ကျားဖျန့် နိုင်ငံရေး (ဆောင်းပါး)

 119

အောင်နိုင်သူ (ဇွဲကပင်) (NP News) - နိုဝင်ဘာ ၂၆

ယခုသီတင်းပတ်က ကျားဖျန့်သီတင်းပတ်ဟု ဆိုရလောက်အောင်ပင် ကျားဖျန့်သတင်းက မီဒီယာများနှင့် ကမ္ဘာ့နိုင်ငံများကိုပါ နေရာယူထားနိုင်ခဲ့သည်။ သီတင်းတစ်ပတ်လုံးကိုလွှမ်းမိုးထား သည်ကလည်း ကျားဖျန့်သတင်းပင်ဖြစ်သည်။ ကျားဖျန့်လိမ်လည်မှုက စ၍ ကျားဖျန့်နှိမ်နင်းရေး၊ ကျားဖျန့် အမြစ်ပြတ်ချေမှုန်းရေးအထိ အင်တိုက်အားတိုက်ဆောင်ရွက်မည်ဆိုသည့် သတင်းများက လည်း အသံကျယ်လောင်သထက် ကျယ်လောင်လာနေသည်။
ကျားဖျန့်နှိမ်နင်းရေးကို တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများပါဝင်သည့် နိုင်ငံများဖွဲ့စည်းနှိမ်နင်းရန် အထိ ပြင်ဆင်ဆောင်ရွက်နေရသဖြင့် ကျားဖျန့်အန္တရာယ်က ကျယ်ပြန့်သထက်ကျယ်ပြန့်လာခဲ့သည်။ နက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် စာရေး သူက ကမ္ဘာမှာလူသိများထင်ရှားလာပြီး ကမ္ဘာ့လူထုကို အန္တရာယ်ပြုလာနေသည့်ကျားဖျန့်ကို ကျားဖျန့် နိုင်ငံရေးဟု ခေါင်းစဉ်ပေးချင်ပါသည်။
နိုင်ငံရေးဆိုသည်မှာ နိုင်ငံတော်၏အရေးအရာ မှန်သမျှကို နိုင်ငံရေးဟုခေါ်ကြသည်။ ထိုနည်းတူ လူတို့၏ နိစ္စဓူဝကြုံတွေ့နေရသည့် စားဝတ်နေရေးဟူသည့်အရေးသုံးဖြာကို နိုင်ငံရေးဟုခေါ်သကဲ့သို့ နိုင်ငံတော်၏အာဏာကြီး(၃)ရပ်ဖြစ်သော အုပ်ချုပ်ရေး ဥပဒေပြုရေး၊ တရားစီရင်ရေးဟူသော အင်္ဂါရပ် သုံးပါးကိုလည်း နိုင်ငံရေးဟုခေါ်ဆိုကြသည်ကို တွေ့ရသည်။နိုင်ငံရေးသိပ္ပံဘာသာရပ်တွင်မူ လူသားတို့ သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌လည်းကောင်း မိမိတို့နေထိုင်ရာ ဤကမ္ဘာမြေပြင်ပေါ် တွင် လည်းကောင်း နိစ္စဓူဝ တွေ့ကြုံဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး အစရှိသော အရေးအရာကိစ္စများအတွက် မိမိတို့ဘဝတစ်လျှောက် ရုန်းကန်လှုပ်ရှားရသောဖြစ်စဉ် သာဖြစ်၏ ဟုရေးထားသည်ကိုတွေ့ရသည်။
တစ်နည်းဆိုရသော် နိုင်ငံရေးဆိုသည်မှာ လူတို့အရေးဖြစ်သဖြင့် လူတို့နှင့် ကင်း၍ရမည်မဟုတ် ချေ။ လူသည် နိုင်ငံရေးသတ္တဝါတစ်မျိုးဖြစ်သည်ဟုလည်း ဆိုကြပါသည်။ ထို့ကြောင့်လည်း လူတို့အရေး ကို ဒုက္ခပေးလာသည့် ကျားဖျန့်အရေးသည်လည်း နိုင်ငံရေးပင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ကျားဖျန့် နိုင်ငံရေးကိုလေ့လာကြည့်သည့်အခါ လိမလည်မှုစတင်ရာကတစ်ဆင့် ကျားဖျန့်အင်အား ကြီးထွားလာမှု၊ ကျားဖျန့်ကြောင့် ကမ္ဘာ့နိုင်ငံများနှင့် လူအများအပြား ဒုက္ခရောက်ရှိခဲ့ရမှု၊ ကျားဖျန့် အန္တရာယ်ကို ဝိုင်းဝန်း နှိမ်နင်းရန် ပြင်ဆင်ဆောင်ရွက်နေမှု နှင့် ကျားဖျန့်ကိုအကြောင်းပြပြီး နောက်ကွယ်ကနေ နိုင်ငံရေးကို အမြတ်ထုတ်လာမှုဟူ၍ ယေဘုယျအားဖြင့် အပိုင်း(၄)ပိုင်းတွေ့ရသည်။ ကျားဖျန့်ကိုအကြောင်းပြပြီး နိုင်ငံရေးအမြတ်ထုတ်မှုအပိုင်းကိုမူ လူသိနည်းကြသည်။ မရိုးသားသည့် နောက်ကွယ်က လျှို့ဝှက်မှုများ ပါဝင်သည့်အပိုင်းဖြစ်၍လည်း သာမန် လူများသိနိုင်မည်မဟုတ်ပေ။ နိုင်ငံရေး စိတ်ဝင်စားသူ များလောက် သာ ကြိုတင်ခန့်မှန်းသုံးသပ်နိုင်သော်လည်း ဒီထက်မက နက်နဲသည့်အကြောင်းအရာများလည်း ကျား ဖျန့်တွင်ရှိနေနိုင်သည်။ ထို့ကြောင့် ဤနောက် ဆုံးလျှို့ဝှက်မှုအပိုင်းက ကျားဖျန့်နိုင်ငံရေးတွင် ပို၍ စိတ် ဝင်စားစရာကောင်းသည်ဟု ယူဆမိသည်။
ကျားဖျန့်နိုင်ငံရေးအပိုင်းကိုမသွားမီ ကျားဖျန့်အကြောင်း စာရေးသူတို့ အနည်းငယ်လေ့လာ ကြည့်ကြပါစို့။ ကျားဖျန့် သို့မဟုတ် ကျားဖျန့်ဟူ၍ လူသိများသည့်အသုံးအနှုန်းမှာ တရုတ်ဘာသာစကား (Zhàpi­àn) ကဆင်းသက်လာသည့် အသံထွက်ကို တိုက်ရိုက် ယူထားခြင်းဖြစ်သည်။ အဓိပ္ပာယ်ကမူ လိမ်လည်မှုများ၊ ငွေကြေးလိမ်လည်မှုများ၊ ဖြားယောင်းသွေးဆောင်မှု များကိုခေါ်ဆိုခြင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားအရ Fraud ဖြစ်ပါသည်။
ကျားဖျန့်၏အနက်အဓိပ္ပာယ်မှာ တရုတ်ဘာသာစကားအရ လိမ်လည်မှုဖြစ်သော်လည်း တရုတ် နိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ကျားဖျန့်ကို နားလည်ထားကြသည်မှာ အွန်လိုင်း သို့မဟုတ် အင်တာနက်ကိုအသုံးပြု၍လိမ်လည်ခြင်းဖြစ်ပါသည်။ အွန်လိုင်းငွေလိမ်လုပ်ငန်းဟုလည်း နားလည် လက်ခံထားကြသည်။
