ရွေးကောက်ပွဲအလွန် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းနိုင်မှု

 111

ကျွန်းသားငမန်း (NP News) - နိုဝင်ဘာ ၂၅

စာရေးသူရန်ကုန်သို့ရောက်နေသည်မှာ ကြာပြီ။ အများနည်းတူ စစ်ဘေးရှောင်ရင်းစစ်ဘေးမှ လွတ်ကင်းမည်ဟုယုံကြည်ခဲ့သည့်နေရာသို့ ပြောင်း ရွှေ့ရင်း ရန်ကုန်တွင် ယာယီအခြေစိုက်နေထိုင်ဖြစ် ခြင်းဖြစ်သည်။ စာရေးသူမှာ ပထမအကြိမ် ပြည်နယ်လွှတ်တော်နှင့် ဒုတိယအကြိမ်ပြည်နယ်လွှတ်တော် များတွင် ဥပဒေရေးရာအကြံပေးအဖွဲ့ဝင်အဖြစ် သက် တမ်းနှစ်ဆက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့် ရွေးကောက်ပွဲများနှင့်မစိမ်းသလို(၂၀၂၅)ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲအလွန် ဖွဲ့စည်းဖြစ်ပါ်လာ မည့်တိုင်းဒေသကြီးများနှင့် ပြည်နယ်လွှတ်တော်များ၏ ဖွဲ့ စည်းနိုင်မှုအနေအထားအခင်းအကျင်းများကို လည်း စိတ်ပါဝင်စားလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတော်၏လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ များကို ကွက်ပြည့်ကျင်းပနိုင်ခြင်းမရှိသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်လွှတ်တော်များအနေဖြင့် လွှတ်တော်များ ခေါ်ယူကျင်းပနိုင်ခြေရှိမရှိကိုလည်း စိတ်ပါဝင်စားစွာ လေ့လာဖြစ်မိသည်။
စတုတ္တအကြိမ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများကို (၂၀၂၅)ခုနှစ် ဒီဇင်ဘာလတွင် စတင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ပထမအကြိမ်ရွေးကောက်ပွဲကို(၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ် ရွေးကောက်ပွဲများကို (၂၀၂၆)ခုနှစ် ဇန်နဝါရီလ (၁၁) ရက်တွင်လည်းကောင်း၊ တတိယအကြိမ် ရွေးကောက်ပွဲများကို (၂၀၂၆)ခုနှစ် ဇန်နဝါရီ (၂၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ရွေးကောက်ပွဲပထမပိုင်းတွင် မြို့နယ် (၁၀၂)မြို့နယ်တွင် လည်း ကောင်း၊ ဒုတိယပိုင်းတွင်မြို့နယ် (၁၀ဝ) တွင်လည်းကောင်း၊ တတိယပိုင်းတွင် မြို့နယ် (၇၆)မြို့နယ်တွင် လည်းကောင်း ကျင်းပပြုလုပ်ရန်ရှိကြောင်းလည်းသိရသည်။ ပထမပိုင်းရွေးကောက်ပွဲကျင်းပမည့်မြို့နယ် များစာရင်းနှင့် ဒုတိယပိုင်းရွေး ကောက်ပွဲကျင်းပမည့်မြို့နယ်များစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီးလည်း ဖြစ်သော်လည်း တတိယပိုင်းအတွက်မူ နေ့ရက်နှင့် ကျင်းပမည့်မြို့နယ်များကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ စာရေးသူနှင့် ခင်မင်ရင်းနှီးသောမိတ်ဆွေတစ်ဦးက (၂၀၂၅) ခုနှစ်ရွေး ကောက်ပွဲအလွန် ပြည် နယ်/တိုင်းဒေသကြီး လွှတ် တော်များ ခေါ်ယူကျင်းပနိုင်ခြင်းရှိမရှိ မေးမြန်းလာ ခဲ့သည်။
“ကိုကြီးမန်းရေ။ (၂၀၂၅)ခုနှစ်ရွေးကောက်ပွဲက ကျင်းပတော့မယ်ဆိုတာသေချာနေပြီဗျ။ ကျွန် တော်တို့ရခိုင်ပြည်နယ်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက စတင်လှုပ်ရှားနေ ကြပြီ။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ (၇)ပါတီရှိတယ်လို့ အကြမ်းဖျင်းတော့သိထားရတယ်။ ဒီအထဲမှာ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်တိုင်းရင်းသား လူမျိုးစုတွေဖွဲ့ စည်းထားတဲ့ နိုင်ငံရေးပါတီတွေပါသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီကြီး တွေဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီတို့၊ တစညတို့လိုပါတီကြီးတွေကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ်ဗျ။ ကျွန်တော်သိချင်တာက ရွေးကောက်ပွဲတော့ကျင်းပပြီးသွားပြီ။ ရွေးကောက်ပွဲကျင်းပပြီးသွား ရင် ရခိုင်ပြည်နယ်လွှတ်တော်ခေါ်ယူကျင်းပနိုင်ခြေ ရှိမရှိဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပထမအဆင့် ရွေးကောက်ပွဲကျင်းပမယ့်မြို့နယ် (၁၀၂)မြို့ထဲမှာ ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် မြို့နယ်တွေပဲပါတယ်။ ဒုတိယအဆင့်ကျင်းပမယ့် ရွေးကောက်ပွဲမြို့နယ် (၁၀ဝ)ထဲမှာ ရခိုင်က တစ်မြို့ နယ်မှမပါလာဘူး။ တတိယအဆင့်ရွေးကောက်ပွဲကတော့ မြို့နယ်စာရင်းတွေမထုတ်ပြန်သေးတဲ့အတွက် ရခိုင်ပြည်နယ်ကပါမလား မပါဘူးလားမသိရသေးဘူး။ ဒီတော့ ကိုကြီးမန်းရေ လောလောဆယ် မြို့နယ် သုံးမြို့နယ်လောက်က ရွေးချယ်တင်မြှောက် ခံရတဲ့ ကိုယ်စားလှယ်(၆)ယောက်နဲ့ လွှတ်တော်ခေါ်ယူနိုင် ခြင်းရှိမရှိဆိုတာကိုပဲသိချင်တာ”မေးခွန်းမေးသောမိတ်ဆွေသည် ဖွဲ့စည်းပုံ အခြေံဥပဒေကို ကောင်းစွာ လေ့လာထားခြင်းမရှိသေး သည်မှာထင်ရှားသည်။ ထို့ကြောင့် လက်ရှိအခင်းအကျင်းအရ ပြည်နယ် လွှတ်တော်ခေါ်ယူနိုင်ခြင်း ရှိ မရှိ စိုးရိမ်နေခြင်းဖြစ်သည်။ အကယ်၍ ပြည်နယ်လွှတ်တော်မဖွဲ့စည်းနိုင် ပါက ပြည်ထောင်စုမှချုပ်ကိုင်သည့် ပြည်နယ်အစိုးရအဖွဲ့ဖြင့်သာ နှစ်ပါးသွားရမည့်အရေးကိုလည်း ကြောင့်ကြဟန်တူသည်။ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ဖြစ်ပေါ်လာမည့် လွှတ်တော်၊ လွှတ်တော်မှဖွဲ့ စည်းပေးလိုက်သည့်အစိုးရအဖွဲ့စသည်တို့ကို မိတ်ဆွေမျှော်လင့်ထားဟန်ရှိသည်။ ရခိုင်ပြည်သူတို့ ရွေး ချယ်ပေးလိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသည့် ပြည်နယ်လွှတ်တော်၊ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသောပဋိပက္ခများကို အတိုင်းအတာ တစ်ခုထိလျော့နည်းသွားအောင် သို့တည်းမဟုတ် ငြိမ်းချမ်းသွားအောင်လုပ်ဆောင်ပေးနိုင်မည်ဟု မျှော် လင့်ချက်ထားဟန်လည်းရှိသည်။ ရခိုင်ပြည်သူတို့ကား စစ်ဘေးကြောင့်ပင်ပန်းနွမ်းရိနေကြပြီ။ လွှတ် တော် ကိုယ်စားလှယ်များအနေဖြင့်လည်း ပြည်သူများ၏အကျပ်အတည်းနှင့်အခက်အခဲများကို ဖြေရှင်း ပေးနိုင်မည်ဟုမျှော်လင့်ထားကြသလို၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနိုင်ကြလိမ့်မည်ဟု မျှော်လင့်ထားဟန်ရှိသည်။ ထို့ကြောင့်လည်း (၂၀၂၅)ခုနှစ် ရွေးကောက်ပွဲအလွန်ဖြစ်ပေါ်လာမည့် လွှတ် တော်အခင်းအကျင်းကို စိတ်ပါဝင်စားနေဟန်လည်းရှိသည်။
“ခင်ဗျားမေးခွန်းကို တချို့မိတ်ဆွေတွေကလည်း မေးကြတယ်ဗျ။ ကျွန်တော်တို့ရခိုင်ပြည်နယ် အပါအဝင် တခြားသော တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေပါ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ် ယူနိုင်ခြင်းရှိ မရှိဆိုတာ စိတ်ဝင်စားနေကြတယ်။ ကျွန်တော်ပြောမယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ် တော်များဖွဲ့စည်းပုံကိုရော၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်များအစည်းအဝေးကျင်းပခြင်းကိုရော ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်းသတ်မှတ်ထားပြီးဖြစ်တယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်လွှတ် တော်များဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၄) ဥပဒေပြုရေး ကဏ္ဍမှာဖော်ပြထားတယ်ဗျ။ ပုဒ်မ(၁၆၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကို အောက်ပါအတိုင်းဖွဲ့စည်းရမယ်လို့ဆိုထားတယ်ဗျာ။ ဥပဒေစကား မပြောဘဲ လိုရင်းကိုပဲပြောမယ်ဗျာ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင်မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီရွေးကောက် တင် မြှောက်တဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ရမယ်ဆိုတော့ ရခိုင် ပြည်နယ်မှာ မြို့နယ် (၁၇)မြို့နယ်ရှိတော့ တစ်မြို့နယ်ကိုနှစ်ဦးကျနဲ့ ကိုယ်စားလှယ်(၃၄)ဦးရှိမယ်ဗျာ။ ပြီးတော့ လျော်ကန်သင့်မြတ် သောလူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေစုစု ပေါင်း၏ (ဝ ဒသမ ၁) ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း သက်ဆိုင်ရာကသတ်မှတ်သော တိုင်းရင်းသားလူမျိုး အသီးသီးက လူမျိုး တစ်မျိုးလျှင်တစ်ဦးကျစီ ရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ရမယ်လို့ဆိုထားတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အဲဒီသတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ချင်းတိုင်း ရင်းသားကိုယ်စားလှယ်တစ်ဦးရှိမယ်ဗျာ။ ဒီတော့ မြို့နယ်ကိုယ်စားလှယ် (၃၄)ဦး+ချင်းတိုင်းရင်းသား ကိုယ်စားလှယ် (၁)ဦးဆိုတော့ ပေါင်း (၃၅)ဦးရှိသွားပြီ။
“ပြီးတော့ကျန်သေးတယ်။ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်း သည့် တပ်မတော်သားတိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပါဝင်ရမယ် လို့ဆိုထားသေးတယ်။ ဒီတော့ ရခိုင်ပြည်နယ် လွှတ်တော်မှာရှိတဲ့ ရွေးချယ်ခံကိုယ်စားလှယ် (၃၅) ရဲ့သုံးပုံ တစ်ပုံနဲ့ညီမျှတဲ့ တပ်မတော်သားကိုယ်စား လှယ် (၁၂)ဦးပါဝင်လာမယ်။ ဆိုတော့ ရခိုင်ပြည်တော်ဟာ မြို့ နယ်ကိုယ်စားပြုကိုယ်စားလှယ် (၃၄)ဦး+ ချင်းတိုင်းရင်းသားကိုယ်စားလှယ် (၁)ဦး+တပ်မတော်သား ကိုယ်စားလှယ် (၁၂) ဦး၊ ပေါင်းလိုက်တော့ (၄၇)ဦးနဲ့ဖွဲ့စည်းထားတာကိုတွေ့ရမယ်ဗျ”
“ကိုကြီးမန်းပြောတာတော့ဟုတ်ပါပြီ။ ရ ခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်(၄၇)ဦးနဲ့ ဖွဲ့ရမယ်ဆိုထားတော့ အစည်းအဝေးတက်ရောက်မယ့် ကိုယ်စားလှယ်က အခုသတ်မှတ်ထာတဲ့အတိုင်း ဆိုရင် မြို့နယ်(၃)မြို့နယ်က မြို့နယ်ကိုယ်စားပြုကိုယ်စားလှယ် (၆)ဦး+ချင်းတိုင်းရင်းသားကိုယ်စား လှယ် (၁)ဦး+တပ်မတော်သားကိုယ်စားလှယ်(၁၂)ဦး ပေါင်းရင် (၁၉)ဦးသားရှိသေးတယ်။ လွှတ်တော် ကိုယ်စားလှယ် (၄၇)ဦးရဲ့ထက်ဝက်တောင်မမီဘူး”
“ခင်ဗျားပြောတာမှန်ပါတယ်။ ဒီတော့ အခြေခံဥပဒေပါလွှတ်တော်အစည်းအဝေးကျင်းပတဲ့ သတ်မှတ်ချက်ကိုကြည့်ရအောင်။ တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်လွှတ်တော်အစည်းအဝေးများ ကျင်းပခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၇၁)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သက်တမ်းစတင်တဲ့နေ့ရက်ဟာ ပြည်သူ့လွှတ်တော်သက်တမ်းစတင်သည့်နေ့ရက်ဖြစ်ပြီး တိုင်းဒေ သကြီး/ပြည်နယ်လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ယင်းလွှတ်တော်၏ သက် တမ်း စတင်သည့်နေ့မှ (၁၅)ရက်အတွင်းကျင်းပရမယ်လို့ ပြဋ္ဌာန်းထားတယ်ဗျ။ ဒီအပြင်လည်း ပုဒ်မ (၁၈၀)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အ စည်းအဝေးတစ်ရပ်၏ ပထမနေ့တွင် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စား လှယ်စုစု ပေါင်းဦးရေ၏ထက်ဝက်ကျော်တက်ရောက်လျှင် ယင်းအစည်းအဝေး အထမြောက်သည်။ အကယ်၍ အထမမြောက်ပါက အစည်းအဝေးကို ရွှေ့ဆိုင်းကျင်းပရမည်။ ပြီးတော့ အစည်းအဝေးအထ မြောက်သည့်အတွက် ရွှေ့ဆိုင်းကျင်းပသည့်အစည်းအဝေးများနှင့် အစည်းအဝေးအထမြောက်ပြီးနောက် ဆက်လက် ကျင်းပသောအစည်းအဝေးများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်း အဝေးကို တက်ရောက်ခွင့်ရှိသည့်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံ တစ်ပုံတက်ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်ဆိုပြီး ပြဋ္ဌာန်းသတ်မှတ်ထားတယ် ဗျ။ ဒီတော့ ပြောရမယ်ဆိုရင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များဖွဲ့စည်းခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်တယ်ဆိုတာ လေ့လာသိရှိနိုင်ပါတယ်ဗျ”
