လာမည့်ဘဏ္ဍာနှစ်တွင် နေကြာဧက (၆)သိန်းခွဲကျော် တိုးချဲ့စိုက်ပျိုးမည်

 57

Pearl (NP News) - နိုဝင်ဘာလ ၂၆

နေကြာသီးနှံကို (၂၀၂၆-၂၀၂၇)ဘဏ္ဍာနှစ်တွင် ဧက(၆)သိန်းခွဲကျော် တိုးချဲ့စိုက်ပျိုးမည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ NP News မှဆက်သွယ် မေးမြန်းထားချက်များအရသိရသည်။ ပြည်ပတင်ပို့မှုနည်းပြီး ဆီထွက်ရှိမှုမြင့်မားသည့် နေကြာသီးနှံကို လာမည့်(၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်တွင် (၆၅၉၃၇၈) ဧက တိုးချဲ့စိုက်ပျိုးရန် လျာထားချက်ရေးဆွဲထားကြောင်း သိရသည်။
"အစေ့အဆန်ကို ပြည်ပတင်ပို့မှုနည်းပါးပြီး တစ်တင်းဆီထွက်ရှိမှုမြင့်မားတဲ့၊ ကျန်းမာရေးအတွက်သင့်တော်တဲ့စားသုံးဆီကိုထုတ်လုပ်ပေးနိုင်တဲ့ နေကြာသီးနှံတစ်မျိုးတည်းကိုပဲ လာမယ့် (၂၀၂၆-၂၀၂၇) ခုနှစ်မှာ (၆၅၉,၃၇၈)ဧက တိုးချဲ့စိုက်ပျိုးဖို့ လျာထားချက်ရေးဆွဲထားပါတယ်။ တိုးချဲ့စိုက်ပျိုးခြင်းကို နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန် နှင့် ဧရာဝတီတိုင်းဒေသကြီးတွေမှာရှိတဲ့ မိုးစပါးစိုက်ပြီး တခြားသီးနှံစိုက်ပျိုးခြင်းမရှိတဲ့ဧရိယာတွေမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
ထို့ပြင် ပြည်တွင်းဆီလုံလောက်မှုအတွက် စိုက်ပျိုးမြေဧရိယာတိုးချဲ့ခြင်းကို တတ်နိုင်သမျှ သတိထားဆောင်ရွက်မည်ဖြစ်ပြီး ဆီထွက်သီးနှံဧရိယာ တိုးချဲ့ခြင်းအားဖြင့် အခြားသီးနှံများ၏ စိုက်ဧကများ လျော့နည်းသွင်းခြင်းမဖြစ်စေရန်အတွက်ပါ သတိထားဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း သိရသည်။
အလားတူ ဝန်ကြီးဌာနအနေဖြင့် တစ်ဧကထွက်ရှိသည့် သီးနှံအထွက်တိုးရန်အတွက် လိုအပ်သောနည်းလမ်း(၄)ခု (မျိုး၊ မြေ၊ ရေ၊ နည်း) တွင် တောင်သူများ လက်လှမ်းမီစေရန်၊ မျိုးကောင်း မျိုးသန့်အသုံးပြုနိုင်ရေးအတွက် တောင်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် မျိုးစေ့ထုတ်လုပ်ခြင်း၊ မျိုးထိန်းခြင်းလုပ်ငန်းများကို ဌာနကဦးဆောင်ပြီး ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ပေးလျက်ရှိ ကြောင်းသိရသည်။
ထို့ပြင် မြေဆီလွှာထိန်းသိမ်းရေး လုပ်ငန်းများ၊ စိုက်ပျိုးမြေ အာဟာရပြည့်ဝရေးလုပ်ငန်းများ၊ သီးနှံစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အချိန်မီ ထွန်ယက်ပြီးစီးနိုင်ရန် ရေလိုအပ်ချိန်၌ ရေပေးသွင်းနိုင်ရန် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်မှတစ်ဆင့် ချေး ငွေအစား သွင်းအား စုပံ့ပိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
လာမည့္ဘ႑ာႏွစ္တြင္ ေနၾကာဧက (၆)သိန္းခြဲေက်ာ္ တိုးခ်ဲ႕စိုက္ပ်ိဳးမည္
Pearl (NP News) - ႏိုဝင္ဘာလ ၂၆