ကျားဖျန့်လုပ်ငန်းသည် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နှင့် မြန်မာ အစရှိသည့် အရှေ့တောင် အာရှ နိုင်ငံများတွင်အခြေစိုက်၍လည်ပတ်နေသော လုပ် ငန်းများဖြစ်လာသည်။ အထူးသဖြင့် နိုင်ငံ အသီးသီး၏ ဗဟိုအစိုးရ၊ နိုင်ငံတော်အစိုးရ၏ တရားဥပဒေစိုးမိုးမှု သက်ရောက်ရန်ခက်ခဲသည့် နှစ်နိုင်ငံ နယ်စပ်ဒေသများသည် ကျားဖျန့်ကျက်စားရန် နယ်မြေများအဖြစ် ပစ်မှတ်ထား လုပ်ဆောင်လာကြသည် ကို တွေ့ရသည်။
ကျားဖျန့်သည် ငွေကြေးလိမ်လည်မှုနှင့်ဆက်စပ် ပြီး ကျားဖျန့်လုပ်ကိုင်သူများသည် လူကုန်ကူးမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ရာဇဝတ်မှုများ ထူပြောရာ နယ်စပ်ဒေသများတွင် အခြေ တည်လေ့ရှိရာ နယ်စပ်ဆက်စပ်နယ်မြေများကြောင့် နိုင်ငံများအတွက် ကြီးမားသည့်စိန်ခေါ်မှုများ ဖြစ် လာခဲ့သည်။ ကျားဖျန့်လုပ်ငန်းများသည် (၂၀၂၀) ပြည့်နှစ် (ကိုဗစ်-၁၉)ရောဂါကူးစက်မှု ကမ္ဘာ့ကပ်ကာလ အတွင်းနှင့် ကမ္ဘာ့ကပ်ကာလပြီးနောက်ပိုင်း ပိုမိုဖွံ့ဖြိုးလာကာ ယခုအခါ နိုင်ငံပေါင်းချုပ်အွန်လိုင်းငွေကြေး လိမ်လည်မှုအသင်းကြီးဖြစ်နေကြောင်း အမေရိကန် ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျု (USIP)က ဆိုထားသည်။ နိုင်ငံပေါင်းစုံမှ ပညာတတ်ပြီး ဘာသာစကားကျွမ်းကျင်သည့်လူငယ်များစွာသည် မြင့်မား သော လစာမက်လုံးဖြင့် လူကုန်ကူးခံရကာ ကျားဖျန့် အွန်လိုင်းငွေကြေးလိမ်လည်သည့်လုပ်ငန်းတွင်လုပ် ကိုင်ရန် အတင်းအကြပ် ဖိအားပေးလုပ်အားစေခိုင်းခံနေကြရသည်။
အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ တရုတ်တိုင်ပေ၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ အစရှိသည့်အာရှနိုင်ငံများနှင့် အာဖရိကနိုင်ငံများမှ အလုပ်ကောင်းနှင့် လစာကောင်း လိုအပ်နေကြသည့် ပညာတတ်လူငယ်လူရွယ်များစွာမှာ ကျားဖျန့်လုပ်ငန်းအတွက်လူကုန်ကူးခံနေကြရ သည်။ အကြီးအကျယ် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံနေရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေကြ ရခြင်းနှင့် ကျွန်ပြုခိုင်းစေမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ ရာဇဝတ် မှုများသည်လည်း ကျားဖျန့်လုပ်ငန်းနှင့် ဒွန်တွဲပေါ် ပေါက်လာခဲ့သည်။ လူမှုကွန်ရက်တွင် သားကောင်ရှာ ဖွေခြင်း၊ အွန်လိုင်း၌ အမျိုးသမီးအဖြစ် အကောင့်အ တုဖန်တီးပြီး အနောက်နိုင်ငံမှ အွန်လိုင်းသုံးစွဲသူ အမျိုးသားများကို ခရစ်တိုကာရန်စီဟုခေါ်ဆိုသည့် ဒီဂျစ် တယ်ငွေကြေးများလွှဲပြောင်းလာအောင်ဖြားယောင်း ခြင်း၊ လိမ်လည်သော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အချစ်ဇာတ်လမ်းများဖြင့် ဖြားယောင်းသွေးဆောင် ခြင်း၊ ဂိမ်းအပလီကေးရှင်း(App)အတုများ၊ ဝက်ဘ် ဆိုက်စာမျက်နှာ(Website) အတုများ၊ ကုမ္ပဏီလုပ်ငန်းအတုများဖြင့် ငွေကြေးအမြတ်အစွန်းများ မက်လုံး ပေး၍ လိမ်လည်ခြင်းများသည်လည်း လူသားထုအပေါ် အန္တရာယ်ပြုလျက်ရှိသည့် ကျားဖျန့်လုပ်ငန်း ပင် ဖြစ်ပါသည်။
ထိုကဲ့သို့ ကျားဖျန့်၏ ဆိုးကျိုးအန္တရာယ်များကြောင့် နိုင်ငံအသီးသီး၏ ပြည်သူလူထုအချို့မှာ လည်း ဒုက္ခရောက်ခဲ့ကြရသကဲ့သို့ နိုင်ငံအသီးသီးမှာလည်း ကျားဖျန့်ကြောင့် ဒေါ်လာ သန်း ဘီလျံနှင့်ချီပြီး ဆုံးရှုံးနစ်နာခဲ့ရကြောင်းသိရှိရသည်။ (၂၀၂၄) ခုနှစ်တွင် အမေရိကန်နိုင်ငံသားများသည် အရှေ့တောင် အာရှ အခြေစိုက် ကျားဖျန့်လုပ်ငန်းများထံ အနည်းဆုံးအမေရိကန်ဒေါ်လာ (၁၀)ဘီလျံဆုံးရှုံးခဲ့သည်ဟု အမေရိကန်အစိုးရက ခန့်မှန်းထားသည်။
