မြန်မာ့အရေးအတွက် တာဝန်ယူမယ့် အာဆီယံအထူးကိုယ်စားလှယ်က ဘယ်လိုလူမျိုးလဲ (ဘာသာပြန်ဆောင်းပါး)

 461

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၆

လာမယ့်နှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်တွေကို စတင်တာဝန်ယူတော့မယ့် ဖိလစ်ပိုင် နိုင်ငံဟာ လက်ရှိအချိန်မှာ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်အောင် ရည်ရွယ် ချက်နဲ့ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ကို ခန့်အပ် လိုက်ပြီဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၄)ရက်မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီရီဆာလာဇာရိုကို မြန်မာ့ နိုင်ငံရေးအငြင်းပွားမှုတွေကို ကြားဝင်စေ့စပ်ဆွေးနွေးဖြေရှင်းဖို့ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တရားဝင်ခန့် အပ်လိုက်တာလည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က “နိုင်ငံခြားရေး ဝန် ကြီး လာဇာရိုဟာ အလုပ်တွေကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်မယ်လို့ကတိပြုပါတယ်” လို့ ပြော ပါတယ်။ ဖိလစ်ပိုင် သမ္မတက လာဇာရိုဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူ ညီချက်အပြင် လုပ်ပိုင်ခွင့်တွေအတိုင်း မြန်မာပြည်သူတွေကိုကူညီပေးနိုင်အောင် အပြုသဘော ဆောင် ပြီး အားလုံးပါဝင်နိုင်မယ့် ချဉ်းကပ်လုပ်ဆောင်မှုတွေလည်း လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်ဟု ပြောသည်။ အာဆီယံအဖွဲ့ရဲ့အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများကြား အလှည့်ကျ တာဝန်ယူ ကြရတာဖြစ်ပြီး အလှည့်ကျဥက္ကဋ္ဌနိုင်ငံတွေဟာ မြန်မာ့အရေးကို ဆွေးနွေးဖြေရှင်းနိုင်အောင် အထူးကိုယ် စားလှယ်တွေခန့်အပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ (၂၀၂၁) ခုနှစ်က နိုင်ငံရေးအငြင်း ပွားမှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ ဟာ မြန်မာ့အရေးကို ဆွေးနွေးဖြေရှင်းနိုင်အောင်ကြားဝင် ကြိုးပမ်းခဲ့ပြီး (၂၀၂၁)ခုနှစ်နောက်ပိုင်းတည်းက အာဆီယံ သဘောတူညီချက်ငါးချက်နဲ့အညီ အာဆီယံ အထူးကိုယ်စားလှယ်တွေကို ခန့်အပ်ဆောင်ရွက် ခဲ့ပါတယ်။ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနိးရှား၊ လာအို နဲ့ မလေးရှားနိုင်ငံတို့ဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တုန်းကလည်း အာဆီယံအထူး