ေနၾကာသီးႏွံကို (၂၀၂၆-၂၀၂၇)ဘ႑ာႏွစ္တြင္ ဧက(၆)သိန္းခြဲေက်ာ္ တိုးခ်ဲ႕စိုက္ပ်ိဳးမည္ျဖစ္ ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနထံ NP News မွဆက္သြယ္ ေမးျမန္းထားခ်က္မ်ားအရသိရသည္။ ျပည္ပတင္ပို႔မႈနည္းၿပီး ဆီထြက္ရွိမႈျမင့္မားသည့္ ေနၾကာသီးႏွံကို လာမည့္(၂၀၂၆-၂၀၂၇) ဘ႑ာႏွစ္တြင္ (၆၅၉၃၇၈) ဧက တိုးခ်ဲ႕စိုက္ပ်ိဳးရန္ လ်ာထားခ်က္ေရးဆြဲထားေၾကာင္း သိရသည္။
"အေစ့အဆန္ကို ျပည္ပတင္ပို႔မႈနည္းပါးၿပီး တစ္တင္းဆီထြက္ရွိမႈျမင့္မားတဲ့၊ က်န္းမာေရးအတြက္သင့္ေတာ္တဲ့စားသုံးဆီကိုထုတ္လုပ္ေပးႏိုင္တဲ့ ေနၾကာသီးႏွံတစ္မ်ိဳးတည္းကိုပဲ လာမယ့္ (၂၀၂၆-၂၀၂၇) ခုႏွစ္မွာ (၆၅၉,၃၇၈)ဧက တိုးခ်ဲ႕စိုက္ပ်ိဳးဖို႔ လ်ာထားခ်က္ေရးဆြဲထားပါတယ္။ တိုးခ်ဲ႕စိုက္ပ်ိဳးျခင္းကို ေနျပည္ေတာ္၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြး တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ရန္ကုန္ ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးေတြမွာရွိတဲ့ မိုးစပါးစိုက္ၿပီး တျခားသီးႏွံစိုက္ပ်ိဳးျခင္းမရွိတဲ့ဧရိယာေတြမွာ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္" ဟု စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ထို႔ျပင္ ျပည္တြင္းဆီလုံေလာက္မႈအတြက္ စိုက္ပ်ိဳးေျမဧရိယာတိုးခ်ဲ႕ျခင္းကို တတ္ႏိုင္သမွ် သတိထားေဆာင္႐ြက္မည္ျဖစ္ၿပီး ဆီထြက္သီးႏွံဧရိယာ တိုးခ်ဲ႕ျခင္းအားျဖင့္ အျခားသီးႏွံမ်ား၏ စိုက္ဧကမ်ား ေလ်ာ့နည္းသြင္းျခင္းမျဖစ္ေစရန္အတြက္ပါ သတိထားေဆာင္႐ြက္ရန္လိုအပ္ေၾကာင္းလည္း သိရသည္။
အလားတူ ဝန္ႀကီးဌာနအေနျဖင့္ တစ္ဧကထြက္ရွိသည့္ သီးႏွံအထြက္တိုးရန္အတြက္ လိုအပ္ေသာနည္းလမ္း(၄)ခု (မ်ိဳး၊ ေျမ၊ ေရ၊ နည္း) တြင္ ေတာင္သူမ်ား လက္လွမ္းမီေစရန္၊ မ်ိဳးေကာင္း မ်ိဳးသန႔္အသုံးျပဳႏိုင္ေရးအတြက္ ေတာင္သူမ်ား ကိုယ္တိုင္ပါဝင္ေဆာင္႐ြက္သည့္ မ်ိဳးေစ့ထုတ္လုပ္ျခင္း၊ မ်ိဳးထိန္းျခင္းလုပ္ငန္းမ်ားကို ဌာနကဦးေဆာင္ၿပီး ပုဂၢလိကအဖြဲ႕အစည္းမ်ား၊ ကုမၸဏီမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ားကို ျပဳလုပ္ေပးလ်က္ရွိ ေၾကာင္းသိရသည္။
ထို႔ျပင္ ေျမဆီလႊာထိန္းသိမ္းေရး လုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေျမ အာဟာရျပည့္ဝေရးလုပ္ငန္းမ်ား၊ သီးႏွံစိုက္ပ်ိဳးရာတြင္ ေတာင္သူမ်ားအေနျဖင့္ ပညာေပးလုပ္ငန္းမ်ားေဆာင္႐ြက္ျခင္း၊ အခ်ိန္မီ ထြန္ယက္ၿပီးစီးႏိုင္ရန္ ေရလိုအပ္ခ်ိန္၌ ေရေပးသြင္းႏိုင္ရန္ ဆက္စပ္ဌာနမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္း၊ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးအစီအစဥ္မွတစ္ဆင့္ ေခ်း ေငြအစား သြင္းအား စုပံ့ပိုးျခင္းလုပ္ငန္းမ်ားကိုေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.