“မြန်မာနိုင်ငံထဲကနေလှုပ်ရှားနေတဲ့ ရာဇဝတ်လုပ်ငန်းတွေဟာ ကြိုးစားပမ်းစားအလုပ်လုပ်တဲ့ အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာဘီလျံပေါင်းများစွာကို အွန်လိုင်းလိမ်လည်မှုတွေကတစ်ဆင့် ခိုးယူနေပါတယ်”ဟု အမေရိကန်ဘဏ္ဍရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ ဂျွန်ဟာလေကပြောကြား ထားပါသည်။ ထို့ထက်ပိုဆိုးသည်က ကျားဖျန့်အွန် လိုင်းလိမ်လည်မှုကတစ်ဆင့် အမေရိကန်နိုင်ငံ၏ နည်းပညာအချက်အလက်ပေါင်း (၂၀ဝဝ)ကျော် အခိုးခံရသည်ဟု သတင်းတစ်ပုဒ်တွင် ဖော်ပြလာခြင်း ပင်ဖြစ်သည်။ ထိုသို့ခိုးယူခံရသည့်အချက်အလက်များတွင် အမှန်တကယ် နိုင်ငံ၏အဆင့်မြင့်နည်းပညာ ဆိုင်ရာများဖြစ်သော စစ်ရေး၊ နိုင်ငံရေး အချက်အလက်များပါဝင်သည်ဟုဆိုသည်။ တကယ်ပဲ အခိုးခံရ သလား၊ ကျားဖျန့်ကိုအသုံးချပြီး ပထဝီနိုင်ငံရေး အရေးပါသည့် အာဆီယံဒေသထဲ ခြေစုံပစ်ဝင်ကာ ဩ ဇာအာဏာလွှမ်းမိုးရန် ကြိုးပမ်းခဲ့သလားဆိုသည်ကတော့ အမေရိကန်ကိုယ်တိုင်မှတစ်ပါး မည်သူမျှ သိနိုင်မည်မဟုတ်ပေ။ သို့သော် ကာလအတန်ကြာ တရုတ် နှင့် အာဆီယံဒေသတွင်းနိုင်ငံများအကြား သပွတ်အူ သဖွယ်ရှုပ်ထွေးနေသည့် ကျားဖျန့်အရေးကို အမေရိကန်စိတ်ဝင်စားလာသည်မှာ ယခုလပိုင်း အနည်းငယ်အတွင်းဖြစ်သဖြင့် စိတ်ဝင်စားမိသည်။ မြန်မာလူမျိုးများပြောလေ့ရှိသည့်စကားတစ်ခုလို၊ အများကြက်ပျောက်၍ ကိုယ်ပါငှက်ပျောက်သည်ဟု အကြောင်းပြချက်ပေးကာ ကျားဖျန့်နိုင်ငံရေးထဲ အမေရိကန်ဝင်လာ သလားဟုပင် သံသယဝင်မိသည်။
အမေရိကန်နည်းတူ တရုတ်နိုင်ငံကလည်း ကျားဖျန့်ကြောင့် ဆုံးရှုံးထိခိုက်မှုများရှိခဲ့သည်။ အမေ ရိကန် ထက်ပိုသည့် ထိခိုက်ဆုံးရှုံးခဲ့မှုများကြောင့် ကျားဖျန့် နှိမ်နင်းရေးကို ကာလ အတန်ကြာ ပြုလုပ် လာခဲ့ရာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွင် (၂၀၂၃)ခုနှစ် အောက်တိုဘာလ၌စတင်ခဲ့သော သောင်း ကျန်းသူများ ၏ (၁၀၂၇)အမည်ပေးစစ်ဆင်ရေးမှာ ကျားဖျန့်ခေါင်းစဉ်တပ် လှည့်စားမှုများရှိခဲ့သည်။
MNDAA ၊TNLA ၊ AA မြောက်ပိုင်းသုံးဖွဲ့၏ ကျားဖျန့်အမည်တပ်လှည့်စားမှုစစ်ဆင်ရေးကြောင့် လည်း တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းကြီး ရပ်တန့်သွားခဲ့ရသလို BRI စီမံကိန်းကြီးပါ အကောင် ထည်ဖော်ခွင့် ဆိုင်းငံ့ထားခဲ့ရသည်။ ထို့ကြောင့် ကျားဖျန့်နှင့်ပတ်သက်လာလျှင် တရုတ်နိုင်ငံအတွက် တော့ ငွေကြေးတင် ထိခိုက်နစ်နာဆုံးရှုံးခဲ့သည်မဟုတ်ဘဲ မဟာဗျူဟာစီမံကိန်းများပါ ရပ်တန့်ထားခဲ့ရ သဖြင့် အလွန်ထိခိုက် နစ်နာဆုံးရှုံးရပါသည်။
စင်စစ် သည်ကျားဖျန့်၏ ကနဦးအစ၊ မူလမြစ်ဖျားခံရာဒေသသည် တရုတ်နိုင်ငံ ကျေးလက် ဒေသများ က (၂၀ဝဝ)ပြည့်နှစ်တည်းကပင် စတင်ခဲ့ခြင်းဖြစ်သည်။ ကျေးလက်နေတရုတ် လူမျိုးများ အချင်းချင်း အပေါ် လိမ်လည်မှုများဆိုးရွားလာသဖြင့် လက်ရှိတရုတ်သမ္မတရှီကျင့်ဖျင်လက်ထက် (၂၀၁၀)ပြည့်နှစ်ကျော်က လက်တွေ့ကျကျနှိမ်နင်းလာသောကြောင့် ကျားဖျန့်သည် တရုတ်နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းသွားကြသည်။ ကျားဖျန့်သည် တရုတ်စကားဖြစ်သလို တစ်ကမ္ဘာလုံးတွင် ဦးဆောင်လုပ်ကြသူ များကလည်း တရုတ်လူမျိုးအများစုဖြစ်ပါသည်။ တစ်နေ့က ထိုင်းနိုင်ငံမှတရုတ်နိုင်ငံသို့ပြန်လွှဲပေးလိုက် သည့် ရှီကျစ်ကျန်းကို ကျားဖျန့်ခေါင်းဆောင်၊ ကျားဖျန့်ခေါင်းကိုင် ဖခင်ဟုလည်းခေါ်ကြသည်။
သို့သော် ကျားဖျန့်၊ ရှီကျစ်ကျန်း၊ တရုတ်ဆိုသည့် (၃)ပွင့်ဆိုင်ပြဿနာသည် ထင်သလောက် မရိုး ရှင်းဘဲ ရှုပ်ထွေးမှု၊ လျှို့ဝှက်မှု များစွာရှိနေသည်။ အချို့က လည်း ရှီကျစ်ကျန်းကို ထောက်လှမ်းရေးဟု စွပ်စွဲနေကြသကဲ့သို့ သူ့ကို ထိုင်းနိုင်ငံက တရုတ်နိုင်ငံထံသို့လွှဲ ပြောင်းပေးခဲ့ခြင်းကြောင့်လည်း အမေရိ ကန်က ထိုင်းအပေါ် အမြင်မကြည်သည့်ဆက်ဆံမှုများတွေ့လာရသည်။ အောက်တိုဘာလ (၂၆)ရက်က အမေရိကန် သမ္မတထရမ့်၏ မလေးရှားခရီးတွင် ထိုင်းနှင့်ကမ္ဘောဒီးယားတို့ကို အပစ်အခတ်ရပ်စဲရေး ကို သာမက မြေရှားသတ္တုကဏ္ဍများ၌ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
သို့သော် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ထိုင်းစစ်သားတစ်ဦး မြေမြှုပ်မိုင်းအနင်းခံရမှုနှင့်ပတ် သက်ပြီး တစ်ကျော့ပြန် နယ်စပ်အရေးတင်းမားလာသဖြင့် ထိုင်းဝန်ကြီးချုပ်က ငြိမ်းချမ်းရေးပျက်ပြယ် ပြီဟုကြေညာလိုက်သည်။ တစ်ဖက်မှာလည်း ထိုင်းနိုင်ငံကဖမ်းဆီးရမိထားသည့် ကျားဖျန့်ခေါင်းဆောင် ရှီကျစ်ကျန်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထိုင်းဘုရင် ဝချီရာ လောင်ကွန် (ဒသမရာမ)က တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည်။
