ဘုရားသုံးဆူမှ ရေးသို့ သွားမည့်ကုန်ကားများကို ရေးဘီလူးအဖွဲ့က ခြိမ်းခြောက်၍ လက်နက်ခဲယမ်းများ သယ်ခိုင်းနေ

 269

Pearl (NP News) - နိုဝင်ဘာ ၂၆

ဘုရားသုံးဆူမှ ရေးသို့ သွားမည့် ကုန်ကားများကို ရေးဘီလူးအဖွဲ့က ခြိမ်းခြောက်၍ လက်နက်ခဲ ယမ်းများသယ်ခိုင်းနေကြောင်း ကုန်ကားများနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
ထိုင်းနိုင်ငံမှတစ်ဆင့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်များတင်သွင်းသည့် ကုန်ကား များကို ရေးဘီလူးအဖွဲ့က ခြိမ်းခြောက်၍ ဘုရားသုံးဆူမြို့မှတစ်ဆင့် လက်နက်ခဲယမ်းများကိုနေ့စဉ် နီးပါးသယ်ယူခိုင်းနေကြောင်း သိရသည်။
“ရေးမြို့နယ်ကိုဘုရားသုံးဆူက လာနေတဲ့လမ်းမှာ ယိုးဒယားပစ္စည်းပုံတွေထဲမှာ ရေးဘီလူးအဖွဲ့ အတွက် လက်နက်တွေ သယ်ခိုင်းတယ်။ ကားသမားတွေကနေတစ်ဆင့် သယ်နေကြတယ်။ လက်နက် တွေသယ်လာရင် တစ်ခါတလေ သူတို့ပါလာတယ်။ ဓာတ်ပုံရိုက်ဖို့ကလည်း ကျွန်တော်တို့ကို ပစ်သတ် သွားမှာလည်းကြောက်ရတယ်။ နေ့တိုင်းနီးပါးကို သယ်နေတာ။ သယ်တာက မျက်မြင်ကိုယ်တွေ့ တွေ့ရ တယ်။ ထိုင်းနယ်စပ်ကနေဆင်းလာပြီး ဘုရားသုံး ဆူကနေတင်တာ။ ဝင်းကားဆိုတာရှိတယ်။ ထိုင်း နယ် စပ်ကနေ မြန်မာပြည်ကို ယိုးဒယားပစ္စည်းတွေ သွင်းတာ။ အဲဒီမှာ သူတို့အချိတ်အဆက်နဲ့ လက်နက် ပွဲစားတွေရှိတယ်။ အဲဒီကနေ ရိုးရိုးသားသား ကုန်သယ်နေတဲ့ကားတွေမှာ မသယ်ပေးရင် ကားကိုပေး မဖြတ်ဘူး။ မဖြတ်ဘူးဆိုတာ သူတို့ပိုင်နက်ထဲ ရောက်ရင် အန္တရာယ်လုပ်မယ်ဆိုပြီး သိုသိပ်ပြီး ထည့် ခိုင်းတာတွေ၊ ကျည်ဆန်တွေ လက်နက်တွေ အစုံပေါ့။ မူးယစ်ဆေးပါရင်လည်း ပါလာတယ်။ လက်နက် အမျိုးအစားတွေကိုတော့ မသိဘူး။ မယူပေးပြန်ရင်လည်း မိသားစုပါခြိမ်းခြောက်တယ်။ ဂိတ်တွေက မစစ်ဘူး။ ဂိတ်က (၅၊ ၆) ဂိတ်လောက်ရှိတယ်။ လက်နက်တွေမိတယ်ဆိုတာ မကြားသေးဘူး။ ရေးဘက် ရောက်တော့ ရေးဘီလူးအဖွဲ့ချိန်းတဲ့နေရာကို သွား ပေးရတယ်။ ညဘက်မှ သွားပေးရတယ်။ သူတို့ ချိန်း တဲ့နေရာက တစ်မျိုးပြီးတစ်မျိုးချိန်းတယ်။ သူတို့ပိုင်တဲ့လူကို လွှတ်ပြီးယူခိုင်းတာ” ဟု ကုန်ကားများနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
