ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် ခင်ပွန်းဖြစ်သူတို့ ပြန်လည်လွတ်မြောက်

624
Pearl (NP News) - နိုဝင်ဘာ ၂၇
PDF အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးဒေါက်တာ မြမြမွှေးနှင့် ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင်တို့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။
၎င်းတို့ကို ယမန်နေ့ (နိုဝင်ဘာလ၂၇ရက်) ညပိုင်းက ပခုက္ကူ-ရေစကြိုကားလမ်းအကြားရှိ တောတွင်းတစ်နေရာတွင် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းအုပ်ကြီးဒေါက်တာ မြမြမွှေး နှင့် ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင်တို့အပါအဝင် မော်ကွန်းထိန်း ဦးသန်းလွင်နှင့် ၎င်း၏ တူဖြစ်သူ ကိုမင်းကိုချစ်တို့ (၄)ဦးအား PDFအဖွဲ့ မှ ပြီးခဲ့သည့် နိုဝင်ဘာ လ(၁၈)ရက်နေ့က ဖမ်း ဆီးခေါ် ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဦးသန်းလွင်နှင့် မင်းကိုချစ်တို့ မှာ နိုဝင်ဘာ လ ၁၉ရက် ညနေ ၅နာရီအချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက် ကျောင်းအုပ်ကြီးနှင့် ခင်ပွန်းတို့ထပ်မံ လွတ်မြောက်လာခြင်းဖြစ် ကြောင်းသိရသည်။
Zawgyi Version:
ပခုကၠဴနည္းပညာတကၠသိုလ္ ေက်ာင္းအုပ္ႀကီး ႏွင့္ ခင္ပြန္းျဖစ္သူတို႔ ျပန္လည္လြတ္ေျမာက္
Pearl (NP News) - ႏိုဝင္ဘာ ၂၇
PDF အဖြဲ၏ ဖမ္းဆီးေခၚေဆာင္သြားျခင္းခံခဲ့ရေသာ ပခုကၠဴနည္းပညာတကၠသိုလ္ ေက်ာင္းအုပ္ႀကီးေဒါက္တာ ျမျမေမႊးႏွင့္ ခင္ပြန္းျဖစ္သူ ဦးသက္ကိုေမာင္တို႔ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
၎တို႔ကို ယမန္ေန႔ (ႏိုဝင္ဘာလ၂၇ရက္) ညပိုင္းက ပခုကၠဴ-ေရစႀကိဳကားလမ္းအၾကားရွိ ေတာတြင္းတစ္ေနရာတြင္ လႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေက်ာင္းအုပ္ႀကီးေဒါက္တာ ျမျမေမႊး ႏွင့္ ခင္ပြန္းျဖစ္သူ ဦးသက္ကိုေမာင္တို႔အပါအဝင္ ေမာ္ကြန္းထိန္း ဦးသန္းလြင္ႏွင့္ ၎၏ တူျဖစ္သူ ကိုမင္းကိုခ်စ္တို႔ (၄)ဦးအား PDFအဖြဲ႕ မွ ၿပီးခဲ့သည့္ ႏိုဝင္ဘာ လ(၁၈)ရက္ေန႔က ဖမ္း ဆီးေခၚ ေဆာင္သြားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ ဦးသန္းလြင္ႏွင့္ မင္းကိုခ်စ္တို႔ မွာ ႏိုဝင္ဘာ လ ၁၉ရက္ ညေန ၅နာရီအခ်ိန္တြင္ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီး ေနာက္ ေက်ာင္းအုပ္ႀကီးႏွင့္ ခင္ပြန္းတို႔ထပ္မံ လြတ္ေျမာက္လာျခင္းျဖစ္ ေၾကာင္းသိရသည္။