ထိုကဲ့သို့ ထိုင်းနှင့်တရုတ်တို့ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး အထူးကောင်းမွန်နေချိန်တွင် အ ရှေ့တောင်အာရှအခြေစိုက် ငွေလိမ်ဂိုဏ်းများက အမေရိကန်နိုင်ငံသားထောင်နှင့်ချီဆီမှ နှစ်စဉ် ဒေါ်လာ သန်းပေါင်း ထောင်နှင့်ချီလိမ်လည်နေသည်ကိုကာကွယ်ရန်ဆိုကာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန့်) တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) ကို နိုဝင်ဘာလ(၁၂ )ရက်တွင် အမေရိကန်က ဖွဲ့စည်းလိုက်သည်။
အဆိုပါအထူးအဖွဲ့က အရှေ့တောင်အာရှရှိ အဆိုးရွားဆုံးငွေလိမ်ဂိုဏ်းနယ်မြေများကို စုံစမ်း ထောက်လှမ်းသွားမည်ဟုပြောလာသည်။ ထို့ကြောင့် ကျားဖျန့်နှိမ်နင်းရေးခေါင်းစဉ်အောက်က အမေရိ ကန်၏ပါဝင်စွက်ဖက်မှု အလွန်ခြေလှမ်းကျဲလာသည်ကို သတိပြုမိလာပါသည်။
ထိုကဲ့သို့ အမေရိကန်က ကျားဖျန့်ကိုအကြောင်းပြပြီး အရှေ့တောင်အာရှနိုင်ငံများအပေါ် ဩဇာ လွှမ်းမိုးမှုသက်ရောက်နိုင်ရေးကြိုးပမ်းနေမှုအပေါ် တန်ပြန်သည့်အနေဖြင့် တရုတ်က မဲခေါင်-လန်ချန်း ဒေသ (၆)နိုင်ငံဖြစ်သည့် တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့်ဗီယက်နမ်တို့သည် ကျားဖျန့် ဟုလူသိများသည့် နိုင်ငံဖြတ်ကျော်တယ်လီကွန်းနှင့် အွန်လိုင်း လိမ်လည်မှုများကို ပူးတွဲတိုက်ဖျက်ရေး အတွက် လုပ်ဆောင်ချက်များ အရှိန်မြှင့်တင်ရန်သဘောတူညီခဲ့ကြသည်။
နိုဝင်ဘာလ (၁၄)ရက်က တရုတ်နိုင်ငံ ကူမင်း မြို့တွင်ကျင်းပသည့် (၆)နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးကနေ ပူးပေါင်းလုပ်ဆောင်မည့် (၂၁) ချက်ကို လည်းချမှတ်နိုင်ခဲ့သည်။ အဆိုပါ (၆) နိုင်ငံ သဘောတူညီချက်သည် ကျားဖျန့်အကြောင်းပြပြီး အမေရိ ကန်၏ ဝင်ရောက်စွက်ဖက်လာနိုင်မှုအပေါ် ကြိုတင်ကာကွယ်တားဆီးသည့်သဘောလည်းဖြစ်ပေသည်။ ထို့ကြောင့် ကျားဖျန့်အရေးကိုအကြောင်းပြ ပြီး နိုင်ငံတော်အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်မှု မရှိစေရေး မြန်မာနိုင်ငံကလည်း ကျားဖျန့် နှိမ်နင်းရေးတွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နှစ်နှစ်အတွင်း အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် နိုင်ငံပေါင်း (၅၂) နိုင်ငံမှ နိုင်ငံခြားသား(၆၇၇၅၁)ဦးကိုထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ပြီလည်းဖြစ်သည်။ မြန်မာ-ထိုင်းနယ်စပ်ရှိ KK park နေရာကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အပြီးပြတ်ရှင်းလင်းသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိစဉ် နိုဝင်ဘာလ(၁၅)ရက်ကပြောဆိုခဲ့ပါသည်။ ထို့ကြောင့် ကျားဖျန့်အရေးကို မြန်မာကလည်း အစွမ်းကုန် အလေးပေးတိုက်ဖျက်နေသည်။
အချုပ်ဆိုရလျှင် ကျားဖျန့်သည် အလွန်တရာမှ ရှုပ်ထွေးနက်နည်းလာသည့် လိမ်လည်မှုပြဿနာ၊ ကမ္ဘာ့ရာဇဝတ်မှုကြီးဖြစ်သော်လည်း လျှို့ဝှက်နက် နည်းသည့်နောက်ကွယ်က နိုင်ငံရေးအကြောင်းတ ရားများစွာလည်းရှိနေပေသည်။ အသေးစိတ်ရေးပါက အခန်းဆက်ပင်ရေးရလောက်သည်အထိ ပါဝင်ပတ် သက်နေသောအကြောင်းတရားများလည်းရှိပေသည်။ အထူးသဖြင့် ကျားဖျန့်ကိုအကြောင်းပြပြီး အရှေ့ တောင်အာရှဒေသအပေါ် ဩဇာလွှမ်းမိုမှုရှိစေရေးအပြိုင် အားထုတ်လာကြသည့် အမေရိကန်နှင့်တရုတ် အားပြိုင်မှုက ကျားဖျန့်နိုင်ငံရေးကို ပိုမိုရှုပ်ထွေးလာစေခဲ့သည်။ ကျားဖျန့်နိုင်ငံရေးက ဒေသတွင်းနိုင်ငံများ ကိုလည်း အထိတ်တလန့်ဖြစ်စေခဲ့သလို စိုးရိမ်စိတ်များလည်း ကြီးထွားလာစေခဲ့သည်။ ကျားဖျန့်အ ကြောင်းပြပြီး အမေရိကန်၏ စွက်ဖက်ရန်ကြိုးပမ်းမှု နှင့် တရုတ်၏ တန်ပြန်ထိန်းကျောင်းရန် ပြင်ဆင် ကြိုးပမ်းနေမှုအကြား အာဆီယံဒေအတွင်းတည်ငြိမ်မှုများအပေါ် ထိခိုက်လာနိုင်သည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း မိမိတို့ နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်စောင့် ရှောက်နိုင်ရေးအတွက် ကျားဖျန့်နိုင်ငံရေးကို သတိပြုအလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း အ ကြံပြုလိုက်ရပါသည်။

Zawgyi Version:
က်ားဖ်န႔္ ႏိုင္ငံေရး (ေဆာင္းပါး)
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News) - ႏိုဝင္ဘာ ၂၆
ယခုသီတင္းပတ္က က်ားဖ်န႔္သီတင္းပတ္ဟု ဆိုရေလာက္ေအာင္ပင္ က်ားဖ်န႔္သတင္းက မီဒီယာမ်ားႏွင့္ ကမာၻ႔ႏိုင္ငံမ်ားကိုပါ ေနရာယူထားႏိုင္ခဲ့သည္။ သီတင္းတစ္ပတ္လုံးကိုလႊမ္းမိုးထား သည္ကလည္း က်ားဖ်န႔္သတင္းပင္ျဖစ္သည္။ က်ားဖ်န႔္လိမ္လည္မႈက စ၍ က်ားဖ်န႔္ႏွိမ္နင္းေရး၊ က်ားဖ်န႔္ အျမစ္ျပတ္ေခ်မႈန္းေရးအထိ အင္တိုက္အားတိုက္ေဆာင္႐ြက္မည္ဆိုသည့္ သတင္းမ်ားက လည္း အသံက်ယ္ေလာင္သထက္ က်ယ္ေလာင္လာေနသည္။
က်ားဖ်န႔္ႏွိမ္နင္းေရးကို တ႐ုတ္ႏိုင္ငံႏွင့္ အာဆီယံႏိုင္ငံမ်ားပါဝင္သည့္ ႏိုင္ငံမ်ားဖြဲ႕စည္းႏွိမ္နင္းရန္ အထိ ျပင္ဆင္ေဆာင္႐ြက္ေနရသျဖင့္ က်ားဖ်န႔္အႏၲရာယ္က က်ယ္ျပန႔္သထက္က်ယ္ျပန႔္လာခဲ့သည္။ နက္ရႈိင္းသထက္ နက္ရႈိင္းလာခဲ့ၿပီျဖစ္သည္။ ထို႔ေၾကာင့္ စာေရး သူက ကမာၻမွာလူသိမ်ားထင္ရွားလာၿပီး ကမာၻ႔လူထုကို အႏၲရာယ္ျပဳလာေနသည့္က်ားဖ်န႔္ကို က်ားဖ်န႔္ ႏိုင္ငံေရးဟု ေခါင္းစဥ္ေပးခ်င္ပါသည္။
ႏိုင္ငံေရးဆိုသည္မွာ ႏိုင္ငံေတာ္၏အေရးအရာ မွန္သမွ်ကို ႏိုင္ငံေရးဟုေခၚၾကသည္။ ထိုနည္းတူ လူတို႔၏ နိစၥဓူဝႀကဳံေတြ႕ေနရသည့္ စားဝတ္ေနေရးဟူသည့္အေရးသုံးျဖာကို ႏိုင္ငံေရးဟုေခၚသကဲ့သို႔ ႏိုင္ငံေတာ္၏အာဏာႀကီး(၃)ရပ္ျဖစ္ေသာ အုပ္ခ်ဳပ္ေရး ဥပေဒျပဳေရး၊ တရားစီရင္ေရးဟူေသာ အဂၤါရပ္ သုံးပါးကိုလည္း ႏိုင္ငံေရးဟုေခၚဆိုၾကသည္ကို ေတြ႕ရသည္။ႏိုင္ငံေရးသိပၸံဘာသာရပ္တြင္မူ လူသားတို႔ သည္ မိမိတို႔ေနထိုင္သည့္ ႏိုင္ငံတစ္ႏိုင္ငံအတြင္း၌လည္းေကာင္း မိမိတို႔ေနထိုင္ရာ ဤကမာၻေျမျပင္ေပၚ တြင္ လည္းေကာင္း နိစၥဓူဝ ေတြ႕ႀကဳံျဖတ္သန္းေနရေသာ စားဝတ္ေနေရး၊ ပညာေရး၊ က်န္းမာေရး၊ စီးပြား ေရး အစရွိေသာ အေရးအရာကိစၥမ်ားအတြက္ မိမိတို႔ဘဝတစ္ေလွ်ာက္ ႐ုန္းကန္လႈပ္ရွားရေသာျဖစ္စဥ္ သာျဖစ္၏ ဟုေရးထားသည္ကိုေတြ႕ရသည္။
တစ္နည္းဆိုရေသာ္ ႏိုင္ငံေရးဆိုသည္မွာ လူတို႔အေရးျဖစ္သျဖင့္ လူတို႔ႏွင့္ ကင္း၍ရမည္မဟုတ္ ေခ်။ လူသည္ ႏိုင္ငံေရးသတၱဝါတစ္မ်ိဳးျဖစ္သည္ဟုလည္း ဆိုၾကပါသည္။ ထို႔ေၾကာင့္လည္း လူတို႔အေရး ကို ဒုကၡေပးလာသည့္ က်ားဖ်န႔္အေရးသည္လည္း ႏိုင္ငံေရးပင္ျဖစ္သည္ဟု ဆိုရမည္ျဖစ္သည္။ က်ားဖ်န႔္ ႏိုင္ငံေရးကိုေလ့လာၾကည့္သည့္အခါ လိမလည္မႈစတင္ရာကတစ္ဆင့္ က်ားဖ်န႔္အင္အား ႀကီးထြားလာမႈ၊ က်ားဖ်န႔္ေၾကာင့္ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ လူအမ်ားအျပား ဒုကၡေရာက္ရွိခဲ့ရမႈ၊ က်ားဖ်န႔္ အႏၲရာယ္ကို ဝိုင္းဝန္း ႏွိမ္နင္းရန္ ျပင္ဆင္ေဆာင္႐ြက္ေနမႈ ႏွင့္ က်ားဖ်န႔္ကိုအေၾကာင္းျပၿပီး ေနာက္ကြယ္ကေန ႏိုင္ငံေရးကို အျမတ္ထုတ္လာမႈဟူ၍ ေယဘုယ်အားျဖင့္ အပိုင္း(၄)ပိုင္းေတြ႕ရသည္။ က်ားဖ်န႔္ကိုအေၾကာင္းျပၿပီး ႏိုင္ငံေရးအျမတ္ထုတ္မႈအပိုင္းကိုမူ လူသိနည္းၾကသည္။ မ႐ိုးသားသည့္ ေနာက္ကြယ္က လွ်ိဳ႕ဝွက္မႈမ်ား ပါဝင္သည့္အပိုင္းျဖစ္၍လည္း သာမန္ လူမ်ားသိႏိုင္မည္မဟုတ္ေပ။ ႏိုင္ငံေရး စိတ္ဝင္စားသူ မ်ားေလာက္ သာ ႀကိဳတင္ခန႔္မွန္းသုံးသပ္ႏိုင္ေသာ္လည္း ဒီထက္မက နက္နဲသည့္အေၾကာင္းအရာမ်ားလည္း က်ား ဖ်န႔္တြင္ရွိေနႏိုင္သည္။ ထို႔ေၾကာင့္ ဤေနာက္ ဆုံးလွ်ိဳ႕ဝွက္မႈအပိုင္းက က်ားဖ်န႔္ႏိုင္ငံေရးတြင္ ပို၍ စိတ္ ဝင္စားစရာေကာင္းသည္ဟု ယူဆမိသည္။
က်ားဖ်န႔္ႏိုင္ငံေရးအပိုင္းကိုမသြားမီ က်ားဖ်န႔္အေၾကာင္း စာေရးသူတို႔ အနည္းငယ္ေလ့လာ ၾကည့္ၾကပါစို႔။ က်ားဖ်န႔္ သို႔မဟုတ္ က်ားဖ်န႔္ဟူ၍ လူသိမ်ားသည့္အသုံးအႏႈန္းမွာ တ႐ုတ္ဘာသာစကား (Zhàpi­àn) ကဆင္းသက္လာသည့္ အသံထြက္ကို တိုက္႐ိုက္ ယူထားျခင္းျဖစ္သည္။ အဓိပၸာယ္ကမူ လိမ္လည္မႈမ်ား၊ ေငြေၾကးလိမ္လည္မႈမ်ား၊ ျဖားေယာင္းေသြးေဆာင္မႈ မ်ားကိုေခၚဆိုျခင္းျဖစ္ၿပီး အဂၤလိပ္ဘာသာစကားအရ Fraud ျဖစ္ပါသည္။
က်ားဖ်န႔္၏အနက္အဓိပၸာယ္မွာ တ႐ုတ္ဘာသာစကားအရ လိမ္လည္မႈျဖစ္ေသာ္လည္း တ႐ုတ္ ႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွတြင္ က်ားဖ်န႔္ကို နားလည္ထားၾကသည္မွာ အြန္လိုင္း သို႔မဟုတ္ အင္တာနက္ကိုအသုံးျပဳ၍လိမ္လည္ျခင္းျဖစ္ပါသည္။ အြန္လိုင္းေငြလိမ္လုပ္ငန္းဟုလည္း နားလည္ လက္ခံထားၾကသည္။