ကိုယ်စားလှယ်တွေကိုခန့်အပ်ပြီး မြန်မာ့ အရေးကို ကြားဝင်ဖြေရှင်းနိုင်အောင်ကြိုးပမ်းခဲ့ပေမယ့် မျှော်လင့်သလောက် အောင်မြင်မှုမရဘူးလို့ နိုင်ငံ တကာမီ ဒီယာတွေက ဝေဖန်တာမျိုးတွေရှိခဲ့ပါတယ်။ ဖိလစ်ပိုင် နိုင်ငံကလည်း (၂၀၂၆)ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်တွေကို စတင်လုပ်ကိုင်တော့မှာဖြစ်တဲ့အတွက် မြန်မာ့အရေးကို ဖြေရှင်းနိုင် အောင် တီရီဆာ လာဇာရိုကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ်ခန့် အပ်လိုက်တာမျိုးဖြစ်ပါတယ်။ မြန်မာ့အရေးအတွက် ခန့်အပ်ခံလိုက်ရတဲ့ အာဆီယံအထူးကိုယ်စားလှယ်အသစ် တီရီဆာလာဇာရိုဟာ (၂၀၂၅)ခုနှစ်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ (၂၉) ဦးမြောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ် ခံခဲ့ရသူဖြစ်ပါတယ်။ ရှေ့နေအဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ လာဇာရိုဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်မယူ ခင် (၂၀၂၂)ခုနှစ်ကနေ (၂၀၂၅)ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံနဲ့အာဆီယံအဖွဲ့ကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသလို ဖိလစ်ပိုင်အစိုးရအဖွဲ့တွေရဲ့ သံတမန်ရေးဌာနတွေမှာ တာဝန် ယူခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ ဖိလစ်ပိုင်နိုင်ငံ Miriam ကောလိပ်ကနေ ဘွဲ့ရရှိခဲ့ပြီးနောက် Philippines Diliman တက္ကသိုလ်မှာ ဥပဒေဘာသာရပ်တွေကို ထပ်မံလေ့လာဆည်းပူးခဲ့ပါတယ်။ ၎င်းဟာ (၁၉၈၄) ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကို စတင်ဝင်ရောက် ခဲ့ပြီးနောက်ပိုင်းတည်းက ဖိလစ်ပိုင် အစိုးရ အဖွဲ့ရဲ့အုပ်ချုပ်ရေးနဲ့သံတမန်ရေးလုပ်ငန်းတွေမှာ နှစ်ပေါင်းများ စွာကြာတာဝန်ယူခဲ့သူ ဖြစ်ပါ တယ်။ လာဇာရိုဟာ သံအမတ်ကြီးတာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ဖူးသူဖြစ် ပြီး (၂၀ဝ၈)ခုနှစ်ကနေ (၂၀၁၁) ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံ ဆွစ်ဇာလန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို (၂၀ ၁၄) ခုနှစ်ကနေ (၂၀၂၀)ပြည့်နှစ်အထိ ပြင်သစ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူး ပါတယ်။ ဒါ့ပြင် ၎င်းဟာ အမေရိကန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ကုလသမဂ္ဂအဖွဲ့ တို့မှာလည်း ဖိလစ်ပိုင်နိုင်ငံရဲ့သံတ မန်လုပ်ငန်းတွေကို နှစ်အတန်ကြာ ပူးပေါင်းလုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါ တယ်။ ၎င်းဟာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်တာဝန်ယူချိန်အတွင်းမှာ ဖိလစ် ပိုင်နိုင်ငံအတွင်းကို အာဖန်ဂန်နစ္စတန် ဒုက္ခ သည်များ လက်ခံရေးနဲ့ပတ်သက်ပြီး အဓိက ဆွေးနွေးကိုင် တွယ်ဖြေရှင်းခဲ့သလို တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေမှာလည်း ဖိလစ်ပိုင်သံ တမန်အဖွဲ့ကို အဓိက ဦးဆောင်ဆွေးနွေးသူဖြစ်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရအဖွဲ့အတွင်း ပြုပြင် ပြောင်းလဲမှုတွေလုပ်ကိုင်ခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ ၎င်းဟာ အာရှတိုက်အပြင် ဥရောပနဲ့အမေရိကန်နိုင်ငံတို့မှာ သံအမတ်ကြီးအဖြစ် နှစ်အတန်ကြာတာဝန်ယူ လုပ် ကိုင်ခဲ့ဖူးတဲ့အတွက် သံတမန်ရေးဆိုင်ရာလုပ်ငန်းများ ရင့် ကျက်သူဖြစ်ပါတယ်။ လာဇာရိုဟာရဲ့ သံတမန် ရေးအရ ချဉ်းကပ်မှုများဟာ ရိုးသားမှုရှိပြီး တည်ဆောက်မှုကို ဦးစားပေးပုံဖော်လုပ်ကိုင်သူအဖြစ်ချီးကျူးခံ နေရသူဖြစ်ပါတယ်။ ၎င်းဟာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဌာနမှာတာဝန်ယူချိန်အတွင်း တရုတ်နိုင်ငံနဲ့ အငြင်းပွားနေ တဲ့တောင်တရုတ်ပင်လယ်အရေးကိစ္စတွေကို အောင်မြင်မှုတွေရအောင် ဆွေးနွေးညှိနှိုင်းခဲ့ သူဖြစ်တယ်လို့ ဆိုကြပါတယ်။ ၎င်းဟာ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာရေးရာမှာ ကျွမ်းကျင်သူ တစ် ဦးအဖြစ် ချီးကျူးခံရသူဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာ လည်း သူရဲ့အခန်းကဏ္ဍ က အဓိကအရေးပါလျက်ရှိနေပါတယ်။ လက်ရှိအချိန် မှာ အသက် (၆၆)နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ တီရီဆာလာဇာရိုဟာ သံတမန်ရေးလုပ်ငန်းတွေမှာ အောင်မြင် မှုတွေရရှိအောင်စွမ်း ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနသမိုင်းတစ်လျှောက် အမျိုးသမီး ဝန် ကြီးအဖြစ်ခန့်အပ်ခံရတဲ့ ဒုတိယမြောက် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဟာ လာဇာရိုရဲ့သံတမန်ရေးအောင်မြင်မှုတွေကို အသိမှတ်ပြုမှုအဖြစ် (၂၀၂၅)ခုနှစ်အတွင်းမှာ Order of Sikatuna ဆုကိုချီးမြှင့်ခဲ့ပါတယ်။ ၎င်းဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေကြောင်းလုံခြုံရေး၊ ဒေသအတွင်း တည် ငြိမ်အေးချမ်းရေးနဲ့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်မှုတွေအပါအဝင် ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိကအရေးပါတဲ့ နိုင်ငံခြားရေးမူဝါဒပိုင်းမှာ အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေသူဖြစ်ပါတယ်။ လာဇာရိုဟာ ဖိလစ်ပိုင် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ယူချိန်အတွင်းမှာ တရုတ်နိုင်ငံနဲ့ဖြစ်ပွားနေတဲ့ တောင် တရုတ် ပင်လယ်အရေးအငြင်းပွားမှုတွေကို ဖြေရှင်းနိုင်အောင် ဖိလစ်ပိုင်နိုင်ငံကို ဦးဆောင်ရမှာဖြစ်သလို အမေရိ ကန်နိုင်ငံနဲ့ချုပ်ဆိုထားတဲ့ မဟာမိတ်စာချုပ်ကိစ္စအပါအဝင် ကမ္ဘာတစ်ဝန်းနဲ့ ဆက်ဆံရေးကောင်းမွန် အောင် အဓိကထားလုပ်ဆောင်ရဖွယ်ရှိနေပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာ တရုတ်နိုင်ငံနဲ့ အာဆီယံအ ဖွဲ့ဝင်နိုင်ငံတွေကြားဖြစ်ပွားနေတဲ့ ပိုင်နက်နယ်မြေအ ငြင်းပွားမှုတွေအပါအဝင် အာဆီယံအဖွဲ့ လက်ရှိရင် ဆိုင်နေတဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းရမှာဖြစ်ရာ လာဇာ ရိုရဲ့ သံတမန်စွမ်းဆောင်ရည်က အဓိက အရေးပါ နေတယ်လို့ဆိုကြပါတယ်။ လာဇာရိုဟာ သံတမန်ရေးဆိုင်ရာလုပ်ငန်းတွေမှာ လက်တွေ့ကျတဲ့ ရလဒ် ကောင်းတွေရရှိအောင်လုပ်ဆောင်ပြီး ၎င်းရဲ့ဂုဏ်သိက္ခာကို တည်ဆောက်နိုင်သူဖြစ်တယ်လို့လည်း ဖိလစ်ပိုင်မီဒီ ယာတွေကရေးသားဖော်ပြကြပါတယ်။ လာဇာရိုဟာ ပြသာနာတွေကို ဂရုတစိုက် လေ့လာ ပြီးမှဆုံးဖြတ်တတ် သလို၊ အရေးပေါ်အခြေအနေတွေမှာလည်း ပြတ်သားတဲ့အဖြေထုတ်နိုင်သူဖြစ်ကာ သံတမန်ရေးအလုပ်တွေမှာ တုံ့ဆိုင်းမှုမရှိဘဲ လျင်မြန်စွာဆုံးဖြတ်လုပ် ကိုင်တတ်သူဖြစ်ပါတယ်။ ၎င်းဟာ ပြည်ပနိုင်ငံရောက် ဖိလစ်ပိုင်နိုင်ငံသားများ အကာအကွယ်ပေးနိုင်အောင်နဲ့ ကယ်ထုတ်ရေးလုပ်ငန်းတွေ မှာ ဦးဆောင်ပါဝင်ဖူး သူဖြစ်တဲ့အတွက် အရေးပေါ်ကိစ္စတွေကို စနစ်ကျ ဆောင်ရွက်နိုင်သူတစ်ဦးဖြစ်ပါ တယ်။ ၎င်းဟာ တည်ငြိမ်ပြီး ဖိလစ်ပိုင်နိုင်ငံအကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်တတ်သူဖြစ်ကာ သုံး သပ်ချက်သမျှကိုပြော တတ်သဖြင့် “credible diplomat” ဟု သတ်မှတ်ပြောဆိုခံရသူဖြစ်ပါတယ်။ လာဇာရိုဟာ အတွေ့အ ကြုံများသူ၊ တည်ငြိမ်သူ၊ နိုင်ငံရေးအပြင်အဆင် ကျယ်ကျယ်ဝန်းဝန်း နားလည် သူ၊ ဘာသာစကား၊ ဥပဒေ၊ မဟာဗျူဟာရေးရာ အားကောင်းသူဖြစ်ပြီး သံတမန်အလုပ်တွေမှာလိုအပ်တဲ့ စကားပြောညှိနှိုင်းမှု စွမ်းရည်ထူးချွန်သူလို့ သတ်မှတ်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

Zawgyi Version:
ျမန္မာ့အေရးအတြက္ တာဝန္ယူမယ့္ အာဆီယံအထူးကိုယ္စားလွယ္က ဘယ္လိုလူမ်ိဳးလဲ (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၆
လာမယ့္ႏွစ္မွာ အာဆီယံအလွည့္က်ဥကၠ႒တာဝန္ေတြကို စတင္တာဝန္ယူေတာ့မယ့္ ဖိလစ္ပိုင္ ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ျမန္မာ့ႏိုင္ငံေရးအျငင္းပြားမႈေတြကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ေအာင္ ရည္႐ြယ္ ခ်က္နဲ႔ အာဆီယံဥကၠ႒ရဲ႕အထူးကိုယ္စားလွယ္ကို ခန႔္အပ္ လိုက္ၿပီျဖစ္ပါတယ္။ ဖိလစ္ပိုင္သမၼတ ဖာဒီနန္ မားကို႔စ္ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၁၄)ရက္မွာ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး တီရီဆာလာဇာ႐ိုကို ျမန္မာ့ ႏိုင္ငံေရးအျငင္းပြားမႈေတြကို ၾကားဝင္ေစ့စပ္ေဆြးေႏြးေျဖရွင္းဖို႔ အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ တရားဝင္ခန႔္ အပ္လိုက္တာလည္းျဖစ္ပါတယ္။ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မားကို႔စ္က “ႏိုင္ငံျခားေရး ဝန္ ႀကီး လာဇာ႐ိုဟာ အလုပ္ေတြကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ႏိုင္မယ္လို႔ကတိျပဳပါတယ္” လို႔ ေျပာ ပါတယ္။ ဖိလစ္ပိုင္ သမၼတက လာဇာ႐ိုဟာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အာဆီယံအဖြဲ႕ရဲ႕ ဘုံသေဘာတူ ညီခ်က္အျပင္ လုပ္ပိုင္ခြင့္ေတြအတိုင္း ျမန္မာျပည္သူေတြကိုကူညီေပးႏိုင္ေအာင္ အျပဳသေဘာ ေဆာင္ ၿပီး အားလုံးပါဝင္ႏိုင္မယ့္ ခ်ဥ္းကပ္လုပ္ေဆာင္မႈေတြလည္း လုပ္ေဆာင္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္ဟု ေျပာသည္။ အာဆီယံအဖြဲ႕ရဲ႕အလွည့္က်ဥကၠ႒တာဝန္ကို အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား အလွည့္က် တာဝန္ယူ ၾကရတာျဖစ္ၿပီး အလွည့္က်ဥကၠ႒ႏိုင္ငံေတြဟာ ျမန္မာ့အေရးကို ေဆြးေႏြးေျဖရွင္းႏိုင္ေအာင္ အထူးကိုယ္ စားလွယ္ေတြခန႔္အပ္ခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာ (၂၀၂၁) ခုႏွစ္က ႏိုင္ငံေရးအျငင္း ပြားမႈေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အာဆီယံအဖြဲ႕ ဟာ ျမန္မာ့အေရးကို ေဆြးေႏြးေျဖရွင္းႏိုင္ေအာင္ၾကားဝင္ ႀကိဳးပမ္းခဲ့ၿပီး (၂၀၂၁)ခုႏွစ္ေနာက္ပိုင္းတည္းက အာဆီယံ သေဘာတူညီခ်က္ငါးခ်က္နဲ႔အညီ အာဆီယံ အထူးကိုယ္စားလွယ္ေတြကို ခန႔္အပ္ေဆာင္႐ြက္ ခဲ့ပါတယ္။ ဘ႐ူႏိုင္း၊ ကေမာၻဒီးယား၊ အင္ဒိုနိးရွား၊ လာအို နဲ႔ မေလးရွားႏိုင္ငံတို႔ဟာ အာဆီယံအလွည့္က် ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္တုန္းကလည္း အာဆီယံအထူး ကိုယ္စားလွယ္ေတြကိုခန႔္အပ္ၿပီး ျမန္မာ့ အေရးကို ၾကားဝင္ေျဖရွင္းႏိုင္ေအာင္ႀကိဳးပမ္းခဲ့ေပမယ့္ ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရဘူးလို႔ ႏိုင္ငံ တကာမီ ဒီယာေတြက ေဝဖန္တာမ်ိဳးေတြရွိခဲ့ပါတယ္။ ဖိလစ္ပိုင္ ႏိုင္ငံကလည္း (၂၀၂၆)ခုႏွစ္မွာ အာဆီယံ အလွည့္က် ဥကၠ႒တာဝန္ေတြကို စတင္လုပ္ကိုင္ေတာ့မွာျဖစ္တဲ့အတြက္ ျမန္မာ့အေရးကို ေျဖရွင္းႏိုင္ ေအာင္ တီရီဆာ လာဇာ႐ိုကို အာဆီယံအထူးကိုယ္စားလွယ္အျဖစ္ခန႔္ အပ္လိုက္တာမ်ိဳးျဖစ္ပါတယ္။ ျမန္မာ့အေရးအတြက္ ခန႔္အပ္ခံလိုက္ရတဲ့ အာဆီယံအထူးကိုယ္စားလွယ္အသစ္ တီရီဆာလာဇာ႐ိုဟာ (၂၀၂၅)ခုႏွစ္မွာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ (၂၉) ဦးေျမာက္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ခန႔္အပ္ ခံခဲ့ရသူျဖစ္ပါတယ္။ ေရွ႕ေနအျဖစ္လုပ္ကိုင္ခဲ့ဖူးတဲ့ လာဇာ႐ိုဟာ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္မယူ ခင္ (၂၀၂၂)ခုႏွစ္ကေန (၂၀၂၅)ခုႏွစ္အထိ ဖိလစ္ပိုင္ႏိုင္ငံနဲ႔အာဆီယံအဖြဲ႕ၾကား ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔ ဒုတိယဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးသလို ဖိလစ္ပိုင္အစိုးရအဖြဲ႕ေတြရဲ႕ သံတမန္ေရးဌာနေတြမွာ တာဝန္ ယူခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ ဖိလစ္ပိုင္ႏိုင္ငံ Miriam ေကာလိပ္ကေန ဘြဲ႕ရရွိခဲ့ၿပီးေနာက္ Philippines Diliman တကၠသိုလ္မွာ ဥပေဒဘာသာရပ္ေတြကို ထပ္မံေလ့လာဆည္းပူးခဲ့ပါတယ္။ ၎ဟာ (၁၉၈၄) ခုႏွစ္မွာ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို စတင္ဝင္ေရာက္ ခဲ့ၿပီးေနာက္ပိုင္းတည္းက ဖိလစ္ပိုင္ အစိုးရ အဖြဲ႕ရဲ႕အုပ္ခ်ဳပ္ေရးနဲ႔သံတမန္ေရးလုပ္ငန္းေတြမွာ ႏွစ္ေပါင္းမ်ား စြာၾကာတာဝန္ယူခဲ့သူ ျဖစ္ပါ တယ္။ လာဇာ႐ိုဟာ သံအမတ္ႀကီးတာဝန္ေတြကိုလည္း ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ ၿပီး (၂၀ဝ၈)ခုႏွစ္ကေန (၂၀၁၁) ခုႏွစ္အထိ ဖိလစ္ပိုင္ႏိုင္ငံ ဆြစ္ဇာလန္ သံအမတ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသလို (၂၀ ၁၄) ခုႏွစ္ကေန (၂၀၂၀)ျပည့္ႏွစ္အထိ ျပင္သစ္ႏိုင္ငံဆိုင္ရာ ဖိလစ္ပိုင္သံအမတ္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူး ပါတယ္။ ဒါ့ျပင္ ၎ဟာ အေမရိကန္ႏိုင္ငံ၊ စပိန္ႏိုင္ငံ၊ ဩစေၾတးလ်ႏိုင္ငံ၊ ထိုင္းႏိုင္ငံနဲ႔ ကုလသမဂၢအဖြဲ႕ တို႔မွာလည္း ဖိလစ္ပိုင္ႏိုင္ငံရဲ႕သံတ မန္လုပ္ငန္းေတြကို ႏွစ္အတန္ၾကာ ပူးေပါင္းလုပ္ကိုင္ခဲ့ဖူးသူျဖစ္ပါ တယ္။ ၎ဟာ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္းမွာ ဖိလစ္ ပိုင္ႏိုင္ငံအတြင္းကို အာဖန္ဂန္နစၥတန္ ဒုကၡ သည္မ်ား လက္ခံေရးနဲ႔ပတ္သက္ၿပီး အဓိက ေဆြးေႏြးကိုင္ တြယ္ေျဖရွင္းခဲ့သလို ေတာင္တ႐ုတ္ပင္လယ္နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြမွာလည္း ဖိလစ္ပိုင္သံ တမန္အဖြဲ႕ကို အဓိက ဦးေဆာင္ေဆြးေႏြးသူျဖစ္ခဲ့ပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံမွာ အစိုးရအဖြဲ႕အတြင္း ျပဳျပင္ ေျပာင္းလဲမႈေတြလုပ္ကိုင္ခဲ့ၿပီးေနာက္ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံခဲ့ရသူျဖစ္ပါတယ္။ ၎ဟာ အာရွတိုက္အျပင္ ဥေရာပနဲ႔အေမရိကန္ႏိုင္ငံတို႔မွာ သံအမတ္ႀကီးအျဖစ္ ႏွစ္အတန္ၾကာတာဝန္ယူ လုပ္ ကိုင္ခဲ့ဖူးတဲ့အတြက္ သံတမန္ေရးဆိုင္ရာလုပ္ငန္းမ်ား ရင့္ က်က္သူျဖစ္ပါတယ္။ လာဇာ႐ိုဟာရဲ႕ သံတမန္ ေရးအရ ခ်ဥ္းကပ္မႈမ်ားဟာ ႐ိုးသားမႈရွိၿပီး တည္ေဆာက္မႈကို ဦးစားေပးပုံေဖာ္လုပ္ကိုင္သူအျဖစ္ခ်ီးက်ဴးခံ ေနရသူျဖစ္ပါတယ္။ ၎ဟာ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနမွာတာဝန္ယူခ်ိန္အတြင္း တ႐ုတ္ႏိုင္ငံနဲ႔ အျငင္းပြားေန တဲ့ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥေတြကို ေအာင္ျမင္မႈေတြရေအာင္ ေဆြးေႏြးညႇိႏႈိင္းခဲ့ သူျဖစ္တယ္လို႔ ဆိုၾကပါတယ္။ ၎ဟာ အျပည္ျပည္ဆိုင္ရာ မဟာဗ်ဴဟာေရးရာမွာ ကြၽမ္းက်င္သူ တစ္ ဦးအျဖစ္ ခ်ီးက်ဴးခံရသူျဖစ္ၿပီး ဖိလစ္ပိုင္ႏိုင္ငံက အာဆီယံအလွည့္က် ဥကၠ႒အျဖစ္တာဝန္ယူခ်ိန္မွာ လည္း သူရဲ႕အခန္းက႑ က အဓိကအေရးပါလ်က္ရွိေနပါတယ္။ လက္ရွိအခ်ိန္ မွာ အသက္ (၆၆)ႏွစ္ အ႐ြယ္ရွိေနၿပီျဖစ္တဲ့ တီရီဆာလာဇာ႐ိုဟာ သံတမန္ေရးလုပ္ငန္းေတြမွာ ေအာင္ျမင္ မႈေတြရရွိေအာင္စြမ္း ေဆာင္ႏိုင္ခဲ့တဲ့အတြက္ေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနသမိုင္းတစ္ေလွ်ာက္ အမ်ိဳးသမီး ဝန္ ႀကီးအျဖစ္ခန႔္အပ္ခံရတဲ့ ဒုတိယေျမာက္ ပုဂၢိဳလ္တစ္ဦးလည္းျဖစ္ပါတယ္။ ဖိလစ္ပိုင္သမၼတ မားကို႔စ္ဟာ လာဇာ႐ိုရဲ႕သံတမန္ေရးေအာင္ျမင္မႈေတြကို အသိမွတ္ျပဳမႈအျဖစ္ (၂၀၂၅)ခုႏွစ္အတြင္းမွာ Order of Sikatuna ဆုကိုခ်ီးျမႇင့္ခဲ့ပါတယ္။ ၎ဟာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ေရေၾကာင္းလုံၿခဳံေရး၊ ေဒသအတြင္း တည္ ၿငိမ္ေအးခ်မ္းေရးနဲ႔ ဘက္ေပါင္းစုံ ပူးေပါင္းေဆာင္မႈေတြအပါအဝင္ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ အဓိကအေရးပါတဲ့ ႏိုင္ငံျခားေရးမူဝါဒပိုင္းမွာ အေရးပါတဲ့အခန္းက႑ကပါဝင္ေနသူျဖစ္ပါတယ္။ လာဇာ႐ိုဟာ ဖိလစ္ပိုင္ ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္းမွာ တ႐ုတ္ႏိုင္ငံနဲ႔ျဖစ္ပြားေနတဲ့ ေတာင္ တ႐ုတ္ ပင္လယ္အေရးအျငင္းပြားမႈေတြကို ေျဖရွင္းႏိုင္ေအာင္ ဖိလစ္ပိုင္ႏိုင္ငံကို ဦးေဆာင္ရမွာျဖစ္သလို အေမရိ ကန္ႏိုင္ငံနဲ႔ခ်ဳပ္ဆိုထားတဲ့ မဟာမိတ္စာခ်ဳပ္ကိစၥအပါအဝင္ ကမာၻတစ္ဝန္းနဲ႔ ဆက္ဆံေရးေကာင္းမြန္ ေအာင္ အဓိကထားလုပ္ေဆာင္ရဖြယ္ရွိေနပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူခ်ိန္မွာ တ႐ုတ္ႏိုင္ငံနဲ႔ အာဆီယံအ ဖြဲ႕ဝင္ႏိုင္ငံေတြၾကားျဖစ္ပြားေနတဲ့ ပိုင္နက္နယ္ေျမအ ျငင္းပြားမႈေတြအပါအဝင္ အာဆီယံအဖြဲ႕ လက္ရွိရင္ ဆိုင္ေနတဲ့စိန္ေခၚမႈေတြကိုေျဖရွင္းရမွာျဖစ္ရာ လာဇာ ႐ိုရဲ႕ သံတမန္စြမ္းေဆာင္ရည္က အဓိက အေရးပါ ေနတယ္လို႔ဆိုၾကပါတယ္။ လာဇာ႐ိုဟာ သံတမန္ေရးဆိုင္ရာလုပ္ငန္းေတြမွာ လက္ေတြ႕က်တဲ့ ရလဒ္ ေကာင္းေတြရရွိေအာင္လုပ္ေဆာင္ၿပီး ၎ရဲ႕ဂုဏ္သိကၡာကို တည္ေဆာက္ႏိုင္သူျဖစ္တယ္လို႔လည္း ဖိလစ္ပိုင္မီဒီ ယာေတြကေရးသားေဖာ္ျပၾကပါတယ္။ လာဇာ႐ိုဟာ ျပသာနာေတြကို ဂ႐ုတစိုက္ ေလ့လာ ၿပီးမွဆုံးျဖတ္တတ္ သလို၊ အေရးေပၚအေျခအေနေတြမွာလည္း ျပတ္သားတဲ့အေျဖထုတ္ႏိုင္သူျဖစ္ကာ သံတမန္ေရးအလုပ္ေတြမွာ တုံ႔ဆိုင္းမႈမရွိဘဲ လ်င္ျမန္စြာဆုံးျဖတ္လုပ္ ကိုင္တတ္သူျဖစ္ပါတယ္။ ၎ဟာ ျပည္ပႏိုင္ငံေရာက္ ဖိလစ္ပိုင္ႏိုင္ငံသားမ်ား အကာအကြယ္ေပးႏိုင္ေအာင္နဲ႔ ကယ္ထုတ္ေရးလုပ္ငန္းေတြ မွာ ဦးေဆာင္ပါဝင္ဖူး သူျဖစ္တဲ့အတြက္ အေရးေပၚကိစၥေတြကို စနစ္က် ေဆာင္႐ြက္ႏိုင္သူတစ္ဦးျဖစ္ပါ တယ္။ ၎ဟာ တည္ၿငိမ္ၿပီး ဖိလစ္ပိုင္ႏိုင္ငံအက်ိဳးစီးပြားကို ဦးစားေပးေဆာင္႐ြက္တတ္သူျဖစ္ကာ သုံး သပ္ခ်က္သမွ်ကိုေျပာ တတ္သျဖင့္ “credible diplomat” ဟု သတ္မွတ္ေျပာဆိုခံရသူျဖစ္ပါတယ္။ လာဇာ႐ိုဟာ အေတြ႕အ ႀကဳံမ်ားသူ၊ တည္ၿငိမ္သူ၊ ႏိုင္ငံေရးအျပင္အဆင္ က်ယ္က်ယ္ဝန္းဝန္း နားလည္ သူ၊ ဘာသာစကား၊ ဥပေဒ၊ မဟာဗ်ဴဟာေရးရာ အားေကာင္းသူျဖစ္ၿပီး သံတမန္အလုပ္ေတြမွာလိုအပ္တဲ့ စကားေျပာညႇိႏႈိင္းမႈ စြမ္းရည္ထူးခြၽန္သူလို႔ သတ္မွတ္ေျပာဆိုတာေတြလည္း ရွိေနပါတယ္။

Related news

© 2021. All rights reserved.