ကိုယ်စားလှယ်လောင်းမပြောနဲ့ ပါတီဝင်တောင် အန္တရာယ်ရှိတဲ့ အနေအထားမျိုးဖြစ်နေတယ် (ပါတီအင်တာဗျူး)

 228

သက်ပိုင် (NP News) - နိုဝင်ဘာလ ၂၆

ဇိုမီးအမျိုးသားပါတီသည် ရန်ကုန်မြို့တွင်အခြေစိုက်သည့် ပါတီတစ်ခုဖြစ်ကာ လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီတစ်ခုလည်း ဖြစ်သည်။ ဇိုမီးအမျိုးသားပါတီနှင့်ပတ်သက်၍ ပါတီ၏မူဝါဒ၊ အနာဂတ် ရည်မှန်းချက်များနှင့် ရွေးကောက်ပွဲအတွက် ကြိုးပမ်းအားထုတ်ရာတွင်တွေ့ကြုံရမှုများကို ပါတီပြောရေးဆိုခွင့်ရှိသူ ဦးပူပူထန်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။

ဦးပူပူထန်(ပြောရေးဆိုခွင့်ရှိသူ)(ဇိုမီးအမျိုးသားပါတီ)

မေး ။ ။လာမယ့်ရွေးကောက်ပွဲအပေါ်ထားရှိတဲ့ ပါတီရဲ့သဘောထားမူဝါဒကို ပြောပြပေးပါ။
ဖြေ ။ ။ အဓိကတော့ ကျွန်တော်တို့က လူနည်းစုဆို တော့လေ။ (၂၀ဝ၈) အခြေခံဥပဒေအောက်ကနေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရဖို့ကတော့ အဓိက ပေါ့နော်။ နိုင်ငံက ခံရပေါင်းလည်းများလာပြီ။ ပြည် တွင်းပဋိပက္ခက ကျွန်တော်တို့မမွေးခင်ကတည်းက ဖြစ်နေတာ။ (၂၀၂၁) အခင်းအကျင်းနောက်ပိုင်းမှာ ပိုဆိုးလာတယ်။ တခြားထွက်ပေါက်တော့ လောလော ဆယ်မမြင်ဘူး။ မြင်လွယ်တဲ့ထွက်ပေါက်ပေါ့နော်။ ဖြစ်စေချင်တာကတော့ လူတိုင်းမှာ ဆန္ဒတော့ ရှိတာပေါ့ဗျာ။ ဒါပေမယ့် ဘဝနဲ့ဆန္ဒနဲ့က တစ်ထပ် တည်းကျဖို့က မလွယ်တဲ့အခါကျတော့ အမြင်သာဆုံး ထွက်ပေါက် အနေနဲ့ ဒီရွေးကောက်ပွဲလမ်းကြောင်းကို ကျွန်တော်တို့က တတ်နိုင်တဲ့ဘက်ကနေပြီး ပါဝင်တာ ပေါ့ဗျာ။
မေး ။ ။ လာမယ့်ရွေးကောက်ပွဲက တရားမျှတမှု ရှိနိုင်တယ်လို့ထင်လား။
ဖြေ ။ ။ ကျွန်တော်တို့လက်လှမ်းမီသလောက်က (၁၉၉၀) နောက်ပိုင်းကစလို့ပေါ့နော်။ အများစုက တပ်မတော်ကပဲ ဦးစီးဦးဆောင်ပြီးတော့ ကျင်းပ လာတဲ့ ရွေးကောက်ပွဲတွေချည်းပဲဆိုတော့ အခုထက် ထိတော့ အများအားဖြင့်တော့ ထင်ထားတာထက်ပိုပြီး မျှတဖို့ ပိုများပါတယ်။ (၂၀၂၀) ကတော့ သတ်သတ် ပေါ့နော်။ ကျန်တာကတော့ အများအားဖြင့်မျှတပါ တယ်။
မေး ။ ။ အနိုင်ရရှိခဲ့လို့ လွှတ်တော်ထဲရောက်ခဲ့ရင် ဘယ်အရာကို ဦးစားပေးလုပ်သွားမလဲ။
ဖြေ ။ ။ အခုက ပြည်သူတွေအရမ်းဒုက္ခရောက်နေ ကြရတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်မှာဆိုရင် လူအများစုက စစ်ရှောင်နေကြရတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ပြည်သူတွေ စစ်ရှောင်နေကြရ တယ်ပေါ့နော်။ IDP ပေါ့နော် ။ ပြည်တွင်းမှာ သွားလာ ပြီး စစ်ရှောင်နေကြရတဲ့ပြည်သူတွေအရေးကို အလေးထားဆောင်ရွက်ပါမယ်။ ပြီးရင် အခုလိုအပ် ချက်အရ ဖြစ်နေတဲ့ စစ်မှုထမ်းဥပဒေကိစ္စပေါ့နော်။ အဲဒီကိစ္စကိုလည်း ကျွန်တော်တို့ အလေးထားပါတယ်။ ဒီကိစ္စကိုမပယ်ဖျက်နိုင်ရင်တောင်မှ ဆိုင်းငံ့တာတို့ ဘာတို့ကို လွှတ်တော်ကနေတစ်ဆင့် လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ဒါတွေက ပြည်သူတွေမှာ အဓိက ကြုံတွေ့နေကြရတာကိုး။ လတ်တလော ဒါတွေရှိ မယ်။ နောက်ပြီးတော့ ပြန်လည်တည်ဆောက်ရေး ကလည်း ကျွန်တော်တို့မှာ အများကြီးလိုနေတယ်။ တစ်ပြည်လုံးအနေနဲ့ရော ကျွန်တော်တို့ချင်းပြည်နယ် အနေနဲ့ရော။ အများကြီး ပြန်လည်တည်ဆောက်ဖို့ လိုမယ်။ လမ်းပန်းဆက်သွယ်ရေးတွေလည်း အများ ကြီးပျက်စီးသွားပြီ။ ဒီတော့ ရွေးကောက်ပွဲအနိုင်ရလို့ လွှတ်တော်ထဲကိုရောက်ရင် ဒါတွေကို အလေးထား သွားမယ်။ နိုင်သလောက်ပေါ့ဗျာ။ ကျွန်တော်တို့ ပါတီက သေးသေးလေးဆိုတော့ အများကြီးတော့ မနိုင်ဘူးပေါ့။ ဒါပေမဲ့ ကြိုးစားရမှာပေါ့ဗျာ။ ကိုယ် တွေနိုင်တဲ့ဘက်က နေပြီးတော့ပေါ့။
မေး ။ ။ ပါတီအနေနဲ့ ဘယ်ဒေသတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမလဲ။
