အသက်(၁၆)နှစ်အောက်လူငယ်တွေအတွက် ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို ပိတ်ပင်ဖို့ မလေးရှားအစိုးရစီစဉ်နေ

 25

Pika (NP News) - နိုဝင်ဘာ ၂၆

မလေးရှားနိုင်ငံဟာ (၂၀၂၆)ခုနှစ်ကနေစတင်ပြီး အသက်(၁၆)နှစ်အောက်လူငယ်တွေအတွက် ဆိုရှယ်မီဒီယာ အကောင့်တွေကို တားမြစ်ပိတ်ပင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
လူငယ်တွေကို ဆိုက်ဘာအနိုင်ကျင့်မှု၊ လိမ်လည်မှု နဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေလိုမျိုး အွန်လိုင်းအန္တရာယ် ကနေ ကာကွယ်ဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အဲဒီလှုပ်ရှားမှုကို မလေးရှားအစိုးရအဖွဲ့က အတည်ပြုခဲ့တယ်လို့ ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မလေးရှားအစိုးရဟာ ဩစတြေးလျနဲ့အခြားနိုင်ငံတွေက လုပ်ဆောင်သလိုမျိုး အသုံးပြုသူတွေရဲ့အသက်ကို အတည်ပြုဖို့ မှတ်ပုံတင်တွေ ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်တွေကို အီလက်ထရွန်းနစ်စစ်ဆေးမှု‌တွေရဲ့ အသုံးပြုပုံ တွေကို လေ့လာနေတယ်လို့လည်း Fahmi Fadzil က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီတားမြစ်ချက်ကို ဘယ်အချိန်မှာ ပြဌာန်းမလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ Fahmi Fadzil က ထုတ်ဖော်ပြောဆိုခဲ့ တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
Fahmi Fadzil က “အစိုးရ၊စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ မိဘတွေအားလုံးဟာ သူတို့ရဲ့လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို တိတိကျကျ ပါဝင်ဆောင်ရွက်မယ်ဆိုရင် မလေးရှားမှာရှိတဲ့အင်တာနက်ဟာ မြန်ဆန်ရုံသာမက ကလေးတွေနဲ့မိသားစုတွေအတွက် ဘေးကင်းသွားမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အသက္(၁၆)ႏွစ္ေအာက္လူငယ္ေတြအတြက္ ဆိုရွယ္မီဒီယာအသုံးျပဳခြင့္ကို ပိတ္ပင္ဖို႔ မေလးရွားအစိုးရစီစဥ္ေန
Pika (NP News) - ႏိုဝင္ဘာ ၂၆
မေလးရွားႏိုင္ငံဟာ (၂၀၂၆)ခုႏွစ္ကေနစတင္ၿပီး အသက္(၁၆)ႏွစ္ေအာက္လူငယ္ေတြအတြက္ ဆိုရွယ္မီဒီယာ အေကာင့္ေတြကို တားျမစ္ပိတ္ပင္ဖို႔စီစဥ္ေနတယ္လို႔ သိရပါတယ္။
လူငယ္ေတြကို ဆိုက္ဘာအႏိုင္က်င့္မႈ၊ လိမ္လည္မႈ နဲ႔ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈေတြလိုမ်ိဳး အြန္လိုင္းအႏၲရာယ္ ကေန ကာကြယ္ဖို႔အတြက္ ပိုမိုက်ယ္ျပန႔္တဲ့ႀကိဳးပမ္းမႈရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ အဲဒီလႈပ္ရွားမႈကို မေလးရွားအစိုးရအဖြဲ႕က အတည္ျပဳခဲ့တယ္လို႔ ဆက္သြယ္ေရးဝန္ႀကီး Fahmi Fadzil က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ မေလးရွားအစိုးရဟာ ဩစေၾတးလ်နဲ႔အျခားႏိုင္ငံေတြက လုပ္ေဆာင္သလိုမ်ိဳး အသုံးျပဳသူေတြရဲ႕အသက္ကို အတည္ျပဳဖို႔ မွတ္ပုံတင္ေတြ ဒါမွမဟုတ္ ႏိုင္ငံကူးလက္မွတ္ေတြကို အီလက္ထ႐ြန္းနစ္စစ္ေဆးမႈ‌ေတြရဲ႕ အသုံးျပဳပုံ ေတြကို ေလ့လာေနတယ္လို႔လည္း Fahmi Fadzil က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီတားျမစ္ခ်က္ကို ဘယ္အခ်ိန္မွာ ျပဌာန္းမလဲဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ Fahmi Fadzil က ထုတ္ေဖာ္ေျပာဆိုခဲ့ တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
Fahmi Fadzil က “အစိုးရ၊စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ေတြနဲ႔ မိဘေတြအားလုံးဟာ သူတို႔ရဲ႕လုပ္ေဆာင္ရမယ့္ အခန္းက႑ကို တိတိက်က် ပါဝင္ေဆာင္႐ြက္မယ္ဆိုရင္ မေလးရွားမွာရွိတဲ့အင္တာနက္ဟာ ျမန္ဆန္႐ုံသာမက ကေလးေတြနဲ႔မိသားစုေတြအတြက္ ေဘးကင္းသြားမယ္ဆိုတာကို ကြၽန္ေတာ္ယုံၾကည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.