ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ကို အမေရိကန်နဲ့ရုရှားတို့ ဆွေးနွေးသွားမယ်

108

Pika (NP News) - နိုဝင်ဘာ ၂၅
ယူကရိန်းပဋိပက္ခအတွက် အမေရိကန်က အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို အမေရိကန်နဲ့ရုရှားတို့က ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ အမည်မဖော်လိုတဲ့အရာရှိတစ်ဦးရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး New York Times သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာ အမေရိကန်ဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယူကရိန်းကိုတင်ပြခဲ့ပြီး လာမယ့် ရက်ပိုင်းအတွင်း လက်ခံဖို့ ယူကရိန်းကို အချိန်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားအစိုးရက ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့မူကြမ်းကို လက်ခံရရှိခဲ့ပေမယ့်လည်း အမေရိကန်နဲ့အသေးစိတ်မဆွေးနွေးရသေးဘူးလို့ ရုရှားသမ္မတပူတင်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ပတ်သက်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဟာ အဓိက ဥရောပကျောထောက်နောက်ခံနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ယူကရိန်းသမ္မတဇီလန်စကီးက ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်ခံပါက အမေရိကန် အထူးသံတမန် စတိဗ်ဝစ်အော့ဖ်ဟာ ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားသမ္မတပူတင်ကို တင်ပြနိုင်ဖွယ်ရှိနေတယ်လို့ လည်း အမည်မဖော်လိုတဲ့အရာရှိရဲ့ပြောကြားချက်ကို ကိုးကားပြီး NYT က ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ဆက်သွယ်မှုတွေရှိနေတာကို ရုရှားဘက်ကလည်း အတည်ပြုခဲ့ပြီး စတိဗ်ဝစ်အော့ဖ်ကို အချိန်မရွေး လက်ခံတွေ့ဆုံဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေဒၚနယ္ထရမ့္ရဲ႕ ယူကရိန္းၿငိမ္းခ်မ္းေရးအစီအစဥ္ကို အေမရိကန္နဲ႔႐ုရွားတို႔ ေဆြးေႏြးသြားမယ္
Pika (NP News) - ႏိုဝင္ဘာ ၂၅
ယူကရိန္းပဋိပကၡအတြက္ အေမရိကန္က အဆိုျပဳထားတဲ့ၿငိမ္းခ်မ္းေရးအစီအစဥ္ကို အေမရိကန္နဲ႔႐ုရွားတို႔က ေဆြးေႏြးဖို႔ ျပင္ဆင္ေနတယ္လို႔ အမည္မေဖာ္လိုတဲ့အရာရွိတစ္ဦးရဲ႕ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး New York Times သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္မွာ အေမရိကန္ဟာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ယူကရိန္းကိုတင္ျပခဲ့ၿပီး လာမယ့္ ရက္ပိုင္းအတြင္း လက္ခံဖို႔ ယူကရိန္းကို အခ်ိန္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားအစိုးရက ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရဲ႕မူၾကမ္းကို လက္ခံရရွိခဲ့ေပမယ့္လည္း အေမရိကန္နဲ႔အေသးစိတ္မေဆြးေႏြးရေသးဘူးလို႔ ႐ုရွားသမၼတပူတင္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေမရိကန္က အဆိုျပဳထားတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး ယူကရိန္းကိုယ္စားလွယ္အဖြဲ႕ဟာ အဓိက ဥေရာပေက်ာေထာက္ေနာက္ခံႏိုင္ငံေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယူကရိန္းသမၼတဇီလန္စကီးက ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို လက္ခံပါက အေမရိကန္ အထူးသံတမန္ စတိဗ္ဝစ္ေအာ့ဖ္ဟာ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို ႐ုရွားသမၼတပူတင္ကို တင္ျပႏိုင္ဖြယ္ရွိေနတယ္လို႔ လည္း အမည္မေဖာ္လိုတဲ့အရာရွိရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး NYT က ေရးသားေဖာ္ျပခဲ့ပါတယ္။
အေမရိကန္နဲ႔ဆက္သြယ္မႈေတြရွိေနတာကို ႐ုရွားဘက္ကလည္း အတည္ျပဳခဲ့ၿပီး စတိဗ္ဝစ္ေအာ့ဖ္ကို အခ်ိန္မေ႐ြး လက္ခံေတြ႕ဆုံဖို႔ အဆင္သင့္ရွိတယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။