“ပိုက်ဆံမရှာတော့ဘူးကွာ..ဒီနိုင်ငံပေါက်ကရဖြစ်အောင် လျှောက်လုပ်တာမျိုး ရွေးကောက်ပွဲမှာ ကြုံရနိုင်တယ်” သီးသန့်အင်တာဗျူး

 48

NP News - နိုဝင်ဘာ ၂၆

(ယခင်တစ်ပတ်မှအဆက်)

မေး-အခု ကျားဖျန့်တွေရဲ့လုပ်ကိုင်ပုံ၊ သဘောသဘာဝကို ရှင်းပြပါဦး။
ဖြေ- Block တစ်ခုမှာ သူတို့လိုချင်တဲ့လူကိုခန့်တယ်။ သူတို့နေရာပြောင်းတယ်။ ခေါင်းချိန်းတယ်ပေါ့နော်။ လောက်ကိုင်ဆို နေရာပြောင်းပြီးခေါင်းချိန်းလိုက် တယ်။ သူတို့လိုချင်တဲ့လူကို လာဖမ်းလိုက်တယ်။ အခု ဖုန်တာရွှင်သားလား တက်နေတဲ့ကောင်တွေ။ အဲဒီကောင်တွေ တက်နေတာ။ အဲဒီအဖမ်းခံရတဲ့သူတွေထဲ မှာလည်း တကယ်ကျားဖျန့်လုပ်တဲ့လူတွေမပါ ဘူး။ တချို့လူတွေကျတော့ ဘာမှကိုမသိဘဲနဲ့ မြေငှားပြီး ပါသွားတဲ့လူတွေလည်းရှိတယ်။ အဲဒီကိစ္စတွေကို ကျွန်တော်တို့က ကောင်းကောင်းကြားရတာ။ ဒါပေမဲ့ ဟုတ် မဟုတ်ဆိုတာကတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိမှာပေါ့။ အဲဒီဟာတွေရှိတယ်။ ထို့နည်းတူ ဒီ BRI ပိုးလမ်းမရှိနေတဲ့စီမံကိန်းတစ်ခုလုံးမှာ အဆောက်အအုံတွေက အကောင်းတိုင်းကျန်ခဲ့ ပြီးတော့ လူတွေ မရှိတော့တာ။ မည်သည့်အဆောက်အအုံမဆို အကောင်းတိုင်းကျန်ခဲ့တယ်။ လူမရှိဘူး။ ဒီ အဆောက်အအုံတွေ ကို လူတွေဆီကရတဲ့ပိုက်ဆံနဲ့ပဲတည်ဆောက်ပြီးတော့ ဒီလူတွေကိုလိမ်တဲ့ ပိုက်ဆံ တွေနဲ့ပဲ Crypto တွေကို ယူသွားတယ်။ အဲဒီ Crypto တွေက တရုတ်ပြည် ဘက်ကိုရောက်ရင်ရောက်နေ မှာ။ အခုအဖမ်းခံရတဲ့ လောက်ကိုင်အဖွဲ့ဆိုလည်း Crypto တွေပေးရမှာပဲ။ သူတို့လက်ထဲမှာ Crypto Wallet ရှိနေမှာပဲ။ အဲဒီတော့ အဲဟာတွေက ရေတွက်လို့မရတဲ့ပိုက်ဆံတွေ အများကြီးပဲ။ အဆောက် အအုံတွေကကျန်ခဲ့တယ်။ ဒီအဆောက်အအုံတွေကို ဖွံ့ဖြိုးတက်လာရင် သုံးရင်လည်းသုံးမယ် မပြော တတ်ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ တရုတ်ရဲ့ ဒီ BRI စီမံကိန်းတောက်လျှောက်လုံးမှာ လောင်း ကစားမှု၊ မူးယစ်ဆေးမှု၊ လူကုန်ကူးမှု၊ Crypto လိမ်လည်မှု အဲဒီလိုပြဿနာတွေတက်လာတာပဲ။ ဒါကို ကျွန်တော်တို့နိုင်ငံက လူကြီးတွေကလည်း ကောင်းကောင်း Handle မလုပ်နိုင်ဘူး။ အကြောင်း သေချာ မသိဘူး။ အဲဒီ Infra တွေက ကျန်ခဲ့တယ်။ အဲဒီ Infra တွေက ကိုယ့်နိုင်ငံအတွက် သုံးမှာလား။ တရုတ်က သူ့ကိုယ်ကျိုးအတွက် သုံးမှာလား မပြောတတ်သေးဘူး။ ပြီးရင် (၁၀၂၇)ကိစ္စနဲ့အတူ သူတို့ဆီမှာ သတင်း ထွက်လာတယ်။ ဒါဆိုရင် ကျွန်တော်တို့နိုင်ငံကို အရှက်ရအောင်လုပ်တာပေါ့နော်။ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်တယ်။ ကျွန်တော်တို့နိုင်ငံမှာ လူငယ်အယောက် (၁၀ဝ)ကို စစ်တမ်း ကောက်ကြည့်လိုက်ရင် ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် စာစီစာရိုက်သုံးတတ်တာ ဘယ်နှယောက်ရှိ လို့လဲ။ ဖုန်းသုံးတတ် တာကိုပြောတာမဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံက ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်းတွေက အဲဒီ လောက်တောင်တော်နေပြီလား။ ကျွန်တော်တို့နိုင်ငံက ကွန်ပျူတာတက္ကသိုလ် ကျောင်း ဆင်းတွေက နိုင်ငံခြားကကုမ္ပဏီအကြီးကြီးမှာ ကျောင်းဆင်းပြီး လူအယောက် (၁၀ဝ)လုံးအလုပ်ရနေပြီ လား။ ဒီနိုင်ငံ ထဲမှာတောင် အလုပ်ရဖို့ တော်တော်ကြိုးစားနေရတာ။ ဒီလိုမှာ မြန်မာဆိုရင်တိုင်းရင်းသားတွေလည်း အကုန်ပါတယ်။ တရုတ်စာတတ်တဲ့လူတွေဆိုရင် အဲဒီ Agenda တွေကို ကောင်းကောင်းသိတယ်။

မေး- Bitcoin တို့ဘာတို့က မမြင်ရတဲ့ပို့လို့မရတဲ့ ကိုင်လို့မရတဲ့ငွေကြေးပေါ့။ ဒါပေမဲ့ အဲဒီ Bitcoin သုံးတဲ့ ကောင်က ငွေသုံးရင်ထားပါတော့ နမူနာအနေ နဲ့ ကိုယ်က Bitcoin ပေးရင် သူက ငွေသားကို ဘယ်က ထုတ်ပေးမလဲ။
ဖြေ- P2P Market ဆိုတာရှိတယ်။ အစ်ကို Bitcoin ဘယ်လောက်ရရ အစ်ကိုရောက်နေတဲ့နိုင်ငံကနေ ချက်ချင်းလွှဲလို့ရတဲ့ Network ရှိပြီးသား။ အစ်ကို့ပိုက်ဆံက Blackmarket ကပဲဖြစ်ဖြစ်၊ မူး ယစ်ဆေးကရ တာပဲဖြစ်ဖြစ်၊ ကျားဖျန့်ကပဲဖြစ်ဖြစ် P2P Market မှာ အစ်ကိုလိုချင်သလောက်ပမာဏကို လိုချင်သ လောက်ဝယ်လို့ရတယ်။

