စစ်ကြောင့် ဘဝတစ်ဆစ်ချိုးပြောင်းပြီး တစ်ကပြန်စနေရတဲ့မြို့ (မြို့အင်တာဗျူး)

2643

ပုံစာ။ ။ ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားစဉ်က တွေ့ရပုံ
သန့်ဇင် (NP News) - နိုဝင်ဘာလ ၂၆
PNLO ၊ KNDFနှင့် PDF ပူးပေါင်းအဖွဲ့များက (၂၀၂၄)ခုနှစ် ဇန်နဝါရီလ (၂၄)ရက်မှစတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ(၆)အတွင်းရှိ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများကိုစတင်ဖော်ဆောင်ခဲ့သဖြင့် ဆီဆိုင်မြို့၏ (၇၀)ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ရပြီး ဒေသခံများလည်း နေရပ်စွန့်ခွာစစ်ဘေးရှောင်ခဲ့ရသည်။ ထို့နောက် နှစ်လအကြာ မတ်လ(၂၅)ရက်တွင် ဆီဆိုင်မြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရသည်။ လက်ရှိတွင် တိုက်ပွဲ များပြီးဆုံးပြီး တစ်နှစ်ခွဲကျော်ကာလအကြာအထိ ဆီဆိုင်မြို့ခံလူထု၏စိတ်အတွင်း စစ်ပွဲနှင့်ပတ်သက်၍ စိုး ထိတ်နေမှုများလည်းရှိနေသေးသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ဆီဆိုင်မြို့မှဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်းထာသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး-ပထမဆုံးအနေနဲ့ ဆီဆိုင်မြို့ရဲ့လက်ရှိအခြေ အနေကိုသိပါရစေ။
ဖြေ-ဆီဆိုင်မြို့က လက်ရှိမှာတော့ အေးဆေးတည် ငြိမ်ပြီးစည်ကားနေပါပြီ။ အကုန်လုံးဆိုင်တွေပြန် ဖွင့်ပြီး အေးအေးဆေးဆေးဖြစ်နေပါပြီ။
မေး-(၂၀၂၄) ခုနှစ် ဇန်နဝါရီလက ဆီဆိုင်မှာတိုက်ပွဲ တွေဖြစ်ပြီးနောက် ဒေသခံတွေပြောင်းရွှေ့ခဲ့ရတာရှိပါတယ်။ အခု အဲဒီပြောင်းရွှေ့နေတဲ့ လူတွေပြန်နေပြီ လားခင်ဗျာ။
ဖြေ-ဟုတ်ကဲ့။ ပြန်နေနေကြပါပြီ။ (၁၀ဝ)ရာခိုင်နှုန်းနီးပါးပြန်နေနေပြီပေါ့နော်။ တချို့လည်း ပြောင်းလက် စနေရာမှာပဲ အခြေချနေနေကြတဲ့လူတွေလည်း ရှိပါတယ်။ အများစုကတော့ပြန်နေနေကြပါပြီ။ များ သောအားဖြင့် အိမ်ပြန်လာကြပါပြီ။
မေး-ဆီဆိုင်မြို့က ဒေသတွင်းမှာ ဘယ်လိုအရေး ပါတဲ့မြို့လဲ။
ဖြေ-ကျွန်တော်တို့ ဆီဆိုင်က လယ်ယာထွက်ကုန် တွေဖြစ်တဲ့ ပြောင်းတို့၊ အဲဒီလယ်ယာထွက်ကုန် တွေကိုပဲ အရောင်းအဝယ်လုပ်တဲ့မြို့ ပေါ့နော်။ အဲဒီလယ်ယာထွက်ကုန်တွေကိုပဲ တင်ပို့ရောင်းတယ်။ အဲဒီလိုပဲပေါ့နော်။
မေး-တခြားစီးပွားရေးလုပ်ငန်းတွေကော ရှိသေး လားခင်ဗျ။
ဖြေ-တခြားကတော့ သယ်ယူပို့ဆောင်ရေး။ စား သောက်ဆိုင်နဲ့ လူသုံးကုန်ပစ္စည်းတွေလည်းထွက်ပါတယ်။ အဓိကကတော့ လယ်ယာထွက်ကုန်ကို လူ တွေနေထိုင်ဖို့လိုအပ်တဲ့ စီးပွားရေးပဲလုပ်ကြတာ များပါတယ်။ ထူးထူးခြားခြားကြီးတော့ သိပ်မရှိပါဘူး။
မေး-ဆီဆိုင်မြို့မှာ လက်ရှိဆက်သွယ်ရေးတွေကော ကောင်းရဲ့လား။
ဖြေ-ဆက်သွယ်ရေးကကောင်းပါတယ်။ အခု လည်းတောင်ကြီးနဲ့ ဆီဆိုင်က (၂၄) နာရီသွားလို့ရ နေပါပြီ။ ဖုန်းလိုင်းတွေလည်း ပြန်ကောင်းပြီ။ လျှပ်စစ်မီးလည်း (၂၄) နာရီပြန်ရနေပါပြီ။
မေး-ပညာရေးနဲ့ပတ်သက်ရင်ကော ဘယ်လိုအ ခြေအနေရှိပါသလဲ။
ဖြေ-ကျောင်းတွေလည်းပြန်ဖွင့်နေပါပြီ။ ပုံမှန်ပြန်ဖွင့်၊ ပြန်တက်နေကြပါပြီ။ ပြန်လည်ထူထောင်ရေးကတော့ အစိုးရဘက်ကနေပြန်ပြီး ထောက်ပံ့ ပေးတာ တွေရှိတယ်။ အဖွဲ့အစည်းတွေကနေပြန်ပြီးထောက်ပံ့ပေးတာတွေရှိတယ်။ လှူတဲ့ဟာတွေလည်းရှိပါ တယ်ခင်ဗျ။ တိုက်ပွဲကြောင့် စစ်ဘေးရှောင်းရင်းနဲ့ ကျောင်းနားခဲ့ရတော့ နှစ်အောက်သွားတဲ့ ကလေးတွေ လည်း ပြန်တက်နေကြတာရှိပါတယ်။ အတန်းအောက် သွားတာတော့ ရှိပါတယ်။ ဒါပေမဲ့ပြန်နေကြပါတယ်။
မေး-တိုက်ပွဲပြီးတော့ ကျောင်းပြန်မတက်တော့တဲ့ကလေးတွေကော ရှိလား။
ဖြေ-ရှိပါတယ်။ အဲဒီကလေးတွေလည်းရှိပါတယ်။
မေး-ဆီဆိုင်မှာ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့ ဘာကိုအများဆုံးစိုက်ကြလဲ။
ဖြေ-ပြောင်းနဲ့ ကြက်သွန်ဖြူစိုက်ပါတယ်။ ထွက် တဲ့သီးနှံကိုတော့ အောင်ပန်းကုန်စည်ဒိုင်ကိုပို့ပါတယ်။
မေး-ရှမ်းတောင်ကကြက်သွန်ဖြူဈေးကွက်မှာ ဈေးမရဘူးလို့သိရပါတယ်။ ဆီဆိုင်က ကြက်သွန်ဖြူ ထွက်တဲ့ဒေသဖြစ်တော့ တိုက်ပွဲအပြီး ဈေးကောင်းမရ တာနဲ့ စိုက်ပျိုးတဲ့လူတွေကော ဘယ်လိုရုန်းကန် နေကြရလဲ။
ဖြေ-တချို့ကတော့ ထိုင်းကိုထွက်ပြီးအလုပ်လုပ်နေကြတယ်။ အဲဒီကပို့တဲ့ငွေကြေးနဲ့ပဲ လည်ပတ်နေကြ ရတာပေါ့။ အဓိကကတော့ အဲဒါပါပဲ။
မေး-ဆီဆိုင်က တိုက်ပွဲတွေပြီးဆုံးသွားတာ (၂)နှစ်နီးပါးကာလကို ရောက်လာပြီပေါ့နော်။ အဲဒီတော့ တိုက်ပွဲတွေဖြစ်နေတုန်းကအချိန်နဲ့ လက်ရှိအချိန် ဘာတွေကွာခြားသွားတာရှိလဲ။
ဖြေ-ကျွန်တော်တို့ အဓိကပျက်စီးသွားတဲ့နေရာတွေ ပေါ့နော်။ အဲဒီအဓိကပျက်စီးသွားတဲ့နေရာတွေမှာ ပြန် တည်ဆောက်ရတဲ့အပိုင်းလေးတွေမှာ ပြန်ဆောက် နိုင်တာရှိတယ်။ မဆောက်နိုင်တာရှိတယ်။ တချို့ စီး ပွားပျက်သွားတာတွေရှိတယ်။ အသက်ဆုံးရှုံးသွား တာတွေ ရှိတယ်။ တချို့က ကိုယ်ပုံမှန်လည်ပတ်နေတဲ့ အခုအချိန်မှာပြန်မလည်ပတ်နိုင်တော့တာပေါ့။ သူတို့ရဲ့ အရင်တုန်းကရှိခဲ့တဲ့ ပစ္စည်းတွေက ပျောက် ဆုံးသွားတာပေါ့နော်။ ပျောက်ဆုံးသွားတဲ့အခါကျ တော့ အဲဒါတွေကို သူတို့ပြန်မဖြည့်တင်းနိုင်တာမျိုးတို့ ကုန်ပါသွားတဲ့အခါ ကျတော့ ကုန်ဖိုးပြန်မပေးနိုင် တာမျိုးတို့ အဲဒီလိုမျိုး တွေလည်းရှိတယ်။ တိုက်ပွဲဖြစ် ခဲ့တုန်းက ဒေသခံတွေထဲမှာ စီးပွားပျက်သွားတဲ့လူ တွေလည်းရှိခဲ့လို့ အသက်ဆုံးရှုံးသွားခဲ့ရတဲ့လူတွေ လည်းရှိခဲ့တာပေါ့။
မေး-စစ်ရဲ့ဆိုးကျိုးကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့ ပြည်သူက ဆီဆိုင်မှာ ရာခိုင်နှုန်းဘယ်လောက်ရှိခဲ့လဲ။
ဖြေ-အနည်းဆုံးတော့ (၅၅) ရာခိုင်နှုန်းလောက် သွားမယ်။ အရင်တုန်းကလိုမျိုး (၁၀ဝ) ရာခိုင်နှုန်း အပြည့် မြို့ကစည်ကားနေတာတို့၊ ရောင်းဝယ် ဖောက်ကားနေတာတော့ မတွေ့ရတော့ဘူးပေါ့။ တတ်နိုင်တဲ့လုပ်ငန်းတွေလောက်ပဲပြန်လုပ်ကြတာ ပေါ့လေ။ တချို့ပျက်သွားတယ်ဆိုပေမယ့်လည်း ရှိတဲ့ဟာလေးနဲ့ သူတို့စီးပွားရေးတွေပြန်လုပ်ကြရတာပေါ့။ ရောင်းဝယ်ဖောက်ကားမှုပြန်လုပ်ရတာပေါ့။ ရှေ့ဆက်ပြီးလျှောက်လှမ်းဖို့အတွက် တစ်ကနေပြန်စရတဲ့ပုံစံမျိုးတွေလည်းဖြစ်သွားခဲ့ရတာပေါ့နော်။
မေး-အဲဒီလိုပြန်စရတဲ့ အချိန်မှာ သူတို့စိတ်မှာဘယ် လိုအားအင်နဲ့ပြန်စဖို့ရုန်းကန်နေရတယ်လို့မြင်လဲ။
ဖြေ-တချို့ကတော့ ဒီတိုက်ပွဲကို စိတ်နာပြီးပြန်မလာ တဲ့လူတွေလည်းရှိတာပေါ့။ များသောအားဖြင့်ကတော့ စိတ်ခံစားချက်က ပြောဖို့ခက်ပေမယ့် အဘိုးအဘွား တွေကိုမြင်ရတာတော့ တုန်လှုပ်ချောက်ချားသွား တာတို့။ လူနာလိုဖြစ်သွားတာတို့တော့ မြင်နေရတယ်။ အဓိကကတော့ ကြောက်တတ်သွားတာပေါ့နော်။ ရုန်းကန်ရခက်ခဲနေတဲ့အချိန်မှာ ခြောက်ခြားမှုတွေနဲ့ လုပ်ကိုင်နေရာတို့၊ အဲဒီစိတ်နဲ့ပဲ ဆေးရုံဆေးခန်းတွေ သွားနေရတဲ့လူတွေလည်း တွေ့ရတာပေါ့နော်။ အဲဒီကြားထဲမှာ မိသားစုနဲ့မခွဲချင်ပေမယ့်လည်း ခွဲခဲ့ကြရတာတွေလည်းမြင်ရတယ်။ စီးပွားရေးတွေ ကတော့ ဆိုင်ကြီးသမားတွေက ဆိုင်အသေးတွေနဲ့ ရောင်းရတို့။ တချို့လည်းတဲလေးထိုးပြီးရောင်းရတာတို့တော့ ဖြစ်သွားတာမြင်ရတယ်။ ဒါပေမဲ့ ပြန်တော့ စနေကြရပါတယ်။
မေး-တိုက်ပွဲကြောင့် ဆီဆိုင်မြို့နားကရွာတွေကော ဘယ်လိုထိခိုက်ခံစားခဲ့ရလဲ။
ဖြေ-ကျွန်တော်တို့အရပ်ဒေသမှာက ဟိုဘက် အဖွဲ့( PDF ပူးပေါင်းအဖွဲ့) ရောက်လာတဲ့ အချိန်မှာလည်း ဟိုဘက်အဖွဲ့နဲ့ သင့်မြတ်အောင်နေ။ ဒီဘက်အဖွဲ့ရောက်တဲ့အချိန်မှာလည်း ဒီဘက်အဖွဲ့နဲ့ သင့်မြတ်အောင်နေတဲ့ လယ်သမားတွေတော့ရှိတာ ပေါ့နော်။ တချို့သောရွာတွေကတော့ အကုန်ပစ်ပြီး ပြေးရတယ်ပေါ့နော်။ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တဲ့ လမ်းကြောင်းပေါ်မှာကျတဲ့ရွာတွေကတော့ ရှောင်ရ တယ်။ အိမ်ရော၊ ယာရောအကုန်လုံးပစ်ပြီးတော့ ရှောင်ရတယ်ပေါ့လေ။ အဲဒီလိုမျိုးမဖြစ်တဲ့နေရာတွေ ကျတော့လည်း ရွာမှာပဲနေတယ်။ လယ်ဆက် လုပ်တယ်။ ရှောင်လိုက်ပုန်းလိုက်။ တောထဲပြေးလိုက် နဲ့ ကျွန်တော်တို့မြင်ရတာတွေလည်းရှိတယ်။ အဲဒါ ကတော့ ဆီဆိုင်ဘေးကရွာတော်တော်များများပေါ့။ ဆီဆိုင်မှာက ကျေးရွာပေါင်းက အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်တော်တော်များများမှာကိုရှိတယ်။
မေး-ဆီဆိုင်မြို့က အခုလက်ရှိမှာဆိုရင်တော်တော်ကိုအေးချမ်းနေပြီလို့ပြောလို့ရတာပေါ့နော်။ ဖြစ်သွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသခံတွေ စိတ်ထဲမှာ ဘယ်လိုတွေခံစားနေကြရလဲ။
