ယခင် NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်တိုးအပါဝင် ပုဒ်မ ၅၀၅-က ဖြင့် ရန်ကုန်အင်းစိန်ထောင်တွင်အကျဉ်းကျခံနေရသူ (၁၉၂)ဦး အပါအဝင် အကျဉ်းသား (၃၀၀၀)ကျော် ယနေ့ ပြန်လည်လွတ်မြောက်

242

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၇
ယခင် NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်တိုးအပါဝင် ပုဒ်မ ၅၀၅-က ဖြင့် ရန်ကုန်အင်းစိန်ထောင်တွင်အကျဉ်းကျခံနေရသူ (၁၉၂) ဦးယနေ့ (နိုဝင်ဘာ ၂၇ ရက်)၊ နံနက် ၁၀ နာရီကျော်ဝန်းကျင်အချိန်ခန့်က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
“အားလုံးပေါင်း (၁၉၂) ယောက်လွတ်တယ်။ အမျိုးသမီးက (၇၈) ယောက်လွတ်တယ်။ အမျိုးသားက (၂) စီး၊ မိန်းကလေးက (၃) စီးပါ တယ် ”ဟု သိရှိသူတစ်ဦးက NP News ကိုပြောသည်။
NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်တိုးသည် ပြီးခဲသည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်၊ ညပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းနှင့်အတူ သတင်းသမားအချို့လည်း ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံမှ သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ရာဇသက်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၃၀၈၅) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်းနှင့် ရာဇသက်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် (၅၅၈၀) ဦးအား အမှုပိတ်သိမ်းပေးကြောင်းကို ယမန်နေ့ (နိုဝင်ဘာ ၂၆) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် ယနေ့ (နိုဝင်ဘာ ၂၇) ရက်တွင် တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာအကျဉ်းထောင်အသီးသီးမှ ပုဒ်မ ၅၀၅-က ဖြင့် အကျဉ်းကျခံနေရသည့် အကျဉ်းသူ/သား စုစုပေါင်း (၃၀၈၅) ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း သိရသည်။

Zawgyi Version:
ယခင္ NLD ဗဟိုျပန္ၾကားေရး အဖြဲ႕ဝင္ ဦးၾကည္တိုးအပါဝင္ ပုဒ္မ ၅၀၅-က ျဖင့္ ရန္ကုန္အင္းစိန္ေထာင္တြင္အက်ဥ္းက်ခံေနရသူ (၁၉၂)ဦး အပါအဝင္ အက်ဥ္းသား (၃၀၀၀)ေက်ာ္ ယေန႔ ျပန္လည္လြတ္ေျမာက္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၇
ယခင္ NLD ဗဟိုျပန္ၾကားေရး အဖြဲ႕ဝင္ ဦးၾကည္တိုးအပါဝင္ ပုဒ္မ ၅၀၅-က ျဖင့္ ရန္ကုန္အင္းစိန္ေထာင္တြင္အက်ဥ္းက်ခံေနရသူ (၁၉၂) ဦးယေန႔ (ႏိုဝင္ဘာ ၂၇ ရက္)၊ နံနက္ ၁၀ နာရီေက်ာ္ဝန္းက်င္အခ်ိန္ခန႔္က ျပန္လည္လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။
“အားလုံးေပါင္း (၁၉၂) ေယာက္လြတ္တယ္။ အမ်ိဳးသမီးက (၇၈) ေယာက္လြတ္တယ္။ အမ်ိဳးသားက (၂) စီး၊ မိန္းကေလးက (၃) စီးပါ တယ္ ”ဟု သိရွိသူတစ္ဦးက NP News ကိုေျပာသည္။
NLD ဗဟိုျပန္ၾကားေရး အဖြဲ႕ဝင္ ဦးၾကည္တိုးသည္ ၿပီးခဲသည့္ ၂၀၂၁ ခုႏွစ္၊ မတ္လ ၁၈ ရက္၊ ညပိုင္းက ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး လက္ရွိတြင္ ၎ႏွင့္အတူ သတင္းသမားအခ်ိဳ႕လည္း ျပန္လည္လြတ္ေျမာက္လာေၾကာင္း နီးစပ္သူမ်ားထံမွ သိရသည္။
အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီသည္ ရာဇသက္ႀကီး ပုဒ္မ ၅၀၅-က ျဖင့္ ျပစ္ဒဏ္က်ခံေနရသူ (၃၀၈၅) ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးေၾကာင္းႏွင့္ ရာဇသက္ႀကီးပုဒ္မ ၅၀၅(က)ျဖင့္ တရားစြဲဆိုခံထားရသည့္ (၅၅၈၀) ဦးအား အမႈပိတ္သိမ္းေပးေၾကာင္းကို ယမန္ေန႔ (ႏိုဝင္ဘာ ၂၆) ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
ထို႔ေၾကာင့္ ယေန႔ (ႏိုဝင္ဘာ ၂၇) ရက္တြင္ တစ္ႏိုင္ငံလုံးရွိ သက္ဆိုင္ရာအက်ဥ္းေထာင္အသီးသီးမွ ပုဒ္မ ၅၀၅-က ျဖင့္ အက်ဥ္းက်ခံေနရသည့္ အက်ဥ္းသူ/သား စုစုေပါင္း (၃၀၈၅) ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳခဲ့ေၾကာင္း သိရသည္။