မေး- Website တစ်ခုလား။
ဖြေ- Website တစ်ခုပေါ့။ Bitcoin ဝယ်လို့ရတဲ့ Website တွေအများကြီးရှိတယ်။ လိုချင်သလောက် amount ကိုလိုချင်သလောက်ဝယ်လို့ရတယ်။ ဒီ Website ကို ထောင်ထားတဲ့ကောင်တွေက ပိုက်ဆံရ တယ်။ ဘဏ်တွေလိုပဲ အကျိုးအမြတ်တစ်ခုရမယ်။ ဒါပေမဲ့ အစ်ကိုဘာလိုချင်လဲ။ ငွေသားလိုချင်လား။ ဒါမှမဟုတ် အကောင့်ထဲကိုပိုက်ဆံထည့်ပေးလို့ရတယ်။ ဒါပေမဲ့ ပြလို့မရဘူး။ ဘယ်မှာမှလည်း ဖမ်းလို့ မရဘူး။ ဒါတွေက ဘယ်မှာဖမ်းလို့ရလဲဆိုရင် P2P မှာပဲ ဖမ်းလို့ရတယ်။ P2P မှာတောင် Cash ကို Face to Face လာဝယ်ရင်ဖမ်းလို့မရဘူး။ လဲတဲ့လူကလည်း သိန်းတစ်သောင်းကို သိန်းတစ်သောင်း လောက် ဘဏ်အကောင့်ထဲထည့်ချင်တယ်လို့ ဘယ်သူမှမပြောဘူး။ သိန်း (၅၀ဝ)၊ (၅၀ဝ) လျှောက်လွှဲပစ် လိုက် တာအဲဒီတော့ ဘဏ်တွေကလည်း လိုက်ဖို့မဖြစ်နိုင်တော့ဘူး။ အကောင့်တွေကလည်း တစ်ခုတည်း မဟုတ်ဘူး။ (၁၀)ခု(၁၅)ခုလောက်ကိုလျှောက်လွှဲထားတာ။ အဲဒီအထဲမှာ ပါဝင်ပတ်သက်မှုက ရွှေဆိုင် တွေ၊ ကားလုပ်ငန်းတွေ ပါပါတာ။ လိမ်တာကနေရလာတဲ့ပိုက်ဆံတွေနဲ့ မြေကွက်တွေဝယ်တယ်၊ ကား ဝယ်တယ်။ ပြီးရင် (၁၆)ပဲရည်အတုံးအကြီးကြီးတွေဝယ်တယ်။ အကုန် မသိဘူး။ ဒါပေမဲ့ အကုန်လုံးသည် ငွေမည်းကနေငွေဖြူ ပြောင်းပြီးတော့ အခွန်ဆောင်ဖို့လုပ်လိုက်တဲ့အတွက် လုပ်နေကြတာပဲ။ အဲဒါကို ဘယ်လိုလိုက်မလဲဆိုတော့ ပကတိအခြေအနေက ဖြစ်သွားပြီ။ ကျွန်တော်တို့နိုင်ငံကလည်း check and balance လုပ်သင့်တာပေါ့လေ။ ကျွန်တော်ဆိုရင်လည်း check and balance လုပ်မှာပဲ။ ဒီကောင် terrorists ကိုလှူနေတာလား။ ဒီကောင် Black Money လုပ်နေတာလား။ ဒီကောင် Money Laund- ering လုပ်နေတာလား။ အနည်းဆုံး ကျွန်တော်တို့သိတယ်။ ကိုယ့်နိုင်ငံမှာ Exchange ရုံးတွေလာ ထောင် တယ်ဆိုတော့ အဲဒီဒေတာသိပြီ။ Exchange လာမထောင်ရင်မသိဘူး။ ဒေါ်နယ်ထရမ့် ဆို သူ့နိုင်ငံမှာ Exchange ရုံးလာထောင်တယ်။ နိုင်ငံကလည်းထုတ်ပြန်တယ်။ မှောင်ခိုလုပ်ငန်းမှာကိုပြော တာနော်။ ဒါ မှောင်ခိုလုပ်ငန်းဖြစ်နိုင်တယ် အခွန်ပြန်ယူလိုက်။

မေး - အဲဒီတော့ ကျားဖျန့်ဆိုတာက ခေါင်းစဉ်တစ်ခုသာဖြစ်ပြီးတော့ တကယ်တော့ နောက်ကွယ်မှာ Bitcoin တွေကိုကစားနေကြတာပေါ့။
ဖြေ - ဟုတ်တယ်။ Bitcoin တွေကစားနေတယ်။နောက်တစ်ခုက ဘာလဲဆိုတော့ အဆင့်မြင့်နည်းပညာ တွေကို အစိုးရနဲ့ပါဝင်ပတ်သတ်တဲ့သူတချို့ကလုပ်ပြီးတော့ ပြည်သူတွေဆီက ငွေပြန်ယူနေတာ။ အဲဒါ တွေကိုလုပ်နိုင်ဖို့ ကျွန်တော်တို့နိုင်ငံမှာ လူလည်းမရှိဘူး၊ နည်းပညာလည်းမရှိဘူး၊ အင်အားလည်းမရှိဘူး။ ကျွန်တော်မြင်တာတော့ နောက်ဆုံးအသုံးချခံလိုက်ရတာပေါ့။ ပိုဆိုးလာမှာ။ ကောင်းတာ မကောင်းတာ တွေက တစ်ကဏ္ဍပေါ့။ ဒီလူတွေရဲ့လုပ်ရပ်တွေ မှန်တယ် မမှန်တယ်က တစ်ကဏ္ဍပေါ့။ နိုင်ငံရဲ့ ဂုဏ် သိက္ခာရှိ တာတစ်ကဏ္ဍပေါ့။ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်တယ်။ လူတွေမကောင်းရင် ဒီလိုတွေ သွား ရမယ်။ ထောင်ထဲသွားရမယ်။ ဒါပေမဲ့ ထောင်ထဲသွားမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံက ထောင်ပဲဖြစ်ရမယ်။ သေဒဏ်ကျမယ်ဆိုရင်တောင် ကိုယ့်နိုင်ငံမှာပဲကျရမယ်။ ကျွန်တော်ပြောချင်တာ။ ကျွန်တော်က အဲဒါပဲ သိချင်တာ။

မေး-ကျားဖြန့်လိမ်တာကျတော့ကော။ ကျွန်တော်တို့ ဘာနဲ့လာလိမ်မလဲ။ ကျွန်တော့်ကို ပြည်သူတစ် ယောက်အနေနဲ့စဉ်းစားတာ ဘာနဲ့လာလိမ်မလဲ။
ဖြေ- ခုနကကျွန်တော်ပြောပြီးသွားပြီလေ။ အစ်ကို့ကို လိမ်ဖို့ဆိုတာရှင်းရှင်းလေး။ အစ်ကို့ကိုလိမ်ဖို့ သူက အစ်ကိုဘယ်မှာနေလဲ။ အစ်ကို့မှတ်ပုံတင် ဘယ်သူ။ အစ်ကို့ရဲ့မွေးနေ့၊ အစ်ကို့ရဲ့ Personal တွေက အပြင် ထွက်ပြီးသားဖြစ်နေရမယ်။ ကျားဖျန့်ကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဆုံးရှုံးသွားတဲ့ဟာ သိန်းပေါင်း (၂) သိန်း မပြည့်ပါဘူး။ ကျွန်တော်မှန်းကြည့်ပြောတာ။ ရာဂဏန်းပါရင်ပါမယ်၊ ဆယ်ဂဏန်းပါရင်ပါမယ်။ ဒီ လောက်ပဲ။ ဒါပေမဲ့ တရုတ်ပြည်မှာတော့ သန်းနဲ့ချီပြီ။ အဲဒါကို ဘဏ်အကောင့်ထဲမှာ ပိုက်ဆံအများဆုံးအ ကောင့်တွေကို ဘယ်ကထွက်လဲ။ ရွှေသမင်ဘယ်က ထွက် မင်းကြီးတာကထွက်ဆိုတဲ့ စကားလုံးလိုပဲ။ အစ်ကို့မှတ်ပုံတင်၊ မွေးသက္ကရာဇ်တွေနဲ့အတူ အစ်ကို့မိ သားစု ဘယ်နှယောက်ရှိသလဲသိတယ်။ အစ်ကို့ အိမ် ဘယ်မှာလဲသိတယ်။ အစ်ကို့ကားနံပါတ်သိတယ်။ ဘဏ်အကောင့်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ သိတယ်။ လိမ်တဲ့နည်းက လွယ်လွယ်လေး။