ဖြေ ။ ။ ကျွန်တော်တို့ကတော့ လောလောဆယ်တော့ တီးတိန်ခရိုင်ကိုအခြေပြုပါမယ်။ ချင်းပြည်နယ် တီး တိန်ခရိုင်ပေါ့နော်။
မေး ။ ။ UEC စည်းမျဉ်းတွေနဲ့အညီဖြစ်ဖို့အတွက် ဘယ်လောက်ထိ ကြိုးပမ်းခဲ့ရလဲ။
ဖြေ ။ ။ တော်တော်ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က နည်းနည်း ကံကောင်းတယ်ဆိုရ မလားပဲ။ ပြည်သူတွေရဲ့ထောက်ခံမှုက ထင်ထား တာထက်ပိုများခဲ့တာပေါ့ဗျာ။ ဒီတော့ ပါတီဝင်ရှာတဲ့ နေရာတွေမှာဆိုရင် ထင်ထားတာထက် ပိုမြန်ခဲ့ပါ တယ်။ ကျေးရွာ တစ်ရွာမှာဆိုရင် အများကြီး ကောက် လို့ရတဲ့ အနေအထား ဖြစ်သွားပါတယ်။ မထင်မှတ် ဘဲနဲ့လေ။ အဲဒီမှာတော့ သိပ်ပြီး အခက်အခဲမရှိခဲ့ဘူး။ကျွန်တော်တို့ကတော့ ပြည်နယ်အဆင့်ဆိုတော့ မြို့နယ်ငါးမြို့နယ်မှာတော့ ရုံးခန်းဖွင့်လိုက်ရတာပေါ့။အဲဒီမှာတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။
မေး ။ ။ PR နဲ့ FPTP ရောထားတဲ့စနစ်ကို ဘယ်လို မြင်လဲ။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကြည့်ရင်တော့ PR ကတော့ ပိုပြီးသင့်တော်ကောင်း သင့်တော်ပါ လိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ သမိုင်းတစ်လျှောက်မှာ ကြည့်လိုက်ရင် ပါတီတစ်ခုကပဲ လွှမ်းမိုးချုပ်ကိုင်နေတာချည်းပဲလေ။ အဲဒါကပဲ ပြဿနာပြန်ပြန်စတာကိုး။ ဆိုတော့ အဲဒီလိုမျိုး PR လုပ်လိုက်တာကတော့ ကျွန်တော်တို့ ရေခံမြေခံနဲ့ ပိုကိုက်ညီနိုင်တယ်လို့ ထင်တယ်လေ။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်တာတော့ မဆိုးဘူးပေါ့နော်။
မေး ။ ။ မဲဆွယ်ကာလမှာ ပြည်သူပူးပေါင်းပါဝင်မှု ရှိရဲ့လား။ ဘယ်လိုတွေကြုံတွေ့ရလဲ။
ဖြေ ။ ။ ပြည်သူတွေကတော့ ကျွန်တော်တို့ကို အများကြီးမျှော်လင့်နေကြတယ်။ ဒါပေမဲ့ ကျွန် တော်တို့ဘက်က ပေါ်တင်မဲဆွယ်လို့မရဘူး။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ လက်နက်ကိုင်တွေ ရှိတယ်။ အထူးသဖြင့် CNF နဲ့အပေါင်းအပါတွေက ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အကြောင်းကို သူတို့စာ လည်း ထုတ်ထားတယ်။ ကျွန်တော်တို့ကိုလည်း ခြိမ်း ခြောက်ထားတာရှိတယ်။ နောက်ပြီး ကျွန်တော်နဲ့ ပတ်သက်တဲ့သူတွေကိုလည်း သူတို့ပိုင်ဆိုင်မှုတွေကို သိမ်းမယ်ဆိုတဲ့အထိ ခြိမ်းခြောက်ထားတော့ နည်း နည်းတော့ အကန့်သက်တွေတော့ ရှိတာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ နိုင်သလောက်တော့ လှုပ်ရှားနေကြရတာပေါ့။ ပြည်သူတွေရဲ့ တုံ့ပြန်မှုက တော့ တော်တော်ကို အားရဖို့ကောင်းပါတယ်။
မေး ။ ။ ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေး အတွက်ကော ဘာတွေလုပ်ပေးထားလဲ။
ဖြေ ။ ။ ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်တွေကို လုံခြုံရေးအရကျွန်တော်တို့ အတတ်နိုင်ဆုံး လျှို့ဝှက် ထားပေးတယ်။ ဒါပေမဲ့ UEC ကကြေညာလာတော့ တချို့ဟာတွေကတော့ ဖုံးကွယ်လို့တော့ မရတော့ ဘူးပေါ့လေ။ အတတ်နိုင်ဆုံးတော့ လုံခြုံတဲ့နေရာမှာ နေဖို့တော့ အကြံပေးထားတာပေါ့။ တချို့ကျတော့ လည်း သူတို့မနေနိုင်တဲ့အခါကျတော့ ကွင်းဆင်းတာ တွေ ဘာတွေတော့ရှိတယ်။ သတိတော့ထားနေရတာ ပေါ့ဗျာ။ နောက်ပြီး ကျွန်တော်တို့ဆီက ကိုယ်စားလှယ် လောင်းတွေဆိုရင် ဝင်ပြိုင်မယ်လုပ်ပြီးမှ လုံခြုံရေး အရ အဆင်မပြေလို့ပါဆိုပြီး မပြိုင်တော့တာမျိုးလည်း ရှိတယ်။ ကျွန်တော်တို့ တွန်းဇံမြို့မှာပြိုင်တဲ့သူတွေ ဆိုရင် တော်တော်လေးအခက်အခဲရှိပါတယ်။ အခု လက်ရှိ CNF က တွန်းဇံမြို့ကို သိမ်းထားတာဆိုတော့ အဲဒီမှာပြိုင်မယ့်သူတွေကတော့ တော်တော်လေးကို အခက်အခဲရှိပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ကတော့ ပါတီဘက်က ဘာတွေလုပ်ပေးနိုင်သလဲဆိုတာနဲ့ ဘယ်လောက်ထိ လုပ်နိုင်သလဲဆိုတာကိုတော့ ကျွန်တော်တို့ ဆွေးနွေး နေကြတုန်းပါပဲ။