ဖြေ-ဒီဟာကိုတော့ ဘယ်သူမှပြန်မလိုချင်ကြတော့ဘူးပေါ့လေ။ ဘာကြောင့်လဲဆိုတော့ တကယ်ခံစား ခဲ့ရတဲ့လူတွေကတော့ အသိဆုံးပေါ့နော်။ ဘာ ကြောင့်လဲဆိုတော့ ကိုယ်ရဲ့အသက်အိုးအိမ် စည်းစိမ်၊ ကိုယ်ရဲ့အိမ်နဲ့ ကိုယ့်ရဲ့စီးပွားတစ်မုဟုတ်ချင်း ကိုပျောက်သွားတာလေ။ သူများအိမ်မှာသွားနေရ တယ်။ သူများနေရာမှာသွားနေရတယ်။ သူများအ ရိပ်အောက်မှာသွားနေရတယ်။ ပိုက်ဆံရှိတဲ့လူတွေ ကလည်း ဘာမှမရှိတော့ဘူး။ နေ့စားလိုက်ရတဲ့အ ခြေအနေအထိဖြစ်သွားခဲ့ကြရတယ်။ လယ်ပိုင်ရှင် တွေဆိုရင်လည်း စစ်ရှောင်နေဆဲကာလ (၃) လက နေ (၆) လအထိ အတိုင်းအတာထဲမှာ နေထိုင်စား သောက်ဖို့အတွက်ကို နေ့စားပြန်လိုက်ရတာပေါ့လေ။ အဲဒီလိုအခြေအနေတွေချက်ချင်း ရောက်သွားတယ်။ ဘယ်နေ့ဘယ်ရက်မှာကိုယ်ပြန်ရမယ်ဆိုတာလည်း မသိဘူး။ လမ်းပျောက်နေတာပေါ့နော်။ ရောက်တဲ့ နေရာမှာပဲ စီးပွားရေးတစ်ခုခုလုပ်ပြီးနေရမှာလား။ ဒါမှမဟုတ်ရင်လည်း ဘယ်အချိန်၊ ဘယ်အချိန်မှာ ငါတို့ပြန်ရမလဲဆိုတာလည်း အတိအကျမမျှော်လင့် နိုင်တဲ့အတွက် အလုပ်သစ်ကိုပဲစရတော့မလို၊ နေရာ ဟောင်းကိုပဲပြန်ရတော့မလို အဲဒီလိုတွေဖြစ်သွားတာ ပေါ့နော်။ အဲဒီတော့ ဘယ်သူမှတော့ ဒါကြီးကို ပြန်မလိုချင်ကြတော့ဘူး။ ဒီဟာပေါ်မှာလည်း ဒီက ဒေသခံတစ်ယောက်မှ အကျိုးအမြတ်မရခဲ့ဘူး။ ဒေသခံတွေ၊ ပြည်သူတွေပဲနစ်နာ ခဲ့ရတာပေါ့နော်။
မေး-ရုတ်ချည်းဆိုသလို ဘဝပြောင်းခဲ့ရသလိုဖြစ်သွား တာလား။
ဖြေ-ဟုတ်တယ်ဗျ။ ဒါပေမဲ့ အဲဒီကြားထဲမှာ သူဌေး ဖြစ်သွားတဲ့လူတွေလည်းရှိခဲ့တယ်ဗျ။
မေး-ဘယ်လိုလူမျိုးတွေလဲ။
ဖြေ-ဘယ်လိုလူတွေလဲဆိုတော့ တရားဥပဒေ မရှိ တော့တဲ့အချိန်မှာ အိမ်တွေမှာကျန်ခဲ့တဲ့ ပစ္စည်းတွေ၊ ဆိုင်ကယ်တွေ၊ ဆန်တွေ၊ ဆောက်လုပ်ရေးပစ္စည်း တွေနဲ့ ဘိလပ်မြေတွေ အကုန်ပေါ့နော်။ ဆိုင်ကယ် တွေဆိုရင်လည်း ဘယ်ဆိုင်ကယ်ပဲဖြစ်ဖြစ် (၆)သိန်း၊ (၆)သိန်းခွဲနဲ့ ပြန်ကောက်တဲ့လူတွေရှိတယ်။ သူခိုးဈေးနဲ့ပြန်ကောက်ပြီးတော့ Click ဘီးဆိုလည်း (၆)သိန်းပဲ။ လာထားပဲ။ ဒါပေမဲ့ ဟိုဘက်ဆိုရင်တော့ ပေါက်ဈေးနဲ့ပြန်ရောင်းတာပေါ့နော်။ ဒီလိုလုပ် လိုက်တဲ့လူတွေကတော့ ဒီဖြစ်စဉ်မှာ သိသိသာသာက ဆီဆိုင်ရဲ့တောင်ဘက်မှာ ယာယီတဲထိုးပြီးတော့ အဲဒီလိုမျိုးပြန်ကောက်တဲ့လူတွေရှိတယ်။ သူတို့က ဘာပဲလာလာအကုန်ပြန်ဝယ်တယ်။ ပြန်ဝယ်ပြီးတော့ တခြားနေရာပြန်ပို့ရောင်းတာပေါ့နော်။ အဲဒီလို လူတွေကတော့ သူဌေးဖြစ်သွားတာပေါ့။ ပြီးရင်သူတို့ စိုးမိုးခဲ့တဲ့နေရာတွေ သူတို့အချိန်အကြာကြီး နေရာ ယူထားတဲ့နေရာတွေဆိုရင် အဲဒီဒေသမှာ ဖုန်းလိုင်း တွေဖြတ်တောက်ထားတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား အကုန်လုံးဖြတ်တောက်ထားတယ်။ အဲဒီအခြေအ နေမှာ ရောင်းချင်တယ်ဆိုရင် သူတို့နဲ့လက်ဝါးချင်း ရိုက်ထားတဲ့လူဆီမှာပဲ ရောင်းရတယ်။ ပေါက်ဈေးကလည်းအပြင်ပေါက်ဈေးထက်အများကြီးပိုနှိမ်တယ် ပေါ့နော်။ (၁၃၀ဝ)ကျပ်ပေါက်တဲ့အချိန်မှာ (၇၅၀)ကျပ်ဈေးလောက်နဲ့ပဲ နှိမ်ပြီးယူတယ်ပေါ့နော်။ ပြီး သွားရင်လည်း ပြန်ရောင်းတဲ့ဓာတ်ဆီ၊ ဒီဇယ်ဈေးဆို ရင်လည်း (၁၃၀ဝဝ)ကျပ်၊ (၁၃၅၀ဝ)ကျပ်နဲ့ (၁၈၀ဝဝ)ကျပ်အထိ ပြန်ရောင်းတာပေါ့နော်။ ပြန် ရောင်းတော့ အဲဒီနေရာကလူတွေကတော့ စီးပွား ပျက်တယ်။ ရှိတာလေးနဲ့ပဲ စားပြီးနေတယ်။ ဆေးက မရှိ၊ ဆေးလည်းသွားကုလို့မရတော့ အသေခံရ တာတွေလည်းရှိတာပေါ့။ အဲဒါကတော့ သူတို့ ရေရှည်စိုးမိုးခဲ့နေရာက အဲဒီလိုမျိုးတွေလုပ်ခဲ့ တယ်ပေါ့။
မေး-ရေရှည်စိုးမိုးခဲ့တဲ့နေရာတွေက ဘယ်လိုနေရာ တွေလဲ။ ရှင်းပြပေးပါဦး။
ဖြေ-ဆီဆိုင်မြို့အရှေ့ခြမ်းနဲ့ အနောက်ခြမ်းပေါ့။ ဆီဆိုင်မြို့ရဲ့အရှေ့ခြမ်းမှာဆိုရင်လည်း အချိန် ကြာကြာသူတို့နေရာယူခဲ့တယ်။ အနောက်ခြမ်းမှာဆို ရင်လည်း အဲဒီလိုပဲ အချိန်ကြာကြာနေရာယူခဲ့တဲ့အချိန်ပေါ့။ ပြီးရင် ဖယ်ခုံအရှေ့ဘက်ခြမ်းပေါ့နော်။ ဖယ်ခုံမြို့နဲ့ ဖယ်ခုံအရှေ့ဘက်ခြမ်းပေါ့နော်။ အဲဒီလို နေရာတွေပေါ့။
မေး- PDF ပူးပေါင်းအဖွဲ့ရှိခဲ့တဲ့နေရာနဲ့ မရှိ ခဲ့တဲ့နေရာ အများကြီး ဘဝတွေကွာခြားသွားခဲ့တာ လား။
ဖြေ-ဟုတ်ပါတယ်။
မေး-ခေတ်ပျက်မှာသူဌေးဖြစ်အောင်လုပ်ခဲ့သူတွေ က လက်ရှိဆီဆိုင်မှာပဲလား။