က်ားဖ်န႔္လုပ္ငန္းသည္ ကေမာၻဒီးယား၊ လာအို၊ ဖိလစ္ပိုင္ႏွင့္ ျမန္မာ အစရွိသည့္ အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ားတြင္အေျခစိုက္၍လည္ပတ္ေနေသာ လုပ္ ငန္းမ်ားျဖစ္လာသည္။ အထူးသျဖင့္ ႏိုင္ငံ အသီးသီး၏ ဗဟိုအစိုးရ၊ ႏိုင္ငံေတာ္အစိုးရ၏ တရားဥပေဒစိုးမိုးမႈ သက္ေရာက္ရန္ခက္ခဲသည့္ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသမ်ားသည္ က်ားဖ်န႔္က်က္စားရန္ နယ္ေျမမ်ားအျဖစ္ ပစ္မွတ္ထား လုပ္ေဆာင္လာၾကသည္ ကို ေတြ႕ရသည္။
က်ားဖ်န႔္သည္ ေငြေၾကးလိမ္လည္မႈႏွင့္ဆက္စပ္ ၿပီး က်ားဖ်န႔္လုပ္ကိုင္သူမ်ားသည္ လူကုန္ကူးမႈ၊ လက္နက္မႈ၊ မူးယစ္ေဆးဝါးမႈ၊ ေလာင္းကစားမႈ၊ ရာဇဝတ္မႈမ်ား ထူေျပာရာ နယ္စပ္ေဒသမ်ားတြင္ အေျခ တည္ေလ့ရွိရာ နယ္စပ္ဆက္စပ္နယ္ေျမမ်ားေၾကာင့္ ႏိုင္ငံမ်ားအတြက္ ႀကီးမားသည့္စိန္ေခၚမႈမ်ား ျဖစ္ လာခဲ့သည္။ က်ားဖ်န႔္လုပ္ငန္းမ်ားသည္ (၂၀၂၀) ျပည့္ႏွစ္ (ကိုဗစ္-၁၉)ေရာဂါကူးစက္မႈ ကမာၻ႔ကပ္ကာလ အတြင္းႏွင့္ ကမာၻ႔ကပ္ကာလၿပီးေနာက္ပိုင္း ပိုမိုဖြံ႕ၿဖိဳးလာကာ ယခုအခါ ႏိုင္ငံေပါင္းခ်ဳပ္အြန္လိုင္းေငြေၾကး လိမ္လည္မႈအသင္းႀကီးျဖစ္ေနေၾကာင္း အေမရိကန္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးအင္စတီက်ဳ (USIP)က ဆိုထားသည္။ ႏိုင္ငံေပါင္းစုံမွ ပညာတတ္ၿပီး ဘာသာစကားကြၽမ္းက်င္သည့္လူငယ္မ်ားစြာသည္ ျမင့္မား ေသာ လစာမက္လုံးျဖင့္ လူကုန္ကူးခံရကာ က်ားဖ်န႔္ အြန္လိုင္းေငြေၾကးလိမ္လည္သည့္လုပ္ငန္းတြင္လုပ္ ကိုင္ရန္ အတင္းအၾကပ္ ဖိအားေပးလုပ္အားေစခိုင္းခံေနၾကရသည္။
အထူးသျဖင့္ တ႐ုတ္၊ ေဟာင္ေကာင္၊ အိႏၵိယ၊ မေလးရွား၊ နီေပါ၊ ဖိလစ္ပိုင္၊ တ႐ုတ္တိုင္ေပ၊ ထိုင္း၊ ဗီယက္နမ္၊ ျမန္မာ အစရွိသည့္အာရွႏိုင္ငံမ်ားႏွင့္ အာဖရိကႏိုင္ငံမ်ားမွ အလုပ္ေကာင္းႏွင့္ လစာေကာင္း လိုအပ္ေနၾကသည့္ ပညာတတ္လူငယ္လူ႐ြယ္မ်ားစြာမွာ က်ားဖ်န႔္လုပ္ငန္းအတြက္လူကုန္ကူးခံေနၾကရ သည္။ အႀကီးအက်ယ္ ႏွိပ္စက္ညႇဥ္းပန္းသတ္ျဖတ္ခံေနရၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံေနၾက ရျခင္းႏွင့္ ကြၽန္ျပဳခိုင္းေစမႈ၊ ျပန္ေပးဆြဲမႈ၊ လူကုန္ကူးမႈ၊ ရာဇဝတ္ မႈမ်ားသည္လည္း က်ားဖ်န႔္လုပ္ငန္းႏွင့္ ဒြန္တြဲေပၚ ေပါက္လာခဲ့သည္။ လူမႈကြန္ရက္တြင္ သားေကာင္ရွာ ေဖြျခင္း၊ အြန္လိုင္း၌ အမ်ိဳးသမီးအျဖစ္ အေကာင့္အ တုဖန္တီးၿပီး အေနာက္ႏိုင္ငံမွ အြန္လိုင္းသုံးစြဲသူ အမ်ိဳးသားမ်ားကို ခရစ္တိုကာရန္စီဟုေခၚဆိုသည့္ ဒီဂ်စ္ တယ္ေငြေၾကးမ်ားလႊဲေျပာင္းလာေအာင္ျဖားေယာင္း ျခင္း၊ လိမ္လည္ေသာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျပဳလုပ္ရန္ အခ်စ္ဇာတ္လမ္းမ်ားျဖင့္ ျဖားေယာင္းေသြးေဆာင္ ျခင္း၊ ဂိမ္းအပလီေကးရွင္း(App)အတုမ်ား၊ ဝက္ဘ္ ဆိုက္စာမ်က္ႏွာ(Website) အတုမ်ား၊ ကုမၸဏီလုပ္ငန္းအတုမ်ားျဖင့္ ေငြေၾကးအျမတ္အစြန္းမ်ား မက္လုံး ေပး၍ လိမ္လည္ျခင္းမ်ားသည္လည္း လူသားထုအေပၚ အႏၲရာယ္ျပဳလ်က္ရွိသည့္ က်ားဖ်န႔္လုပ္ငန္း ပင္ ျဖစ္ပါသည္။
ထိုကဲ့သို႔ က်ားဖ်န႔္၏ ဆိုးက်ိဳးအႏၲရာယ္မ်ားေၾကာင့္ ႏိုင္ငံအသီးသီး၏ ျပည္သူလူထုအခ်ိဳ႕မွာ လည္း ဒုကၡေရာက္ခဲ့ၾကရသကဲ့သို႔ ႏိုင္ငံအသီးသီးမွာလည္း က်ားဖ်န႔္ေၾကာင့္ ေဒၚလာ သန္း ဘီလ်ံႏွင့္ခ်ီၿပီး ဆုံးရႈံးနစ္နာခဲ့ရေၾကာင္းသိရွိရသည္။ (၂၀၂၄) ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံသားမ်ားသည္ အေရွ႕ေတာင္ အာရွ အေျခစိုက္ က်ားဖ်န႔္လုပ္ငန္းမ်ားထံ အနည္းဆုံးအေမရိကန္ေဒၚလာ (၁၀)ဘီလ်ံဆုံးရႈံးခဲ့သည္ဟု အေမရိကန္အစိုးရက ခန႔္မွန္းထားသည္။