မေး ။ ။ လက်နက်ကိုင်တွေရဲ့ ဘယ်လိုခြိမ်းခြောက်မှုနဲ့ ကြုံနေရပါသလဲ။
ဖြေ ။ ။ စာနဲ့ပေနဲ့ ခြိမ်းခြောက်ထားတာပေါ့လေ။တိုက်ရိုက်ကြီး ထိတွေမှုတော့ မရှိသေးဘူး။ သူတို့က လည်း ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေ ဘယ်မှာနေတယ်ဆိုတာကို အတိအကျ မသိသေးလို့ လည်း ဖြစ်နိုင်တာပေါ့။ တိုက်ရိုက်ထိတွေ့တာမရှိပေ မယ့် လိုင်းပေါ်ကနေပြီး စာနဲပေနဲ့ ခြိမ်းခြောက်တဲ့ အဆင့်အထိတော့ရှိနေပါတယ်။ ဒီလိုတွေ ခြိမ်း ခြောက်ကြတော့ ကိုယ်စားလှယ်လောင်းနဲ့ သူတို့ မိသားစုဝင်တွေက စိုးရိမ်ကြတာပေါ့။ ဘာမှပြောလို့မရ ဘူးလေ ဒီခေတ်က။ ကျွန်တော်တို့ အခြေအနေက ကိုယ်စားလှယ်လောင်းတွေကိုမပြောနဲ့ ပါတီဝင်တာ တောင် အန္တရာယ်ရှိတဲ့ အနေအထားမျိုးဖြစ်နေတယ်။ တိုင်းရေး၊ ပြည်ရေး၊ အမျိုးသားရေးကိုကြည့်ပြီးတော့ပဲ အရဲစွန့်ပြီးတော့ လုပ်နေကြရတာပေါ့။
မေး ။ ။ ရွေးကောက်ပွဲကျင်းပတဲ့ကာလမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ထင်လဲ။
ဖြေ ။ ။ ရွေးကောက်ပွဲကျရင်လည်း လမ်းပိတ်တာတွေ ဘာတွေလည်း ရှိကောင်းရှိလာနိုင်တယ်လို့ မျှော်မှန်း ထားတာပေါ့နော်။ ဒီလက်နက်ကိုင်အဖွဲ့တွေက မဲရုံတွေရှိတဲ့နေရာကိုသွားလို့မရအောင် လုပ်လာနိုင်တာပဲ အချို့နေရာတွေမှာလေ။ ဒါတွေကို ကြုံရလာနိုင် တယ်လို့ မျှော်မှန်းထားပါတယ်။ ဒီအပြင်ဆိုရင် မဲထည့်မယ့်သူတွေလည်း ခြိမ်းခြောက်တာတွေကို ခံရနိုင်ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကိုတော့ အများကြီး ကြုံလာရနိုင်ပါတယ်။
မေး ။ ။ လက်ရှိ လူထုရဲ့ ပါတီအပေါ်စိတ်ဝင်စားမှုအခြေအနေဘယ်လိုရှိလဲ။
ဖြေ ။ ။ တော်တော်စိတ်ဝင်စားကြတယ်။ လူထုက လည်း ဒီအကျပ်အတည်းကို အရမ်းငြီးငွေ့နေ ကြပြီ။ သူတို့လည်း ပင်ပန်းနေပြီဆိုတော့ လူထုက ဒီအကျပ်အတည်းက လွတ်မြောက်ရာ လွတ်မြောက် ကြောင်း၊ ဒီအခက်အခဲက လွတ်မြောက်ဖို့အတွက် မျှော်လင့်တကြီးနဲ့ စောင့်နေကြတာပေါ့နော်။ သူတို့ မျှော်လင့်သလောက်တောင် ကျွန်တော်တို့ လုပ်ပေး နိုင်ပါ့မလားဆိုတာ စိုးရိမ်စရာတော့ ရှိတာပေါ့။
မေး ။ ။ ဆိုရှယ်မီဒီယာတွေသုံးပြီးတော့ မဲဆွယ်သွား ဖို့ရှိမလား။
ဖြေ ။ ။ ဒါကိုတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ကျွန်တော်တို့ အသိုင်းအဝိုင်းကြားထဲမှာလေ။ ဆိုရှယ်မီဒီယာကိုသုံးပြီး မဲဆွယ်စည်းရုံးတာတွေ လုပ်ဖို့အတွက် ကျွန်တော်တို့ လုပ်နေပါတယ်။
မေး ။ ။ ပြည်သူတွေကကော ဆိုရှယ်မီဒီယာကို သုံးနိုင်တဲ့အနေအထားရှိလား။
ဖြေ ။ ။ ပြည်သူတွေအတွက်ကျတော့ အင်တာ နက်လိုင်းတွေမရတော့ အဆင်တော့ သိပ်မပြေဘူး။ ဒါပေမဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်း တွေကနိုင်ငံခြားမှာပဲ အနေများကြတယ်လေ။ ဒီတော့ နိုင်ငံခြားမှာ လိုင်းကောင်းကောင်းကြည့်လို့ရတဲ့ သူတွေကနေတစ်ဆင့် ပြန်ပြောကြလိမ့်မယ် လို့ပဲ မျှော်လင့်ရတာပေါ့။
မေး ။ ။ ပြည်သူတွေကကော ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာတွေပြောကြလဲ။
ဖြေ ။ ။ အယူအဆကတော့ အမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တော်တော်များများကတော့ ဒီလေးငါးနှစ်လည်းကြာလာတော့ တွေ့ကြုံနေရတဲ့ ခံစားနေရတဲ့ အနေအထားကိုကြည့်ပြီးတော့ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ ဒီရွေးကောက်ပွဲ လမ်းကပဲ အကောင်းဆုံးဖြစ်မှာပါဆိုတာကို ပြောလာ ကြတယ်။ အစတုန်းကတော့ ခဏလေးနဲ့ ပြီးသွား မယ်ထင်ကြတာတွေ။ ဒါပေမဲ့ အခုလို နှစ်နဲ့ချီကြာ လာပြီး အခက်ခဲတွေကြုံတွေ့လာကြရတော့ သူ့ ထက်သာတဲ့လမ်းမရှိတော့ဘူးဆိုတာကို ပြောလာ၊ သိလာကြတယ်။ ဒီလမ်းကိုပဲလျှောက်ဖို့အတွက် အားပေးကြပါတယ်။
မေး ။ ။ ရွေးကောက်ပွဲကို ကန့်ကွက်နေကြတဲ့သူတွေကို ဘာပြောချင်လဲ။
ဖြေ ။ ။ ကျွန်တော် သူတို့ရဲ့ခံစားချက်ကို ကောင်း ကောင်း နားလည်ပေးပါတယ်။ ဘာဖြစ်လို့လည်းဆို တော့ (၂၀၂၀) မှာ သူတို့အားပေးတဲ့ ပါတီက အာဏာရခါနီးဆဲဆဲမှာ အဆင်မပြေမှုတွေဖြစ် သွားတာကိုး။ တခြားတစ်နည်းနဲ့ပြောရရင် ထမင်းဝိုင်းက ပြင်ပြီးပြီ။ စားလုဆဲဆဲမှာပဲ ဝိုင်းက အရွှေ့ခံလိုက်ရတဲ့ သဘောဖြစ်နေတယ်လေ။အဲဒီခံစားချက်ကို ကျွန်တော်တို့ နားလည်ပေးပါတယ်။ အခုတကယ်လို့ ရွေးကောက်ပွဲကောင်းကောင်းမွန် မွန်ဖြစ်သွားရင် (၂၀၂၀) ရွေးကောက်ခံဆိုတဲ့ လူတွေရဲ့သက်တမ်းက အော်တိုမစ်တစ် ကုန်သွားပြီ လေ။ ဒီတော့ သူတို့လည်း အဲဒါကို စိုးရိမ်တာဖြစ်ဖို့ များပါတယ်။ (၁၉၉၀) တုန်းကအဖွဲ့တွေလည်း (၂၀၁၀) ကျတော့မှ ကုန်တာကိုး။ သူတို့ကတော့ ကြားထဲမှာ ရွေးကောက်ပွဲမရှိတော့ ကြာကြာတော့ လှုပ်ရှားလို့ရတာပေါ့နော်။ ဒီတစ်ခါကတော့ လေးငါးနှစ်အတွင်းမှာရွေးကောက်ပွဲဖြစ်လာတော့ သူတို့ အတွက်ကတော့ သိပ်အဆင်မပြေဘူးပေါ့။ နားလည် ပေးပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ ဖြစ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ တကယ့်လက် တွေ့ဘဝမှာ ဒီရွေးကောက်ပွဲက အများပြည်သူ အတွက် အကောင်းဆုံး၊ ထိခိုက်မှုအနည်းဆုံး လမ်းကြောင်းဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။
မေး ။ ။ ဒီပဋိပက္ခတွေကြောင့် ပြည်သူတွေ ဘယ်လောက်ထိ ထိခိုက်မှုဖြစ်နေတယ်လို့ ပြောလို့ရ မလဲ။
ဖြေ ။ ။ ဒီလေးနှစ်ကျော် ငါးနှစ်နီးပါးအတွင်းမှာ ပြည်သူတွေထိခိုက်မှုတွေကတော့ အများကြီးပါပဲ။ ကျွန်တော်တို့ ဒါတွေကို နှစ်ပေါင်းများစွာ ပြန်တည် ဆောက်ကြရတော့မှာ။ အထူးသဖြင့် ပညာရေးမှာ ပေါ့နော်။ ကျွန်တော့်မြို့ဖြစ်တဲ့ တွန်းဇံမြို့မှာဆိုရင် ကလေးတွေဟာ လေးနှစ်လုံးလုံးကောင်းကောင်းမွန် မွန်စာမသင်ခဲ့ကြရဘူး။ စာသင်ခန်းထဲအထိ သူတို့ လာပြီးတော့ တိုက်ပွဲလာဖော်တာကိုး။ ကလေးတွေရဲ့ ရှေ့မှောက်မှာတင် သူတို့သေနတ်ဖောက်ပြတာဆို တော့ ဒီထိခိုက်မှုက တိုင်းတာလို့မရလောက်အောင်ကို တော်တော်ကြီးပါတယ်။ ပြီးရင် ကျန်းမာရေးတို့၊ လမ်း ပန်းဆက်သွယ်ရေးတို့ဆိုရင်လည်း အများကြီးထိခိုက် မှုတွေရှိတာပေါ့။ မြင်ရတဲ့အပိုင်းရော၊ မမြင်ရတဲ့ အပိုင်းရော အများကြီးထိခိုက်မှုတွေရှိတာပေါ့ဗျာ။ ဒီအရာတွေကို ပြန်တည်ဆောက်ဖို့ဆိုရင် ကျွန်တော် တို့ အစိုးရတစ်ရပ်တည်းကနေပြီးတော့ ပြန်တည် ဆောက်ဖို့ လွယ်လွယ်ကူကူနဲ့ မဖြစ်နိုင်တော့ဘူး။နိုင်ငံတကာရဲ့ အကူအညီတွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေရဲ့ အကူညီတွေကအစ ၊ နိုင်ငံရေးကင်းတဲ့ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ အကူညီတွေကအစ အားလုံးလိုအပ်တာပေါ့နော်။နိုင်ငံတာတကာရဲ့ အကူညီတွေရအောင်လည်း ကျွန်တော်တို့ အများကြီးကြိုးစားကြရဦးမှာပါ။ပြန်တည်ဆောက်ဖို့ဆိုရင် အစိုးရတစ်ရပ်တည်းနဲ့ ဘယ်လိုမှ မလွယ်ကူပါဘူး။
မေး ။ ။ တခြားဖြည့်စွက်ပြောချင်တာများရှိမလား။
ဖြေ ။ ။ ကျွန်တော်တို့ကို မကြိုက်တဲ့သူတွေ၊ဆဲတဲ့ ဆိုတဲ့လူတွေလည်းရှိပါတယ်။ ဒါတွေကိုလည်း နားလည်ပေးပါတယ်။ ခံစားချက်တွေက အတူတူပါပဲ။ကျွန်တော်တို့မှာ တခြားရွေးချယ်စရာ မတွေ့တော့တဲ့ အတွက် လတ်တလောမှာ တိုင်းပြည်ကို ကောင်းစေ တဲ့လမ်း မမြင်တွေ့ရတော့တဲ့အတွက် ပြည်သူတွေ အတွက် ကောင်းရာကောင်းကြောင်း တတ်နိုင်တဲ့ဘက် ကနေ ကျွန်တော်တို့ ကြိုးစားနေကြတာပါလို့ ပြောချင် ပါတယ်။