ဖြေ-အဲဒီလူတွေက ဆီဆိုင်မြို့က လူတွေမဟုတ် ဘူးဗျ။ ပါရင်လည်းပါမှာပေါ့နော်။ ကျွန်တော်တော့အတိအကျတော့မသိဘူးပေါ့နော်။ အခုလည်း ပြန်ပြီး စိမ့်ဝင်နေလား ဘာလားတော့မပြောနိုင်ဘူးပေါ့နော်။ အဲဒီတော့ ယူသွားတဲ့လူတွေကလည်း ကိုယ်မသိ တဲ့လူ။ လူစိမ်းဆိုရင် သတိထားနေရတာပေါ့နော်။ ပြီးသွားလို့ရှိရင် အဲဒီလူတွေက ဘယ်သူတွေ လဲဆိုတာတော့မသိပေမယ့် ဒီဘက်လူတွေတော့ မဟုတ်ဘူးပေါ့။ ဒီဒေသက လူတွေတော့မဟုတ်ဘူး။ အဲဒီဘက်အဖွဲ့တွေနဲ့(PDF ပူးပေါင်းအဖွဲ့) ပါလာ တဲ့လူတွေပေါ့နော်။ ဒီဒေသက လူမျိုးမဟုတ်တဲ့လူ တွေ။ လူမျိုးခြားတွေပေါ့နော်။
မေး-သူတို့ကခွင်ကျကျကို စီးပွားရေး လုပ်သွား တာလား။
ဖြေ-သေချာတာပေါ့ဗျာ။
မေး-ဆီဆိုင်က တိုက်ပွဲမှာကြေသွားခဲ့တယ်။ ဒေသ ခံတွေကကော စစ်ရဲ့ဆိုးကျိုးကို ဘယ်လောက်အ ထိကြောက်သွားပြီလဲ။
ဖြေ-သူတို့ကတော့ စစ်ကိုဆိုရင်ဘာမှကိုမလိုချင် တော့တာ။ ပြီးသွားတဲ့ဟာတွေလည်း ရှေ့ဆက် တွဲနောက်ဆက်တွဲနဲ့ အကုန်ပြန်လည် တည်ဆောက် ရေးတွေပဲလုပ်နေရတဲ့အခါကျတော့ ထောက်ပံ့နေရ တဲ့ဟာတွေကလည်း ဒေသခံတွေအပေါ်မှာ ဝန်ထုပ် ဝန်ပိုးဖြစ်တယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဆီဆိုင်မြို့ပေါ်မှာသာ လက်ရှိအေးချမ်းနေပေမယ့် ဆီဆိုင်မြို့နဲ့အနီး အစွန်အဖျားဒေသတွေမှာ အကြွင်း အကျန်တွေရှိနေတာကိုး။ တစ်ဖက်အဖွဲ့ကရှိနေသေး တာကိုး။ အဲဒီမှာ တစ်ဖက်နဲ့တစ်ဖက်တိုက်နေဦးမယ် ဆိုရင် ဒီဘက်ကလည်း ထိန်းရဦးမှာကိုး အဲဒီတော့ လူထုကဒါတွေကို ထောက်ပံ့နေရတာအတွက် ဝန် ထုပ်ဝန်ပိုးဖြစ်မယ်။ တစ်ဖက်အဖွဲ့အစည်းမှာလည်း အတူတူပါပဲ။ တစ်ဖက်အဖွဲ့အစည်းကိုလည်း ပြည်သူတွေကထောက်ပံ့ရတာပဲ။ ဒီဘက်ကိုလည်း ထောက်ပံ့ရတာပဲပေါ့လေ။ နှစ်ဖက်လုံးကြောင့် ဒေသခံတွေကတော့ နာတာပါပဲ။
မေး-ဘယ်လိုမျိုးတွေထောက်ပံ့ရတာလဲ။
ဖြေ-အဲဒါက ဘယ်ဘက်အဖွဲအစည်းပဲဖြစ်ဖြစ် စားရေးသောက်ရေး ထောက်ပံ့ပေးရတယ်။ သွား ရေးလာရေးထောက်ပံ့ပေးရတာပေါ့။ ဥပမာ တစ် ဖက်အဖွဲ့က ရွာကိုဝင်လာရင် ရွာသားကပဲ ထမင်း ချက်ပို့ရတာပေါ့။ ဒီဘက်ကလာရင်လည်း ထမင်းချက် ပို့ရတာပေါ့။ တပ်ဘက်ကလာရင်တော့ သူ့ဟာသူရှိလို့ ရွာသားတွေအတွက် ဝန်ထုပ်ဝန်ပိုးမရှိပေမယ့် ဟိုဘက်အဖွဲ့အစည်းပဲဖြစ်ဖြစ်။ ဒီဘက်အ ဖွဲ့ပဲဖြစ်ဖြစ် အထိုက်အလျောက်တော့ ဝန်ထုတ် ဝန်ပိုးဖြစ်တာပေါ့။ ရွာတွေမဟုတ်ဘဲ ဆီဆိုင်မြို့ပေါ် အတွက်ကတော့ တပ်နဲ့ရဲအတွက်က ဘာမှထောက်ပံ့ စရာမလိုဘူးပေါ့။ ဒါကတော့ နိုင်ငံတော်အစိုးရကပဲ တာဝန်ယူထားရ တဲ့အဖွဲ့ဖြစ်တော့ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူးပေါ့။ ဒီဘက်မှာတော့ သက်ဆိုင်ရာ ပြည်သူလူထုအပေါ်မှာ အတတ်နိုင်ဆုံး သနားညှာ တာမှုရှိတယ်။
မေး-ဘာများ ဖြည့်စွက်ပြီးပြောချင်ပါသလဲခင်ဗျ။
ဖြေ-အဓိကကတော့ ကျွန်တော်တို့ တိုင်းပြည် တစ်ခုလုံးပေါ့နော်။ ဘယ်စနစ်မှတော့ ကောင်းတာ တော့မရှိဘူးပေါ့နော်။ အရင်တုန်းကလိုပဲ တည်တည် ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ ကျွန်တော်တို့တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်းကိုပဲသွားစေချင်တယ် ပေါ့နော်။ ဒီလိုမျိုးတွေဖြစ်လို့ ဘယ်သူမှတော့ကောင်း ကျိုးမရှိဘူးပေါ့လေ။ ကောင်းကျိုးမရှိတဲ့အတွက် နိုင်ငံရေးနည်းလမ်းကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းသင့် တယ်ပေါ့နော်။ ကျွန်တော်တို့အချင်းချင်းစစ်ဖြစ်နေတဲ့ဟာက ဘယ်သူ့ဘယ်ဝါအတွက်မှအကျိုးမရှိဘူး။ ကျွန်တော်တို့တိုင်းပြည် အတွက်ပဲ နစ်နာတယ်။ ကျွန် တော်တို့အတွက်ပဲနစ်နာတယ်ပေါ့နော်။ အဲဒီလိုဆို တော့ လူငယ်တွေကလည်း စိတ်လိုက်မာန်ပါမလုပ်ဘဲ နဲ့ သမိုင်းကို သေချာလေ့လာပြီးတာ့မှ သူများတိုင်းပြည် လိုမျိုး။ ဥပမာထိုင်းလိုမျိုး တိုင်းပြည်မပျက်အောင်၊ မနစ်နာအောင်၊ ဘယ်သူဘယ်ဝါမှမနစ်နာအောင် ဒီတိုင်းလေးပဲသွာစေချင်တယ်ပေါ့နော်။ ကျွန်တော်တို့ တိုင်းပြည် အညွန့်လေးတက်မယ်မရှိသေးဘူး။ ဒီလို ဖြစ်တယ်ဆိုတော့ အကုန်လုံးနစ်နာတာပေါ့နော်။ ကျွန်တော်တို့ ညီအစ်ကို၊ မောင်နှမသားချင်းတွေလည်း အကုန်လုံး နစ်နာကြတာပေါ့နော်။ ဒီအထဲမှာ ဆုံးရှုံး သွားတဲ့ တိုင်းပြည်ရဲ့လူငယ်၊ လူရွယ်တွေအများကြီး ပါတယ်ပေါ့လေ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ

Zawgyi Version:
စစ္ေၾကာင့္ ဘဝတစ္ဆစ္ခ်ိဳးေျပာင္းၿပီး တစ္ကျပန္စေနရတဲ့ၿမိဳ႕
(ၿမိဳ႕အင္တာဗ်ဴး)
Pearl (NP News) - ႏိုဝင္ဘာလ ၂၆
PNLO ၊ KNDFႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားက (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလ (၂၄)ရက္မွစတင္ကာ ရွမ္းျပည္နယ္ေတာင္ပိုင္း ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အထူးေဒသ(၆)အတြင္းရွိ ဆီဆိုင္ၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ားကိုစတင္ေဖာ္ေဆာင္ခဲ့သျဖင့္ ဆီဆိုင္ၿမိဳ႕၏ (၇၀)ရာခိုင္ႏႈန္းခန႔္ပ်က္စီးခဲ့ရၿပီး ေဒသခံမ်ားလည္း ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ခဲ့ရသည္။ ထို႔ေနာက္ ႏွစ္လအၾကာ မတ္လ(၂၅)ရက္တြင္ ဆီဆိုင္ၿမိဳ႕ကို တပ္မေတာ္က ျပန္လည္သိမ္းပိုက္ခဲ့ၿပီး နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားလုပ္ေဆာင္ခဲ့ရသည္။ လက္ရွိတြင္ တိုက္ပြဲ မ်ားၿပီးဆုံးၿပီး တစ္ႏွစ္ခြဲေက်ာ္ကာလအၾကာအထိ ဆီဆိုင္ၿမိဳ႕ခံလူထု၏စိတ္အတြင္း စစ္ပြဲႏွင့္ပတ္သက္၍ စိုး ထိတ္ေနမႈမ်ားလည္းရွိေနေသးသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ဆီဆိုင္ၿမိဳ႕မွေဒသခံတစ္ဦးထံ ဆက္သြယ္ေမးျမန္းထာသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး-ပထမဆုံးအေနနဲ႔ ဆီဆိုင္ၿမိဳ႕ရဲ႕လက္ရွိအေျခ အေနကိုသိပါရေစ။
ေျဖ-ဆီဆိုင္ၿမိဳ႕က လက္ရွိမွာေတာ့ ေအးေဆးတည္ ၿငိမ္ၿပီးစည္ကားေနပါၿပီ။ အကုန္လုံးဆိုင္ေတြျပန္ ဖြင့္ၿပီး ေအးေအးေဆးေဆးျဖစ္ေနပါၿပီ။
ေမး-(၂၀၂၄) ခုႏွစ္ ဇန္နဝါရီလက ဆီဆိုင္မွာတိုက္ပြဲ ေတြျဖစ္ၿပီးေနာက္ ေဒသခံေတြေျပာင္းေ႐ႊ႕ခဲ့ရတာရွိပါတယ္။ အခု အဲဒီေျပာင္းေ႐ႊ႕ေနတဲ့ လူေတြျပန္ေနၿပီ လားခင္ဗ်ာ။
ေျဖ-ဟုတ္ကဲ့။ ျပန္ေနေနၾကပါၿပီ။ (၁၀ဝ)ရာခိုင္ႏႈန္းနီးပါးျပန္ေနေနၿပီေပါ့ေနာ္။ တခ်ိဳ႕လည္း ေျပာင္းလက္ စေနရာမွာပဲ အေျခခ်ေနေနၾကတဲ့လူေတြလည္း ရွိပါတယ္။ အမ်ားစုကေတာ့ျပန္ေနေနၾကပါၿပီ။ မ်ား ေသာအားျဖင့္ အိမ္ျပန္လာၾကပါၿပီ။
ေမး-ဆီဆိုင္ၿမိဳ႕က ေဒသတြင္းမွာ ဘယ္လိုအေရး ပါတဲ့ၿမိဳ႕လဲ။
ေျဖ-ကြၽန္ေတာ္တို႔ ဆီဆိုင္က လယ္ယာထြက္ကုန္ ေတြျဖစ္တဲ့ ေျပာင္းတို႔၊ အဲဒီလယ္ယာထြက္ကုန္ ေတြကိုပဲ အေရာင္းအဝယ္လုပ္တဲ့ၿမိဳ႕ ေပါ့ေနာ္။ အဲဒီလယ္ယာထြက္ကုန္ေတြကိုပဲ တင္ပို႔ေရာင္းတယ္။ အဲဒီလိုပဲေပါ့ေနာ္။
ေမး-တျခားစီးပြားေရးလုပ္ငန္းေတြေကာ ရွိေသး လားခင္ဗ်။
ေျဖ-တျခားကေတာ့ သယ္ယူပို႔ေဆာင္ေရး။ စား ေသာက္ဆိုင္နဲ႔ လူသုံးကုန္ပစၥည္းေတြလည္းထြက္ပါတယ္။ အဓိကကေတာ့ လယ္ယာထြက္ကုန္ကို လူ ေတြေနထိုင္ဖို႔လိုအပ္တဲ့ စီးပြားေရးပဲလုပ္ၾကတာ မ်ားပါတယ္။ ထူးထူးျခားျခားႀကီးေတာ့ သိပ္မရွိပါဘူး။
ေမး-ဆီဆိုင္ၿမိဳ႕မွာ လက္ရွိဆက္သြယ္ေရးေတြေကာ ေကာင္းရဲ႕လား။
ေျဖ-ဆက္သြယ္ေရးကေကာင္းပါတယ္။ အခု လည္းေတာင္ႀကီးနဲ႔ ဆီဆိုင္က (၂၄) နာရီသြားလို႔ရ ေနပါၿပီ။ ဖုန္းလိုင္းေတြလည္း ျပန္ေကာင္းၿပီ။ လွ်ပ္စစ္မီးလည္း (၂၄) နာရီျပန္ရေနပါၿပီ။
ေမး-ပညာေရးနဲ႔ပတ္သက္ရင္ေကာ ဘယ္လိုအ ေျခအေနရွိပါသလဲ။
ေျဖ-ေက်ာင္းေတြလည္းျပန္ဖြင့္ေနပါၿပီ။ ပုံမွန္ျပန္ဖြင့္၊ ျပန္တက္ေနၾကပါၿပီ။ ျပန္လည္ထူေထာင္ေရးကေတာ့ အစိုးရဘက္ကေနျပန္ၿပီး ေထာက္ပံ့ ေပးတာ ေတြရွိတယ္။ အဖြဲ႕အစည္းေတြကေနျပန္ၿပီးေထာက္ပံ့ေပးတာေတြရွိတယ္။ လႉတဲ့ဟာေတြလည္းရွိပါ တယ္ခင္ဗ်။ တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္းရင္းနဲ႔ ေက်ာင္းနားခဲ့ရေတာ့ ႏွစ္ေအာက္သြားတဲ့ ကေလးေတြ လည္း ျပန္တက္ေနၾကတာရွိပါတယ္။ အတန္းေအာက္ သြားတာေတာ့ ရွိပါတယ္။ ဒါေပမဲ့ျပန္ေနၾကပါတယ္။
ေမး-တိုက္ပြဲၿပီးေတာ့ ေက်ာင္းျပန္မတက္ေတာ့တဲ့ကေလးေတြေကာ ရွိလား။
ေျဖ-ရွိပါတယ္။ အဲဒီကေလးေတြလည္းရွိပါတယ္။
ေမး-ဆီဆိုင္မွာ စိုက္ပ်ိဳးေရးနဲ႔ပတ္သက္ၿပီးေတာ့ ဘာကိုအမ်ားဆုံးစိုက္ၾကလဲ။
ေျဖ-ေျပာင္းနဲ႔ ၾကက္သြန္ျဖဴစိုက္ပါတယ္။ ထြက္ တဲ့သီးႏွံကိုေတာ့ ေအာင္ပန္းကုန္စည္ဒိုင္ကိုပို႔ပါတယ္။
ေမး-ရွမ္းေတာင္ကၾကက္သြန္ျဖဴေဈးကြက္မွာ ေဈးမရဘူးလို႔သိရပါတယ္။ ဆီဆိုင္က ၾကက္သြန္ျဖဴ ထြက္တဲ့ေဒသျဖစ္ေတာ့ တိုက္ပြဲအၿပီး ေဈးေကာင္းမရ တာနဲ႔ စိုက္ပ်ိဳးတဲ့လူေတြေကာ ဘယ္လို႐ုန္းကန္ ေနၾကရလဲ။