မေး - အဲဒီလူက သူလက်ခံဦးမှလေလိမ်တာကို။ သူမသိလိုက်တာကို ဘဏ်ကလက်ခံလိုက်လို့ပေါ့။
ဖြေ - Behavior ပေါ့။ ကျွန်တော်တို့ Hacker Term အရပြောမယ်ဆိုရင် Password တစ်ခုကို Hack ပြီ ဆိုရင် မွေးသက္ကရာဇ်လား၊ မှတ်ပုံတင်လား၊ မွေးနေ့လား၊ Anniversary Date လား။ ကိုယ့်နာမည်လား၊ သားသမီးနာမည်လား။ အဲဒီ Password ကိုထည့်လိုက်ပြီး Generate လုပ်လိုက်ရင် တစ်ခုခုနဲ့ သွား ကိုက်နေမယ်။ ကိုယ့် Password က လိမ်လို့မရဘူး။ အဲဒါ တကယ်ကိုဖြစ်နေတာ။ ATM ကတ်တို့ ဘာတို့ တစ်နေရာရာမှာသွားကိုက်နေလိမ့်မယ်။ အစ်ကိုက သတင်းစာဖတ်ရတာအရမ်းကြိုက်တယ်။ အစ်ကို့ကို ကျွန်တော်က Email ကနေပြီးတော့ ကျွန်တော်တို့နိုင်ငံထဲမှာရှိနေတဲ့ကိစ္စတစ်ခုကို ပို့လိုက်မယ်။ အစ်ကိုက အဲဒီ Email File ကို ဒေါင်းလိုက်မယ်။ အစ်ကို့ဟာထဲမှာ ‌ဒေါင်းပြီး Open နှစ်ချက်ဖွင့်လိုက် တာနဲ့ အစ်ကို့ဖုန်းပွဲသိမ်းသွားပြီ။ အစ်ကိုမဖွင့်ကြည့်ဘဲ မနေဘူး။ အစ်ကို့ဌာနကို သတင်းပေးတဲ့ကိစ္စ။ သူက ကားပွဲစားလုပ်တယ်။ ကားရောင်းမယ်။ လန်ခရူဇာကို ဈေးသက်သာတယ်ဆိုရင် သူကြည့်မယ်။ ပြီး ရင် နှိပ်လိုက်တာနဲ့ သူ့ဖုန်း၊ သူ့ကွန်ပျူတာတစ်ခုလုံးသည် ဟိုဘက်သူစိမ်းလူရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ။ ကင်မရာကအစနော်။ ကင်မရာကအစ ထိန်းချုပ် လို့ရပြီဆိုရင် SMS ဆိုတာ လွယ်လွယ် လေးပါ။ အစ်ကို ညဘက်အိပ်တယ်။ အင်တာနက်ဖွင့်ထားတယ်။ အစ်ကို့ဖုန်းကို ကျွန်တော်ထိန်းချုပ်လို့ရ နေပြီ။ အစ်ကို့ဖုန်းကို ညဘက်ကျမှ ကျွန်တော် Kpay Reset ချလိုက်တယ်။ SMS ရောက်လာတော့ ကျွန် တော် ဘာညာထည့်ပြီးတော့ ပိုက်ဆံတစ်ခါတည်း လွှဲထား လိုက်တယ်။ အစ်ကို ဘာမှလုပ်လို့ မရဘူး။ အစ်ကို အိပ်နေပြီ ဒါပေမဲ့ အစ်ကို့အင်တာနက်ဖွင့်ထားတယ်။ အင်တာနက်ဖွင့်ထားတဲ့ Draft ကြောင့် အစ်ကို့ဟာ တစ်ခုလုံး ထိန်းချုပ်လို့ရသွားတယ်။

မေး - အင်တာနက်ပိတ်ထားရမယ်ပေါ့။
ဖြေ - ဒါပဲ အဖြေက။

မေး - ဖုန်းက မကိုင်ဘဲနေရမှာပေါ့။
ဖြေ- မဟုတ်ဘူးလေ။ အဲဒါကြောင့်မို့လို့ တော်တော်များများသည် Blackberry ဘာကြောင့်သုံးလဲဆို တာ။ ကျွန်တော်တို့ငယ်ငယ်တုန်းက Blackberry တို့ Nokia တို့ အခုထိရှိနေကြလဲ၊ ဘာကြောင့်သုံးနေ ကြလဲ။ သမ္မတတော်တော်များများကို Smart Phone ဘာကြောင့်ပေးမသုံးတာလဲဆိုတာ ဒါပဲ။ အရမ်း ခေတ်မီတိုးတက်လွန်းရင် မကောင်းတော့ဘူး။

မေး - ဒါဆိုရင် ကျွန်တော်တို့က Click တစ်ခုကို မတော်တဆနှိပ်မိလိုက်တာနဲ့ ဖုန်းတစ်ခုလုံးကို ထိန်း သွားနိုင်တယ်။ အင်တာနက်ဖွင့်ထားရင် ငါတို့ ဒေတာ တွေ ငါတို့မသိခင်မှာ အကုန် Transfer သွားလုပ် နေမှာ။ ငွေတွေကအစ ပြောင်းလို့ရနေမှာ။ ပြန်ဖွင့်ကြည့် နောက်နေ့မှာ ကိုယ့်ငွေတွေရှိတော့မှာမဟုတ်ဘူး။ ဒါလည်း လိမ်ခြင်းတစ်မျိုး၊ ကျားဖျန့်တစ်မျိုးပေါ့။
ဖြေ - အဲဒီလိုမဟုတ်ဘဲနဲ့ အစ်ကိုက အရမ်းချမ်းသာချင်တယ်။ စတော့ရှယ်ယာကစားတာတို့ ရေနံကစား တာတို့ ရွှေကစားတာတို့ရှိတယ်။ အစ်ကို အဲဒီ App ကို Install လုပ်လိုက်မယ်။ အဲဒီ App ကို Install လုပ် ရင် Allow လုပ်တဲ့ဟာရှိတယ်။ Notification Allow ရှိတယ်။ Camera Allow လုပ်ရမယ်။ File ဖိုရမ် Allow လုပ်ရမယ်။ ဒါတွေကို ဖွင့်ပေးလိုက်ပြီဆိုတာနဲ့ အစ်ကို့ဟာတစ်ခုလုံးကို ထိန်းချုပ်လို့ရသွားပြီ ဒါကတော့ လောဘကြီးတဲ့လူမှာဖြစ်တာ။ မိန်းကလေးတွေဆိုရင် Dating App မှာဖြစ်တာ။ တချို့ဟာ တွေမှာ ဆိုရင် AI မော်ဒယ်လ်တွေဆိုတာ ရှိတယ်။ ကျွန်တော့်မျက်နှာရှေ့ကရပ်ပြရင်တောင် မျက်နှာ မပြောင်းသွားဘူး။ ကျွန်တော့်ပုံက အစ်ကို့ မျက်နှာဖြစ်ရင်ဖြစ်မှာ အသံကအစ ရုပ်အဆုံး အကုန်တူ အောင်လုပ်လို့ရတယ်။ AI ကိုပဲအသုံးချပြီးတော့ လူတွေကို ပြန်လိမ်နေတာ။