Zawgyi Version:
ကိုယ္စားလွယ္ေလာင္းမေျပာနဲ႔ ပါတီဝင္ေတာင္ အႏၲရာယ္ရွိတဲ့ အေနအထားမ်ိဳးျဖစ္ေနတယ္
သက္ပိုင္ (NP News) - ႏိုဝင္ဘာလ ၂၆

ဇိုမီးအမ်ိဳးသားပါတီသည္ ရန္ကုန္ၿမိဳ႕တြင္အေျခစိုက္သည့္ ပါတီတစ္ခုျဖစ္ကာ လာမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္မွ ျပည္နယ္အဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီတစ္ခုလည္း ျဖစ္သည္။ ဇိုမီးအမ်ိဳးသားပါတီႏွင့္ပတ္သက္၍ ပါတီ၏မူဝါဒ၊ အနာဂတ္ ရည္မွန္းခ်က္မ်ားႏွင့္ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳးပမ္းအားထုတ္ရာတြင္ေတြ႕ႀကဳံရမႈမ်ားကို ပါတီေျပာေရးဆိုခြင့္ရွိသူ ဦးပူပူထန္ႏွင့္ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏႈတ္ေဖာ္ျပအပ္ပါသည္။

ဦးပူပူထန္(ေျပာေရးဆိုခြင့္ရွိသူ)(ဇိုမီးအမ်ိဳးသားပါတီ)

ေမး ။ ။လာမယ့္ေ႐ြးေကာက္ပြဲအေပၚထားရွိတဲ့ ပါတီရဲ႕သေဘာထားမူဝါဒကို ေျပာျပေပးပါ။
ေျဖ ။ ။ အဓိကေတာ့ ကြၽန္ေတာ္တို႔က လူနည္းစုဆို ေတာ့ေလ။ (၂၀ဝ၈) အေျခခံဥပေဒေအာက္ကေန ရသင့္ရထိုက္တဲ့အခြင့္အေရးေတြရဖို႔ကေတာ့ အဓိက ေပါ့ေနာ္။ ႏိုင္ငံက ခံရေပါင္းလည္းမ်ားလာၿပီ။ ျပည္ တြင္းပဋိပကၡက ကြၽန္ေတာ္တို႔မေမြးခင္ကတည္းက ျဖစ္ေနတာ။ (၂၀၂၁) အခင္းအက်င္းေနာက္ပိုင္းမွာ ပိုဆိုးလာတယ္။ တျခားထြက္ေပါက္ေတာ့ ေလာေလာ ဆယ္မျမင္ဘူး။ ျမင္လြယ္တဲ့ထြက္ေပါက္ေပါ့ေနာ္။ ျဖစ္ေစခ်င္တာကေတာ့ လူတိုင္းမွာ ဆႏၵေတာ့ ရွိတာေပါ့ဗ်ာ။ ဒါေပမယ့္ ဘဝနဲ႔ဆႏၵနဲ႔က တစ္ထပ္ တည္းက်ဖို႔က မလြယ္တဲ့အခါက်ေတာ့ အျမင္သာဆုံး ထြက္ေပါက္ အေနနဲ႔ ဒီေ႐ြးေကာက္ပြဲလမ္းေၾကာင္းကို ကြၽန္ေတာ္တို႔က တတ္ႏိုင္တဲ့ဘက္ကေနၿပီး ပါဝင္တာ ေပါ့ဗ်ာ။
ေမး ။ ။ လာမယ့္ေ႐ြးေကာက္ပြဲက တရားမွ်တမႈ ရွိႏိုင္တယ္လို႔ထင္လား။
ေျဖ ။ ။ ကြၽန္ေတာ္တို႔လက္လွမ္းမီသေလာက္က (၁၉၉၀) ေနာက္ပိုင္းကစလို႔ေပါ့ေနာ္။ အမ်ားစုက တပ္မေတာ္ကပဲ ဦးစီးဦးေဆာင္ၿပီးေတာ့ က်င္းပ လာတဲ့ ေ႐ြးေကာက္ပြဲေတြခ်ည္းပဲဆိုေတာ့ အခုထက္ ထိေတာ့ အမ်ားအားျဖင့္ေတာ့ ထင္ထားတာထက္ပိုၿပီး မွ်တဖို႔ ပိုမ်ားပါတယ္။ (၂၀၂၀) ကေတာ့ သတ္သတ္ ေပါ့ေနာ္။ က်န္တာကေတာ့ အမ်ားအားျဖင့္မွ်တပါ တယ္။
ေမး ။ ။ အႏိုင္ရရွိခဲ့လို႔ လႊတ္ေတာ္ထဲေရာက္ခဲ့ရင္ ဘယ္အရာကို ဦးစားေပးလုပ္သြားမလဲ။
ေျဖ ။ ။ အခုက ျပည္သူေတြအရမ္းဒုကၡေရာက္ေန ၾကရတယ္။ ကြၽန္ေတာ္တို႔ ခ်င္းျပည္နယ္မွာဆိုရင္ လူအမ်ားစုက စစ္ေရွာင္ေနၾကရတယ္။ တျခားတိုင္းနဲ႔ ျပည္နယ္ေတြမွာလည္း ျပည္သူေတြ စစ္ေရွာင္ေနၾကရ တယ္ေပါ့ေနာ္။ IDP ေပါ့ေနာ္ ။ ျပည္တြင္းမွာ သြားလာ ၿပီး စစ္ေရွာင္ေနၾကရတဲ့ျပည္သူေတြအေရးကို အေလးထားေဆာင္႐ြက္ပါမယ္။ ၿပီးရင္ အခုလိုအပ္ ခ်က္အရ ျဖစ္ေနတဲ့ စစ္မႈထမ္းဥပေဒကိစၥေပါ့ေနာ္။ အဲဒီကိစၥကိုလည္း ကြၽန္ေတာ္တို႔ အေလးထားပါတယ္။ ဒီကိစၥကိုမပယ္ဖ်က္ႏိုင္ရင္ေတာင္မွ ဆိုင္းငံ့တာတို႔ ဘာတို႔ကို လႊတ္ေတာ္ကေနတစ္ဆင့္ လုပ္ႏိုင္မယ္လို႔ ထင္ပါတယ္။ ဒါေတြက ျပည္သူေတြမွာ အဓိက ႀကဳံေတြ႕ေနၾကရတာကိုး။ လတ္တေလာ ဒါေတြရွိ မယ္။ ေနာက္ၿပီးေတာ့ ျပန္လည္တည္ေဆာက္ေရး ကလည္း ကြၽန္ေတာ္တို႔မွာ အမ်ားႀကီးလိုေနတယ္။ တစ္ျပည္လုံးအေနနဲ႔ေရာ ကြၽန္ေတာ္တို႔ခ်င္းျပည္နယ္ အေနနဲ႔ေရာ။ အမ်ားႀကီး ျပန္လည္တည္ေဆာက္ဖို႔ လိုမယ္။ လမ္းပန္းဆက္သြယ္ေရးေတြလည္း အမ်ား ႀကီးပ်က္စီးသြားၿပီ။ ဒီေတာ့ ေ႐ြးေကာက္ပြဲအႏိုင္ရလို႔ လႊတ္ေတာ္ထဲကိုေရာက္ရင္ ဒါေတြကို အေလးထား သြားမယ္။ ႏိုင္သေလာက္ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ ပါတီက ေသးေသးေလးဆိုေတာ့ အမ်ားႀကီးေတာ့ မႏိုင္ဘူးေပါ့။ ဒါေပမဲ့ ႀကိဳးစားရမွာေပါ့ဗ်ာ။ ကိုယ္ ေတြႏိုင္တဲ့ဘက္က ေနၿပီးေတာ့ေပါ့။