ရေးဘီးလူးအဖွဲ့အနေဖြင့် ကုန်ကားများကို ခြိမ်းခြောက်၍ လက်နက်သယ်ယူခိုင်းသည့်အပြင် ကုန်ရောင်းကုန်ဝယ်လုပ်ကိုင်သူများထံ လစဉ်ဆက်ကြေးကောက်ခံမှုများရှိနေကြောင်းလည်း သိရ သည်။
“ရေးမြို့အတွက်စိုးရိမ်လို့။ သူတို့က လက်နက်တွေများလာလေလေ ကျွန်တော်တို့ဆီက ဆက် ကြေးတွေတောင်းတာ ပိုများလာလေလေ။ ပြန်ရောင်းတဲ့ပစ္စည်းတွေကိုလည်း လစဉ်ကြေးတွေပေးရ တယ်။ ကျွန်တော်တို့လည်း နေထိုင်ရတာ မလုံခြုံ တော့ဘူး။ ဈေးရောင်းနေတဲ့လူတွေဆီကနေ စာပို့ပြီး တော့ ဆက်ကြေးတွေတောင်းတယ်။ မပေးရင် ဆိုင်အတွက် အန္တရာယ်ရှိတယ်ဆိုပြီးတော့ ထောက်ပံ့ခိုင်း တယ်။ ပိုက်ဆံရှာရတာနဲ့ ထောက်ပံ့ပေးရတာနဲ့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ရှာသမျှအားလုံး သူတို့ ကိုပေးရသလိုဖြစ်နေတယ်”ဟု၎င်းက ဆက်လက် ပြောသည်။
ရေးဘီလူးအဖွဲ့သည့် ရေးမြို့နယ်အတွင်း လူသတ်အကြမ်းဖက်မှုများစွာ ဆောင်ရွက်နေသည့် အဖွဲ့တစ်ခုဖြစ်ပြီး အခြေခံပညာကျောင်းများတွင် ဗုံးထောင်ဖောက်ခွဲရန်အတွက် ခြိမ်းခြောက်ခဲ့ဖူးသည်။

Zawgyi Version:
ဘုရားသုံးဆူမွ ေရးသို႔ သြားမည့္ကုန္ကားမ်ားကို ေရးဘီလူးအဖြဲ႕က ၿခိမ္းေျခာက္၍ လက္နက္ခဲယမ္းမ်ား သယ္ခိုင္းေန
Pearl (NP News) - ႏိုဝင္ဘာ ၂၆
ဘုရားသုံးဆူမွ ေရးသို႔ သြားမည့္ ကုန္ကားမ်ားကို ေရးဘီလူးအဖြဲ႕က ၿခိမ္းေျခာက္၍ လက္နက္ခဲ ယမ္းမ်ားသယ္ခိုင္းေနေၾကာင္း ကုန္ကားမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
ထိုင္းႏိုင္ငံမွတစ္ဆင့္ လူသုံးကုန္ပစၥည္းမ်ားႏွင့္ စားေသာက္ကုန္မ်ားတင္သြင္းသည့္ ကုန္ကား မ်ားကို ေရးဘီလူးအဖြဲ႕က ၿခိမ္းေျခာက္၍ ဘုရားသုံးဆူၿမိဳ႕မွတစ္ဆင့္ လက္နက္ခဲယမ္းမ်ားကိုေန႔စဥ္ နီးပါးသယ္ယူခိုင္းေနေၾကာင္း သိရသည္။
“ေရးၿမိဳ႕နယ္ကိုဘုရားသုံးဆူက လာေနတဲ့လမ္းမွာ ယိုးဒယားပစၥည္းပုံေတြထဲမွာ ေရးဘီလူးအဖြဲ႕ အတြက္ လက္နက္ေတြ သယ္ခိုင္းတယ္။ ကားသမားေတြကေနတစ္ဆင့္ သယ္ေနၾကတယ္။ လက္နက္ ေတြသယ္လာရင္ တစ္ခါတေလ သူတို႔ပါလာတယ္။ ဓာတ္ပုံ႐ိုက္ဖို႔ကလည္း ကြၽန္ေတာ္တို႔ကို ပစ္သတ္ သြားမွာလည္းေၾကာက္ရတယ္။ ေန႔တိုင္းနီးပါးကို သယ္ေနတာ။ သယ္တာက မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕ရ တယ္။ ထိုင္းနယ္စပ္ကေနဆင္းလာၿပီး ဘုရားသုံး ဆူကေနတင္တာ။ ဝင္းကားဆိုတာရွိတယ္။ ထိုင္း နယ္ စပ္ကေန ျမန္မာျပည္ကို ယိုးဒယားပစၥည္းေတြ သြင္းတာ။ အဲဒီမွာ သူတို႔အခ်ိတ္အဆက္နဲ႔ လက္နက္ ပြဲစားေတြရွိတယ္။ အဲဒီကေန ႐ိုး႐ိုးသားသား ကုန္သယ္ေနတဲ့ကားေတြမွာ မသယ္ေပးရင္ ကားကိုေပး မျဖတ္ဘူး။ မျဖတ္ဘူးဆိုတာ သူတို႔ပိုင္နက္ထဲ ေရာက္ရင္ အႏၲရာယ္လုပ္မယ္ဆိုၿပီး သိုသိပ္ၿပီး ထည့္ ခိုင္းတာေတြ၊ က်ည္ဆန္ေတြ လက္နက္ေတြ အစုံေပါ့။ မူးယစ္ေဆးပါရင္လည္း ပါလာတယ္။ လက္နက္ အမ်ိဳးအစားေတြကိုေတာ့ မသိဘူး။ မယူေပးျပန္ရင္လည္း မိသားစုပါၿခိမ္းေျခာက္တယ္။ ဂိတ္ေတြက မစစ္ဘူး။ ဂိတ္က (၅၊ ၆) ဂိတ္ေလာက္ရွိတယ္။ လက္နက္ေတြမိတယ္ဆိုတာ မၾကားေသးဘူး။ ေရးဘက္ ေရာက္ေတာ့ ေရးဘီလူးအဖြဲ႕ခ်ိန္းတဲ့ေနရာကို သြား ေပးရတယ္။ ညဘက္မွ သြားေပးရတယ္။ သူတို႔ ခ်ိန္း တဲ့ေနရာက တစ္မ်ိဳးၿပီးတစ္မ်ိဳးခ်ိန္းတယ္။ သူတို႔ပိုင္တဲ့လူကို လႊတ္ၿပီးယူခိုင္းတာ” ဟု ကုန္ကားမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
ေရးဘီးလူးအဖြဲ႕အေနျဖင့္ ကုန္ကားမ်ားကို ၿခိမ္းေျခာက္၍ လက္နက္သယ္ယူခိုင္းသည့္အျပင္ ကုန္ေရာင္းကုန္ဝယ္လုပ္ကိုင္သူမ်ားထံ လစဥ္ဆက္ေၾကးေကာက္ခံမႈမ်ားရွိေနေၾကာင္းလည္း သိရ သည္။
“ေရးၿမိဳ႕အတြက္စိုးရိမ္လို႔။ သူတို႔က လက္နက္ေတြမ်ားလာေလေလ ကြၽန္ေတာ္တို႔ဆီက ဆက္ ေၾကးေတြေတာင္းတာ ပိုမ်ားလာေလေလ။ ျပန္ေရာင္းတဲ့ပစၥည္းေတြကိုလည္း လစဥ္ေၾကးေတြေပးရ တယ္။ ကြၽန္ေတာ္တို႔လည္း ေနထိုင္ရတာ မလုံၿခဳံ ေတာ့ဘူး။ ေဈးေရာင္းေနတဲ့လူေတြဆီကေန စာပို႔ၿပီး ေတာ့ ဆက္ေၾကးေတြေတာင္းတယ္။ မေပးရင္ ဆိုင္အတြက္ အႏၲရာယ္ရွိတယ္ဆိုၿပီးေတာ့ ေထာက္ပံ့ခိုင္း တယ္။ ပိုက္ဆံရွာရတာနဲ႔ ေထာက္ပံ့ေပးရတာနဲ႔ ဘယ္လိုမွ အဆင္မေျပေတာ့ဘူး။ ရွာသမွ်အားလုံး သူတို႔ ကိုေပးရသလိုျဖစ္ေနတယ္”ဟု၎က ဆက္လက္ ေျပာသည္။
ေရးဘီလူးအဖြဲ႕သည့္ ေရးၿမိဳ႕နယ္အတြင္း လူသတ္အၾကမ္းဖက္မႈမ်ားစြာ ေဆာင္႐ြက္ေနသည့္ အဖြဲ႕တစ္ခုျဖစ္ၿပီး အေျခခံပညာေက်ာင္းမ်ားတြင္ ဗုံးေထာင္ေဖာက္ခြဲရန္အတြက္ ၿခိမ္းေျခာက္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.