မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲပေါင်း (၄၆၉၃) တွဲ ရောင်းချနိုင်ခဲ့

101

ပြည့်ဖြိုး (NP News) နိုဝင်ဘာ ၂၇
လက်ရှိ ကျင်းပပြီးစီးခဲ့သည့် (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်း အတွဲပေါင်း (၄၆၉၃) တွဲ ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ သိရသည်။
အဆိုပါ ပြပွဲမှာ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၁၀ ရက်ကြာ ခင်းကျင်းပြသရောင်းချခဲ့ခြင်းဖြစ်ပြီး ပြပွဲ၌ ပုလဲအတွဲပေါင်း (၄၈၉)တွဲ အနက် (၄၄၃)တွဲ၊ ကျောက်မျက်အတွဲပေါင်း(၁၆၀) အနက် (၆၇)တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျောက်စိမ်းအတွဲ အုပ်စု(A နှင့် B)တို့မှာ အတွဲပေါင်း (၂၉၀၀)အနက် (၂၁၁၀)တွဲနှင့် အုပ်စု (C) မှ ကျောက်စိမ်းအတွဲပေါင်း (၂၁၈၅)တွဲ အနက် (၂၀၇၃) တွဲ၊ စုစုပေါင်း ကျောက်စိမ်းအတွဲ (၄၁၈၃)တွဲ ရောင်း ချခဲ့ရကြောင်း သိရသည်။
(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိနိုင်စေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုနိုင်ရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲတြင္ ပုလဲ၊ ေက်ာက္မ်က္ႏွင့္ ေက်ာက္စိမ္း အတြဲေပါင္း (၄၆၉၃) တြဲ ေရာင္းခ်ႏိုင္ခဲ့
ျပည့္ၿဖိဳး (NP News) ႏိုဝင္ဘာ ၂၇
လက္ရွိ က်င္းပၿပီးစီးခဲ့သည့္ (၆၀) ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲတြင္ ပုလဲ၊ ေက်ာက္မ်က္ႏွင့္ ေက်ာက္စိမ္း အတြဲေပါင္း (၄၆၉၃) တြဲ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ဗဟိုေကာ္မတီမွ သိရသည္။
အဆိုပါ ျပပြဲမွာ ေနျပည္ေတာ္ မဏိရတနာေက်ာက္စိမ္းခန္းမ၌ ႏိုဝင္ဘာလ ၁၇ ရက္ေန႔မွ ၂၆ ရက္ေန႔အထိ ၁၀ ရက္ၾကာ ခင္းက်င္းျပသေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး ျပပြဲ၌ ပုလဲအတြဲေပါင္း (၄၈၉)တြဲ အနက္ (၄၄၃)တြဲ၊ ေက်ာက္မ်က္အတြဲေပါင္း(၁၆၀) အနက္ (၆၇)တြဲ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ေက်ာက္စိမ္းအတြဲ အုပ္စု(A ႏွင့္ B)တို႔မွာ အတြဲေပါင္း (၂၉၀၀)အနက္ (၂၁၁၀)တြဲႏွင့္ အုပ္စု (C) မွ ေက်ာက္စိမ္းအတြဲေပါင္း (၂၁၈၅)တြဲ အနက္ (၂၀၇၃) တြဲ၊ စုစုေပါင္း ေက်ာက္စိမ္းအတြဲ (၄၁၈၃)တြဲ ေရာင္း ခ်ခဲ့ရေၾကာင္း သိရသည္။
(၆၀)ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ႏိုင္ငံျခားဝင္ေငြရွာေဖြေပးႏိုင္ရန္၊ ႏိုင္ငံသားမ်ားအတြက္ စီးပြားေရးအက်ိဳးျဖစ္ထြန္းမႈမ်ားရရွိႏိုင္ေစရန္ႏွင့္ ႏိုင္ငံစီးပြားဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ အေထာက္အကူျပဳႏိုင္ရန္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲဗဟိုေကာ္မတီ၏ စီစဥ္မႈျဖင့္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။