“ဒါဆိုရင် ကိုကြီးမန်းပြောသလို ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ မြို့နယ်(၁၇)မြို့နယ်ရှိပြီး တစ် မြို့နယ်လျှင် နှစ်ဦးကျစီနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၃၄)ဦးရရှိထားပြီးဖြစ်တယ်။ ပြီးတော့ အထက်မှာ ကိုကြီးမန်းပြောခဲ့သလိုမျိုး လျော်ကန်သင့် မြတ်တဲ့လူဦးရေဖြစ်တဲ့ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း (ဝ ဒသမ ၁)ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း သက် ဆိုင်ရာကသတ်မှတ်သော ချင်းတိုင်းရင်း သားကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၃၅)ဦးအပြင် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံ နှင့်ညီမျှတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးထည့်ပေါင်းပါက ရခိုင်ပြည်နယ် လွှတ် တော်ကို လွှတ်တော်ကိုယ် စားလှယ် (၄၇) ဦးနဲ့ဖွဲ့စည်းထားတာပေါ့”
“ဒါပေါ့။ အခုလောလောဆယ် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေအရ ရခိုင်ပြည်နယ်ရဲ့လက်ရှိအခင်းအကျင်းမှာ မြို့နယ် (၃)မြို့နယ်မှာပဲ ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိနေ သေးတဲ့အတွက် မြို့နယ်ကိုယ်စားပြုကိုယ်စားလှယ် (၆)ဦး+ချင်းတိုင်းရင်းသားကိုယ်စားလှယ် (၁)ဦး+ တပ်မတော်သားကိုယ်စားလှယ်(၁၂)ဦး စုစုပေါင်း (၁၉) ဦးဖြင့်သာ ရှိနေသေးတာတွေ့ရမယ်ဖြစ်တယ်။ ဒါကိုကြည့်ရင် ပထမအကြိမ် လွှတ်တော်ခေါ်ယူကျင်း ပနိုင်ရေးအတွက် ရှိရမယ့်လွှတ်တော်ကိုယ်စား လှယ် (၃၄+၁+၁၂)=(၄၇)ဦးကိုမပြည့်မီတဲ့အပြင် လွှတ် တော်ကိုယ်စားလှယ်များ၏ထက်ဝက်ထက် ပိုတဲ့ (၄၇ ၏ထက်ဝက်ဖြစ်သော ၂၄ ဦး)ကိုပင် ပြည့်မီခြင်းမရှိတဲ့အတွက် ပထမအကြိမ်လွှတ်တော်ကို ကျင်းပ ခြင်း ပြုနိုင်မည်မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပေဒေ ပုဒ်မ (၁၈၀) ပုဒ်မခွဲ (ခ)အရ ပထမကြိမ်လွှတ်တော်ကိုရွှေ့ဆိုင်းပြီး ဒုတိယ ကြိမ်ခေါ်ယူသည့်အခါ တက်ရောက်ခွင့်ရတဲ့ လွှတ်တော်ကိုယ်စားလှယ် (၄၇ ၏ သုံးတစ်ပုံဖြစ်တဲ့) ကိုယ်စားလှယ် (၁၆)ဦးထက် သုံးဦးအသာဖြင့် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကိုကျင်းပနိုင်မယ် ဖြစ်ပါတယ်ဗျာ။ ဒါကြောင့် ပြည်နယ် လွှတ် တော်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးနိုင်မယ်ဖြစ်သလို ဥပဒေပြုရေးအပါအဝင် ပြည် နယ်၏အကျိုး စီးပွားကို လုပ်ဆောင်သွားနိုင်မယ်ဖြစ်ပါတယ်”
“ကျေးဇူးတင်ပါတယ်ကိုကြီးမန်းရာ။ ဒီလို ဆိုရင် ကျွန်တော်တို့ရခိုင်ပြည်နယ်လို အချို့သော တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ ပထအကြိမ် အစည်းအဝေးကျင်းပခြင်းကို ပြုလုပ်သွားနိုင်ကြမယ် ဆိုတာလည်း မျှော်လင့်ရတာပေါ့”
“ဒါပေမဲ့ တစ်ခုတော့သတိပေးလိုက်ဦး မယ်။ (၂၀၂၅)ခုနှစ် ရွေးကောက်ပွဲအလွန် တိုင်းဒေသ ကြီးတွေနဲ့ ပြည်နယ်လွှတ်တော်တွေမှာ တပ်မတော် သားတွေရဲ့အင်အားကို အဓိကအခြေပြုကြရမှာ တော့ဖြစ်တယ်။ ဒါက တကယ့်အဖြစ်မှန်ပဲ။ ကျွန်တော်တို့လုပ်လို့တော့မရဘူး။ မိမိတို့ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ရဲ့ပကတိအခြေအနေကို နားလည်သိရှိသူတွေ ဖြစ်ဖို့လိုအပ်သလို အများနဲ့ သဟဇာတဖြစ်သူတွေကိုသာ ရွေးချယ်တင်မြှောက် နိုင်ကြဖို့လိုပါတယ်ဗျာ။ ပြီးတော့ လွှတ် တော်တစ်ရပ်ပေါ်ပေါက်လာဖို့အတွက်လည်း ပြည်သူတွေကိုယ်တိုင် အားလုံးပါဝင်ပြီး မဲပေးကြဖို့လည်း လိုအပ်ကြောင်း ပြောလိုပါတယ်ဗျာ။ နှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။ ရခိုင်ပြည် နယ်ကြီး အေးချမ်းလို့ ကျွန်တော်လည်း အိမ်ပြန်ချင်လှပါပြီ”

Zawgyi Version:
ေ႐ြးေကာက္ပြဲအလြန္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ား ဖြဲ႕စည္းႏိုင္မႈ
ကြၽန္းသားငမန္း (NP News) - ႏိုဝင္ဘာ ၂၅