ေျဖ-တခ်ိဳ႕ကေတာ့ ထိုင္းကိုထြက္ၿပီးအလုပ္လုပ္ေနၾကတယ္။ အဲဒီကပို႔တဲ့ေငြေၾကးနဲ႔ပဲ လည္ပတ္ေနၾက ရတာေပါ့။ အဓိကကေတာ့ အဲဒါပါပဲ။
ေမး-ဆီဆိုင္က တိုက္ပြဲေတြၿပီးဆုံးသြားတာ (၂)ႏွစ္နီးပါးကာလကို ေရာက္လာၿပီေပါ့ေနာ္။ အဲဒီေတာ့ တိုက္ပြဲေတြျဖစ္ေနတုန္းကအခ်ိန္နဲ႔ လက္ရွိအခ်ိန္ ဘာေတြကြာျခားသြားတာရွိလဲ။
ေျဖ-ကြၽန္ေတာ္တို႔ အဓိကပ်က္စီးသြားတဲ့ေနရာေတြ ေပါ့ေနာ္။ အဲဒီအဓိကပ်က္စီးသြားတဲ့ေနရာေတြမွာ ျပန္ တည္ေဆာက္ရတဲ့အပိုင္းေလးေတြမွာ ျပန္ေဆာက္ ႏိုင္တာရွိတယ္။ မေဆာက္ႏိုင္တာရွိတယ္။ တခ်ိဳ႕ စီး ပြားပ်က္သြားတာေတြရွိတယ္။ အသက္ဆုံးရႈံးသြား တာေတြ ရွိတယ္။ တခ်ိဳ႕က ကိုယ္ပုံမွန္လည္ပတ္ေနတဲ့ အခုအခ်ိန္မွာျပန္မလည္ပတ္ႏိုင္ေတာ့တာေပါ့။ သူတို႔ရဲ႕ အရင္တုန္းကရွိခဲ့တဲ့ ပစၥည္းေတြက ေပ်ာက္ ဆုံးသြားတာေပါ့ေနာ္။ ေပ်ာက္ဆုံးသြားတဲ့အခါက် ေတာ့ အဲဒါေတြကို သူတို႔ျပန္မျဖည့္တင္းႏိုင္တာမ်ိဳးတို႔ ကုန္ပါသြားတဲ့အခါ က်ေတာ့ ကုန္ဖိုးျပန္မေပးႏိုင္ တာမ်ိဳးတို႔ အဲဒီလိုမ်ိဳး ေတြလည္းရွိတယ္။ တိုက္ပြဲျဖစ္ ခဲ့တုန္းက ေဒသခံေတြထဲမွာ စီးပြားပ်က္သြားတဲ့လူ ေတြလည္းရွိခဲ့လို႔ အသက္ဆုံးရႈံးသြားခဲ့ရတဲ့လူေတြ လည္းရွိခဲ့တာေပါ့။
ေမး-စစ္ရဲ႕ဆိုးက်ိဳးကို အဆိုး႐ြားဆုံးခံစားခဲ့ရတဲ့ ျပည္သူက ဆီဆိုင္မွာ ရာခိုင္ႏႈန္းဘယ္ေလာက္ရွိခဲ့လဲ။
ေျဖ-အနည္းဆုံးေတာ့ (၅၅) ရာခိုင္ႏႈန္းေလာက္ သြားမယ္။ အရင္တုန္းကလိုမ်ိဳး (၁၀ဝ) ရာခိုင္ႏႈန္း အျပည့္ ၿမိဳ႕ကစည္ကားေနတာတို႔၊ ေရာင္းဝယ္ ေဖာက္ကားေနတာေတာ့ မေတြ႕ရေတာ့ဘူးေပါ့။ တတ္ႏိုင္တဲ့လုပ္ငန္းေတြေလာက္ပဲျပန္လုပ္ၾကတာ ေပါ့ေလ။ တခ်ိဳ႕ပ်က္သြားတယ္ဆိုေပမယ့္လည္း ရွိတဲ့ဟာေလးနဲ႔ သူတို႔စီးပြားေရးေတြျပန္လုပ္ၾကရတာေပါ့။ ေရာင္းဝယ္ေဖာက္ကားမႈျပန္လုပ္ရတာေပါ့။ ေရွ႕ဆက္ၿပီးေလွ်ာက္လွမ္းဖို႔အတြက္ တစ္ကေနျပန္စရတဲ့ပုံစံမ်ိဳးေတြလည္းျဖစ္သြားခဲ့ရတာေပါ့ေနာ္။
ေမး-အဲဒီလိုျပန္စရတဲ့ အခ်ိန္မွာ သူတို႔စိတ္မွာဘယ္ လိုအားအင္နဲ႔ျပန္စဖို႔႐ုန္းကန္ေနရတယ္လို႔ျမင္လဲ။
ေျဖ-တခ်ိဳ႕ကေတာ့ ဒီတိုက္ပြဲကို စိတ္နာၿပီးျပန္မလာ တဲ့လူေတြလည္းရွိတာေပါ့။ မ်ားေသာအားျဖင့္ကေတာ့ စိတ္ခံစားခ်က္က ေျပာဖို႔ခက္ေပမယ့္ အဘိုးအဘြား ေတြကိုျမင္ရတာေတာ့ တုန္လႈပ္ေခ်ာက္ခ်ားသြား တာတို႔။ လူနာလိုျဖစ္သြားတာတို႔ေတာ့ ျမင္ေနရတယ္။ အဓိကကေတာ့ ေၾကာက္တတ္သြားတာေပါ့ေနာ္။ ႐ုန္းကန္ရခက္ခဲေနတဲ့အခ်ိန္မွာ ေျခာက္ျခားမႈေတြနဲ႔ လုပ္ကိုင္ေနရာတို႔၊ အဲဒီစိတ္နဲ႔ပဲ ေဆး႐ုံေဆးခန္းေတြ သြားေနရတဲ့လူေတြလည္း ေတြ႕ရတာေပါ့ေနာ္။ အဲဒီၾကားထဲမွာ မိသားစုနဲ႔မခြဲခ်င္ေပမယ့္လည္း ခြဲခဲ့ၾကရတာေတြလည္းျမင္ရတယ္။ စီးပြားေရးေတြ ကေတာ့ ဆိုင္ႀကီးသမားေတြက ဆိုင္အေသးေတြနဲ႔ ေရာင္းရတို႔။ တခ်ိဳ႕လည္းတဲေလးထိုးၿပီးေရာင္းရတာတို႔ေတာ့ ျဖစ္သြားတာျမင္ရတယ္။ ဒါေပမဲ့ ျပန္ေတာ့ စေနၾကရပါတယ္။
ေမး-တိုက္ပြဲေၾကာင့္ ဆီဆိုင္ၿမိဳ႕နားက႐ြာေတြေကာ ဘယ္လိုထိခိုက္ခံစားခဲ့ရလဲ။
ေျဖ-ကြၽန္ေတာ္တို႔အရပ္ေဒသမွာက ဟိုဘက္ အဖြဲ႕( PDF ပူးေပါင္းအဖြဲ႕) ေရာက္လာတဲ့ အခ်ိန္မွာလည္း ဟိုဘက္အဖြဲ႕နဲ႔ သင့္ျမတ္ေအာင္ေန။ ဒီဘက္အဖြဲ႕ေရာက္တဲ့အခ်ိန္မွာလည္း ဒီဘက္အဖြဲ႕နဲ႔ သင့္ျမတ္ေအာင္ေနတဲ့ လယ္သမားေတြေတာ့ရွိတာ ေပါ့ေနာ္။ တခ်ိဳ႕ေသာ႐ြာေတြကေတာ့ အကုန္ပစ္ၿပီး ေျပးရတယ္ေပါ့ေနာ္။ တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္တဲ့ လမ္းေၾကာင္းေပၚမွာက်တဲ့႐ြာေတြကေတာ့ ေရွာင္ရ တယ္။ အိမ္ေရာ၊ ယာေရာအကုန္လုံးပစ္ၿပီးေတာ့ ေရွာင္ရတယ္ေပါ့ေလ။ အဲဒီလိုမ်ိဳးမျဖစ္တဲ့ေနရာေတြ က်ေတာ့လည္း ႐ြာမွာပဲေနတယ္။ လယ္ဆက္ လုပ္တယ္။ ေရွာင္လိုက္ပုန္းလိုက္။ ေတာထဲေျပးလိုက္ နဲ႔ ကြၽန္ေတာ္တို႔ျမင္ရတာေတြလည္းရွိတယ္။ အဲဒါ ကေတာ့ ဆီဆိုင္ေဘးက႐ြာေတာ္ေတာ္မ်ားမ်ားေပါ့။ ဆီဆိုင္မွာက ေက်း႐ြာေပါင္းက အေရွ႕ဘက္၊ အေနာက္ဘက္၊ ေတာင္ဘက္နဲ႔ ေျမာက္ဘက္ေတာ္ေတာ္မ်ားမ်ားမွာကိုရွိတယ္။
ေမး-ဆီဆိုင္ၿမိဳ႕က အခုလက္ရွိမွာဆိုရင္ေတာ္ေတာ္ကိုေအးခ်မ္းေနၿပီလို႔ေျပာလို႔ရတာေပါ့ေနာ္။ ျဖစ္သြားခဲ့တဲ့ တိုက္ပြဲနဲ႔ပတ္သက္ၿပီး ေဒသခံေတြ စိတ္ထဲမွာ ဘယ္လိုေတြခံစားေနၾကရလဲ။