ေမး ။ ။ ပါတီအေနနဲ႔ ဘယ္ေဒသေတြမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမလဲ။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ကေတာ့ ေလာေလာဆယ္ေတာ့ တီးတိန္ခ႐ိုင္ကိုအေျချပဳပါမယ္။ ခ်င္းျပည္နယ္ တီး တိန္ခ႐ိုင္ေပါ့ေနာ္။
ေမး ။ ။ UEC စည္းမ်ဥ္းေတြနဲ႔အညီျဖစ္ဖို႔အတြက္ ဘယ္ေလာက္ထိ ႀကိဳးပမ္းခဲ့ရလဲ။
ေျဖ ။ ။ ေတာ္ေတာ္ႀကိဳးစားခဲ့ရပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က နည္းနည္း ကံေကာင္းတယ္ဆိုရ မလားပဲ။ ျပည္သူေတြရဲ႕ေထာက္ခံမႈက ထင္ထား တာထက္ပိုမ်ားခဲ့တာေပါ့ဗ်ာ။ ဒီေတာ့ ပါတီဝင္ရွာတဲ့ ေနရာေတြမွာဆိုရင္ ထင္ထားတာထက္ ပိုျမန္ခဲ့ပါ တယ္။ ေက်း႐ြာ တစ္႐ြာမွာဆိုရင္ အမ်ားႀကီး ေကာက္ လို႔ရတဲ့ အေနအထား ျဖစ္သြားပါတယ္။ မထင္မွတ္ ဘဲနဲ႔ေလ။ အဲဒီမွာေတာ့ သိပ္ၿပီး အခက္အခဲမရွိခဲ့ဘူး။ကြၽန္ေတာ္တို႔ကေတာ့ ျပည္နယ္အဆင့္ဆိုေတာ့ ၿမိဳ႕နယ္ငါးၿမိဳ႕နယ္မွာေတာ့ ႐ုံးခန္းဖြင့္လိုက္ရတာေပါ့။အဲဒီမွာေတာ့ နည္းနည္းေတာ့ အခက္အခဲရွိတာေပါ့။
ေမး ။ ။ PR နဲ႔ FPTP ေရာထားတဲ့စနစ္ကို ဘယ္လို ျမင္လဲ။
ေျဖ ။ ။ ျမန္မာႏိုင္ငံရဲ႕ အေျခအေနနဲ႔ ၾကည့္ရင္ေတာ့ PR ကေတာ့ ပိုၿပီးသင့္ေတာ္ေကာင္း သင့္ေတာ္ပါ လိမ့္မယ္လို႔ ကြၽန္ေတာ္ယူဆတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကြၽန္ေတာ္တို႔ သမိုင္းတစ္ေလွ်ာက္မွာ ၾကည့္လိုက္ရင္ ပါတီတစ္ခုကပဲ လႊမ္းမိုးခ်ဳပ္ကိုင္ေနတာခ်ည္းပဲေလ။ အဲဒါကပဲ ျပႆနာျပန္ျပန္စတာကိုး။ ဆိုေတာ့ အဲဒီလိုမ်ိဳး PR လုပ္လိုက္တာကေတာ့ ကြၽန္ေတာ္တို႔ ေရခံေျမခံနဲ႔ ပိုကိုက္ညီႏိုင္တယ္လို႔ ထင္တယ္ေလ။ ဘာပဲျဖစ္ျဖစ္ စမ္းၾကည့္တာေတာ့ မဆိုးဘူးေပါ့ေနာ္။
ေမး ။ ။ မဲဆြယ္ကာလမွာ ျပည္သူပူးေပါင္းပါဝင္မႈ ရွိရဲ႕လား။ ဘယ္လိုေတြႀကဳံေတြ႕ရလဲ။
ေျဖ ။ ။ ျပည္သူေတြကေတာ့ ကြၽန္ေတာ္တို႔ကို အမ်ားႀကီးေမွ်ာ္လင့္ေနၾကတယ္။ ဒါေပမဲ့ ကြၽန္ ေတာ္တို႔ဘက္က ေပၚတင္မဲဆြယ္လို႔မရဘူး။ ဘာျဖစ္ လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ဆီမွာ လက္နက္ကိုင္ေတြ ရွိတယ္။ အထူးသျဖင့္ CNF နဲ႔အေပါင္းအပါေတြက ေ႐ြးေကာက္ပြဲကို ဆန႔္က်င္တဲ့အေၾကာင္းကို သူတို႔စာ လည္း ထုတ္ထားတယ္။ ကြၽန္ေတာ္တို႔ကိုလည္း ၿခိမ္း ေျခာက္ထားတာရွိတယ္။ ေနာက္ၿပီး ကြၽန္ေတာ္နဲ႔ ပတ္သက္တဲ့သူေတြကိုလည္း သူတို႔ပိုင္ဆိုင္မႈေတြကို သိမ္းမယ္ဆိုတဲ့အထိ ၿခိမ္းေျခာက္ထားေတာ့ နည္း နည္းေတာ့ အကန႔္သက္ေတြေတာ့ ရွိတာေပါ့ေလ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ကေတာ့ ႏိုင္သေလာက္ေတာ့ လႈပ္ရွားေနၾကရတာေပါ့။ ျပည္သူေတြရဲ႕ တုံ႔ျပန္မႈက ေတာ့ ေတာ္ေတာ္ကို အားရဖို႔ေကာင္းပါတယ္။
ေမး ။ ။ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရး အတြက္ေကာ ဘာေတြလုပ္ေပးထားလဲ။
ေျဖ ။ ။ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ နာမည္ေတြကို လုံၿခဳံေရးအရကြၽန္ေတာ္တို႔ အတတ္ႏိုင္ဆုံး လွ်ိဳ႕ဝွက္ ထားေပးတယ္။ ဒါေပမဲ့ UEC ကေၾကညာလာေတာ့ တခ်ိဳ႕ဟာေတြကေတာ့ ဖုံးကြယ္လို႔ေတာ့ မရေတာ့ ဘူးေပါ့ေလ။ အတတ္ႏိုင္ဆုံးေတာ့ လုံၿခဳံတဲ့ေနရာမွာ ေနဖို႔ေတာ့ အႀကံေပးထားတာေပါ့။ တခ်ိဳ႕က်ေတာ့ လည္း သူတို႔မေနႏိုင္တဲ့အခါက်ေတာ့ ကြင္းဆင္းတာ ေတြ ဘာေတြေတာ့ရွိတယ္။ သတိေတာ့ထားေနရတာ ေပါ့ဗ်ာ။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ဆီက ကိုယ္စားလွယ္ ေလာင္းေတြဆိုရင္ ဝင္ၿပိဳင္မယ္လုပ္ၿပီးမွ လုံၿခဳံေရး အရ အဆင္မေျပလို႔ပါဆိုၿပီး မၿပိဳင္ေတာ့တာမ်ိဳးလည္း ရွိတယ္။ ကြၽန္ေတာ္တို႔ တြန္းဇံၿမိဳ႕မွာၿပိဳင္တဲ့သူေတြ ဆိုရင္ ေတာ္ေတာ္ေလးအခက္အခဲရွိပါတယ္။ အခု လက္ရွိ CNF က တြန္းဇံၿမိဳ႕ကို သိမ္းထားတာဆိုေတာ့ အဲဒီမွာၿပိဳင္မယ့္သူေတြကေတာ့ ေတာ္ေတာ္ေလးကို အခက္အခဲရွိပါတယ္။ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီးေတာ့ကေတာ့ ပါတီဘက္က ဘာေတြလုပ္ေပးႏိုင္သလဲဆိုတာနဲ႔ ဘယ္ေလာက္ထိ လုပ္ႏိုင္သလဲဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔ ေဆြးေႏြး ေနၾကတုန္းပါပဲ။