စာေရးသူရန္ကုန္သို႔ေရာက္ေနသည္မွာ ၾကာၿပီ။ အမ်ားနည္းတူ စစ္ေဘးေရွာင္ရင္းစစ္ေဘးမွ လြတ္ကင္းမည္ဟုယုံၾကည္ခဲ့သည့္ေနရာသို႔ ေျပာင္း ေ႐ႊ႕ရင္း ရန္ကုန္တြင္ ယာယီအေျခစိုက္ေနထိုင္ျဖစ္ ျခင္းျဖစ္သည္။ စာေရးသူမွာ ပထမအႀကိမ္ ျပည္နယ္လႊတ္ေတာ္ႏွင့္ ဒုတိယအႀကိမ္ျပည္နယ္လႊတ္ေတာ္ မ်ားတြင္ ဥပေဒေရးရာအႀကံေပးအဖြဲ႕ဝင္အျဖစ္ သက္ တမ္းႏွစ္ဆက္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သျဖင့္ ေ႐ြးေကာက္ပြဲမ်ားႏွင့္မစိမ္းသလို(၂၀၂၅)ခုႏွစ္တြင္က်င္းပမည့္ ေ႐ြးေကာက္ပြဲအလြန္ ဖြဲ႕စည္းျဖစ္ပၚလာ မည့္တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ား၏ ဖြဲ႕ စည္းႏိုင္မႈအေနအထားအခင္းအက်င္းမ်ားကို လည္း စိတ္ပါဝင္စားလ်က္ရွိသည္။ အထူးသျဖင့္ ႏိုင္ငံေတာ္၏လုံၿခဳံေရးအေျခအေနအရ ေ႐ြးေကာက္ပြဲ မ်ားကို ကြက္ျပည့္က်င္းပႏိုင္ျခင္းမရွိသည့္ တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ားအေနျဖင့္ လႊတ္ေတာ္မ်ား ေခၚယူက်င္းပႏိုင္ေျခရွိမရွိကိုလည္း စိတ္ပါဝင္စားစြာ ေလ့လာျဖစ္မိသည္။
စတုတၱအႀကိမ္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲမ်ားကို (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလတြင္ စတင္ က်င္းပမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။ပထမအႀကိမ္ေ႐ြးေကာက္ပြဲကို(၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္ေန႔တြင္လည္းေကာင္း၊ ဒုတိယအႀကိမ္ ေ႐ြးေကာက္ပြဲမ်ားကို (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလ (၁၁) ရက္တြင္လည္းေကာင္း၊ တတိယအႀကိမ္ ေ႐ြးေကာက္ပြဲမ်ားကို (၂၀၂၆)ခုႏွစ္ ဇန္နဝါရီ (၂၅) ရက္ေန႔တြင္ က်င္းပမည္ျဖစ္ေၾကာင္းသိရသည္။ ေ႐ြးေကာက္ပြဲပထမပိုင္းတြင္ ၿမိဳ႕နယ္ (၁၀၂)ၿမိဳ႕နယ္တြင္ လည္း ေကာင္း၊ ဒုတိယပိုင္းတြင္ၿမိဳ႕နယ္ (၁၀ဝ) တြင္လည္းေကာင္း၊ တတိယပိုင္းတြင္ ၿမိဳ႕နယ္ (၇၆)ၿမိဳ႕နယ္တြင္ လည္းေကာင္း က်င္းပျပဳလုပ္ရန္ရွိေၾကာင္းလည္းသိရသည္။ ပထမပိုင္းေ႐ြးေကာက္ပြဲက်င္းပမည့္ၿမိဳ႕နယ္ မ်ားစာရင္းႏွင့္ ဒုတိယပိုင္းေ႐ြး ေကာက္ပြဲက်င္းပမည့္ၿမိဳ႕နယ္မ်ားစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ၿပီးလည္း ျဖစ္ေသာ္လည္း တတိယပိုင္းအတြက္မူ ေန႔ရက္ႏွင့္ က်င္းပမည့္ၿမိဳ႕နယ္မ်ားကို ထုတ္ျပန္ေၾကညာျခင္း မရွိေသးေပ။ စာေရးသူႏွင့္ ခင္မင္ရင္းႏွီးေသာမိတ္ေဆြတစ္ဦးက (၂၀၂၅) ခုႏွစ္ေ႐ြး ေကာက္ပြဲအလြန္ ျပည္ နယ္/တိုင္းေဒသႀကီး လႊတ္ ေတာ္မ်ား ေခၚယူက်င္းပႏိုင္ျခင္းရွိမရွိ ေမးျမန္းလာ ခဲ့သည္။
“ကိုႀကီးမန္းေရ။ (၂၀၂၅)ခုႏွစ္ေ႐ြးေကာက္ပြဲက က်င္းပေတာ့မယ္ဆိုတာေသခ်ာေနၿပီဗ်။ ကြၽန္ ေတာ္တို႔ရခိုင္ျပည္နယ္မွာလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံေရးပါတီေတြက စတင္လႈပ္ရွားေန ၾကၿပီ။ ရခိုင္ျပည္နယ္မွာ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ႏိုင္ငံေရးပါတီ (၇)ပါတီရွိတယ္လို႔ အၾကမ္းဖ်င္းေတာ့သိထားရတယ္။ ဒီအထဲမွာ ရခိုင္တိုင္းရင္းသားေတြ၊ ရခိုင္တိုင္းရင္းသား လူမ်ိဳးစုေတြဖြဲ႕ စည္းထားတဲ့ ႏိုင္ငံေရးပါတီေတြပါသလို တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ပါတီႀကီး ေတြျဖစ္တဲ့ ျပည္ခိုင္ၿဖိဳးပါတီတို႔၊ တစညတို႔လိုပါတီႀကီးေတြကလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ္ဗ်။ ကြၽန္ေတာ္သိခ်င္တာက ေ႐ြးေကာက္ပြဲေတာ့က်င္းပၿပီးသြားၿပီ။ ေ႐ြးေကာက္ပြဲက်င္းပၿပီးသြား ရင္ ရခိုင္ျပည္နယ္လႊတ္ေတာ္ေခၚယူက်င္းပႏိုင္ေျခ ရွိမရွိဆိုတာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ပထမအဆင့္ ေ႐ြးေကာက္ပြဲက်င္းပမယ့္ၿမိဳ႕နယ္ (၁၀၂)ၿမိဳ႕ထဲမွာ ရခိုင္ျပည္နယ္က စစ္ေတြ၊ ေက်ာက္ျဖဴနဲ႔ မာန္ေအာင္ ၿမိဳ႕နယ္ေတြပဲပါတယ္။ ဒုတိယအဆင့္က်င္းပမယ့္ ေ႐ြးေကာက္ပြဲၿမိဳ႕နယ္ (၁၀ဝ)ထဲမွာ ရခိုင္က