နိုင်ငံတော်အဆင့် အင်္ဂလိပ်စာစွမ်းရည် ပထမဆုနှင့်တတိယဆု ရရှိသော ကျောင်းသူများအား မအူပင်မြို့တွင်ကြိုဆိုပွဲ ပြုလုပ်

 376

ပြည့်ဖြိုးပိုင် (မအူပင်)-နိုဝင်ဘာလ ၂၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှ နိုင်ငံတော်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုနှင့် တတိယဆု ရရှိခဲ့သော ကျောင်းသူလေးများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာလ (၂၇)ရက် နံနက်ပိုင်းက မအူပင်မြို့မှာ ပြုလုပ်ခဲ့ကြောင်းသိရသည်။



"အခုလို အင်္ဂလိပ်စာစွမ်းရည်တွေတိုးတက်အောင်ပြိုင်ပွဲတွေကျင်းပပေးတဲ့ နိုင်ငံတော်အစိုးရအဖွဲ့တာဝန်ရှိသူများကိုကျေးဇူးတင်ပါတယ်။ နောက်ထူချွန်အောင်သင်ကြားပေးတဲ့ ဆရာ/ဆရာမနှင့် ကျောင်းအုပ်ဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်မတို့ ဒီအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဆိုတာက ကျောင်းသားတိုင်းဝင်ပြိုင်သင့်တယ်လို့ထင်ပါတယ်။အင်္ဂလိပ်စာဘာသာစကားဆိုတာက နိုင်ငံတကာသုံးဘာသာစကားလည်းဖြစ်တယ် နောက်တခြားနိုင်ငံတွေသွားတဲ့အခါမှာလည်း အများကြီးအထောက်အကူပြုတဲ့အတွက် ဒီအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွေဝင်ပြိုင်မယ်ဆိုရင် ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ စွမ်းရည်တွေလည်းတို့တက်လာနိုင်တယ်လို့ထင်တယ် ၊ အဲ့ဒါကြောင့် ကျွန်မကတော့နောက်ထပ်လာမယ့်မောင်လေးညီမလေးတွေကို အခွင့်ရှိတုန်းအခါမနှောင်းတုန်းမှာဝင်ရောက်ယှဉ်ပြိုင်စေချင်ပါတယ် " ဟု နိုင်ငံတော်အဆင့် အင်္ဂလိပ်စာစွမ်းရည် တတိယဆုရရှိခဲ့သူမဆုဆုစန္ဒာလင်းထက်က ပြောသည်။



နိုင်ငံတော်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သော မအူပင်မြို့ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade (7) ကျောင်းသူ မသက်မှူးသွင် မှာ ပထမဆုရရှိခဲ့ပြီး Grade (9)ကျောင်းသူ မဆုဆုစန္ဒာလင်းထက် မှ တတိယဆုရရှိခဲ့ခြင်းလည်းဖြစ်သည်။

Zawgyi Version:
ႏိုင္ငံေတာ္အဆင့္ အဂၤလိပ္စာစြမ္းရည္ ပထမဆုႏွင့္တတိယဆု ရရွိေသာ ေက်ာင္းသူမ်ားအား မအူပင္ၿမိဳ႕တြင္ႀကိဳဆိုပြဲ ျပဳလုပ္
ျပည့္ၿဖိဳးပိုင္ (မအူပင္)-ႏိုဝင္ဘာလ ၂၇
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕မွ ႏိုင္ငံေတာ္အဆင့္ အဂၤလိပ္စာစြမ္းရည္ၿပိဳင္ပြဲတြင္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ပထမဆုႏွင့္ တတိယဆု ရရွိခဲ့ေသာ ေက်ာင္းသူေလးမ်ားအား ႀကိဳဆိုဂုဏ္ျပဳပြဲအခမ္းအနားကို ယေန႔ ႏိုဝင္ဘာလ (၂၇)ရက္ နံနက္ပိုင္းက မအူပင္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

"အခုလို အဂၤလိပ္စာစြမ္းရည္ေတြတိုးတက္ေအာင္ ၿပိဳင္ပြဲေတြက်င္းပေပးတဲ့ ႏိုင္ငံေတာ္အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားကိုေက်းဇူးတင္ပါတယ္။ ေနာက္ထူခြၽန္ေအာင္သင္ၾကားေပးတဲ့ ဆရာ/ဆရာမႏွင့္ ေက်ာင္းအုပ္ဆရာႀကီးကိုလည္းေက်းဇူးတင္ပါတယ္။ကြၽန္မတို႔ ဒီအဂၤလိပ္စာစြမ္းရည္ၿပိဳင္ပြဲဆိုတာက ေက်ာင္းသားတိုင္းဝင္ၿပိဳင္သင့္တယ္လို႔ထင္ပါတယ္။အဂၤလိပ္စာဘာသာစကားဆိုတာက ႏိုင္ငံတကာသုံးဘာသာစကားလည္းျဖစ္တယ္ ေနာက္ တျခားႏိုင္ငံေတြသြားတဲ့အခါမွာလည္း အမ်ားႀကီးအေထာက္အကူျပဳတဲ့အတြက္ ဒီအဂၤလိပ္စာစြမ္းရည္ၿပိဳင္ပြဲေတြဝင္ၿပိဳင္မယ္ဆိုရင္ ကြၽန္မတို႔တစ္ေယာက္ခ်င္းစီရဲ႕ စြမ္းရည္ေတြလည္းတို႔တက္လာႏိုင္တယ္လို႔ထင္တယ္ ၊ အဲ့ဒါေၾကာင့္ ကြၽန္မကေတာ့ေနာက္ထပ္လာမယ့္ေမာင္ေလးညီမေလးေတြကိုအခြင့္ရွိတုန္းအခါမေႏွာင္းတုန္းမွာဝင္ေရာက္ယွဥ္ၿပိဳင္ေစခ်င္ပါတယ္ " ဟု ႏိုင္ငံေတာ္အဆင့္ အဂၤလိပ္စာစြမ္းရည္ တတိယဆုရရွိခဲ့သူမဆုဆုစႏၵာလင္းထက္က ေျပာသည္။

ႏိုင္ငံေတာ္အဆင့္အဂၤလိပ္စာစြမ္းရည္ၿပိဳင္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ေသာ မအူပင္ၿမိဳ႕ပညာေခတ္ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ Grade (7) ေက်ာင္းသူ မသက္မႉးသြင္ မွာ ပထမဆုရရွိခဲ့ၿပီး Grade (9)ေက်ာင္းသူ မဆုဆုစႏၵာလင္းထက္ မွ တတိယဆုရရွိခဲ့ျခင္းလည္းျဖစ္သည္။

Related news

© 2021. All rights reserved.