မေး - ကျွန်တော့်မျက်နှာနဲ့ ကျွန်တော့်အသံကတော့ သွားပြီ။ အလွယ်တကူ တစ်နိုင်ငံလုံးပျံ့နေတာ Social ပေါ်မှာ ပွက်လောရိုက်နေတာ။
ဖြေ - အဲဒီထက်ဆိုးသွားရင် နောက်တစ်ဆင့်ရှိတယ်။ ဘာလဲဆိုတော့ အထင်ကရလူတွေရဲ့ အသံတွေ၊ ရုပ်ဖိုင်တွေအားလုံးကို ကွန်ပျူတာထဲကိုထည့်ပြီးတော့ စနစ်တကျ ပရိုဂရမ်နဲ့ကို Run ပြီးတော့ မျက်နှာ ကိုရော အသံရောကို တစ်ပုံစံတည်းဖြစ်အောင်လုပ်တာ။ (၉၉)ရာခိုင်နှုန်းက ဝေခွဲလို့မရဘူး။ အဲဒီအခြေ အနေအထိဖြစ်လာတာ။ လိမ်တဲ့နည်းတွေပြောတာနော်။ ဒါလိမ်တာက ပိုက်ဆံကြောင့် လိမ်တာမဟုတ် ပေမယ့် လာမယ့်ရွေးကောက်ပွဲမှာကြုံရနိုင်တယ်။ ပြည်သူလူ ထုကမသိဘူး။ မောင်ဘယ်သူတွေက ပြော လိုက်တယ်။ ဦးဘယ်သူတွေက ပြောလိုက်တယ်ဆိုတဲ့ဟာ မျိုး။ ဒီလိုမျိုး ကျားဖျန့်တွေက သူတို့အသက် ရှင်ဖို့အတွက် မတည်ငြိမ်အောင်လည်း လုပ်ကောင်းလုပ်လာနိုင်တယ်။ သူတို့ဆီကို Focus ရောက်နေတာ ကနေ Focus လွဲအောင်လည်း လုပ်ကောင်းလုပ်နေနိုင် တယ်။ ကျွန်တော်တို့နိုင်ငံရေးအခင်းအကျင်းမှာ ပိုက်ဆံမရှာတော့ဘူးကွာ ဒီနိုင်ငံကို ပေါက်ကရလျှောက် လုပ်မယ်ဆိုတာလည်း ဖြစ်ကောင်းဖြစ်လာနိုင် တယ်။ ဒီကောင်တွေလက်ထဲမှာ ပိုက်ဆံရှိပြီးသားပဲ။ ပြီးရင် နောက်တစ်ခုက ဘာဖြစ်လာလဲဆိုတဲ့ဟာမှာ အခုလောလောဆယ်ဆယ် အဆိုးရွားဆုံးအချက်က SMS ။ ကျွန်တော်တို့နိုင်ငံမှာ ဘယ်လိုမှလုပ်လို့ မရ ဘူး။ လောင်းကစားကြော်ငြာတွေ။ Bonus ပေးတဲ့ကြော် ငြာတွေ။ ဒါတွေ ဘယ်လိုမှလုပ်လို့မရဘူး။ ကျွန်တော်တို့သုံးစွဲတဲ့ Costumer က သုံးစွဲခွင့်မရှိဘူး။ ကျား ဖျန့်ကပို့နေတာလား။ Wave money ကပဲ တကယ် ပို့နေတာလား။ အင်တာနက်ကုမ္ပဏီကပဲ တကယ်ပို့နေတာလား။ ဖုန်းထဲကို သတင်းအမှားတွေ အရမ်းရောက်တယ်။ အဲဒါကိုချောင်းရိုက်ပြီးတော့ ကလေးလေးတစ်ယောက်လိုပါသွားရင် ဘယ်လို တာဝန်ယူမှာ လဲဆိုတာလည်းရှိသေးတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ နည်းသေးတယ်။ အဓိက ပြောရရင် နယ်စပ်ဒေသတွေမှာပိုများတာပေါ့။ အဓိက Crypto currency ကြီးရှိနေသမျှ ကျားဖျန့်လည်းရှိ နေမှာပဲ။ ကျားဖျန့်ရှိနေသရွေ့၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေရှိနေသရွေ့၊ လူကုန်ကူးတဲ့လုပ်ငန်းတွေရှိနေ သရွေ့ Crypto currency လည်းရှိနေမှာပဲ။ ငွေတွေက ပေးလို့မှမရတာ။ အွန်လိုင်းပေါ်မှာ တစ်ခါတည်း ပေးရတာ။ ဂုတ်၊ ဂွက်ဆိုပြီးသွားပြီ။ ဘာမှလုပ်စရာမလိုဘူး။

မေး- Telegram တွေနဲ့ တခြား Social Media တွေမှာရှိတဲ့ Page တွေ Channel တွေမှာ လောင်းကစား ကြော်ငြာတွေဝင်နေတာက ဘယ်လိုဖြစ်တာလဲ။ သူတို့ထိန်းချုပ်ထားတာလား။ ဒါမှမဟုတ် Plaform ကခွင့်ပြုလို့လား။
ဖြေ - မဟုတ်ဘူးဗျ။ ဒီ Channel တွေမှာကြော်ငြာမယ်ဆိုပြီး ပိုက်ဆံပေးပြီးတော့ကို ကြော်ငြာနေတာ။ Telegram ဆိုရင် Telegram ကိုယ်တိုင်ကိုက ခွင့်ပြုထားတာ။ Telegram ကိုယ်တိုင်ကိုက Dark web ဖြစ်နေတာ။ Telegram မှာ လူသတ်တာတင်လည်းမပိတ်ဘူး။ ထိုင်ဆဲနေလည်းမပိတ်ဘူး။ သူ့မှာ က community standards တွေဘာတွေမရှိဘူး။ ကောင်းတာသုံးရင် ကောင်းတာဖြစ်မယ်။ မကောင်း တာသုံးရင် မကောင်းတာဖြစ်မယ်။ ဆေးပဲသုံးမလား။ လူပဲသတ်မလား။ အဲဒါမင်းအပိုင်းပဲ။ Social Media က ကောင်းဖို့ပဲလုပ်ထားတာဗျာ။ ဒါပေမဲ့ အဲဒီ Social Media ပေါ်မှာ ဘယ်လိုပြောရမလဲ။ သူတို့ကလည်း ဝန်ထမ်းတွေအစား AI တွေထားထားကြတာလေ။ AI တွေနားမလည်နိုင်တဲ့ Tips တွေနဲ့လုပ်တာ။ Facebook ပေါ်မှာ လောင်းကစားကြော်ငြာတယ်။ ပြီးရင် Telegram တွေမှာ (Boost) ထိုးတယ်။ ဥပမာ အစ်ကိုတို့ Channel မှာဆို အမြဲတမ်းပေါ်နေသလိုပေါ့။ အဲဒီကနေ လူရှာလိုက်တယ်။ အဲလူကနေ မြန်မာ ငွေရမလား၊ တရုတ်ငွေရမလား။ အဲဒီငွေတွေကို Cryptocurrency ပြန်လဲတယ်။ ဒီအရွက်လိုက် ကြီးမိရင် တော့ အဖမ်းခံရမှာ။ ဒီ Bank အကောင့်ထဲ မိရင်လည်းအဖမ်းခံရမှာ။ အဲဒီတော့ Cryptocurrency လဲ တယ်။ Password (၁၆)လုံးသိရင် ထွက်ပြေးသွားလို့ရတယ်။ ကြိုက်တဲ့နိုင်ငံရောက်၊ ကြိုက်တဲ့ နေရာ ရောက် Password သိရင် ပိုက်ဆံပြန်ရှာလို့ရပြီ။

(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
“ပိုက္ဆံမရွာေတာ့ဘူးကြာ..ဒီႏိုင္ငံေပါက္ကရျဖစ္ေအာင္ ေလွ်ာက္လုပ္တာမ်ိဳး ေ႐ြးေကာက္ပြဲမွာ ႀကဳံရႏိုင္တယ္” သီးသန႔္အင္တာဗ်ဴး
NP News - ႏိုဝင္ဘာ ၂၆
(ယခင္တစ္ပတ္မွအဆက္)