ေျဖ-ဒီဟာကိုေတာ့ ဘယ္သူမွျပန္မလိုခ်င္ၾကေတာ့ဘူးေပါ့ေလ။ ဘာေၾကာင့္လဲဆိုေတာ့ တကယ္ခံစား ခဲ့ရတဲ့လူေတြကေတာ့ အသိဆုံးေပါ့ေနာ္။ ဘာ ေၾကာင့္လဲဆိုေတာ့ ကိုယ္ရဲ႕အသက္အိုးအိမ္ စည္းစိမ္၊ ကိုယ္ရဲ႕အိမ္နဲ႔ ကိုယ့္ရဲ႕စီးပြားတစ္မုဟုတ္ခ်င္း ကိုေပ်ာက္သြားတာေလ။ သူမ်ားအိမ္မွာသြားေနရ တယ္။ သူမ်ားေနရာမွာသြားေနရတယ္။ သူမ်ားအ ရိပ္ေအာက္မွာသြားေနရတယ္။ ပိုက္ဆံရွိတဲ့လူေတြ ကလည္း ဘာမွမရွိေတာ့ဘူး။ ေန႔စားလိုက္ရတဲ့အ ေျခအေနအထိျဖစ္သြားခဲ့ၾကရတယ္။ လယ္ပိုင္ရွင္ ေတြဆိုရင္လည္း စစ္ေရွာင္ေနဆဲကာလ (၃) လက ေန (၆) လအထိ အတိုင္းအတာထဲမွာ ေနထိုင္စား ေသာက္ဖို႔အတြက္ကို ေန႔စားျပန္လိုက္ရတာေပါ့ေလ။ အဲဒီလိုအေျခအေနေတြခ်က္ခ်င္း ေရာက္သြားတယ္။ ဘယ္ေန႔ဘယ္ရက္မွာကိုယ္ျပန္ရမယ္ဆိုတာလည္း မသိဘူး။ လမ္းေပ်ာက္ေနတာေပါ့ေနာ္။ ေရာက္တဲ့ ေနရာမွာပဲ စီးပြားေရးတစ္ခုခုလုပ္ၿပီးေနရမွာလား။ ဒါမွမဟုတ္ရင္လည္း ဘယ္အခ်ိန္၊ ဘယ္အခ်ိန္မွာ ငါတို႔ျပန္ရမလဲဆိုတာလည္း အတိအက်မေမွ်ာ္လင့္ ႏိုင္တဲ့အတြက္ အလုပ္သစ္ကိုပဲစရေတာ့မလို၊ ေနရာ ေဟာင္းကိုပဲျပန္ရေတာ့မလို အဲဒီလိုေတြျဖစ္သြားတာ ေပါ့ေနာ္။ အဲဒီေတာ့ ဘယ္သူမွေတာ့ ဒါႀကီးကို ျပန္မလိုခ်င္ၾကေတာ့ဘူး။ ဒီဟာေပၚမွာလည္း ဒီက ေဒသခံတစ္ေယာက္မွ အက်ိဳးအျမတ္မရခဲ့ဘူး။ ေဒသခံေတြ၊ ျပည္သူေတြပဲနစ္နာ ခဲ့ရတာေပါ့ေနာ္။
ေမး-႐ုတ္ခ်ည္းဆိုသလို ဘဝေျပာင္းခဲ့ရသလိုျဖစ္သြား တာလား။
ေျဖ-ဟုတ္တယ္ဗ်။ ဒါေပမဲ့ အဲဒီၾကားထဲမွာ သူေဌး ျဖစ္သြားတဲ့လူေတြလည္းရွိခဲ့တယ္ဗ်။
ေမး-ဘယ္လိုလူမ်ိဳးေတြလဲ။
ေျဖ-ဘယ္လိုလူေတြလဲဆိုေတာ့ တရားဥပေဒ မရွိ ေတာ့တဲ့အခ်ိန္မွာ အိမ္ေတြမွာက်န္ခဲ့တဲ့ ပစၥည္းေတြ၊ ဆိုင္ကယ္ေတြ၊ ဆန္ေတြ၊ ေဆာက္လုပ္ေရးပစၥည္း ေတြနဲ႔ ဘိလပ္ေျမေတြ အကုန္ေပါ့ေနာ္။ ဆိုင္ကယ္ ေတြဆိုရင္လည္း ဘယ္ဆိုင္ကယ္ပဲျဖစ္ျဖစ္ (၆)သိန္း၊ (၆)သိန္းခြဲနဲ႔ ျပန္ေကာက္တဲ့လူေတြရွိတယ္။ သူခိုးေဈးနဲ႔ျပန္ေကာက္ၿပီးေတာ့ Click ဘီးဆိုလည္း (၆)သိန္းပဲ။ လာထားပဲ။ ဒါေပမဲ့ ဟိုဘက္ဆိုရင္ေတာ့ ေပါက္ေဈးနဲ႔ျပန္ေရာင္းတာေပါ့ေနာ္။ ဒီလိုလုပ္ လိုက္တဲ့လူေတြကေတာ့ ဒီျဖစ္စဥ္မွာ သိသိသာသာက ဆီဆိုင္ရဲ႕ေတာင္ဘက္မွာ ယာယီတဲထိုးၿပီးေတာ့ အဲဒီလိုမ်ိဳးျပန္ေကာက္တဲ့လူေတြရွိတယ္။ သူတို႔က ဘာပဲလာလာအကုန္ျပန္ဝယ္တယ္။ ျပန္ဝယ္ၿပီးေတာ့ တျခားေနရာျပန္ပို႔ေရာင္းတာေပါ့ေနာ္။ အဲဒီလို လူေတြကေတာ့ သူေဌးျဖစ္သြားတာေပါ့။ ၿပီးရင္သူတို႔ စိုးမိုးခဲ့တဲ့ေနရာေတြ သူတို႔အခ်ိန္အၾကာႀကီး ေနရာ ယူထားတဲ့ေနရာေတြဆိုရင္ အဲဒီေဒသမွာ ဖုန္းလိုင္း ေတြျဖတ္ေတာက္ထားတယ္။ ဆန္၊ ဆီ၊ ေဆး၊ ဆား အကုန္လုံးျဖတ္ေတာက္ထားတယ္။ အဲဒီအေျခအ ေနမွာ ေရာင္းခ်င္တယ္ဆိုရင္ သူတို႔နဲ႔လက္ဝါးခ်င္း ႐ိုက္ထားတဲ့လူဆီမွာပဲ ေရာင္းရတယ္။ ေပါက္ေဈးကလည္းအျပင္ေပါက္ေဈးထက္အမ်ားႀကီးပိုႏွိမ္တယ္ ေပါ့ေနာ္။ (၁၃၀ဝ)က်ပ္ေပါက္တဲ့အခ်ိန္မွာ (၇၅၀)က်ပ္ေဈးေလာက္နဲ႔ပဲ ႏွိမ္ၿပီးယူတယ္ေပါ့ေနာ္။ ၿပီး သြားရင္လည္း ျပန္ေရာင္းတဲ့ဓာတ္ဆီ၊ ဒီဇယ္ေဈးဆို ရင္လည္း (၁၃၀ဝဝ)က်ပ္၊ (၁၃၅၀ဝ)က်ပ္နဲ႔ (၁၈၀ဝဝ)က်ပ္အထိ ျပန္ေရာင္းတာေပါ့ေနာ္။ ျပန္ ေရာင္းေတာ့ အဲဒီေနရာကလူေတြကေတာ့ စီးပြား ပ်က္တယ္။ ရွိတာေလးနဲ႔ပဲ စားၿပီးေနတယ္။ ေဆးက မရွိ၊ ေဆးလည္းသြားကုလို႔မရေတာ့ အေသခံရ တာေတြလည္းရွိတာေပါ့။ အဲဒါကေတာ့ သူတို႔ ေရရွည္စိုးမိုးခဲ့ေနရာက အဲဒီလိုမ်ိဳးေတြလုပ္ခဲ့ တယ္ေပါ့။
ေမး-ေရရွည္စိုးမိုးခဲ့တဲ့ေနရာေတြက ဘယ္လိုေနရာ ေတြလဲ။ ရွင္းျပေပးပါဦး။
ေျဖ-ဆီဆိုင္ၿမိဳ႕အေရွ႕ျခမ္းနဲ႔ အေနာက္ျခမ္းေပါ့။ ဆီဆိုင္ၿမိဳ႕ရဲ႕အေရွ႕ျခမ္းမွာဆိုရင္လည္း အခ်ိန္ ၾကာၾကာသူတို႔ေနရာယူခဲ့တယ္။ အေနာက္ျခမ္းမွာဆို ရင္လည္း အဲဒီလိုပဲ အခ်ိန္ၾကာၾကာေနရာယူခဲ့တဲ့အခ်ိန္ေပါ့။ ၿပီးရင္ ဖယ္ခုံအေရွ႕ဘက္ျခမ္းေပါ့ေနာ္။ ဖယ္ခုံၿမိဳ႕နဲ႔ ဖယ္ခုံအေရွ႕ဘက္ျခမ္းေပါ့ေနာ္။ အဲဒီလို ေနရာေတြေပါ့။
ေမး- PDF ပူးေပါင္းအဖြဲ႕ရွိခဲ့တဲ့ေနရာနဲ႔ မရွိ ခဲ့တဲ့ေနရာ အမ်ားႀကီး ဘဝေတြကြာျခားသြားခဲ့တာ လား။
ေျဖ-ဟုတ္ပါတယ္။
ေမး-ေခတ္ပ်က္မွာသူေဌးျဖစ္ေအာင္လုပ္ခဲ့သူေတြ က လက္ရွိဆီဆိုင္မွာပဲလား။
