လာမည့် မြန်မာ့ရွေးကောက်ပွဲများကို တိုးတက်မှုအဖြစ် ကိုးကား၍ အမေရိကန်ရောက်မြန်မာများ၏ တရားဝင် ယာယီခိုလှုံခွင့်ကို ထရမ့်အစိုးရ ရပ်ဆိုင်း

 399

Htay Oung (NP News) - နိုဝင်ဘာ ၂၆

အမေရိကန်ရောက် မြန်မာနိုင်ငံသားများရဲ့ တရားဝင်ယာယီခိုလှုံခွင့်အဆင့်အတန်းကို ဒေါ်နယ်ထရမ့်အစိုးရက တနင်္လာနေ့မှာ ရုတ်သိမ်းလိုက်ကြောင်း၊ မြန်မာ နလအ အစိုးရက စီစဉ်နေတဲ့ ရွေးကောက်ပွဲများကို တိုးတက်မှု အဖြစ် သက်သေပြလိုက်ပြီး မြန်မာနိုင်ငံသားများအနေနဲ့ စစ်ဘေးဒဏ်သင့် သူတို့ရဲ့နိုင်ငံကို ဘေးကင်းစွာ အိမ် ပြန်လို့ရနိုင်ကြောင်း ဆင်ခြေပေးထားတယ်လို့ “ရိုက်တာ” ၂ဝ၂၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်က‌ ရေးပါတယ်။
အရပ်သားအစိုးရကို ဖယ်ရှားကာ ၂၀၂၁ ခုနှစ် တပ်မတော်က အာဏာရယူပြီး တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ခုခံမှုများဖြစ်ပွားပြီးကတည်းက နိုင်ငံရေး မငြိမ်မသက်ဖြစ်နေတဲ့ မြန်မာနိုင်ငံကို ပြန်ရန် အတင်းအကျပ်ခိုင်းစေခံ ရနိုင်ဖွယ်ရှိသူများအတွက် ယခုလုပ်ရပ်ဟာ စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေက တိုးတက်လာနေပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ နေရပ်ပြန်ရန် ဘေးကင်းသွားပြီ ဖြစ်လို့ ယာယီကာကွယ်ပေးထားတဲ့ အခြေအနေကို ရပ်ဆိုင်းလိုက်ကြောင်း။ နိုင်ငံတော် အရေးပေါ်အခြေအနေ အဆုံးသတ်ပြီး လွတ်လပ်-တရားမျှတတဲ့ ရွေးကောက်ကျင်းပမယ့် အစီအစဉ်တွေ၊ အပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက် အောင်မြင်မှုတွေနဲ့ ပိုမိုကောင်းမွန်လာတဲ့ ဒေသန္တရ အုပ်ချုပ်ရေးစနစ်တွေက အများပြည်သူ ဝန်ဆောင်မှုကို ပေးအပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ပြုတာ အပါအဝင် အုပ်ချုပ်ရေးနဲ့ တည်ငြိမ်ရေးမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ရရှိခဲ့တယ်လို့ အမေရိ ကန် ပြည်တွင်းလုံခြုံရေးဌာန DHS ဝန်ကြီးက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တဲ့အတွက် မြန်မာ အစိုးရကို အမေရိကန် DHA က တရားဝင်ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေး သူ အ ဖြစ် အများသိထားကြတဲ့ ဆွေးနွေးပွဲတွေကို အတိတ်က ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေနဲ့ အပြုသဘောဆောင်ပြီး နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံသား ၄၀၀၀ ခန့်အတွက် ယာယီခိုလှုံခွင့်ဟာ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ်လို့ အေဂျင်စီက ပြောပါတယ်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ကြွတက်လှုပ်ရှားသူများကတော့ နလအအစိုးရရရဲ့ ဒီဇင်ဘာလနဲ့ ဇန်န ဝါရီလမှာ ကျင်းပရန် စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ကြောင်း၊ အတိုက် အခံပါတီအချို့ဟာ ပိတ်ပင်ခံထားရဆဲဖြစ်ပြီး ယခင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင် မှာ ချောင်ထိုးခံထားရတယ်လို့ ဆိုကြပါတယ်။
(အမေရိကန်) ရဲ့ အချက်အလက်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုက စိတ်ကူးယဉ်ဆန်နေတယ်လို့ လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့ အာရှရေးရာ ဒါရိုက်တာ ဂျွန်ဆစ်ဖ်တွန်က မှတ်ချက်ပေးပါတယ်။ အုပ်ချုပ်မှု သို့မဟုတ် တည်ငြိမ် မှုမှာ ဘာ တိုးတက်မှုမျှ မရှိခဲ့တဲ့ အကြောင်းအရာများနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး အရေးပေါ်အခြေအနေ ရုပ် သိမ်းတယ်ဆိုတာ ဘာ အဓိပ္ပာယ်မရှိကြောင်း၊ စစ်တပ်က ကြေညာထားတဲ့ ရွေးကောက်ပွဲတွေဆိုတာ ပြဇာတ် က’နေခြင်းတစ်ခုသာဖြစ်တယ်လို့ အများနားလည်ထားကြကြောင်း အနည်းဆုံး ရယ်စရာသက်သက် အတုအ ယောင်သာ ဖြစ်တယ်လို့ ပြောပါတယ်။
ထရမ့်အစိုးရရဲ့ ကျိုးကြောင်းသုံးသပ်မှုဟာ နေပြည်တော်အပေါ် တင်းကျပ်တဲ့ မူဝါဒများကို ကြာမြင့်စွာ ထောက် ခံအားပေးခဲ့တဲ့ သူ့ရဲ့ ရီပတ်ဘလီကန်ပါတီဝင်များနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပုံရပါတယ်။ လာမယ့် ရွေးကောက်ပွဲ များဟာ "အတုအယောင်" ဖြစ်တယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ အရှေ့အာရှနဲ့ ပစိဖိတ် ဆပ် ကော်မတီ ဥက္ကဋ္ဌ “ယောင်ကင်မ်” က ပြီးခဲ့တဲ့ ရက်သတ္တပတ် မြန်မာနိုင်ငံဆိုင်ရာ ကြားနာပွဲတစ်ခုမှာ ကပ်ပွန်း တပ်ခဲ့ဖူးပါတယ်။ တရားဝင်ကြောင်း မှားယွင်းတဲ့အမြင်ကို ဖန်တီးရန် အကွက်ဆင်ထားပြီး နလအကို တရုတ် နဲ့ ရုရှားအတွက် ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုရန် ရည်ရွယ်ထားတယ်လို့ ဝေဖန် ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနဆိုရင် မကြာသေးခင် သြဂုတ်လကပဲ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုးကား ဖော်ပြထားပါသေးတယ်။ မြန်မာနိုင်ငံမှာ "သိသာထင်ရှားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေရှိ နေတယ်လို့ ဖော်ပြထားပြီး အဲဒီထဲမှာ တစ်ဖက်သပ် စွပ်စွဲသတ်ဖြတ်ကြောင်း သတင်းများ၊ လက်စဖျောက်ခံရခြင်း၊ ညှဉ်းပန်း နှိပ်စက်မှု၊ သတင်းထောက်များအပေါ် ရက်စက်ကြမ်းကြုတ်မှု ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ်မှုတွေ အ ပါအဝင် အခြားယုံကြည်စိတ်ချရတဲ့ အလွဲသုံးစားပြုမှုတွေပါဝင်ပါတယ်။ ပြည်တွင်း မငြိမ်မသက်မှု၊ လက်နက် ကိုင်ပဋိပက္ခနဲ့ စိတ်ကူးတည့်သလို ထင်ရာမြင်ရာထုတ်ပြန်နေတဲ့ ဒေသန္တရဥပဒေများကြောင့် အမေရိကန် နိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံသို့ မသွားရောက်ကြရန် နိုင်ငံခြားရေးဌာနက သတိပေးထားပါတယ်။
ယခုသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရန် အမေရိကန်နိုင်ငံခြားရေးဌာနက ငြင်းဆိုပြီး DHS ကိုသာ မေး ပါလို့ ဖြေဆိုပါတယ်။
(အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်-အမိန့်-ပေါ်လစီကို ဥပဒေနဲ့ မညီလျင် ယေဘူယျအားဖြင့် ခရိုင်-အယူခံနဲ့ တရားလွှတ်တော်ချုပ်တို့က ပယ်ဖျက်/ဟန့်တားနိုင်ပါတယ်။ သို့မဟုတ် ကွန်ဂရက်လွှတ်တော်က ဥပဒေအသစ် တစ်ရပ်နဲ့ ဖျက်သိမ်းခြင်းသော်၎င်း DHS ရဲ့ဘတ်ဂျက်ကို ကန့်သတ်ပြီး အလုပ် မလုပ်နိုင်အောင် တားဆီးနိုင်ပါ တယ်။)
#HtayOung #OungMarine

Zawgyi Version:
လာမည့္ ျမန္မာ့ေ႐ြးေကာက္ပြဲမ်ားကို တိုးတက္မႈအျဖစ္ ကိုးကား၍ အေမရိကန္ေရာက္ျမန္မာမ်ား၏ တရားဝင္ ယာယီခိုလႈံခြင့္ကို ထရမ့္အစိုးရ ရပ္ဆိုင္း
Htay Oung (NP News) - ႏိုဝင္ဘာ ၂၆
အေမရိကန္ေရာက္ ျမန္မာႏိုင္ငံသားမ်ားရဲ႕ တရားဝင္ယာယီခိုလႈံခြင့္အဆင့္အတန္းကို ေဒၚနယ္ထရမ့္အစိုးရက တနလၤာေန႔မွာ ႐ုတ္သိမ္းလိုက္ေၾကာင္း၊ ျမန္မာ နလအ အစိုးရက စီစဥ္ေနတဲ့ ေ႐ြးေကာက္ပြဲမ်ားကို တိုးတက္မႈ အျဖစ္ သက္ေသျပလိုက္ၿပီး ျမန္မာႏိုင္ငံသားမ်ားအေနနဲ႔ စစ္ေဘးဒဏ္သင့္ သူတို႔ရဲ႕ႏိုင္ငံကို ေဘးကင္းစြာ အိမ္ ျပန္လို႔ရႏိုင္ေၾကာင္း ဆင္ေျခေပးထားတယ္လို႔ “႐ိုက္တာ” ၂ဝ၂၅ ခုႏွစ္ ႏိုဝင္ဘာလ ၂၅ ရက္က‌ ေရးပါတယ္။
အရပ္သားအစိုးရကို ဖယ္ရွားကာ ၂၀၂၁ ခုႏွစ္ တပ္မေတာ္က အာဏာရယူၿပီး တစ္ႏိုင္ငံလုံးမွာ လက္နက္ကိုင္ ခုခံမႈမ်ားျဖစ္ပြားၿပီးကတည္းက ႏိုင္ငံေရး မၿငိမ္မသက္ျဖစ္ေနတဲ့ ျမန္မာႏိုင္ငံကို ျပန္ရန္ အတင္းအက်ပ္ခိုင္းေစခံ ရႏိုင္ဖြယ္ရွိသူမ်ားအတြက္ ယခုလုပ္ရပ္ဟာ စိုးရိမ္စရာ ျဖစ္လာခဲ့ပါတယ္။
