် ကျန်တဲ့ ဒေတာအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုဖို့က မဖြစ်နိုင်ဘူးလို့လည်း အမေရိကန်အရာရှိတွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားနဲ႔ဆက္စပ္တဲ့စစ္ဆင္ေရးေတြရဲ႕အဆင့္သစ္ကို အေမရိကန္က စတင္ေတာ့မယ္
Pika (NP News) - ႏိုဝင္ဘာ ၂၅
အေမရိကန္ႏိုင္ငံဟာ လာမယ့္ရက္ပိုင္းအတြင္း ဗင္နီဇြဲလားနဲ႔ဆက္စပ္တဲ့စစ္ဆင္ေရးေတြရဲ႕အဆင့္သစ္တစ္ခုကို စတင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အေမရိကန္အရာရွိေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုအေပၚ အေမရိကန္သမၼတေဒၚနယ္ထရမ့္အစိုးရရဲ႕ဖိအားေတြ တိုးျမင့္လာခ်ိန္ မွာပဲ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း စစ္ဆင္ေရးအသစ္ရဲ႕အခ်ိန္ အတိအက် ဒါမွမဟုတ္ အတိုင္းအတာအျပင္ စစ္ဆင္ေရးအသစ္ လုပ္ေဆာင္ဖို႔ ေဒၚနယ္ထရမ့္က ဆုံးျဖတ္တာမ်ိဳး ရွိ/မရွိဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကို အေမရိကန္အရာရွိ ေတြက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
အေမရိကန္ဟာ ကာေရဘီယံပင္လယ္ျပင္မွာ စစ္ေရးတည္ေဆာက္မႈေတြကို အရွိန္ျမႇင့္တင္ခဲ့ၿပီးေနာက္ မၾကာခင္ မွာပဲ ယခုလိုသတင္းေတြထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ လွ်ိဳ႕ဝွက္စစ္ဆင္ေရးေတြဟာ နီကိုလက္စ္မာဒူ႐ို အေပၚ လုပ္ေဆာင္ခ်က္အသစ္ရဲ႕ပထမအပိုင္းျဖစ္ႏိုင္တယ္လို႔လည္း အေမရိကန္အရာရွိေတြက ေျပာၾကားခဲ့ပါ တယ္။
အေမရိကန္က မၾကာခင္လုပ္ေဆာင္ေတာ့မယ္ စစ္ဆင္ေရးေတြဟာ လွ်ိဳ႕ဝွက္စစ္ဆင္ေရးေတြျဖစ္တာေၾကာင့္ က်န္တဲ့ ေဒတာအခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုဖို႔က မျဖစ္ႏိုင္ဘူးလို႔လည္း အေမရိကန္အရာရွိေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.