ေျဖ-အဲဒီလူေတြက ဆီဆိုင္ၿမိဳ႕က လူေတြမဟုတ္ ဘူးဗ်။ ပါရင္လည္းပါမွာေပါ့ေနာ္။ ကြၽန္ေတာ္ေတာ့အတိအက်ေတာ့မသိဘူးေပါ့ေနာ္။ အခုလည္း ျပန္ၿပီး စိမ့္ဝင္ေနလား ဘာလားေတာ့မေျပာႏိုင္ဘူးေပါ့ေနာ္။ အဲဒီေတာ့ ယူသြားတဲ့လူေတြကလည္း ကိုယ္မသိ တဲ့လူ။ လူစိမ္းဆိုရင္ သတိထားေနရတာေပါ့ေနာ္။ ၿပီးသြားလို႔ရွိရင္ အဲဒီလူေတြက ဘယ္သူေတြ လဲဆိုတာေတာ့မသိေပမယ့္ ဒီဘက္လူေတြေတာ့ မဟုတ္ဘူးေပါ့။ ဒီေဒသက လူေတြေတာ့မဟုတ္ဘူး။ အဲဒီဘက္အဖြဲ႕ေတြနဲ႔(PDF ပူးေပါင္းအဖြဲ႕) ပါလာ တဲ့လူေတြေပါ့ေနာ္။ ဒီေဒသက လူမ်ိဳးမဟုတ္တဲ့လူ ေတြ။ လူမ်ိဳးျခားေတြေပါ့ေနာ္။
ေမး-သူတို႔ကခြင္က်က်ကို စီးပြားေရး လုပ္သြား တာလား။
ေျဖ-ေသခ်ာတာေပါ့ဗ်ာ။
ေမး-ဆီဆိုင္က တိုက္ပြဲမွာေၾကသြားခဲ့တယ္။ ေဒသ ခံေတြကေကာ စစ္ရဲ႕ဆိုးက်ိဳးကို ဘယ္ေလာက္အ ထိေၾကာက္သြားၿပီလဲ။
ေျဖ-သူတို႔ကေတာ့ စစ္ကိုဆိုရင္ဘာမွကိုမလိုခ်င္ ေတာ့တာ။ ၿပီးသြားတဲ့ဟာေတြလည္း ေရွ႕ဆက္ တြဲေနာက္ဆက္တြဲနဲ႔ အကုန္ျပန္လည္ တည္ေဆာက္ ေရးေတြပဲလုပ္ေနရတဲ့အခါက်ေတာ့ ေထာက္ပံ့ေနရ တဲ့ဟာေတြကလည္း ေဒသခံေတြအေပၚမွာ ဝန္ထုပ္ ဝန္ပိုးျဖစ္တယ္ေပါ့ေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ ဆီဆိုင္ၿမိဳ႕ေပၚမွာသာ လက္ရွိေအးခ်မ္းေနေပမယ့္ ဆီဆိုင္ၿမိဳ႕နဲ႔အနီး အစြန္အဖ်ားေဒသေတြမွာ အႂကြင္း အက်န္ေတြရွိေနတာကိုး။ တစ္ဖက္အဖြဲ႕ကရွိေနေသး တာကိုး။ အဲဒီမွာ တစ္ဖက္နဲ႔တစ္ဖက္တိုက္ေနဦးမယ္ ဆိုရင္ ဒီဘက္ကလည္း ထိန္းရဦးမွာကိုး အဲဒီေတာ့ လူထုကဒါေတြကို ေထာက္ပံ့ေနရတာအတြက္ ဝန္ ထုပ္ဝန္ပိုးျဖစ္မယ္။ တစ္ဖက္အဖြဲ႕အစည္းမွာလည္း အတူတူပါပဲ။ တစ္ဖက္အဖြဲ႕အစည္းကိုလည္း ျပည္သူေတြကေထာက္ပံ့ရတာပဲ။ ဒီဘက္ကိုလည္း ေထာက္ပံ့ရတာပဲေပါ့ေလ။ ႏွစ္ဖက္လုံးေၾကာင့္ ေဒသခံေတြကေတာ့ နာတာပါပဲ။
ေမး-ဘယ္လိုမ်ိဳးေတြေထာက္ပံ့ရတာလဲ။
ေျဖ-အဲဒါက ဘယ္ဘက္အဖြဲအစည္းပဲျဖစ္ျဖစ္ စားေရးေသာက္ေရး ေထာက္ပံ့ေပးရတယ္။ သြား ေရးလာေရးေထာက္ပံ့ေပးရတာေပါ့။ ဥပမာ တစ္ ဖက္အဖြဲ႕က ႐ြာကိုဝင္လာရင္ ႐ြာသားကပဲ ထမင္း ခ်က္ပို႔ရတာေပါ့။ ဒီဘက္ကလာရင္လည္း ထမင္းခ်က္ ပို႔ရတာေပါ့။ တပ္ဘက္ကလာရင္ေတာ့ သူ႔ဟာသူရွိလို႔ ႐ြာသားေတြအတြက္ ဝန္ထုပ္ဝန္ပိုးမရွိေပမယ့္ ဟိုဘက္အဖြဲ႕အစည္းပဲျဖစ္ျဖစ္။ ဒီဘက္အ ဖြဲ႕ပဲျဖစ္ျဖစ္ အထိုက္အေလ်ာက္ေတာ့ ဝန္ထုတ္ ဝန္ပိုးျဖစ္တာေပါ့။ ႐ြာေတြမဟုတ္ဘဲ ဆီဆိုင္ၿမိဳ႕ေပၚ အတြက္ကေတာ့ တပ္နဲ႔ရဲအတြက္က ဘာမွေထာက္ပံ့ စရာမလိုဘူးေပါ့။ ဒါကေတာ့ ႏိုင္ငံေတာ္အစိုးရကပဲ တာဝန္ယူထားရ တဲ့အဖြဲ႕ျဖစ္ေတာ့ ဝန္ထုပ္ဝန္ပိုးမျဖစ္ဘူးေပါ့။ ဒီဘက္မွာေတာ့ သက္ဆိုင္ရာ ျပည္သူလူထုအေပၚမွာ အတတ္ႏိုင္ဆုံး သနားညႇာ တာမႈရွိတယ္။
ေမး-ဘာမ်ား ျဖည့္စြက္ၿပီးေျပာခ်င္ပါသလဲခင္ဗ်။
ေျဖ-အဓိကကေတာ့ ကြၽန္ေတာ္တို႔ တိုင္းျပည္ တစ္ခုလုံးေပါ့ေနာ္။ ဘယ္စနစ္မွေတာ့ ေကာင္းတာ ေတာ့မရွိဘူးေပါ့ေနာ္။ အရင္တုန္းကလိုပဲ တည္တည္ ၿငိမ္ၿငိမ္ေအးေအးခ်မ္းခ်မ္းနဲ႔ ကြၽန္ေတာ္တို႔တိုင္းျပည္ တိုးတက္ရာတိုးတက္ေၾကာင္းကိုပဲသြားေစခ်င္တယ္ ေပါ့ေနာ္။ ဒီလိုမ်ိဳးေတြျဖစ္လို႔ ဘယ္သူမွေတာ့ေကာင္း က်ိဳးမရွိဘူးေပါ့ေလ။ ေကာင္းက်ိဳးမရွိတဲ့အတြက္ ႏိုင္ငံေရးနည္းလမ္းကို ႏိုင္ငံေရးနည္းနဲ႔ပဲ ေျဖရွင္းသင့္ တယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔အခ်င္းခ်င္းစစ္ျဖစ္ေနတဲ့ဟာက ဘယ္သူ႔ဘယ္ဝါအတြက္မွအက်ိဳးမရွိဘူး။ ကြၽန္ေတာ္တို႔တိုင္းျပည္ အတြက္ပဲ နစ္နာတယ္။ ကြၽန္ ေတာ္တို႔အတြက္ပဲနစ္နာတယ္ေပါ့ေနာ္။ အဲဒီလိုဆို ေတာ့ လူငယ္ေတြကလည္း စိတ္လိုက္မာန္ပါမလုပ္ဘဲ နဲ႔ သမိုင္းကို ေသခ်ာေလ့လာၿပီးတာ့မွ သူမ်ားတိုင္းျပည္ လိုမ်ိဳး။ ဥပမာထိုင္းလိုမ်ိဳး တိုင္းျပည္မပ်က္ေအာင္၊ မနစ္နာေအာင္၊ ဘယ္သူဘယ္ဝါမွမနစ္နာေအာင္ ဒီတိုင္းေလးပဲသြာေစခ်င္တယ္ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ တိုင္းျပည္ အၫြန႔္ေလးတက္မယ္မရွိေသးဘူး။ ဒီလို ျဖစ္တယ္ဆိုေတာ့ အကုန္လုံးနစ္နာတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ ညီအစ္ကို၊ ေမာင္ႏွမသားခ်င္းေတြလည္း အကုန္လုံး နစ္နာၾကတာေပါ့ေနာ္။ ဒီအထဲမွာ ဆုံးရႈံး သြားတဲ့ တိုင္းျပည္ရဲ႕လူငယ္၊ လူ႐ြယ္ေတြအမ်ားႀကီး ပါတယ္ေပါ့ေလ။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