အမေရိကန်၏ မြန်မာနိုင်ငံသားများအပေါ်မှာ TPS ရပ်ဆိုင်းမှု ထုတ်ပြန်ချက်သည် အပြုသဘောဆောင်သည်ဟု မှတ်ယူရပြီး မြန်မာနိုင်ငံသားများပြန်လာရန်ကြိုဆို

167

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၆
အမေရိကန်၏ မြန်မာနိုင်ငံသားများအပေါ်မှာ TPS ရပ်ဆိုင်းမှု ထုတ်ပြန်ချက်သည် အပြုသဘောဆောင်သည်ဟုမှတ်ယူကြောင်းနှင့် မြန်မာနိုင်ငံသားများပြန်လာရန်ကြိုဆိုကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန့်နေ့(နိုဝင်ဘာ ၂၅ရက်) တွင် အမေရိကန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံသားများအပေါ် Temporary Protected Status (TPS) ပေးထားရာမှ ရပ်ဆိုင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍မီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံသားများအပေါ် TPS (Temporary Protected Status) ပေးထားခြင်း ရပ်ဆိုင်းမှုထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ၏ အခြေအနေတိုးတက်လာမှုကြောင့်ဟုဆိုကာ ပြောဆိုထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ဒါနဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါမှာ TPS ရပ်ဆိုင်းရတဲ့အကြောင်းရင်းကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်လာမှု ကြောင့်ဆိုတာကို ပြောဆိုထားတာတွေ့ရပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ အရေးပေါ်အခြေအနေက ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုနဲ့ တိုးတက်မှုတို့ကြောင့် TPS အခွင့်အရေးရထားတဲ့ မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံကို လုံခြုံစွာ ပြန်နိုင်ပြီဖြစ်ကြောင်း သုံးသပ်ပြီး ရပ်ဆိုင်းခဲ့တယ်ဆိုတာကို သိရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
မြန်မာအစိုးရအနေဖြင့် အမေရိကန်အစိုးရ၏ ယင်းကဲ့သို့ ထုတ်ပြန်ချက်အပေါ် အပြုဘောဆောင်သည့် ထုတ်ပြန်ချက်ဖြစ်ကြောင်း မှတ်ယူကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ အမေရိကန်အစိုးရရဲ့ ဒီထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ် ပြန်ချက်ဖြစ်တယ်လို့ မှတ်ယူပါတယ်။ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ/နိုင်ငံသားများအနေနဲ့ အမိနိုင်ငံကို ပြန်လာလို့ရပါတယ်။ ကြိုဆိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် ၂၀၂၁ခုနှစ်၊ ဧပြီလ ၂ရက်ကပင် အကြောင်း အမျိုးမျိုးကြောင့် ဒေသအသီးသီးသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားမျာကို နစကမှ တရားဝင်ကြေညာချက်ထုတ်ပြန်ဖိတ်ခေါ်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးကို ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တရားဝင်ကြေညာချက်ထုတ်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီထဲမှာတော့ လူသတ်မှု၊ မုဒိမ်းမှု စတဲ့ ပြစ်မှုကြီးများ ကျူးလွန်သူများကတော့ တရားဥပဒေအရ တရားရင်ဆိုင်ရမှာဖြစ်ပြီး ကျန်သူများကတော့ အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးသွားပါမယ်လို့ ကြေညာချက်မှာ ပါခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကြေညာချက်ကြောင့်လည်း ထွက်ပြေးတိမ်းရှောင်သူတော်တော်များများ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ သူတို့အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံအတွင်းမှာ ကောင်းမွန်စွာ နေထိုင်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အလားတူ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်မှာတော့ ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်များအတွင်း PDF အဖွဲ့ကိုလည် ဥပဒေဘောင်အတွင်း ဝင်ရောက်ရန်ဖိတ်ဖော်ခဲ့ပြီး အဆိုပါ ဖိတ်ခေါ်ချက်ကြောင့် PDF ရာပေါင်းများစွာ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှာလည်း ကျွန်တော်တို့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တဲ့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းချက်ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ အခုကျွန်တော်တို့နိုင်ငံမှာ မကြာမီအချိန်အတွင်းမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ အမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင် နိုင်ဖို့ လက်ကမ်းကြိုဆိုပါကြောင်း အသိပေးအပ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အမေရိကန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံသားများအပေါ် TPS (Temporary Protected Status) ပေးထားခြင်း ရပ်ဆိုင်းမှုထုတ်ပြန်ချက်ကို ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်က ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန Department of Homeland Security နှင့် အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္၏ ျမန္မာႏိုင္ငံသားမ်ားအေပၚမွာ TPS ရပ္ဆိုင္းမႈ ထုတ္ျပန္ခ်က္သည္ အျပဳသေဘာေဆာင္သည္ဟု မွတ္ယူရၿပီး ျမန္မာႏိုင္ငံသားမ်ားျပန္လာရန္ႀကိဳဆို
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၆
အေမရိကန္၏ ျမန္မာႏိုင္ငံသားမ်ားအေပၚမွာ TPS ရပ္ဆိုင္းမႈ ထုတ္ျပန္ခ်က္သည္ အျပဳသေဘာေဆာင္သည္ဟုမွတ္ယူေၾကာင္းႏွင့္ ျမန္မာႏိုင္ငံသားမ်ားျပန္လာရန္ႀကိဳဆိုေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန႔္ေန႔(ႏိုဝင္ဘာ ၂၅ရက္) တြင္ အေမရိကန္ႏိုင္ငံအစိုးရ၏ ျမန္မာႏိုင္ငံသားမ်ားအေပၚ Temporary Protected Status (TPS) ေပးထားရာမွ ရပ္ဆိုင္းခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့မႈႏွင့္ပတ္သက္၍မီဒီယာမ်ား၏ ေမးျမန္းမႈအေပၚ အထက္ပါကဲ့သို႔ျပန္လည္ေျဖၾကားခဲ့ေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံအစိုးရ၏ ျမန္မာႏိုင္ငံသားမ်ားအေပၚ TPS (Temporary Protected Status) ေပးထားျခင္း ရပ္ဆိုင္းမႈထုတ္ျပန္ခ်က္သည္ ျမန္မာႏိုင္ငံ၏ အေျခအေနတိုးတက္လာမႈေၾကာင့္ဟုဆိုကာ ေျပာဆိုထားျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ဒါနဲ႔ ပတ္သက္ၿပီး ေလ့လာၾကည့္တဲ့အခါမွာ TPS ရပ္ဆိုင္းရတဲ့အေၾကာင္းရင္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနတိုးတက္လာမႈ ေၾကာင့္ဆိုတာကို ေျပာဆိုထားတာေတြ႕ရပါတယ္။ ဒီထဲမွာ ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ အေရးေပၚအေျခအေနက ႐ုပ္သိမ္းေပးခဲ့မႈ၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔ ေဆာင္႐ြက္ေနမႈ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားနဲ႔ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲၿပီး ၿငိမ္းခ်မ္းေရးေဆာင္႐ြက္ႏိုင္မႈ၊ ျမန္မာႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တည္ၿငိမ္လာမႈနဲ႔ တိုးတက္မႈတို႔ေၾကာင့္ TPS အခြင့္အေရးရထားတဲ့ ျမန္မာေတြအေနနဲ႔ ျမန္မာႏိုင္ငံကို လုံၿခဳံစြာ ျပန္ႏိုင္ၿပီျဖစ္ေၾကာင္း သုံးသပ္ၿပီး ရပ္ဆိုင္းခဲ့တယ္ဆိုတာကို သိရပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။