ေမး-အခု က်ားဖ်န႔္ေတြရဲ႕လုပ္ကိုင္ပုံ၊ သေဘာသဘာဝကို ရွင္းျပပါဦး။
ေျဖ- Block တစ္ခုမွာ သူတို႔လိုခ်င္တဲ့လူကိုခန႔္တယ္။ သူတို႔ေနရာေျပာင္းတယ္။ ေခါင္းခ်ိန္းတယ္ေပါ့ေနာ္။ ေလာက္ကိုင္ဆို ေနရာေျပာင္းၿပီးေခါင္းခ်ိန္းလိုက္ တယ္။ သူတို႔လိုခ်င္တဲ့လူကို လာဖမ္းလိုက္တယ္။ အခု ဖုန္တာ႐ႊင္သားလား တက္ေနတဲ့ေကာင္ေတြ။ အဲဒီေကာင္ေတြ တက္ေနတာ။ အဲဒီအဖမ္းခံရတဲ့သူေတြထဲ မွာလည္း တကယ္က်ားဖ်န႔္လုပ္တဲ့လူေတြမပါ ဘူး။ တခ်ိဳ႕လူေတြက်ေတာ့ ဘာမွကိုမသိဘဲနဲ႔ ေျမငွားၿပီး ပါသြားတဲ့လူေတြလည္းရွိတယ္။ အဲဒီကိစၥေတြကို ကြၽန္ေတာ္တို႔က ေကာင္းေကာင္းၾကားရတာ။ ဒါေပမဲ့ ဟုတ္ မဟုတ္ဆိုတာကေတာ့ ကာယကံရွင္ကိုယ္တိုင္ပဲ သိမွာေပါ့။ အဲဒီဟာေတြရွိတယ္။ ထို႔နည္းတူ ဒီ BRI ပိုးလမ္းမရွိေနတဲ့စီမံကိန္းတစ္ခုလုံးမွာ အေဆာက္အအုံေတြက အေကာင္းတိုင္းက်န္ခဲ့ ၿပီးေတာ့ လူေတြ မရွိေတာ့တာ။ မည္သည့္အေဆာက္အအုံမဆို အေကာင္းတိုင္းက်န္ခဲ့တယ္။ လူမရွိဘူး။ ဒီ အေဆာက္အအုံေတြ ကို လူေတြဆီကရတဲ့ပိုက္ဆံနဲ႔ပဲတည္ေဆာက္ၿပီးေတာ့ ဒီလူေတြကိုလိမ္တဲ့ ပိုက္ဆံ ေတြနဲ႔ပဲ Crypto ေတြကို ယူသြားတယ္။ အဲဒီ Crypto ေတြက တ႐ုတ္ျပည္ ဘက္ကိုေရာက္ရင္ေရာက္ေန မွာ။ အခုအဖမ္းခံရတဲ့ ေလာက္ကိုင္အဖြဲ႕ဆိုလည္း Crypto ေတြေပးရမွာပဲ။ သူတို႔လက္ထဲမွာ Crypto Wallet ရွိေနမွာပဲ။ အဲဒီေတာ့ အဲဟာေတြက ေရတြက္လို႔မရတဲ့ပိုက္ဆံေတြ အမ်ားႀကီးပဲ။ အေဆာက္ အအုံေတြကက်န္ခဲ့တယ္။ ဒီအေဆာက္အအုံေတြကို ဖြံ႕ၿဖိဳးတက္လာရင္ သုံးရင္လည္းသုံးမယ္ မေျပာ တတ္ဘူး။ ဒါေပမဲ့ ေသခ်ာတာတစ္ခုကေတာ့ တ႐ုတ္ရဲ႕ ဒီ BRI စီမံကိန္းေတာက္ေလွ်ာက္လုံးမွာ ေလာင္း ကစားမႈ၊ မူးယစ္ေဆးမႈ၊ လူကုန္ကူးမႈ၊ Crypto လိမ္လည္မႈ အဲဒီလိုျပႆနာေတြတက္လာတာပဲ။ ဒါကို ကြၽန္ေတာ္တို႔ႏိုင္ငံက လူႀကီးေတြကလည္း ေကာင္းေကာင္း Handle မလုပ္ႏိုင္ဘူး။ အေၾကာင္း ေသခ်ာ မသိဘူး။ အဲဒီ Infra ေတြက က်န္ခဲ့တယ္။ အဲဒီ Infra ေတြက ကိုယ့္ႏိုင္ငံအတြက္ သုံးမွာလား။ တ႐ုတ္က သူ႔ကိုယ္က်ိဳးအတြက္ သုံးမွာလား မေျပာတတ္ေသးဘူး။ ၿပီးရင္ (၁၀၂၇)ကိစၥနဲ႔အတူ သူတို႔ဆီမွာ သတင္း ထြက္လာတယ္။ ဒါဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံကို အရွက္ရေအာင္လုပ္တာေပါ့ေနာ္။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုပဲျမင္တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လူငယ္အေယာက္ (၁၀ဝ)ကို စစ္တမ္း ေကာက္ၾကည့္လိုက္ရင္ ကြန္ပ်ဴတာကို ကြၽမ္းကြၽမ္းက်င္က်င္ စာစီစာ႐ိုက္သုံးတတ္တာ ဘယ္ႏွေယာက္ရွိ လို႔လဲ။ ဖုန္းသုံးတတ္ တာကိုေျပာတာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ႏိုင္ငံက ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းဆင္းေတြက အဲဒီ ေလာက္ေတာင္ေတာ္ေနၿပီလား။ ကြၽန္ေတာ္တို႔ႏိုင္ငံက ကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္း ဆင္းေတြက ႏိုင္ငံျခားကကုမၸဏီအႀကီးႀကီးမွာ ေက်ာင္းဆင္းၿပီး လူအေယာက္ (၁၀ဝ)လုံးအလုပ္ရေနၿပီ လား။ ဒီႏိုင္ငံ ထဲမွာေတာင္ အလုပ္ရဖို႔ ေတာ္ေတာ္ႀကိဳးစားေနရတာ။ ဒီလိုမွာ ျမန္မာဆိုရင္တိုင္းရင္းသားေတြလည္း အကုန္ပါတယ္။ တ႐ုတ္စာတတ္တဲ့လူေတြဆိုရင္ အဲဒီ Agenda ေတြကို ေကာင္းေကာင္းသိတယ္။

ေမး- Bitcoin တို႔ဘာတို႔က မျမင္ရတဲ့ပို႔လို႔မရတဲ့ ကိုင္လို႔မရတဲ့ေငြေၾကးေပါ့။ ဒါေပမဲ့ အဲဒီ Bitcoin သုံးတဲ့ ေကာင္က ေငြသုံးရင္ထားပါေတာ့ နမူနာအေန နဲ႔ ကိုယ္က Bitcoin ေပးရင္ သူက ေငြသားကို ဘယ္က ထုတ္ေပးမလဲ။
ေျဖ- P2P Market ဆိုတာရွိတယ္။ အစ္ကို Bitcoin ဘယ္ေလာက္ရရ အစ္ကိုေရာက္ေနတဲ့ႏိုင္ငံကေန ခ်က္ခ်င္းလႊဲလို႔ရတဲ့ Network ရွိၿပီးသား။ အစ္ကို႔ပိုက္ဆံက Blackmarket ကပဲျဖစ္ျဖစ္၊ မူး ယစ္ေဆးကရ တာပဲျဖစ္ျဖစ္၊ က်ားဖ်န႔္ကပဲျဖစ္ျဖစ္ P2P Market မွာ အစ္ကိုလိုခ်င္သေလာက္ပမာဏကို လိုခ်င္သ ေလာက္ဝယ္လို႔ရတယ္။