ျမန္မာႏိုင္ငံရဲ႕ အေျခအေနက တိုးတက္လာေနၿပီး ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ေနရပ္ျပန္ရန္ ေဘးကင္းသြားၿပီ ျဖစ္လို႔ ယာယီကာကြယ္ေပးထားတဲ့ အေျခအေနကို ရပ္ဆိုင္းလိုက္ေၾကာင္း။ ႏိုင္ငံေတာ္ အေရးေပၚအေျခအေန အဆုံးသတ္ၿပီး လြတ္လပ္-တရားမွ်တတဲ့ ေ႐ြးေကာက္က်င္းပမယ့္ အစီအစဥ္ေတြ၊ အပစ္အခတ္ရပ္စဲေရး သ ေဘာတူညီခ်က္ ေအာင္ျမင္မႈေတြနဲ႔ ပိုမိုေကာင္းမြန္လာတဲ့ ေဒသႏၲရ အုပ္ခ်ဳပ္ေရးစနစ္ေတြက အမ်ားျပည္သူ ဝန္ေဆာင္မႈကို ေပးအပ္လ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို အေထာက္အကူ ျပဳတာ အပါအဝင္ အုပ္ခ်ဳပ္ေရးနဲ႔ တည္ၿငိမ္ေရးမွာ သိသာထင္ရွားတဲ့ တိုးတက္မႈေတြကို ရရွိခဲ့တယ္လို႔ အေမရိ ကန္ ျပည္တြင္းလုံၿခဳံေရးဌာန DHS ဝန္ႀကီးက ေျပာပါတယ္။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးပြဲေတြမွာ ပါဝင္ခဲ့တဲ့အတြက္ ျမန္မာ အစိုးရကို အေမရိကန္ DHA က တရားဝင္ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပး သူ အ ျဖစ္ အမ်ားသိထားၾကတဲ့ ေဆြးေႏြးပြဲေတြကို အတိတ္က ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈေတြနဲ႔ အျပဳသေဘာေဆာင္ၿပီး ႏႈိင္းယွဥ္ေျပာဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံသား ၄၀၀၀ ခန႔္အတြက္ ယာယီခိုလႈံခြင့္ဟာ ဇန္နဝါရီလ ၂၆ ရက္ေန႔မွာ သက္တမ္းကုန္ဆုံးေတာ့မယ္လို႔ ေအဂ်င္စီက ေျပာပါတယ္။
ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာ ႂကြတက္လႈပ္ရွားသူမ်ားကေတာ့ နလအအစိုးရရရဲ႕ ဒီဇင္ဘာလနဲ႔ ဇန္န ဝါရီလမွာ က်င္းပရန္ စီစဥ္ထားတဲ့ ေ႐ြးေကာက္ပြဲေတြဟာ လြတ္လပ္ၿပီး တရားမွ်တမႈ မရွိႏိုင္ေၾကာင္း၊ အတိုက္ အခံပါတီအခ်ိဳ႕ဟာ ပိတ္ပင္ခံထားရဆဲျဖစ္ၿပီး ယခင္ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အက်ဥ္းေထာင္ မွာ ေခ်ာင္ထိုးခံထားရတယ္လို႔ ဆိုၾကပါတယ္။
(အေမရိကန္) ရဲ႕ အခ်က္အလက္ဆိုင္ရာ ခြဲျခမ္းစိတ္ျဖာမႈက စိတ္ကူးယဥ္ဆန္ေနတယ္လို႔ လူ႔အခြင့္အေရးေစာင့္ ၾကည့္ေရးအဖြဲ႕ အာရွေရးရာ ဒါ႐ိုက္တာ ဂြၽန္ဆစ္ဖ္တြန္က မွတ္ခ်က္ေပးပါတယ္။ အုပ္ခ်ဳပ္မႈ သို႔မဟုတ္ တည္ၿငိမ္ မႈမွာ ဘာ တိုးတက္မႈမွ် မရွိခဲ့တဲ့ အေၾကာင္းအရာမ်ားနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနၿပီး အေရးေပၚအေျခအေန ႐ုပ္ သိမ္းတယ္ဆိုတာ ဘာ အဓိပၸာယ္မရွိေၾကာင္း၊ စစ္တပ္က ေၾကညာထားတဲ့ ေ႐ြးေကာက္ပြဲေတြဆိုတာ ျပဇာတ္ က’ေနျခင္းတစ္ခုသာျဖစ္တယ္လို႔ အမ်ားနားလည္ထားၾကေၾကာင္း အနည္းဆုံး ရယ္စရာသက္သက္ အတုအ ေယာင္သာ ျဖစ္တယ္လို႔ ေျပာပါတယ္။
