မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့က အလွန်အန္တရာယ်များတဲ့အခြေအနေမှာရှိနေတယ်လို့ တောင်ကိုရီးယား သမ္မတပြော

48

Pika (NP News) - နိုဝင်ဘာ ၂၆
မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားတို့ဟာ အချိန်မရွေးပဋိပက္ခဖြစ်ပွားလာနိုင်တဲ့ အလွန်အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တောင်ကိုရီးယားသမ္မတလီဂျေးမြောင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့ တောင်ကိုရီးယားအတွက်လည်း အလွန်အရေးကြီးတယ်လို့ လီဂျေးမြောင်က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ဆက်သွယ်မှုတွေလုပ်ဆောင်ဖို့ တောင်ကိုရီးယားရဲ့တောင်းဆိုမှုတွေကို ပြန်လည်တုံ့ပြန်ဖို့ ငြင်းဆိုနေပြီး နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာနယ်စပ်တစ်လျှောက်မှာ သံဆူးကြိုးတွေကာထားတာမျိုးကို လုပ်ဆောင်နေတယ်လို့ လီဂျေးမြောင်က ပြောကြားခဲ့ပါတယ်။
လီဂျေးမြောင် က “ကိုရီးယားနှစ်နိုင်ငံကြားဆက်ဆံရေးဟာ အရမ်းကိုဆိုးရွားတဲ့အခြေအနေမှာရှိနေပြီး အခြေခံ ယုံကြည်မှုအဆင့်မှာတောင် ရှိမနေပါဘူး။ မြောက်ကိုရီးယားဟာ သူတို့ရဲ့အရမ်းကို အစွန်းရောက်တဲ့ အပြုအမူ အချို့ကိုပြသနေပါတယ်” လို့ ပြောခဲ့ပါတယ်။ နှစ်နိုင်ငံကြားနယ်စပ်တစ်လျှောက် ပဋိပက္ခတွေဖြစ်ပွားလာမှာကို တားဆီးဖို့အတွက် စစ်ရေးနယ်နိမိတ်မျဉ်းတစ်လျှောက် ရှင်းလင်းတဲ့နယ်နိမိတ်တစ်ခုရွေးဆွဲဖို့အတွက် ဆွေးနွေးမှု တွေလုပ်ဆောင်ဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားကို အဆိုပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ လီဂျေးမြောင်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း တောင်ကိုရီးယားဘက်ကအဆိုပြုချက်ကို မြောက်ကိုရီးယားက ချက်ချင်းပြန်လည်တုံ့ပြန်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားနဲ႔ေတာင္ကိုရီးယားတို႔က အလြန္အႏၲရာယ္မ်ားတဲ့အေျခအေနမွာရွိေနတယ္လို႔ ေတာင္ကိုရီးယား သမၼတေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၆
ေျမာက္ကိုရီးယားနဲ႔ေတာင္ကိုရီးယားတို႔ဟာ အခ်ိန္မေ႐ြးပဋိပကၡျဖစ္ပြားလာႏိုင္တဲ့ အလြန္အႏၲရာယ္မ်ားတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ ေတာင္ကိုရီးယားသမၼတလီေဂ်းေျမာင္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြလုပ္ေဆာင္ဖို႔ ေတာင္ကိုရီးယားအတြက္လည္း အလြန္အေရးႀကီးတယ္လို႔ လီေဂ်းေျမာင္က ေျပာၾကားခဲ့ပါတယ္။
ေျမာက္ကိုရီးယားဟာ ဆက္သြယ္မႈေတြလုပ္ေဆာင္ဖို႔ ေတာင္ကိုရီးယားရဲ႕ေတာင္းဆိုမႈေတြကို ျပန္လည္တုံ႔ျပန္ဖို႔ ျငင္းဆိုေနၿပီး ႏွစ္ႏိုင္ငံၾကား စစ္ဘက္ဆိုင္ရာနယ္စပ္တစ္ေလွ်ာက္မွာ သံဆူးႀကိဳးေတြကာထားတာမ်ိဳးကို လုပ္ေဆာင္ေနတယ္လို႔ လီေဂ်းေျမာင္က ေျပာၾကားခဲ့ပါတယ္။
လီေဂ်းေျမာင္ က “ကိုရီးယားႏွစ္ႏိုင္ငံၾကားဆက္ဆံေရးဟာ အရမ္းကိုဆိုး႐ြားတဲ့အေျခအေနမွာရွိေနၿပီး အေျခခံ ယုံၾကည္မႈအဆင့္မွာေတာင္ ရွိမေနပါဘူး။ ေျမာက္ကိုရီးယားဟာ သူတို႔ရဲ႕အရမ္းကို အစြန္းေရာက္တဲ့ အျပဳအမူ အခ်ိဳ႕ကိုျပသေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ႏွစ္ႏိုင္ငံၾကားနယ္စပ္တစ္ေလွ်ာက္ ပဋိပကၡေတြျဖစ္ပြားလာမွာကို တားဆီးဖို႔အတြက္ စစ္ေရးနယ္နိမိတ္မ်ဥ္းတစ္ေလွ်ာက္ ရွင္းလင္းတဲ့နယ္နိမိတ္တစ္ခုေ႐ြးဆြဲဖို႔အတြက္ ေဆြးေႏြးမႈ ေတြလုပ္ေဆာင္ဖို႔ ေတာင္ကိုရီးယားက ေျမာက္ကိုရီးယားကို အဆိုျပဳခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ လီေဂ်းေျမာင္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ေတာင္ကိုရီးယားဘက္ကအဆိုျပဳခ်က္ကို ေျမာက္ကိုရီးယားက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။