ေမး- Website တစ္ခုလား။
ေျဖ- Website တစ္ခုေပါ့။ Bitcoin ဝယ္လို႔ရတဲ့ Website ေတြအမ်ားႀကီးရွိတယ္။ လိုခ်င္သေလာက္ amount ကိုလိုခ်င္သေလာက္ဝယ္လို႔ရတယ္။ ဒီ Website ကို ေထာင္ထားတဲ့ေကာင္ေတြက ပိုက္ဆံရ တယ္။ ဘဏ္ေတြလိုပဲ အက်ိဳးအျမတ္တစ္ခုရမယ္။ ဒါေပမဲ့ အစ္ကိုဘာလိုခ်င္လဲ။ ေငြသားလိုခ်င္လား။ ဒါမွမဟုတ္ အေကာင့္ထဲကိုပိုက္ဆံထည့္ေပးလို႔ရတယ္။ ဒါေပမဲ့ ျပလို႔မရဘူး။ ဘယ္မွာမွလည္း ဖမ္းလို႔ မရဘူး။ ဒါေတြက ဘယ္မွာဖမ္းလို႔ရလဲဆိုရင္ P2P မွာပဲ ဖမ္းလို႔ရတယ္။ P2P မွာေတာင္ Cash ကို Face to Face လာဝယ္ရင္ဖမ္းလို႔မရဘူး။ လဲတဲ့လူကလည္း သိန္းတစ္ေသာင္းကို သိန္းတစ္ေသာင္း ေလာက္ ဘဏ္အေကာင့္ထဲထည့္ခ်င္တယ္လို႔ ဘယ္သူမွမေျပာဘူး။ သိန္း (၅၀ဝ)၊ (၅၀ဝ) ေလွ်ာက္လႊဲပစ္ လိုက္ တာအဲဒီေတာ့ ဘဏ္ေတြကလည္း လိုက္ဖို႔မျဖစ္ႏိုင္ေတာ့ဘူး။ အေကာင့္ေတြကလည္း တစ္ခုတည္း မဟုတ္ဘူး။ (၁၀)ခု(၁၅)ခုေလာက္ကိုေလွ်ာက္လႊဲထားတာ။ အဲဒီအထဲမွာ ပါဝင္ပတ္သက္မႈက ေ႐ႊဆိုင္ ေတြ၊ ကားလုပ္ငန္းေတြ ပါပါတာ။ လိမ္တာကေနရလာတဲ့ပိုက္ဆံေတြနဲ႔ ေျမကြက္ေတြဝယ္တယ္၊ ကား ဝယ္တယ္။ ၿပီးရင္ (၁၆)ပဲရည္အတုံးအႀကီးႀကီးေတြဝယ္တယ္။ အကုန္ မသိဘူး။ ဒါေပမဲ့ အကုန္လုံးသည္ ေငြမည္းကေနေငြျဖဴ ေျပာင္းၿပီးေတာ့ အခြန္ေဆာင္ဖို႔လုပ္လိုက္တဲ့အတြက္ လုပ္ေနၾကတာပဲ။ အဲဒါကို ဘယ္လိုလိုက္မလဲဆိုေတာ့ ပကတိအေျခအေနက ျဖစ္သြားၿပီ။ ကြၽန္ေတာ္တို႔ႏိုင္ငံကလည္း check and balance လုပ္သင့္တာေပါ့ေလ။ ကြၽန္ေတာ္ဆိုရင္လည္း check and balance လုပ္မွာပဲ။ ဒီေကာင္ terrorists ကိုလႉေနတာလား။ ဒီေကာင္ Black Money လုပ္ေနတာလား။ ဒီေကာင္ Money Laund- ering လုပ္ေနတာလား။ အနည္းဆုံး ကြၽန္ေတာ္တို႔သိတယ္။ ကိုယ့္ႏိုင္ငံမွာ Exchange ႐ုံးေတြလာ ေထာင္ တယ္ဆိုေတာ့ အဲဒီေဒတာသိၿပီ။ Exchange လာမေထာင္ရင္မသိဘူး။ ေဒၚနယ္ထရမ့္ ဆို သူ႔ႏိုင္ငံမွာ Exchange ႐ုံးလာေထာင္တယ္။ ႏိုင္ငံကလည္းထုတ္ျပန္တယ္။ ေမွာင္ခိုလုပ္ငန္းမွာကိုေျပာ တာေနာ္။ ဒါ ေမွာင္ခိုလုပ္ငန္းျဖစ္ႏိုင္တယ္ အခြန္ျပန္ယူလိုက္။

ေမး - အဲဒီေတာ့ က်ားဖ်န႔္ဆိုတာက ေခါင္းစဥ္တစ္ခုသာျဖစ္ၿပီးေတာ့ တကယ္ေတာ့ ေနာက္ကြယ္မွာ Bitcoin ေတြကိုကစားေနၾကတာေပါ့။
ေျဖ - ဟုတ္တယ္။ Bitcoin ေတြကစားေနတယ္။ေနာက္တစ္ခုက ဘာလဲဆိုေတာ့ အဆင့္ျမင့္နည္းပညာ ေတြကို အစိုးရနဲ႔ပါဝင္ပတ္သတ္တဲ့သူတခ်ိဳ႕ကလုပ္ၿပီးေတာ့ ျပည္သူေတြဆီက ေငြျပန္ယူေနတာ။ အဲဒါ ေတြကိုလုပ္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လူလည္းမရွိဘူး၊ နည္းပညာလည္းမရွိဘူး၊ အင္အားလည္းမရွိဘူး။ ကြၽန္ေတာ္ျမင္တာေတာ့ ေနာက္ဆုံးအသုံးခ်ခံလိုက္ရတာေပါ့။ ပိုဆိုးလာမွာ။ ေကာင္းတာ မေကာင္းတာ ေတြက တစ္က႑ေပါ့။ ဒီလူေတြရဲ႕လုပ္ရပ္ေတြ မွန္တယ္ မမွန္တယ္က တစ္က႑ေပါ့။ ႏိုင္ငံရဲ႕ ဂုဏ္ သိကၡာရွိ တာတစ္က႑ေပါ့။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုပဲျမင္တယ္။ လူေတြမေကာင္းရင္ ဒီလိုေတြ သြား ရမယ္။ ေထာင္ထဲသြားရမယ္။ ဒါေပမဲ့ ေထာင္ထဲသြားမယ္ဆိုရင္ေတာ့ ကိုယ့္ႏိုင္ငံက ေထာင္ပဲျဖစ္ရမယ္။ ေသဒဏ္က်မယ္ဆိုရင္ေတာင္ ကိုယ့္ႏိုင္ငံမွာပဲက်ရမယ္။ ကြၽန္ေတာ္ေျပာခ်င္တာ။ ကြၽန္ေတာ္က အဲဒါပဲ သိခ်င္တာ။

ေမး-က်ားျဖန႔္လိမ္တာက်ေတာ့ေကာ။ ကြၽန္ေတာ္တို႔ ဘာနဲ႔လာလိမ္မလဲ။ ကြၽန္ေတာ့္ကို ျပည္သူတစ္ ေယာက္အေနနဲ႔စဥ္းစားတာ ဘာနဲ႔လာလိမ္မလဲ။
ေျဖ- ခုနကကြၽန္ေတာ္ေျပာၿပီးသြားၿပီေလ။ အစ္ကို႔ကို လိမ္ဖို႔ဆိုတာရွင္းရွင္းေလး။ အစ္ကို႔ကိုလိမ္ဖို႔ သူက အစ္ကိုဘယ္မွာေနလဲ။ အစ္ကို႔မွတ္ပုံတင္ ဘယ္သူ။ အစ္ကို႔ရဲ႕ေမြးေန႔၊ အစ္ကို႔ရဲ႕ Personal ေတြက အျပင္ ထြက္ၿပီးသားျဖစ္ေနရမယ္။ က်ားဖ်န႔္ေၾကာင့္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဆုံးရႈံးသြားတဲ့ဟာ သိန္းေပါင္း (၂) သိန္း မျပည့္ပါဘူး။ ကြၽန္ေတာ္မွန္းၾကည့္ေျပာတာ။ ရာဂဏန္းပါရင္ပါမယ္၊ ဆယ္ဂဏန္းပါရင္ပါမယ္။ ဒီ ေလာက္ပဲ။ ဒါေပမဲ့ တ႐ုတ္ျပည္မွာေတာ့ သန္းနဲ႔ခ်ီၿပီ။ အဲဒါကို ဘဏ္အေကာင့္ထဲမွာ ပိုက္ဆံအမ်ားဆုံးအ ေကာင့္ေတြကို ဘယ္ကထြက္လဲ။ ေ႐ႊသမင္ဘယ္က ထြက္ မင္းႀကီးတာကထြက္ဆိုတဲ့ စကားလုံးလိုပဲ။ အစ္ကို႔မွတ္ပုံတင္၊ ေမြးသကၠရာဇ္ေတြနဲ႔အတူ အစ္ကို႔မိ သားစု ဘယ္ႏွေယာက္ရွိသလဲသိတယ္။ အစ္ကို႔ အိမ္ ဘယ္မွာလဲသိတယ္။ အစ္ကို႔ကားနံပါတ္သိတယ္။ ဘဏ္အေကာင့္ထဲမွာ ပိုက္ဆံ ဘယ္ေလာက္ရွိလဲ သိတယ္။ လိမ္တဲ့နည္းက လြယ္လြယ္ေလး။