“ျမန္မာႏိုင္ငံထဲကေနလႈပ္ရွားေနတဲ့ ရာဇဝတ္လုပ္ငန္းေတြဟာ ႀကိဳးစားပမ္းစားအလုပ္လုပ္တဲ့ အေမရိကန္ႏိုင္ငံသားေတြဆီကေန ေဒၚလာဘီလ်ံေပါင္းမ်ားစြာကို အြန္လိုင္းလိမ္လည္မႈေတြကတစ္ဆင့္ ခိုးယူေနပါတယ္”ဟု အေမရိကန္ဘ႑ေရးဝန္ႀကီးဌာန အႀကီးတန္းတာဝန္ရွိသူ ဂြၽန္ဟာေလကေျပာၾကား ထားပါသည္။ ထို႔ထက္ပိုဆိုးသည္က က်ားဖ်န႔္အြန္ လိုင္းလိမ္လည္မႈကတစ္ဆင့္ အေမရိကန္ႏိုင္ငံ၏ နည္းပညာအခ်က္အလက္ေပါင္း (၂၀ဝဝ)ေက်ာ္ အခိုးခံရသည္ဟု သတင္းတစ္ပုဒ္တြင္ ေဖာ္ျပလာျခင္း ပင္ျဖစ္သည္။ ထိုသို႔ခိုးယူခံရသည့္အခ်က္အလက္မ်ားတြင္ အမွန္တကယ္ ႏိုင္ငံ၏အဆင့္ျမင့္နည္းပညာ ဆိုင္ရာမ်ားျဖစ္ေသာ စစ္ေရး၊ ႏိုင္ငံေရး အခ်က္အလက္မ်ားပါဝင္သည္ဟုဆိုသည္။ တကယ္ပဲ အခိုးခံရ သလား၊ က်ားဖ်န႔္ကိုအသုံးခ်ၿပီး ပထဝီႏိုင္ငံေရး အေရးပါသည့္ အာဆီယံေဒသထဲ ေျခစုံပစ္ဝင္ကာ ဩ ဇာအာဏာလႊမ္းမိုးရန္ ႀကိဳးပမ္းခဲ့သလားဆိုသည္ကေတာ့ အေမရိကန္ကိုယ္တိုင္မွတစ္ပါး မည္သူမွ် သိႏိုင္မည္မဟုတ္ေပ။ သို႔ေသာ္ ကာလအတန္ၾကာ တ႐ုတ္ ႏွင့္ အာဆီယံေဒသတြင္းႏိုင္ငံမ်ားအၾကား သပြတ္အူ သဖြယ္ရႈပ္ေထြးေနသည့္ က်ားဖ်န႔္အေရးကို အေမရိကန္စိတ္ဝင္စားလာသည္မွာ ယခုလပိုင္း အနည္းငယ္အတြင္းျဖစ္သျဖင့္ စိတ္ဝင္စားမိသည္။ ျမန္မာလူမ်ိဳးမ်ားေျပာေလ့ရွိသည့္စကားတစ္ခုလို၊ အမ်ားၾကက္ေပ်ာက္၍ ကိုယ္ပါငွက္ေပ်ာက္သည္ဟု အေၾကာင္းျပခ်က္ေပးကာ က်ားဖ်န႔္ႏိုင္ငံေရးထဲ အေမရိကန္ဝင္လာ သလားဟုပင္ သံသယဝင္မိသည္။
အေမရိကန္နည္းတူ တ႐ုတ္ႏိုင္ငံကလည္း က်ားဖ်န႔္ေၾကာင့္ ဆုံးရႈံးထိခိုက္မႈမ်ားရွိခဲ့သည္။ အေမ ရိကန္ ထက္ပိုသည့္ ထိခိုက္ဆုံးရႈံးခဲ့မႈမ်ားေၾကာင့္ က်ားဖ်န႔္ ႏွိမ္နင္းေရးကို ကာလ အတန္ၾကာ ျပဳလုပ္ လာခဲ့ရာ ျမန္မာႏိုင္ငံအေရွ႕ေျမာက္ပိုင္းေဒသတြင္ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ၌စတင္ခဲ့ေသာ ေသာင္း က်န္းသူမ်ား ၏ (၁၀၂၇)အမည္ေပးစစ္ဆင္ေရးမွာ က်ားဖ်န႔္ေခါင္းစဥ္တပ္ လွည့္စားမႈမ်ားရွိခဲ့သည္။
MNDAA ၊TNLA ၊ AA ေျမာက္ပိုင္းသုံးဖြဲ႕၏ က်ားဖ်န႔္အမည္တပ္လွည့္စားမႈစစ္ဆင္ေရးေၾကာင့္ လည္း တ႐ုတ္-ျမန္မာ ကုန္သြယ္မႈလမ္းေၾကာင္းႀကီး ရပ္တန႔္သြားခဲ့ရသလို BRI စီမံကိန္းႀကီးပါ အေကာင္ ထည္ေဖာ္ခြင့္ ဆိုင္းငံ့ထားခဲ့ရသည္။ ထို႔ေၾကာင့္ က်ားဖ်န႔္ႏွင့္ပတ္သက္လာလွ်င္ တ႐ုတ္ႏိုင္ငံအတြက္ ေတာ့ ေငြေၾကးတင္ ထိခိုက္နစ္နာဆုံးရႈံးခဲ့သည္မဟုတ္ဘဲ မဟာဗ်ဴဟာစီမံကိန္းမ်ားပါ ရပ္တန႔္ထားခဲ့ရ သျဖင့္ အလြန္ထိခိုက္ နစ္နာဆုံးရႈံးရပါသည္။
စင္စစ္ သည္က်ားဖ်န႔္၏ ကနဦးအစ၊ မူလျမစ္ဖ်ားခံရာေဒသသည္ တ႐ုတ္ႏိုင္ငံ ေက်းလက္ ေဒသမ်ား က (၂၀ဝဝ)ျပည့္ႏွစ္တည္းကပင္ စတင္ခဲ့ျခင္းျဖစ္သည္။ ေက်းလက္ေနတ႐ုတ္ လူမ်ိဳးမ်ား အခ်င္းခ်င္း အေပၚ လိမ္လည္မႈမ်ားဆိုး႐ြားလာသျဖင့္ လက္ရွိတ႐ုတ္သမၼတရွီက်င့္ဖ်င္လက္ထက္ (၂၀၁၀)ျပည့္ႏွစ္ေက်ာ္က လက္ေတြ႕က်က်ႏွိမ္နင္းလာေသာေၾကာင့္ က်ားဖ်န႔္သည္ တ႐ုတ္ႏိုင္ငံျပင္ပသို႔ ေ႐ႊ႕ေျပာင္းသြားၾကသည္။ က်ားဖ်န႔္သည္ တ႐ုတ္စကားျဖစ္သလို တစ္ကမာၻလုံးတြင္ ဦးေဆာင္လုပ္ၾကသူ မ်ားကလည္း တ႐ုတ္လူမ်ိဳးအမ်ားစုျဖစ္ပါသည္။ တစ္ေန႔က ထိုင္းႏိုင္ငံမွတ႐ုတ္ႏိုင္ငံသို႔ျပန္လႊဲေပးလိုက္ သည့္ ရွီက်စ္က်န္းကို က်ားဖ်န႔္ေခါင္းေဆာင္၊ က်ားဖ်န႔္ေခါင္းကိုင္ ဖခင္ဟုလည္းေခၚၾကသည္။
သို႔ေသာ္ က်ားဖ်န႔္၊ ရွီက်စ္က်န္း၊ တ႐ုတ္ဆိုသည့္ (၃)ပြင့္ဆိုင္ျပႆနာသည္ ထင္သေလာက္ မ႐ိုး ရွင္းဘဲ ရႈပ္ေထြးမႈ၊ လွ်ိဳ႕ဝွက္မႈ မ်ားစြာရွိေနသည္။ အခ်ိဳ႕က လည္း ရွီက်စ္က်န္းကို ေထာက္လွမ္းေရးဟု စြပ္စြဲေနၾကသကဲ့သို႔ သူ႔ကို ထိုင္းႏိုင္ငံက တ႐ုတ္ႏိုင္ငံထံသို႔လႊဲ ေျပာင္းေပးခဲ့ျခင္းေၾကာင့္လည္း အေမရိ ကန္က ထိုင္းအေပၚ အျမင္မၾကည္သည့္ဆက္ဆံမႈမ်ားေတြ႕လာရသည္။ ေအာက္တိုဘာလ (၂၆)ရက္က အေမရိကန္ သမၼတထရမ့္၏ မေလးရွားခရီးတြင္ ထိုင္းႏွင့္ကေမာၻဒီးယားတို႔ကို အပစ္အခတ္ရပ္စဲေရး ကို သာမက ေျမရွားသတၱဳက႑မ်ား၌ နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးႏိုင္ခဲ့သည္။
သို႔ေသာ္ ထိုင္း-ကေမာၻဒီးယား နယ္စပ္တြင္ ထိုင္းစစ္သားတစ္ဦး ေျမျမႇဳပ္မိုင္းအနင္းခံရမႈႏွင့္ပတ္ သက္ၿပီး တစ္ေက်ာ့ျပန္ နယ္စပ္အေရးတင္းမားလာသျဖင့္ ထိုင္းဝန္ႀကီးခ်ဳပ္က ၿငိမ္းခ်မ္းေရးပ်က္ျပယ္ ၿပီဟုေၾကညာလိုက္သည္။ တစ္ဖက္မွာလည္း ထိုင္းႏိုင္ငံကဖမ္းဆီးရမိထားသည့္ က်ားဖ်န႔္ေခါင္းေဆာင္ ရွီက်စ္က်န္းကို တ႐ုတ္ႏိုင္ငံသို႔ လႊဲေျပာင္းေပးခဲ့သည္။ ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို ထိုင္းဘုရင္ ဝခ်ီရာ ေလာင္ကြန္ (ဒသမရာမ)က တ႐ုတ္ႏိုင္ငံသို႔ အလည္အပတ္သြားေရာက္ခဲ့သည္။