ျမန္မာအစိုးရအေနျဖင့္ အေမရိကန္အစိုးရ၏ ယင္းကဲ့သို႔ ထုတ္ျပန္ခ်က္အေပၚ အျပဳေဘာေဆာင္သည့္ ထုတ္ျပန္ခ်က္ျဖစ္ေၾကာင္း မွတ္ယူေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ဒါနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ အေမရိကန္အစိုးရရဲ႕ ဒီထုတ္ျပန္ခ်က္ဟာ အျပဳသေဘာေဆာင္တဲ့ ထုတ္ ျပန္ခ်က္ျဖစ္တယ္လို႔ မွတ္ယူပါတယ္။ အေမရိကန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသူ/ႏိုင္ငံသားမ်ားအေနနဲ႔ အမိႏိုင္ငံကို ျပန္လာလို႔ရပါတယ္။ ႀကိဳဆိုပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ ၂၀၂၁ခုႏွစ္၊ ဧၿပီလ ၂ရက္ကပင္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေဒသအသီးသီးသို႔ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ာကို နစကမွ တရားဝင္ေၾကညာခ်က္ထုတ္ျပန္ဖိတ္ေခၚခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“ကြၽန္ေတာ္တို႔အေနနဲ႔ ၂၀၂၁ ခုႏွစ္ ဧၿပီလ ၂ ရက္ကတည္းက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနရာေဒသအသီးသီးကို ေရာက္ရွိေနတဲ့ျမန္မာႏိုင္ငံသားမ်ားကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက တရားဝင္ေၾကညာခ်က္ထုတ္ၿပီး ဖိတ္ေခၚခဲ့ပါတယ္။ အဲဒီထဲမွာေတာ့ လူသတ္မႈ၊ မုဒိမ္းမႈ စတဲ့ ျပစ္မႈႀကီးမ်ား က်ဴးလြန္သူမ်ားကေတာ့ တရားဥပေဒအရ တရားရင္ဆိုင္ရမွာျဖစ္ၿပီး က်န္သူမ်ားကေတာ့ အထူးသက္ညႇာစြာ ေျဖေလွ်ာ့ေဆာင္႐ြက္ေပးသြားပါမယ္လို႔ ေၾကညာခ်က္မွာ ပါခဲ့ၿပီးျဖစ္ပါတယ္။ အဲဒီေၾကညာခ်က္ေၾကာင့္လည္း ထြက္ေျပးတိမ္းေရွာင္သူေတာ္ေတာ္မ်ားမ်ား ျပန္လည္ဝင္ေရာက္ခဲ့ပါတယ္။ သူတို႔အေနနဲ႔လည္း ကြၽန္ေတာ္တို႔ႏိုင္ငံအတြင္းမွာ ေကာင္းမြန္စြာ ေနထိုင္လ်က္ရွိပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
အလားတူ ၂၀၂၅ ခုႏွစ္ ဇူလိုင္လ ၄ ရက္မွာေတာ့ ျပည္ေထာင္စုအက်ိဳးအတြက္ ဖိတ္ေခၚခ်က္မ်ားအတြင္း PDF အဖြဲ႕ကိုလည္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္ရန္ဖိတ္ေဖာ္ခဲ့ၿပီး အဆိုပါ ဖိတ္ေခၚခ်က္ေၾကာင့္ PDF ရာေပါင္းမ်ားစြာ ဥပေဒေဘာင္အတြင္း ဝင္ေရာက္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
“၂၀၂၄ ခုႏွစ္ စက္တင္ဘာလ ၂၆ ရက္မွာလည္း ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ေ႐ြးေကာက္ပြဲက်င္းပေတာ့မွာျဖစ္တဲ့အတြက္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းရန္ ကမ္းလွမ္းခ်က္ထုတ္ျပန္ၿပီး ဖိတ္ေခၚခဲ့ပါတယ္။ အခုကြၽန္ေတာ္တို႔ႏိုင္ငံမွာ မၾကာမီအခ်ိန္အတြင္းမွာ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပေတာ့မွာျဖစ္ပါတယ္။ အေမရိကန္ေရာက္ျမန္မာႏိုင္ငံသားမ်ားအေနနဲ႔ ျမန္မာႏိုင္ငံကို ျပန္လာၿပီး အေထြေထြေ႐ြးေကာက္ပြဲမွာ မဲေပးႏိုင္ပါတယ္။ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံေတာ္တည္ေဆာက္ေရးမွာ ပါဝင္ ႏိုင္ဖို႔ လက္ကမ္းႀကိဳဆိုပါေၾကာင္း အသိေပးအပ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
အေမရိကန္ႏိုင္ငံအစိုးရ၏ ျမန္မာႏိုင္ငံသားမ်ားအေပၚ TPS (Temporary Protected Status) ေပးထားျခင္း ရပ္ဆိုင္းမႈထုတ္ျပန္ခ်က္ကို ယမန္ေန႔ ႏိုဝင္ဘာ ၂၅ ရက္က ျပည္တြင္းလုံၿခဳံေရးဝန္ႀကီးဌာန Department of Homeland Security ႏွင့္ အေမရိကန္ႏိုင္ငံသားႏွင့္ လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕က ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။