မအူပင်မြို့တွင် ပြည်သူ‌ရှေ့ဆောင်ပါတီ (PPP) မှ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများ ပြုလုပ်

 117

ပြည့်ဖြိုးပိုင် (မအူပင်) နိုဝင်ဘာ - ၂၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ပြည်သူရှေ့ဆောင်ပါတီ (ppp) မှ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ဗီနိုင်းများအား လူစည်ကားရာနေရာများတွင်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများ နိုဝင်ဘာလ (၂၇)ရက်နေ့ မနက်ပိုင်းက မအူပင်မြို့ပေါ်၌ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ဗီနိုင်းစိုက်ထူခြင်းအခမ်းအနားသို့ မအူပင်မြို့နယ်​ပြည်သူ‌ရှေ့‌ဆောင်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းမင်းဇော် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦး‌အောင်ကြည်စိုး၊ဦးနိုင်ကိုလင်းတို့နှင့်အတူ ပါတီဝင်များဖြင့် ပြုလုပ်ခဲ့ကြကြောင်းလည်းသိရသည်။

မအူပင်မြို့တွင် လာမည့်၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ ပါတီပေါင်း (၈)ပါတီမှ ကိုယ်စားလှယ်လောင်း များပါဝင်ယှဉ်ပြိုင်အရွေးချယ်ခံကြမည်ဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version:



Related news

© 2021. All rights reserved.