ေမး ။ ။ လက္နက္ကိုင္ေတြရဲ႕ ဘယ္လိုၿခိမ္းေျခာက္မႈနဲ႔ ႀကဳံေနရပါသလဲ။
ေျဖ ။ ။ စာနဲ႔ေပနဲ႔ ၿခိမ္းေျခာက္ထားတာေပါ့ေလ။တိုက္႐ိုက္ႀကီး ထိေတြမႈေတာ့ မရွိေသးဘူး။ သူတို႔က လည္း ကြၽန္ေတာ္တို႔ ကိုယ္စားလွယ္ေလာင္းေတြ ဘယ္မွာေနတယ္ဆိုတာကို အတိအက် မသိေသးလို႔ လည္း ျဖစ္ႏိုင္တာေပါ့။ တိုက္႐ိုက္ထိေတြ႕တာမရွိေပ မယ့္ လိုင္းေပၚကေနၿပီး စာနဲေပနဲ႔ ၿခိမ္းေျခာက္တဲ့ အဆင့္အထိေတာ့ရွိေနပါတယ္။ ဒီလိုေတြ ၿခိမ္း ေျခာက္ၾကေတာ့ ကိုယ္စားလွယ္ေလာင္းနဲ႔ သူတို႔ မိသားစုဝင္ေတြက စိုးရိမ္ၾကတာေပါ့။ ဘာမွေျပာလို႔မရ ဘူးေလ ဒီေခတ္က။ ကြၽန္ေတာ္တို႔ အေျခအေနက ကိုယ္စားလွယ္ေလာင္းေတြကိုမေျပာနဲ႔ ပါတီဝင္တာ ေတာင္ အႏၲရာယ္ရွိတဲ့ အေနအထားမ်ိဳးျဖစ္ေနတယ္။ တိုင္းေရး၊ ျပည္ေရး၊ အမ်ိဳးသားေရးကိုၾကည့္ၿပီးေတာ့ပဲ အရဲစြန႔္ၿပီးေတာ့ လုပ္ေနၾကရတာေပါ့။
ေမး ။ ။ ေ႐ြးေကာက္ပြဲက်င္းပတဲ့ကာလမွာ ဘယ္လိုစိန္ေခၚမႈေတြ ရွိလာႏိုင္တယ္လို႔ထင္လဲ။
ေျဖ ။ ။ ေ႐ြးေကာက္ပြဲက်ရင္လည္း လမ္းပိတ္တာေတြ ဘာေတြလည္း ရွိေကာင္းရွိလာႏိုင္တယ္လို႔ ေမွ်ာ္မွန္း ထားတာေပါ့ေနာ္။ ဒီလက္နက္ကိုင္အဖြဲ႕ေတြက မဲ႐ုံေတြရွိတဲ့ေနရာကိုသြားလို႔မရေအာင္ လုပ္လာႏိုင္တာပဲ အခ်ိဳ႕ေနရာေတြမွာေလ။ ဒါေတြကို ႀကဳံရလာႏိုင္ တယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။ ဒီအျပင္ဆိုရင္ မဲထည့္မယ့္သူေတြလည္း ၿခိမ္းေျခာက္တာေတြကို ခံရႏိုင္ပါတယ္။ ဒီလိုစိန္ေခၚမႈေတြကိုေတာ့ အမ်ားႀကီး ႀကဳံလာရႏိုင္ပါတယ္။
ေမး ။ ။ လက္ရွိ လူထုရဲ႕ ပါတီအေပၚစိတ္ဝင္စားမႈအေျခအေနဘယ္လိုရွိလဲ။
ေျဖ ။ ။ ေတာ္ေတာ္စိတ္ဝင္စားၾကတယ္။ လူထုက လည္း ဒီအက်ပ္အတည္းကို အရမ္းၿငီးေငြ႕ေန ၾကၿပီ။ သူတို႔လည္း ပင္ပန္းေနၿပီဆိုေတာ့ လူထုက ဒီအက်ပ္အတည္းက လြတ္ေျမာက္ရာ လြတ္ေျမာက္ ေၾကာင္း၊ ဒီအခက္အခဲက လြတ္ေျမာက္ဖို႔အတြက္ ေမွ်ာ္လင့္တႀကီးနဲ႔ ေစာင့္ေနၾကတာေပါ့ေနာ္။ သူတို႔ ေမွ်ာ္လင့္သေလာက္ေတာင္ ကြၽန္ေတာ္တို႔ လုပ္ေပး ႏိုင္ပါ့မလားဆိုတာ စိုးရိမ္စရာေတာ့ ရွိတာေပါ့။
ေမး ။ ။ ဆိုရွယ္မီဒီယာေတြသုံးၿပီးေတာ့ မဲဆြယ္သြား ဖို႔ရွိမလား။
ေျဖ ။ ။ ဒါကိုေတာ့ ကြၽန္ေတာ္တို႔ လုပ္ေနပါတယ္။ ကြၽန္ေတာ္တို႔ အသိုင္းအဝိုင္းၾကားထဲမွာေလ။ ဆိုရွယ္မီဒီယာကိုသုံးၿပီး မဲဆြယ္စည္း႐ုံးတာေတြ လုပ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ လုပ္ေနပါတယ္။
ေမး ။ ။ ျပည္သူေတြကေကာ ဆိုရွယ္မီဒီယာကို သုံးႏိုင္တဲ့အေနအထားရွိလား။
ေျဖ ။ ။ ျပည္သူေတြအတြက္က်ေတာ့ အင္တာ နက္လိုင္းေတြမရေတာ့ အဆင္ေတာ့ သိပ္မေျပဘူး။ ဒါေပမဲ့ သူတို႔ရဲ႕ မိသားစုဝင္ေတြ၊ ေဆြမ်ိဳးသားခ်င္း ေတြကႏိုင္ငံျခားမွာပဲ အေနမ်ားၾကတယ္ေလ။ ဒီေတာ့ ႏိုင္ငံျခားမွာ လိုင္းေကာင္းေကာင္းၾကည့္လို႔ရတဲ့ သူေတြကေနတစ္ဆင့္ ျပန္ေျပာၾကလိမ့္မယ္ လို႔ပဲ ေမွ်ာ္လင့္ရတာေပါ့။
ေမး ။ ။ ျပည္သူေတြကေကာ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ဘာေတြေျပာၾကလဲ။
ေျဖ ။ ။ အယူအဆကေတာ့ အမ်ိဳးမ်ိဳးရွိၾကပါတယ္။ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီေလးငါးႏွစ္လည္းၾကာလာေတာ့ ေတြ႕ႀကဳံေနရတဲ့ ခံစားေနရတဲ့ အေနအထားကိုၾကည့္ၿပီးေတာ့ ဘာပဲျဖစ္ျဖစ္ ေလာေလာဆယ္မွာ ဒီေ႐ြးေကာက္ပြဲ လမ္းကပဲ အေကာင္းဆုံးျဖစ္မွာပါဆိုတာကို ေျပာလာ ၾကတယ္။ အစတုန္းကေတာ့ ခဏေလးနဲ႔ ၿပီးသြား မယ္ထင္ၾကတာေတြ။ ဒါေပမဲ့ အခုလို ႏွစ္နဲ႔ခ်ီၾကာ လာၿပီး အခက္ခဲေတြႀကဳံေတြ႕လာၾကရေတာ့ သူ႔ ထက္သာတဲ့လမ္းမရွိေတာ့ဘူးဆိုတာကို ေျပာလာ၊ သိလာၾကတယ္။ ဒီလမ္းကိုပဲေလွ်ာက္ဖို႔အတြက္ အားေပးၾကပါတယ္။