ေမး - အဲဒီလူက သူလက္ခံဦးမွေလလိမ္တာကို။ သူမသိလိုက္တာကို ဘဏ္ကလက္ခံလိုက္လို႔ေပါ့။
ေျဖ - Behavior ေပါ့။ ကြၽန္ေတာ္တို႔ Hacker Term အရေျပာမယ္ဆိုရင္ Password တစ္ခုကို Hack ၿပီ ဆိုရင္ ေမြးသကၠရာဇ္လား၊ မွတ္ပုံတင္လား၊ ေမြးေန႔လား၊ Anniversary Date လား။ ကိုယ့္နာမည္လား၊ သားသမီးနာမည္လား။ အဲဒီ Password ကိုထည့္လိုက္ၿပီး Generate လုပ္လိုက္ရင္ တစ္ခုခုနဲ႔ သြား ကိုက္ေနမယ္။ ကိုယ့္ Password က လိမ္လို႔မရဘူး။ အဲဒါ တကယ္ကိုျဖစ္ေနတာ။ ATM ကတ္တို႔ ဘာတို႔ တစ္ေနရာရာမွာသြားကိုက္ေနလိမ့္မယ္။ အစ္ကိုက သတင္းစာဖတ္ရတာအရမ္းႀကိဳက္တယ္။ အစ္ကို႔ကို ကြၽန္ေတာ္က Email ကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံထဲမွာရွိေနတဲ့ကိစၥတစ္ခုကို ပို႔လိုက္မယ္။ အစ္ကိုက အဲဒီ Email File ကို ေဒါင္းလိုက္မယ္။ အစ္ကို႔ဟာထဲမွာ ‌ေဒါင္းၿပီး Open ႏွစ္ခ်က္ဖြင့္လိုက္ တာနဲ႔ အစ္ကို႔ဖုန္းပြဲသိမ္းသြားၿပီ။ အစ္ကိုမဖြင့္ၾကည့္ဘဲ မေနဘူး။ အစ္ကို႔ဌာနကို သတင္းေပးတဲ့ကိစၥ။ သူက ကားပြဲစားလုပ္တယ္။ ကားေရာင္းမယ္။ လန္ခ႐ူဇာကို ေဈးသက္သာတယ္ဆိုရင္ သူၾကည့္မယ္။ ၿပီး ရင္ ႏွိပ္လိုက္တာနဲ႔ သူ႔ဖုန္း၊ သူ႔ကြန္ပ်ဴတာတစ္ခုလုံးသည္ ဟိုဘက္သူစိမ္းလူရဲ႕ထိန္းခ်ဳပ္မႈေအာက္ကို ေရာက္သြားၿပီ။ ကင္မရာကအစေနာ္။ ကင္မရာကအစ ထိန္းခ်ဳပ္ လို႔ရၿပီဆိုရင္ SMS ဆိုတာ လြယ္လြယ္ ေလးပါ။ အစ္ကို ညဘက္အိပ္တယ္။ အင္တာနက္ဖြင့္ထားတယ္။ အစ္ကို႔ဖုန္းကို ကြၽန္ေတာ္ထိန္းခ်ဳပ္လို႔ရ ေနၿပီ။ အစ္ကို႔ဖုန္းကို ညဘက္က်မွ ကြၽန္ေတာ္ Kpay Reset ခ်လိုက္တယ္။ SMS ေရာက္လာေတာ့ ကြၽန္ ေတာ္ ဘာညာထည့္ၿပီးေတာ့ ပိုက္ဆံတစ္ခါတည္း လႊဲထား လိုက္တယ္။ အစ္ကို ဘာမွလုပ္လို႔ မရဘူး။ အစ္ကို အိပ္ေနၿပီ ဒါေပမဲ့ အစ္ကို႔အင္တာနက္ဖြင့္ထားတယ္။ အင္တာနက္ဖြင့္ထားတဲ့ Draft ေၾကာင့္ အစ္ကို႔ဟာ တစ္ခုလုံး ထိန္းခ်ဳပ္လို႔ရသြားတယ္။

ေမး - အင္တာနက္ပိတ္ထားရမယ္ေပါ့။
ေျဖ - ဒါပဲ အေျဖက။

ေမး - ဖုန္းက မကိုင္ဘဲေနရမွာေပါ့။
ေျဖ- မဟုတ္ဘူးေလ။ အဲဒါေၾကာင့္မို႔လို႔ ေတာ္ေတာ္မ်ားမ်ားသည္ Blackberry ဘာေၾကာင့္သုံးလဲဆို တာ။ ကြၽန္ေတာ္တို႔ငယ္ငယ္တုန္းက Blackberry တို႔ Nokia တို႔ အခုထိရွိေနၾကလဲ၊ ဘာေၾကာင့္သုံးေန ၾကလဲ။ သမၼတေတာ္ေတာ္မ်ားမ်ားကို Smart Phone ဘာေၾကာင့္ေပးမသုံးတာလဲဆိုတာ ဒါပဲ။ အရမ္း ေခတ္မီတိုးတက္လြန္းရင္ မေကာင္းေတာ့ဘူး။

ေမး - ဒါဆိုရင္ ကြၽန္ေတာ္တို႔က Click တစ္ခုကို မေတာ္တဆႏွိပ္မိလိုက္တာနဲ႔ ဖုန္းတစ္ခုလုံးကို ထိန္း သြားႏိုင္တယ္။ အင္တာနက္ဖြင့္ထားရင္ ငါတို႔ ေဒတာ ေတြ ငါတို႔မသိခင္မွာ အကုန္ Transfer သြားလုပ္ ေနမွာ။ ေငြေတြကအစ ေျပာင္းလို႔ရေနမွာ။ ျပန္ဖြင့္ၾကည့္ ေနာက္ေန႔မွာ ကိုယ့္ေငြေတြရွိေတာ့မွာမဟုတ္ဘူး။ ဒါလည္း လိမ္ျခင္းတစ္မ်ိဳး၊ က်ားဖ်န႔္တစ္မ်ိဳးေပါ့။
ေျဖ - အဲဒီလိုမဟုတ္ဘဲနဲ႔ အစ္ကိုက အရမ္းခ်မ္းသာခ်င္တယ္။ စေတာ့ရွယ္ယာကစားတာတို႔ ေရနံကစား တာတို႔ ေ႐ႊကစားတာတို႔ရွိတယ္။ အစ္ကို အဲဒီ App ကို Install လုပ္လိုက္မယ္။ အဲဒီ App ကို Install လုပ္ ရင္ Allow လုပ္တဲ့ဟာရွိတယ္။ Notification Allow ရွိတယ္။ Camera Allow လုပ္ရမယ္။ File ဖိုရမ္ Allow လုပ္ရမယ္။ ဒါေတြကို ဖြင့္ေပးလိုက္ၿပီဆိုတာနဲ႔ အစ္ကို႔ဟာတစ္ခုလုံးကို ထိန္းခ်ဳပ္လို႔ရသြားၿပီ ဒါကေတာ့ ေလာဘႀကီးတဲ့လူမွာျဖစ္တာ။ မိန္းကေလးေတြဆိုရင္ Dating App မွာျဖစ္တာ။ တခ်ိဳ႕ဟာ ေတြမွာ ဆိုရင္ AI ေမာ္ဒယ္လ္ေတြဆိုတာ ရွိတယ္။ ကြၽန္ေတာ့္မ်က္ႏွာေရွ႕ကရပ္ျပရင္ေတာင္ မ်က္ႏွာ မေျပာင္းသြားဘူး။ ကြၽန္ေတာ့္ပုံက အစ္ကို႔ မ်က္ႏွာျဖစ္ရင္ျဖစ္မွာ အသံကအစ ႐ုပ္အဆုံး အကုန္တူ ေအာင္လုပ္လို႔ရတယ္။ AI ကိုပဲအသုံးခ်ၿပီးေတာ့ လူေတြကို ျပန္လိမ္ေနတာ။