တစ္ၿမိဳ႕ နယ္မွမပါလာဘူး။ တတိယအဆင့္ေ႐ြးေကာက္ပြဲကေတာ့ ၿမိဳ႕နယ္စာရင္းေတြမထုတ္ျပန္ေသးတဲ့အတြက္ ရခိုင္ျပည္နယ္ကပါမလား မပါဘူးလားမသိရေသးဘူး။ ဒီေတာ့ ကိုႀကီးမန္းေရ ေလာေလာဆယ္ ၿမိဳ႕နယ္ သုံးၿမိဳ႕နယ္ေလာက္က ေ႐ြးခ်ယ္တင္ေျမႇာက္ ခံရတဲ့ ကိုယ္စားလွယ္(၆)ေယာက္နဲ႔ လႊတ္ေတာ္ေခၚယူႏိုင္ ျခင္းရွိမရွိဆိုတာကိုပဲသိခ်င္တာ”ေမးခြန္းေမးေသာမိတ္ေဆြသည္ ဖြဲ႕စည္းပုံ အေၿခံဥပေဒကို ေကာင္းစြာ ေလ့လာထားျခင္းမရွိေသး သည္မွာထင္ရွားသည္။ ထို႔ေၾကာင့္ လက္ရွိအခင္းအက်င္းအရ ျပည္နယ္ လႊတ္ေတာ္ေခၚယူႏိုင္ျခင္း ရွိ မရွိ စိုးရိမ္ေနျခင္းျဖစ္သည္။ အကယ္၍ ျပည္နယ္လႊတ္ေတာ္မဖြဲ႕စည္းႏိုင္ ပါက ျပည္ေထာင္စုမွခ်ဳပ္ကိုင္သည့္ ျပည္နယ္အစိုးရအဖြဲ႕ျဖင့္သာ ႏွစ္ပါးသြားရမည့္အေရးကိုလည္း ေၾကာင့္ၾကဟန္တူသည္။ ေ႐ြးေကာက္ပြဲ က်င္းပၿပီးေနာက္ျဖစ္ေပၚလာမည့္ လႊတ္ေတာ္၊ လႊတ္ေတာ္မွဖြဲ႕ စည္းေပးလိုက္သည့္အစိုးရအဖြဲ႕စသည္တို႔ကို မိတ္ေဆြေမွ်ာ္လင့္ထားဟန္ရွိသည္။ ရခိုင္ျပည္သူတို႔ ေ႐ြး ခ်ယ္ေပးလိုက္ေသာ ျပည္သူ႔ကိုယ္စားလွယ္မ်ားျဖင့္ဖြဲ႕စည္းထားသည့္ ျပည္နယ္လႊတ္ေတာ္၊ ျပည္နယ္ အစိုးရအဖြဲ႕မ်ားအေနျဖင့္ ရခိုင္ျပည္နယ္တြင္ လက္ရွိျဖစ္ပြားေနေသာပဋိပကၡမ်ားကို အတိုင္းအတာ တစ္ခုထိေလ်ာ့နည္းသြားေအာင္ သို႔တည္းမဟုတ္ ၿငိမ္းခ်မ္းသြားေအာင္လုပ္ေဆာင္ေပးႏိုင္မည္ဟု ေမွ်ာ္ လင့္ခ်က္ထားဟန္လည္းရွိသည္။ ရခိုင္ျပည္သူတို႔ကား စစ္ေဘးေၾကာင့္ပင္ပန္းႏြမ္းရိေနၾကၿပီ။ လႊတ္ ေတာ္ ကိုယ္စားလွယ္မ်ားအေနျဖင့္လည္း ျပည္သူမ်ား၏အက်ပ္အတည္းႏွင့္အခက္အခဲမ်ားကို ေျဖရွင္း ေပးႏိုင္မည္ဟုေမွ်ာ္လင့္ထားၾကသလို၊ ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ေပးႏိုင္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ထားဟန္ရွိသည္။ ထို႔ေၾကာင့္လည္း (၂၀၂၅)ခုႏွစ္ ေ႐ြးေကာက္ပြဲအလြန္ျဖစ္ေပၚလာမည့္ လႊတ္ ေတာ္အခင္းအက်င္းကို စိတ္ပါဝင္စားေနဟန္လည္းရွိသည္။
“ခင္ဗ်ားေမးခြန္းကို တခ်ိဳ႕မိတ္ေဆြေတြကလည္း ေမးၾကတယ္ဗ်။ ကြၽန္ေတာ္တို႔ရခိုင္ျပည္နယ္ အပါအဝင္ တျခားေသာ တိုင္းေဒသႀကီးေတြနဲ႔ ျပည္နယ္ေတြပါ ေ႐ြးေကာက္ပြဲအလြန္မွာ လႊတ္ေတာ္ေခၚ ယူႏိုင္ျခင္းရွိ မရွိဆိုတာ စိတ္ဝင္စားေနၾကတယ္။ ကြၽန္ေတာ္ေျပာမယ္။ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ လႊတ္ ေတာ္မ်ားဖြဲ႕စည္းပုံကိုေရာ၊ တိုင္းေဒသႀကီးနဲ႔ျပည္နယ္လႊတ္ေတာ္မ်ားအစည္းအေဝးက်င္းပျခင္းကိုေရာ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ အတိအလင္းသတ္မွတ္ထားၿပီးျဖစ္တယ္။ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္ နယ္လႊတ္ ေတာ္မ်ားဖြဲ႕စည္းျခင္းႏွင့္ပတ္သက္ၿပီး (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ အခန္း(၄) ဥပေဒျပဳေရး က႑မွာေဖာ္ျပထားတယ္ဗ်။ ပုဒ္မ(၁၆၁) တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ ကို ေအာက္ပါအတိုင္းဖြဲ႕စည္းရမယ္လို႔ဆိုထားတယ္ဗ်ာ။ ဥပေဒစကား မေျပာဘဲ လိုရင္းကိုပဲေျပာမယ္ဗ်ာ။ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္မ်ားတြင္ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လွ်င္ ႏွစ္ဦးက်စီေ႐ြးေကာက္ တင္ ေျမႇာက္တဲ့ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ပါဝင္ရမယ္ဆိုေတာ့ ရခိုင္ ျပည္နယ္မွာ ၿမိဳ႕နယ္ (၁၇)ၿမိဳ႕နယ္ရွိေတာ့ တစ္ၿမိဳ႕နယ္ကိုႏွစ္ဦးက်နဲ႔ ကိုယ္စားလွယ္(၃၄)ဦးရွိမယ္ဗ်ာ။ ၿပီးေတာ့ ေလ်ာ္ကန္သင့္ျမတ္ ေသာလူဦးေရျဖစ္သည့္ ႏိုင္ငံေတာ္ရွိ လူဦးေရစုစု ေပါင္း၏ (ဝ ဒသမ ၁) ရာခိုင္ႏႈန္းႏွင့္အထက္ရွိေၾကာင္း သက္ဆိုင္ရာကသတ္မွတ္ေသာ တိုင္းရင္းသားလူမ်ိဳး အသီးသီးက လူမ်ိဳး တစ္မ်ိဳးလွ်င္တစ္ဦးက်စီ ေ႐ြးေကာက္ တင္ေျမႇာက္သည့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ား ပါဝင္ရမယ္လို႔ဆိုထားေတာ့ ကြၽန္ေတာ္တို႔ ရခိုင္ျပည္နယ္မွာ အဲဒီသတ္မွတ္ခ်က္နဲ႔ကိုက္ညီတဲ့ ခ်င္းတိုင္း ရင္းသားကိုယ္စားလွယ္တစ္ဦးရွိမယ္ဗ်ာ။ ဒီေတာ့ ၿမိဳ႕နယ္ကိုယ္စားလွယ္ (၃၄)ဦး+ခ်င္းတိုင္းရင္းသား ကိုယ္စားလွယ္ (၁)ဦးဆိုေတာ့ ေပါင္း (၃၅)ဦးရွိသြားၿပီ။