ထရမ့္အစိုးရရဲ႕ က်ိဳးေၾကာင္းသုံးသပ္မႈဟာ ေနျပည္ေတာ္အေပၚ တင္းက်ပ္တဲ့ မူဝါဒမ်ားကို ၾကာျမင့္စြာ ေထာက္ ခံအားေပးခဲ့တဲ့ သူ႔ရဲ႕ ရီပတ္ဘလီကန္ပါတီဝင္မ်ားနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနပုံရပါတယ္။ လာမယ့္ ေ႐ြးေကာက္ပြဲ မ်ားဟာ "အတုအေယာင္" ျဖစ္တယ္လို႔ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာ အေရွ႕အာရွနဲ႔ ပစိဖိတ္ ဆပ္ ေကာ္မတီ ဥကၠ႒ “ေယာင္ကင္မ္” က ၿပီးခဲ့တဲ့ ရက္သတၱပတ္ ျမန္မာႏိုင္ငံဆိုင္ရာ ၾကားနာပြဲတစ္ခုမွာ ကပ္ပြန္း တပ္ခဲ့ဖူးပါတယ္။ တရားဝင္ေၾကာင္း မွားယြင္းတဲ့အျမင္ကို ဖန္တီးရန္ အကြက္ဆင္ထားၿပီး နလအကို တ႐ုတ္ နဲ႔ ႐ုရွားအတြက္ ကိုယ္စားလွယ္အျဖစ္ ဆက္လက္တာဝန္ထမ္းေဆာင္ခြင့္ျပဳရန္ ရည္႐ြယ္ထားတယ္လို႔ ေဝဖန္ ပါတယ္။
အေမရိကန္ ႏိုင္ငံျခားေရးဌာနဆိုရင္ မၾကာေသးခင္ ၾသဂုတ္လကပဲ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ကိုးကား ေဖာ္ျပထားပါေသးတယ္။ ျမန္မာႏိုင္ငံမွာ "သိသာထင္ရွားတဲ့ လူ႔အခြင့္အေရးဆိုင္ရာ ျပႆနာေတြရွိ ေနတယ္လို႔ ေဖာ္ျပထားၿပီး အဲဒီထဲမွာ တစ္ဖက္သပ္ စြပ္စြဲသတ္ျဖတ္ေၾကာင္း သတင္းမ်ား၊ လက္စေဖ်ာက္ခံရျခင္း၊ ညႇဥ္းပန္း ႏွိပ္စက္မႈ၊ သတင္းေထာက္မ်ားအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈ ဘာသာေရးလြတ္လပ္ခြင့္ကို ကန႔္သတ္မႈေတြ အ ပါအဝင္ အျခားယုံၾကည္စိတ္ခ်ရတဲ့ အလြဲသုံးစားျပဳမႈေတြပါဝင္ပါတယ္။ ျပည္တြင္း မၿငိမ္မသက္မႈ၊ လက္နက္ ကိုင္ပဋိပကၡနဲ႔ စိတ္ကူးတည့္သလို ထင္ရာျမင္ရာထုတ္ျပန္ေနတဲ့ ေဒသႏၲရဥပေဒမ်ားေၾကာင့္ အေမရိကန္ ႏိုင္ငံသားမ်ားအေနနဲ႔ ျမန္မာႏိုင္ငံသို႔ မသြားေရာက္ၾကရန္ ႏိုင္ငံျခားေရးဌာနက သတိေပးထားပါတယ္။
ယခုသတင္းနဲ႔ ပတ္သက္လို႔ မွတ္ခ်က္ေပးရန္ အေမရိကန္ႏိုင္ငံျခားေရးဌာနက ျငင္းဆိုၿပီး DHS ကိုသာ ေမး ပါလို႔ ေျဖဆိုပါတယ္။
(အေမရိကန္အစိုးရရဲ႕ ဆုံးျဖတ္ခ်က္-အမိန႔္-ေပၚလစီကို ဥပေဒနဲ႔ မညီလ်င္ ေယဘူယ်အားျဖင့္ ခ႐ိုင္-အယူခံနဲ႔ တရားလႊတ္ေတာ္ခ်ဳပ္တို႔က ပယ္ဖ်က္/ဟန႔္တားႏိုင္ပါတယ္။ သို႔မဟုတ္ ကြန္ဂရက္လႊတ္ေတာ္က ဥပေဒအသစ္ တစ္ရပ္နဲ႔ ဖ်က္သိမ္းျခင္းေသာ္၎ DHS ရဲ႕ဘတ္ဂ်က္ကို ကန႔္သတ္ၿပီး အလုပ္ မလုပ္ႏိုင္ေအာင္ တားဆီးႏိုင္ပါ တယ္။)
#HtayOung #OungMarine

Related news

© 2021. All rights reserved.