ေမး - ကြၽန္ေတာ့္မ်က္ႏွာနဲ႔ ကြၽန္ေတာ့္အသံကေတာ့ သြားၿပီ။ အလြယ္တကူ တစ္ႏိုင္ငံလုံးပ်ံ႕ေနတာ Social ေပၚမွာ ပြက္ေလာ႐ိုက္ေနတာ။
ေျဖ - အဲဒီထက္ဆိုးသြားရင္ ေနာက္တစ္ဆင့္ရွိတယ္။ ဘာလဲဆိုေတာ့ အထင္ကရလူေတြရဲ႕ အသံေတြ၊ ႐ုပ္ဖိုင္ေတြအားလုံးကို ကြန္ပ်ဴတာထဲကိုထည့္ၿပီးေတာ့ စနစ္တက် ပ႐ိုဂရမ္နဲ႔ကို Run ၿပီးေတာ့ မ်က္ႏွာ ကိုေရာ အသံေရာကို တစ္ပုံစံတည္းျဖစ္ေအာင္လုပ္တာ။ (၉၉)ရာခိုင္ႏႈန္းက ေဝခြဲလို႔မရဘူး။ အဲဒီအေျခ အေနအထိျဖစ္လာတာ။ လိမ္တဲ့နည္းေတြေျပာတာေနာ္။ ဒါလိမ္တာက ပိုက္ဆံေၾကာင့္ လိမ္တာမဟုတ္ ေပမယ့္ လာမယ့္ေ႐ြးေကာက္ပြဲမွာႀကဳံရႏိုင္တယ္။ ျပည္သူလူ ထုကမသိဘူး။ ေမာင္ဘယ္သူေတြက ေျပာ လိုက္တယ္။ ဦးဘယ္သူေတြက ေျပာလိုက္တယ္ဆိုတဲ့ဟာ မ်ိဳး။ ဒီလိုမ်ိဳး က်ားဖ်န႔္ေတြက သူတို႔အသက္ ရွင္ဖို႔အတြက္ မတည္ၿငိမ္ေအာင္လည္း လုပ္ေကာင္းလုပ္လာႏိုင္တယ္။ သူတို႔ဆီကို Focus ေရာက္ေနတာ ကေန Focus လြဲေအာင္လည္း လုပ္ေကာင္းလုပ္ေနႏိုင္ တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံေရးအခင္းအက်င္းမွာ ပိုက္ဆံမရွာေတာ့ဘူးကြာ ဒီႏိုင္ငံကို ေပါက္ကရေလွ်ာက္ လုပ္မယ္ဆိုတာလည္း ျဖစ္ေကာင္းျဖစ္လာႏိုင္ တယ္။ ဒီေကာင္ေတြလက္ထဲမွာ ပိုက္ဆံရွိၿပီးသားပဲ။ ၿပီးရင္ ေနာက္တစ္ခုက ဘာျဖစ္လာလဲဆိုတဲ့ဟာမွာ အခုေလာေလာဆယ္ဆယ္ အဆိုး႐ြားဆုံးအခ်က္က SMS ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဘယ္လိုမွလုပ္လို႔ မရ ဘူး။ ေလာင္းကစားေၾကာ္ျငာေတြ။ Bonus ေပးတဲ့ေၾကာ္ ျငာေတြ။ ဒါေတြ ဘယ္လိုမွလုပ္လို႔မရဘူး။ ကြၽန္ေတာ္တို႔သုံးစြဲတဲ့ Costumer က သုံးစြဲခြင့္မရွိဘူး။ က်ား ဖ်န႔္ကပို႔ေနတာလား။ Wave money ကပဲ တကယ္ ပို႔ေနတာလား။ အင္တာနက္ကုမၸဏီကပဲ တကယ္ပို႔ေနတာလား။ ဖုန္းထဲကို သတင္းအမွားေတြ အရမ္းေရာက္တယ္။ အဲဒါကိုေခ်ာင္း႐ိုက္ၿပီးေတာ့ ကေလးေလးတစ္ေယာက္လိုပါသြားရင္ ဘယ္လို တာဝန္ယူမွာ လဲဆိုတာလည္းရွိေသးတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ နည္းေသးတယ္။ အဓိက ေျပာရရင္ နယ္စပ္ေဒသေတြမွာပိုမ်ားတာေပါ့။ အဓိက Crypto currency ႀကီးရွိေနသမွ် က်ားဖ်န႔္လည္းရွိ ေနမွာပဲ။ က်ားဖ်န႔္ရွိေနသေ႐ြ႕၊ မူးယစ္ေဆးဝါးလုပ္ငန္းေတြရွိေနသေ႐ြ႕၊ လူကုန္ကူးတဲ့လုပ္ငန္းေတြရွိေန သေ႐ြ႕ Crypto currency လည္းရွိေနမွာပဲ။ ေငြေတြက ေပးလို႔မွမရတာ။ အြန္လိုင္းေပၚမွာ တစ္ခါတည္း ေပးရတာ။ ဂုတ္၊ ဂြက္ဆိုၿပီးသြားၿပီ။ ဘာမွလုပ္စရာမလိုဘူး။

ေမး- Telegram ေတြနဲ႔ တျခား Social Media ေတြမွာရွိတဲ့ Page ေတြ Channel ေတြမွာ ေလာင္းကစား ေၾကာ္ျငာေတြဝင္ေနတာက ဘယ္လိုျဖစ္တာလဲ။ သူတို႔ထိန္းခ်ဳပ္ထားတာလား။ ဒါမွမဟုတ္ Plaform ကခြင့္ျပဳလို႔လား။
ေျဖ - မဟုတ္ဘူးဗ်။ ဒီ Channel ေတြမွာေၾကာ္ျငာမယ္ဆိုၿပီး ပိုက္ဆံေပးၿပီးေတာ့ကို ေၾကာ္ျငာေနတာ။ Telegram ဆိုရင္ Telegram ကိုယ္တိုင္ကိုက ခြင့္ျပဳထားတာ။ Telegram ကိုယ္တိုင္ကိုက Dark web ျဖစ္ေနတာ။ Telegram မွာ လူသတ္တာတင္လည္းမပိတ္ဘူး။ ထိုင္ဆဲေနလည္းမပိတ္ဘူး။ သူ႔မွာ က community standards ေတြဘာေတြမရွိဘူး။ ေကာင္းတာသုံးရင္ ေကာင္းတာျဖစ္မယ္။ မေကာင္း တာသုံးရင္ မေကာင္းတာျဖစ္မယ္။ ေဆးပဲသုံးမလား။ လူပဲသတ္မလား။ အဲဒါမင္းအပိုင္းပဲ။ Social Media က ေကာင္းဖို႔ပဲလုပ္ထားတာဗ်ာ။ ဒါေပမဲ့ အဲဒီ Social Media ေပၚမွာ ဘယ္လိုေျပာရမလဲ။ သူတို႔ကလည္း ဝန္ထမ္းေတြအစား AI ေတြထားထားၾကတာေလ။ AI ေတြနားမလည္ႏိုင္တဲ့ Tips ေတြနဲ႔လုပ္တာ။ Facebook ေပၚမွာ ေလာင္းကစားေၾကာ္ျငာတယ္။ ၿပီးရင္ Telegram ေတြမွာ (Boost) ထိုးတယ္။ ဥပမာ အစ္ကိုတို႔ Channel မွာဆို အၿမဲတမ္းေပၚေနသလိုေပါ့။ အဲဒီကေန လူရွာလိုက္တယ္။ အဲလူကေန ျမန္မာ ေငြရမလား၊ တ႐ုတ္ေငြရမလား။ အဲဒီေငြေတြကို Cryptocurrency ျပန္လဲတယ္။ ဒီအ႐ြက္လိုက္ ႀကီးမိရင္ ေတာ့ အဖမ္းခံရမွာ။ ဒီ Bank အေကာင့္ထဲ မိရင္လည္းအဖမ္းခံရမွာ။ အဲဒီေတာ့ Cryptocurrency လဲ တယ္။ Password (၁၆)လုံးသိရင္ ထြက္ေျပးသြားလို႔ရတယ္။ ႀကိဳက္တဲ့ႏိုင္ငံေရာက္၊ ႀကိဳက္တဲ့ ေနရာ ေရာက္ Password သိရင္ ပိုက္ဆံျပန္ရွာလို႔ရၿပီ။

(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.