၅၀၅-ကဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၃၀၀၀)ကျော် လွတ်မြောက်မှုအတွင်း သရုပ်ဆောင် ခိုင်သင်းကြည်၏ အမျိုးသားဖြစ်သူ ဦးခန့်နိုင် ပါဝင်လာ

 466

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၇

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၃၀၈၅) ဦး လွတ်ငြိမ်းချမ်း သာခွင့်အတွင်း သရုပ်ဆောင် ခိုင်သင်းကြည်၏ အမျိုးသားဖြစ်သူ ဦးခန့်နိုင် ပါဝင်လာကြောင်း သိရသည်။
ဦးခန့်နိုင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး (၃)နှစ်ခွဲကျော် ကာလအကြာ ယနေ့ (နိုဝင်ဘာ ၂၇ရက်)၊ နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးခန့်နိုင်လွတ်မြောက်လာခြင်းနှင့်ပတ်သက်၍ ၎င်း၏ဇနီးဖြစ်သူ သရုပ်ဆောင်ခိုင်သင်းကြည်က” မျှော်လင့်နေတဲ့နေ့လေးရာက်လာပါပြီ၊ ဆုတောင်းလေးပြည့်ခဲ့ပြီ၊ မိသားစုပြန်ဆုံပါပြီရှင်”ဟု လူမှုကွန်ယက် ဖေ့ဘွတ်စ်စာမျက်နှာတွင် ဖော်ပြရေးသားထားသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ယမန်နေ့(နိုဝင်ဘာ ၂၆ရက်) ည ၈ နာရီက အမိန့်အမှတ် ၁၀/ ၂၀၂၅၊ ၁၁/၂၀၂၅၊ ၁၂/၂၀၂၅ တို့ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုခံထားရသည့် (၅၅၈၀) ဦးအား အမှုပိတ် သိမ်းပေးပြီး ယင်းပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၃၀၈၅) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Zawgyi Version:
၅၀၅-ကျဖင့္ ျပစ္ဒဏ္က်ခံေနရသူ (၃၀၀၀)ေက်ာ္ လြတ္ေျမာက္မႈအတြင္း သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္၏ အမ်ိဳးသားျဖစ္သူ ဦးခန႔္ႏိုင္ ပါဝင္လာ
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၇

အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီသည္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-ကျဖင့္ ျပစ္ဒဏ္က်ခံေနရသူ (၃၀၈၅) ဦး လြတ္ၿငိမ္းခ်မ္း သာခြင့္အတြင္း သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္၏ အမ်ိဳးသားျဖစ္သူ ဦးခန႔္ႏိုင္ ပါဝင္လာေၾကာင္း သိရသည္။
ဦးခန႔္ႏိုင္သည္ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ ဧၿပီ ၂၇ ရက္က သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ၎၏ ေနအိမ္တြင္ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး (၃)ႏွစ္ခြဲေက်ာ္ ကာလအၾကာ ယေန႔ (ႏိုဝင္ဘာ ၂၇ရက္)၊ နံနက္ပိုင္းတြင္ အင္းစိန္အက်ဥ္းေထာင္မွ ျပန္လည္လြတ္ေျမာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဦးခန႔္ႏိုင္လြတ္ေျမာက္လာျခင္းႏွင့္ပတ္သက္၍ ၎၏ဇနီးျဖစ္သူ သ႐ုပ္ေဆာင္ခိုင္သင္းၾကည္က” ေမွ်ာ္လင့္ေနတဲ့ေန႔ေလးရာက္လာပါၿပီ၊ ဆုေတာင္းေလးျပည့္ခဲ့ၿပီ၊ မိသားစုျပန္ဆုံပါၿပီရွင္”ဟု လူမႈကြန္ယက္ ေဖ့ဘြတ္စ္စာမ်က္ႏွာတြင္ ေဖာ္ျပေရးသားထားသည္။
အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီသည္ ယမန္ေန႔(ႏိုဝင္ဘာ ၂၆ရက္) ည ၈ နာရီက အမိန႔္အမွတ္ ၁၀/ ၂၀၂၅၊ ၁၁/၂၀၂၅၊ ၁၂/၂၀၂၅ တို႔ျဖင့္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-ကျဖင့္ တရားစြဲဆိုခံထားရသည့္ (၅၅၈၀) ဦးအား အမႈပိတ္ သိမ္းေပးၿပီး ယင္းပုဒ္မျဖင့္ ျပစ္ဒဏ္က်ခံေနရသူ (၃၀၈၅) ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.