ဗင်နီဇွဲလားသမ္မတနဲ့ စကားပြောဖို့ ဒေါ်နယ်ထရမ့် အဆင့်သင့်ဖြစ်နေပြီဟုဆို

 122

Pika(NP News)-နိုဝင်ဘာ ၂၇
ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စီစဉ်ထားတယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောဆိုချက်တွေကိုကိုးကားပြီး Axiosသတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။အမေရိကန်အစိုးရက နီကိုလက်စ်မာဒူရိုကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲအဖြစ် သတ်မှတ်ဖို့ လုပ်ဆောင်နေချိန်မှာပဲ ယခုလိုသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ Axiosသတင်းစာရဲ့အဆိုအရ ဒေါ်နယ်ထရမ့်ရဲ့ လှုပ်ရှားမှုဟာ ဗင်နီဇွဲလားအပေါ် လုပ်ဆောင်နေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး ဒုံးကျည်တိုက်ခိုက်မှုတွေ ဒါမှမဟုတ် မြေပြင်စစ်ဆင်ရေးတွေက မကြာခင်အချိန်အတွင်း ဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတာကို ညွှန်ပြနေတာမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်အရာရှိတစ်ဦးက”ဘယ်သူကမှ နီကိုလက်စ်မာဒူရိုကို ပစ်သတ်ဖို့ ဒါမှမဟုတ် ဖမ်းဆီးဖို့ အစီအစဉ်မရှိပါဘူး။လက်ရှိအချိန်မှာတော့ အဲ့ဒီလိုမျိုးလုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ဒါပေမယ့်လည်း မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ သင်္ဘောတွေကိုတော့ ကျွန်တော်တို့ ဆက်လက်ဖောက်ခွဲဖျက်ဆီးသွားမှာပါ။မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုကို ရပ်တန့်သွားအောင် ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ လာမယ့်ရက်ပိုင်းအတွင်း ဗင်နီဇွဲလားနဲ့ဆက်စပ်တဲ့ စစ်ဆင်ရေးတွေရဲ့ အဆင့်သစ်တစ်ခုကိုစတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန်အရာရှိတွေက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုသတင်းတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားသမၼတနဲ႔ စကားေျပာဖို႔ ေဒၚနယ္ထရမ့္ အဆင့္သင့္ျဖစ္ေနၿပီဟုဆို
Pika(NP News)-ႏိုဝင္ဘာ ၂၇
ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုနဲ႔ တိုက္႐ိုက္ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က စီစဥ္ထားတယ္လို႔ အေမရိကန္အရာရွိေတြရဲ႕ ေျပာဆိုခ်က္ေတြကိုကိုးကားၿပီး Axiosသတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။အေမရိကန္အစိုးရက နီကိုလက္စ္မာဒူ႐ိုကို အၾကမ္းဖက္အဖြဲ႕အစည္းတစ္ခုရဲ႕ အႀကီးအကဲအျဖစ္ သတ္မွတ္ဖို႔ လုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုသတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ Axiosသတင္းစာရဲ႕အဆိုအရ ေဒၚနယ္ထရမ့္ရဲ႕ လႈပ္ရွားမႈဟာ ဗင္နီဇြဲလားအေပၚ လုပ္ေဆာင္ေနတဲ့ အေမရိကန္ရဲ႕ စစ္ဆင္ေရးေတြနဲ႔ပတ္သက္ၿပီး ဒုံးက်ည္တိုက္ခိုက္မႈေတြ ဒါမွမဟုတ္ ေျမျပင္စစ္ဆင္ေရးေတြက မၾကာခင္အခ်ိန္အတြင္း ျဖစ္လာႏိုင္မွာမဟုတ္ဘူးဆိုတာကို ၫႊန္ျပေနတာမ်ိဳးျဖစ္တယ္လို႔လည္း သိရပါတယ္။ အေမရိကန္အရာရွိတစ္ဦးက”ဘယ္သူကမွ နီကိုလက္စ္မာဒူ႐ိုကို ပစ္သတ္ဖို႔ ဒါမွမဟုတ္ ဖမ္းဆီးဖို႔ အစီအစဥ္မရွိပါဘူး။လက္ရွိအခ်ိန္မွာေတာ့ အဲ့ဒီလိုမ်ိဳးလုပ္ဖို႔ အစီအစဥ္မရွိေသးပါဘူး။ဒါေပမယ့္လည္း မူးယစ္ေဆးဝါးသယ္ေဆာင္လာတဲ့ သေဘၤာေတြကိုေတာ့ ကြၽန္ေတာ္တို႔ ဆက္လက္ေဖာက္ခြဲဖ်က္ဆီးသြားမွာပါ။မူးယစ္ေဆးဝါးကူးသန္းေရာင္းဝယ္မႈကို ရပ္တန႔္သြားေအာင္ ကြၽန္ေတာ္တို႔လုပ္ေဆာင္သြားမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။အေမရိကန္ႏိုင္ငံဟာ လာမယ့္ရက္ပိုင္းအတြင္း ဗင္နီဇြဲလားနဲ႔ဆက္စပ္တဲ့ စစ္ဆင္ေရးေတြရဲ႕ အဆင့္သစ္တစ္ခုကိုစတင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အေမရိကန္အရာရွိေတြက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုသတင္းေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.