ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၁၃)ဦးသေဆုံးပြီး အခြားလူ(၂)သန်းနီးပါး ဘေးလွတ်ကင်းရာကိုရွှေ့ပြောင်း

293
Pika(NP News)-နိုဝင်ဘာ ၂၇
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရက်ပေါင်းများစွာကြာအောင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ အနည်းဆုံးလူ(၁၃)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂)သန်းနီးပါး ဘေးလွတ်ကင်းရာကိုရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနရဲ့ အဆိုအရ ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်(၁၀)ခုမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီး အချို့နေရာတွေမှာ ရေမျက်နှာပြင်က (၂)မီတာလောက်အထိ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ Songkhlaပြည်နယ် Hat Yaiမြို့မှာ တစ်ရက်အတွင်း မိုးရေချိန်(၃၃၅)မီလီမီတာ စံချိန်တင်ရွာသွန်းခဲ့ပြီး လေ့လာစောင့်ကြည့်မှုတွေအရ နှစ်ပေါင်း(၃၀၀)အတွင်း မိုးရေချိန်အမြင့်ဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် နိုင်ငံခြားခရီးသွား(၇၀၀၀)ခန့်ဟာ Hat Yaiမြို့မှာ ပိတ်မိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် နေရာအတော်များများမှာ မိုဘိုင်းကွန်ရက်တွေနဲ့ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၁၃)ဦးေသဆုံးၿပီး အျခားလူ(၂)သန္းနီးပါး ေဘးလြတ္ကင္းရာကိုေ႐ႊ႕ေျပာင္း
Pika(NP News)-ႏိုဝင္ဘာ ၂၇
ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ ရက္ေပါင္းမ်ားစြာၾကာေအာင္ မုတ္သုံမိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ အနည္းဆုံးလူ(၁၃)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၂)သန္းနီးပါး ေဘးလြတ္ကင္းရာကိုေ႐ႊ႕ေျပာင္းခဲ့ရတယ္လို႔ ေဒသတြင္းမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။သဘာဝေဘးအႏၲရာယ္ကာကြယ္ေရးနဲ႔ ေလ်ာ့ပါးေရးဌာနရဲ႕ အဆိုအရ ထိုင္းႏိုင္ငံေတာင္ပိုင္းျပည္နယ္(၁၀)ခုမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြျဖစ္ပြားခဲ့ၿပီး အခ်ိဳ႕ေနရာေတြမွာ ေရမ်က္ႏွာျပင္က (၂)မီတာေလာက္အထိ ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ Songkhlaျပည္နယ္ Hat Yaiၿမိဳ႕မွာ တစ္ရက္အတြင္း မိုးေရခ်ိန္(၃၃၅)မီလီမီတာ စံခ်ိန္တင္႐ြာသြန္းခဲ့ၿပီး ေလ့လာေစာင့္ၾကည့္မႈေတြအရ ႏွစ္ေပါင္း(၃၀၀)အတြင္း မိုးေရခ်ိန္အျမင့္ဆုံးျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ႏိုင္ငံျခားခရီးသြား(၇၀၀၀)ခန႔္ဟာ Hat Yaiၿမိဳ႕မွာ ပိတ္မိေနတယ္လို႔လည္း သတင္းေတြထြက္ေပၚလ်က္ရွိပါတယ္။ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ ေနရာအေတာ္မ်ားမ်ားမွာ မိုဘိုင္းကြန္ရက္ေတြနဲ႔ လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မႈေတြကို ႀကဳံေတြ႕ခဲ့ရတယ္လို႔လည္း သိရပါတယ္။