ေမး ။ ။ ေ႐ြးေကာက္ပြဲကို ကန႔္ကြက္ေနၾကတဲ့သူေတြကို ဘာေျပာခ်င္လဲ။
ေျဖ ။ ။ ကြၽန္ေတာ္ သူတို႔ရဲ႕ခံစားခ်က္ကို ေကာင္း ေကာင္း နားလည္ေပးပါတယ္။ ဘာျဖစ္လို႔လည္းဆို ေတာ့ (၂၀၂၀) မွာ သူတို႔အားေပးတဲ့ ပါတီက အာဏာရခါနီးဆဲဆဲမွာ အဆင္မေျပမႈေတြျဖစ္ သြားတာကိုး။ တျခားတစ္နည္းနဲ႔ေျပာရရင္ ထမင္းဝိုင္းက ျပင္ၿပီးၿပီ။ စားလုဆဲဆဲမွာပဲ ဝိုင္းက အေ႐ႊ႕ခံလိုက္ရတဲ့ သေဘာျဖစ္ေနတယ္ေလ။အဲဒီခံစားခ်က္ကို ကြၽန္ေတာ္တို႔ နားလည္ေပးပါတယ္။ အခုတကယ္လို႔ ေ႐ြးေကာက္ပြဲေကာင္းေကာင္းမြန္ မြန္ျဖစ္သြားရင္ (၂၀၂၀) ေ႐ြးေကာက္ခံဆိုတဲ့ လူေတြရဲ႕သက္တမ္းက ေအာ္တိုမစ္တစ္ ကုန္သြားၿပီ ေလ။ ဒီေတာ့ သူတို႔လည္း အဲဒါကို စိုးရိမ္တာျဖစ္ဖို႔ မ်ားပါတယ္။ (၁၉၉၀) တုန္းကအဖြဲ႕ေတြလည္း (၂၀၁၀) က်ေတာ့မွ ကုန္တာကိုး။ သူတို႔ကေတာ့ ၾကားထဲမွာ ေ႐ြးေကာက္ပြဲမရွိေတာ့ ၾကာၾကာေတာ့ လႈပ္ရွားလို႔ရတာေပါ့ေနာ္။ ဒီတစ္ခါကေတာ့ ေလးငါးႏွစ္အတြင္းမွာေ႐ြးေကာက္ပြဲျဖစ္လာေတာ့ သူတို႔ အတြက္ကေတာ့ သိပ္အဆင္မေျပဘူးေပါ့။ နားလည္ ေပးပါတယ္။ ကြၽန္ေတာ္တို႔လည္း ကြၽန္ေတာ္တို႔ ျဖစ္ခ်င္တဲ့ ဆႏၵရွိပါတယ္။ ဒါေပမဲ့ တကယ့္လက္ ေတြ႕ဘဝမွာ ဒီေ႐ြးေကာက္ပြဲက အမ်ားျပည္သူ အတြက္ အေကာင္းဆုံး၊ ထိခိုက္မႈအနည္းဆုံး လမ္းေၾကာင္းျဖစ္တယ္ဆိုတာကို ေျပာခ်င္ပါတယ္။
ေမး ။ ။ ဒီပဋိပကၡေတြေၾကာင့္ ျပည္သူေတြ ဘယ္ေလာက္ထိ ထိခိုက္မႈျဖစ္ေနတယ္လို႔ ေျပာလို႔ရ မလဲ။
ေျဖ ။ ။ ဒီေလးႏွစ္ေက်ာ္ ငါးႏွစ္နီးပါးအတြင္းမွာ ျပည္သူေတြထိခိုက္မႈေတြကေတာ့ အမ်ားႀကီးပါပဲ။ ကြၽန္ေတာ္တို႔ ဒါေတြကို ႏွစ္ေပါင္းမ်ားစြာ ျပန္တည္ ေဆာက္ၾကရေတာ့မွာ။ အထူးသျဖင့္ ပညာေရးမွာ ေပါ့ေနာ္။ ကြၽန္ေတာ့္ၿမိဳ႕ျဖစ္တဲ့ တြန္းဇံၿမိဳ႕မွာဆိုရင္ ကေလးေတြဟာ ေလးႏွစ္လုံးလုံးေကာင္းေကာင္းမြန္ မြန္စာမသင္ခဲ့ၾကရဘူး။ စာသင္ခန္းထဲအထိ သူတို႔ လာၿပီးေတာ့ တိုက္ပြဲလာေဖာ္တာကိုး။ ကေလးေတြရဲ႕ ေရွ႕ေမွာက္မွာတင္ သူတို႔ေသနတ္ေဖာက္ျပတာဆို ေတာ့ ဒီထိခိုက္မႈက တိုင္းတာလို႔မရေလာက္ေအာင္ကို ေတာ္ေတာ္ႀကီးပါတယ္။ ၿပီးရင္ က်န္းမာေရးတို႔၊ လမ္း ပန္းဆက္သြယ္ေရးတို႔ဆိုရင္လည္း အမ်ားႀကီးထိခိုက္ မႈေတြရွိတာေပါ့။ ျမင္ရတဲ့အပိုင္းေရာ၊ မျမင္ရတဲ့ အပိုင္းေရာ အမ်ားႀကီးထိခိုက္မႈေတြရွိတာေပါ့ဗ်ာ။ ဒီအရာေတြကို ျပန္တည္ေဆာက္ဖို႔ဆိုရင္ ကြၽန္ေတာ္ တို႔ အစိုးရတစ္ရပ္တည္းကေနၿပီးေတာ့ ျပန္တည္ ေဆာက္ဖို႔ လြယ္လြယ္ကူကူနဲ႔ မျဖစ္ႏိုင္ေတာ့ဘူး။ႏိုင္ငံတကာရဲ႕ အကူအညီေတြ၊ အစိုးရမဟုတ္တဲ့ NGO အဖြဲ႕အစည္းေတြရဲ႕ အကူညီေတြကအစ ၊ ႏိုင္ငံေရးကင္းတဲ့ ဘာသာေရးအဖြဲ႕အစည္းေတြရဲ႕ အကူညီေတြကအစ အားလုံးလိုအပ္တာေပါ့ေနာ္။ႏိုင္ငံတာတကာရဲ႕ အကူညီေတြရေအာင္လည္း ကြၽန္ေတာ္တို႔ အမ်ားႀကီးႀကိဳးစားၾကရဦးမွာပါ။ျပန္တည္ေဆာက္ဖို႔ဆိုရင္ အစိုးရတစ္ရပ္တည္းနဲ႔ ဘယ္လိုမွ မလြယ္ကူပါဘူး။
ေမး ။ ။ တျခားျဖည့္စြက္ေျပာခ်င္တာမ်ားရွိမလား။
ေျဖ ။ ။ ကြၽန္ေတာ္တို႔ကို မႀကိဳက္တဲ့သူေတြ၊ဆဲတဲ့ ဆိုတဲ့လူေတြလည္းရွိပါတယ္။ ဒါေတြကိုလည္း နားလည္ေပးပါတယ္။ ခံစားခ်က္ေတြက အတူတူပါပဲ။ကြၽန္ေတာ္တို႔မွာ တျခားေ႐ြးခ်ယ္စရာ မေတြ႕ေတာ့တဲ့ အတြက္ လတ္တေလာမွာ တိုင္းျပည္ကို ေကာင္းေစ တဲ့လမ္း မျမင္ေတြ႕ရေတာ့တဲ့အတြက္ ျပည္သူေတြ အတြက္ ေကာင္းရာေကာင္းေၾကာင္း တတ္ႏိုင္တဲ့ဘက္ ကေန ကြၽန္ေတာ္တို႔ ႀကိဳးစားေနၾကတာပါလို႔ ေျပာခ်င္ ပါတယ္။

Related news

© 2021. All rights reserved.