ထိုကဲ့သို႔ ထိုင္းႏွင့္တ႐ုတ္တို႔ ခ်စ္ၾကည္ရင္းႏွီးသည့္ဆက္ဆံေရး အထူးေကာင္းမြန္ေနခ်ိန္တြင္ အ ေရွ႕ေတာင္အာရွအေျခစိုက္ ေငြလိမ္ဂိုဏ္းမ်ားက အေမရိကန္ႏိုင္ငံသားေထာင္ႏွင့္ခ်ီဆီမွ ႏွစ္စဥ္ ေဒၚလာ သန္းေပါင္း ေထာင္ႏွင့္ခ်ီလိမ္လည္ေနသည္ကိုကာကြယ္ရန္ဆိုကာ အြန္လိုင္းေငြလိမ္လုပ္ငန္း (က်ားဖ်န႔္) တိုက္ဖ်က္ေရးအထူးအဖြဲ႕(Scam Center Strike Force) ကို ႏိုဝင္ဘာလ(၁၂ )ရက္တြင္ အေမရိကန္က ဖြဲ႕စည္းလိုက္သည္။
အဆိုပါအထူးအဖြဲ႕က အေရွ႕ေတာင္အာရွရွိ အဆိုး႐ြားဆုံးေငြလိမ္ဂိုဏ္းနယ္ေျမမ်ားကို စုံစမ္း ေထာက္လွမ္းသြားမည္ဟုေျပာလာသည္။ ထို႔ေၾကာင့္ က်ားဖ်န႔္ႏွိမ္နင္းေရးေခါင္းစဥ္ေအာက္က အေမရိ ကန္၏ပါဝင္စြက္ဖက္မႈ အလြန္ေျခလွမ္းက်ဲလာသည္ကို သတိျပဳမိလာပါသည္။
ထိုကဲ့သို႔ အေမရိကန္က က်ားဖ်န႔္ကိုအေၾကာင္းျပၿပီး အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအေပၚ ဩဇာ လႊမ္းမိုးမႈသက္ေရာက္ႏိုင္ေရးႀကိဳးပမ္းေနမႈအေပၚ တန္ျပန္သည့္အေနျဖင့္ တ႐ုတ္က မဲေခါင္-လန္ခ်န္း ေဒသ (၆)ႏိုင္ငံျဖစ္သည့္ တ႐ုတ္၊ ျမန္မာ၊ ကေမာၻဒီးယား၊ လာအို၊ ထိုင္းႏွင့္ဗီယက္နမ္တို႔သည္ က်ားဖ်န႔္ ဟုလူသိမ်ားသည့္ ႏိုင္ငံျဖတ္ေက်ာ္တယ္လီကြန္းႏွင့္ အြန္လိုင္း လိမ္လည္မႈမ်ားကို ပူးတြဲတိုက္ဖ်က္ေရး အတြက္ လုပ္ေဆာင္ခ်က္မ်ား အရွိန္ျမႇင့္တင္ရန္သေဘာတူညီခဲ့ၾကသည္။
ႏိုဝင္ဘာလ (၁၄)ရက္က တ႐ုတ္ႏိုင္ငံ ကူမင္း ၿမိဳ႕တြင္က်င္းပသည့္ (၆)ႏိုင္ငံ ဝန္ႀကီးအဆင့္ အစည္းအေဝးကေန ပူးေပါင္းလုပ္ေဆာင္မည့္ (၂၁) ခ်က္ကို လည္းခ်မွတ္ႏိုင္ခဲ့သည္။ အဆိုပါ (၆) ႏိုင္ငံ သေဘာတူညီခ်က္သည္ က်ားဖ်န႔္အေၾကာင္းျပၿပီး အေမရိ ကန္၏ ဝင္ေရာက္စြက္ဖက္လာႏိုင္မႈအေပၚ ႀကိဳတင္ကာကြယ္တားဆီးသည့္သေဘာလည္းျဖစ္ေပသည္။ ထို႔ေၾကာင့္ က်ားဖ်န႔္အေရးကိုအေၾကာင္းျပ ၿပီး ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာကို ဝင္ေရာက္စြက္ဖက္မႈ မရွိေစေရး ျမန္မာႏိုင္ငံကလည္း က်ားဖ်န႔္ ႏွိမ္နင္းေရးတြင္ အင္တိုက္အားတိုက္ပါဝင္ေဆာင္႐ြက္လ်က္ရွိသည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ႏွစ္ႏွစ္အတြင္း အြန္လိုင္းလိမ္လည္မႈတြင္ပါဝင္ခဲ့သည့္ ႏိုင္ငံေပါင္း (၅၂) ႏိုင္ငံမွ ႏိုင္ငံျခားသား(၆၇၇၅၁)ဦးကိုထိန္းသိမ္းခဲ့ၿပီး သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္း ေပးခဲ့ၿပီလည္းျဖစ္သည္။ ျမန္မာ-ထိုင္းနယ္စပ္ရွိ KK park ေနရာကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ အၿပီးျပတ္ရွင္းလင္းသြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ကရင္ျပည္နယ္ ဘားအံၿမိဳ႕သို႔ ေရာက္ရွိစဥ္ ႏိုဝင္ဘာလ(၁၅)ရက္ကေျပာဆိုခဲ့ပါသည္။ ထို႔ေၾကာင့္ က်ားဖ်န႔္အေရးကို ျမန္မာကလည္း အစြမ္းကုန္ အေလးေပးတိုက္ဖ်က္ေနသည္။
အခ်ဳပ္ဆိုရလွ်င္ က်ားဖ်န႔္သည္ အလြန္တရာမွ ရႈပ္ေထြးနက္နည္းလာသည့္ လိမ္လည္မႈျပႆနာ၊ ကမာၻ႔ရာဇဝတ္မႈႀကီးျဖစ္ေသာ္လည္း လွ်ိဳ႕ဝွက္နက္ နည္းသည့္ေနာက္ကြယ္က ႏိုင္ငံေရးအေၾကာင္းတ ရားမ်ားစြာလည္းရွိေနေပသည္။ အေသးစိတ္ေရးပါက အခန္းဆက္ပင္ေရးရေလာက္သည္အထိ ပါဝင္ပတ္ သက္ေနေသာအေၾကာင္းတရားမ်ားလည္းရွိေပသည္။ အထူးသျဖင့္ က်ားဖ်န႔္ကိုအေၾကာင္းျပၿပီး အေရွ႕ ေတာင္အာရွေဒသအေပၚ ဩဇာလႊမ္းမိုမႈရွိေစေရးအၿပိဳင္ အားထုတ္လာၾကသည့္ အေမရိကန္ႏွင့္တ႐ုတ္ အားၿပိဳင္မႈက က်ားဖ်န႔္ႏိုင္ငံေရးကို ပိုမိုရႈပ္ေထြးလာေစခဲ့သည္။ က်ားဖ်န႔္ႏိုင္ငံေရးက ေဒသတြင္းႏိုင္ငံမ်ား ကိုလည္း အထိတ္တလန႔္ျဖစ္ေစခဲ့သလို စိုးရိမ္စိတ္မ်ားလည္း ႀကီးထြားလာေစခဲ့သည္။ က်ားဖ်န႔္အ ေၾကာင္းျပၿပီး အေမရိကန္၏ စြက္ဖက္ရန္ႀကိဳးပမ္းမႈ ႏွင့္ တ႐ုတ္၏ တန္ျပန္ထိန္းေက်ာင္းရန္ ျပင္ဆင္ ႀကိဳးပမ္းေနမႈအၾကား အာဆီယံေဒအတြင္းတည္ၿငိမ္မႈမ်ားအေပၚ ထိခိုက္လာႏိုင္သည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္လည္း မိမိတို႔ ႏိုင္ငံ၏အခ်ဳပ္အျခာအာဏာကို ကာကြယ္ေစာင့္ ေရွာက္ႏိုင္ေရးအတြက္ က်ားဖ်န႔္ႏိုင္ငံေရးကို သတိျပဳအေလးထားေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း အ ႀကံျပဳလိုက္ရပါသည္။

Related news

© 2021. All rights reserved.