“ၿပီးေတာ့က်န္ေသးတယ္။ ေ႐ြးေကာက္တင္ေျမႇာက္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္စုစုေပါင္း၏ သုံးပုံတစ္ပုံႏွင့္ညီမွ်ေသာ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္က ဥပေဒႏွင့္အညီ အမည္စာရင္းတင္သြင္း သည့္ တပ္မေတာ္သားတိုင္းေဒသႀကီး သို႔မ ဟုတ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပါဝင္ရမယ္ လို႔ဆိုထားေသးတယ္။ ဒီေတာ့ ရခိုင္ျပည္နယ္ လႊတ္ေတာ္မွာရွိတဲ့ ေ႐ြးခ်ယ္ခံကိုယ္စားလွယ္ (၃၅) ရဲ႕သုံးပုံ တစ္ပုံနဲ႔ညီမွ်တဲ့ တပ္မေတာ္သားကိုယ္စား လွယ္ (၁၂)ဦးပါဝင္လာမယ္။ ဆိုေတာ့ ရခိုင္ျပည္ေတာ္ဟာ ၿမိဳ႕ နယ္ကိုယ္စားျပဳကိုယ္စားလွယ္ (၃၄)ဦး+ ခ်င္းတိုင္းရင္းသားကိုယ္စားလွယ္ (၁)ဦး+တပ္မေတာ္သား ကိုယ္စားလွယ္ (၁၂) ဦး၊ ေပါင္းလိုက္ေတာ့ (၄၇)ဦးနဲ႔ဖြဲ႕စည္းထားတာကိုေတြ႕ရမယ္ဗ်”
“ကိုႀကီးမန္းေျပာတာေတာ့ဟုတ္ပါၿပီ။ ရ ခိုင္ျပည္နယ္လႊတ္ေတာ္မွာ ကိုယ္စားလွယ္(၄၇)ဦးနဲ႔ ဖြဲ႕ရမယ္ဆိုထားေတာ့ အစည္းအေဝးတက္ေရာက္မယ့္ ကိုယ္စားလွယ္က အခုသတ္မွတ္ထာတဲ့အတိုင္း ဆိုရင္ ၿမိဳ႕နယ္(၃)ၿမိဳ႕နယ္က ၿမိဳ႕နယ္ကိုယ္စားျပဳကိုယ္စားလွယ္ (၆)ဦး+ခ်င္းတိုင္းရင္းသားကိုယ္စား လွယ္ (၁)ဦး+တပ္မေတာ္သားကိုယ္စားလွယ္(၁၂)ဦး ေပါင္းရင္ (၁၉)ဦးသားရွိေသးတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္ (၄၇)ဦးရဲ႕ထက္ဝက္ေတာင္မမီဘူး”
“ခင္ဗ်ားေျပာတာမွန္ပါတယ္။ ဒီေတာ့ အေျခခံဥပေဒပါလႊတ္ေတာ္အစည္းအေဝးက်င္းပတဲ့ သတ္မွတ္ခ်က္ကိုၾကည့္ရေအာင္။ တိုင္းေဒသႀကီး သို႔ မဟုတ္ ျပည္နယ္လႊတ္ေတာ္အစည္းအေဝးမ်ား က်င္းပျခင္းနဲ႔ပတ္သက္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ (၁၇၁)မွာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ လႊတ္ေတာ္သက္တမ္းစတင္တဲ့ေန႔ရက္ဟာ ျပည္သူ႔လႊတ္ေတာ္သက္တမ္းစတင္သည့္ေန႔ရက္ျဖစ္ၿပီး တိုင္းေဒ သႀကီး/ျပည္နယ္လႊတ္ေတာ္၏ ပထမအႀကိမ္ ပုံမွန္အစည္းအေဝးကို ယင္းလႊတ္ေတာ္၏ သက္ တမ္း စတင္သည့္ေန႔မွ (၁၅)ရက္အတြင္းက်င္းပရမယ္လို႔ ျပ႒ာန္းထားတယ္ဗ်။ ဒီအျပင္လည္း ပုဒ္မ (၁၈၀)မွာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္အ စည္းအေဝးတစ္ရပ္၏ ပထမေန႔တြင္ တိုင္း ေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္အစည္းအေဝးသို႔ တက္ေရာက္ခြင့္ရွိသည့္ လႊတ္ေတာ္ကိုယ္စား လွယ္စုစု ေပါင္းဦးေရ၏ထက္ဝက္ေက်ာ္တက္ေရာက္လွ်င္ ယင္းအစည္းအေဝး အထေျမာက္သည္။ အကယ္၍ အထမေျမာက္ပါက အစည္းအေဝးကို ေ႐ႊ႕ဆိုင္းက်င္းပရမည္။ ၿပီးေတာ့ အစည္းအေဝးအထ ေျမာက္သည့္အတြက္ ေ႐ႊ႕ဆိုင္းက်င္းပသည့္အစည္းအေဝးမ်ားႏွင့္ အစည္းအေဝးအထေျမာက္ၿပီးေနာက္ ဆက္လက္ က်င္းပေသာအစည္းအေဝးမ်ားတြင္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ အစည္း အေဝးကို တက္ေရာက္ခြင့္ရွိသည့္လႊတ္ေတာ္ကိုယ္စားလွယ္စုစုေပါင္းဦးေရအနက္ အနည္းဆုံး သုံးပုံ တစ္ပုံတက္ေရာက္လွ်င္ ယင္းအစည္းအေဝးမ်ား အထေျမာက္သည္ဆိုၿပီး ျပ႒ာန္းသတ္မွတ္ထားတယ္ ဗ်။ ဒီေတာ့ ေျပာရမယ္ဆိုရင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ားဖြဲ႕စည္းျခင္းကို ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ အတိအလင္းျပ႒ာန္းထားၿပီးျဖစ္တယ္ဆိုတာ ေလ့လာသိရွိႏိုင္ပါတယ္ဗ်”
“ဒါဆိုရင္ ကိုႀကီးမန္းေျပာသလို ကြၽန္ေတာ္တို႔ ရခိုင္ျပည္နယ္မွာ ၿမိဳ႕နယ္(၁၇)ၿမိဳ႕နယ္ရွိၿပီး တစ္ ၿမိဳ႕နယ္လွ်င္ ႏွစ္ဦးက်စီနဲ႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္(၃၄)ဦးရရွိထားၿပီးျဖစ္တယ္။ ၿပီးေတာ့ အထက္မွာ ကိုႀကီးမန္းေျပာခဲ့သလိုမ်ိဳး ေလ်ာ္ကန္သင့္ ျမတ္တဲ့လူဦးေရျဖစ္တဲ့ ႏိုင္ငံေတာ္ရွိ လူဦးေရ စုစုေပါင္း (ဝ ဒသမ ၁)ရာခိုင္ႏႈန္းႏွင့္အထက္ရွိေၾကာင္း သက္ ဆိုင္ရာကသတ္မွတ္ေသာ ခ်င္းတိုင္းရင္း သားကိုယ္စားလွယ္(၁)ဦး၊ စုစုေပါင္း (၃၅)ဦးအျပင္ လႊတ္ေတာ္ကိုယ္စားလွယ္စုစုေပါင္း၏ သုံးပုံတစ္ပုံ ႏွင့္ညီမွ်တဲ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဥပေဒႏွင့္အညီ အမည္စာရင္းတင္သြင္းသည့္ တပ္မေတာ္သား ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၁၂)ဦးထည့္ေပါင္းပါက ရခိုင္ျပည္နယ္ လႊတ္ ေတာ္ကို လႊတ္ေတာ္ကိုယ္ စားလွယ္ (၄၇) ဦးနဲ႔ဖြဲ႕စည္းထားတာေပါ့”
“ဒါေပါ့။ အခုေလာေလာဆယ္ ျပည္ေထာင္ စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ထုတ္ျပန္ခ်က္ေတြအရ ရခိုင္ျပည္နယ္ရဲ႕လက္ရွိအခင္းအက်င္းမွာ ၿမိဳ႕နယ္ (၃)ၿမိဳ႕နယ္မွာပဲ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေျခရွိေန ေသးတဲ့အတြက္ ၿမိဳ႕နယ္ကိုယ္စားျပဳကိုယ္စားလွယ္ (၆)ဦး+ခ်င္းတိုင္းရင္းသားကိုယ္စားလွယ္ (၁)ဦး+ တပ္မေတာ္သားကိုယ္စားလွယ္(၁၂)ဦး စုစုေပါင္း (၁၉) ဦးျဖင့္သာ ရွိေနေသးတာေတြ႕ရမယ္ျဖစ္တယ္။ ဒါကိုၾကည့္ရင္ ပထမအႀကိမ္ လႊတ္ေတာ္ေခၚယူက်င္း ပႏိုင္ေရးအတြက္ ရွိရမယ့္လႊတ္ေတာ္ကိုယ္စား လွယ္ (၃၄+၁+၁၂)=(၄၇)ဦးကိုမျပည့္မီတဲ့အျပင္ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား၏ထက္ဝက္ထက္ ပိုတဲ့ (၄၇ ၏ထက္ဝက္ျဖစ္ေသာ ၂၄ ဦး)ကိုပင္ ျပည့္မီျခင္းမရွိတဲ့အတြက္ ပထမအႀကိမ္လႊတ္ေတာ္ကို က်င္းပ ျခင္း ျပဳႏိုင္မည္မဟုတ္ဘူးေပါ့ဗ်ာ။ ဒါေပမဲ့ မစိုးရိမ္ပါနဲ႔။ သို႔ရာတြင္ ဖြဲ႕စည္းပုံအေျခခံဥေပေဒ ပုဒ္မ (၁၈၀) ပုဒ္မခြဲ (ခ)အရ ပထမႀကိမ္လႊတ္ေတာ္ကိုေ႐ႊ႕ဆိုင္းၿပီး ဒုတိယ ႀကိမ္ေခၚယူသည့္အခါ တက္ေရာက္ခြင့္ရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ (၄၇ ၏ သုံးတစ္ပုံျဖစ္တဲ့) ကိုယ္စားလွယ္ (၁၆)ဦးထက္ သုံးဦးအသာျဖင့္ တတိယအႀကိမ္ ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုက်င္းပႏိုင္မယ္ ျဖစ္ပါတယ္ဗ်ာ။ ဒါေၾကာင့္ ျပည္နယ္ လႊတ္ ေတာ္က ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ကို ဖြဲ႕စည္းတာဝန္ေပးႏိုင္မယ္ျဖစ္သလို ဥပေဒျပဳေရးအပါအဝင္ ျပည္ နယ္၏အက်ိဳး စီးပြားကို လုပ္ေဆာင္သြားႏိုင္မယ္ျဖစ္ပါတယ္”
“ေက်းဇူးတင္ပါတယ္ကိုႀကီးမန္းရာ။ ဒီလို ဆိုရင္ ကြၽန္ေတာ္တို႔ရခိုင္ျပည္နယ္လို အခ်ိဳ႕ေသာ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ေတြရဲ႕ ပထအႀကိမ္ အစည္းအေဝးက်င္းပျခင္းကို ျပဳလုပ္သြားႏိုင္ၾကမယ္ ဆိုတာလည္း ေမွ်ာ္လင့္ရတာေပါ့”
“ဒါေပမဲ့ တစ္ခုေတာ့သတိေပးလိုက္ဦး မယ္။ (၂၀၂၅)ခုႏွစ္ ေ႐ြးေကာက္ပြဲအလြန္ တိုင္းေဒသ ႀကီးေတြနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြမွာ တပ္မေတာ္ သားေတြရဲ႕အင္အားကို အဓိကအေျချပဳၾကရမွာ ေတာ့ျဖစ္တယ္။ ဒါက တကယ့္အျဖစ္မွန္ပဲ။ ကြၽန္ေတာ္တို႔လုပ္လို႔ေတာ့မရဘူး။ မိမိတို႔ေ႐ြးခ်ယ္ လိုက္တဲ့ ကိုယ္စားလွယ္ေတြဟာ တိုင္းျပည္ရဲ႕ပကတိအေျခအေနကို နားလည္သိရွိသူေတြ ျဖစ္ဖို႔လိုအပ္သလို အမ်ားနဲ႔ သဟဇာတျဖစ္သူေတြကိုသာ ေ႐ြးခ်ယ္တင္ေျမႇာက္ ႏိုင္ၾကဖို႔လိုပါတယ္ဗ်ာ။ ၿပီးေတာ့ လႊတ္ ေတာ္တစ္ရပ္ေပၚေပါက္လာဖို႔အတြက္လည္း ျပည္သူေတြကိုယ္တိုင္ အားလုံးပါဝင္ၿပီး မဲေပးၾကဖို႔လည္း လိုအပ္ေၾကာင္း ေျပာလိုပါတယ္ဗ်ာ။ ႏွလုံးစိတ္ဝမ္းေအးခ်မ္းပါေစလို႔ ဆုေတာင္းေပးပါတယ္။ ရခိုင္ျပည္ နယ္ႀကီး ေအးခ်မ္းလို႔ ကြၽန္ေတာ္လည္း အိမ္ျပန္ခ်င္လွပါၿပီ”

Related news

© 2021. All rights reserved.