နေရာယူခြင်း (အတွေးအမြင် ဆောင်းပါး)
 276
မောင်ကျော်ဖိုး(လေးတောင်) (NP News) - နိုဝင်ဘာလ ၂၇
နေရာယူခြင်းသည် လောကကြီးတွင် အလွန် အစွမ်းသတ္တိရှိသော၊ အခရာကျသောအချက်ဖြစ် သည်။ အရာဝတ္ထုက ရေထဲတွင်နေရာယူမှုကြောင့် ယင်း၏ဒြပ်ထုနှင့်တူညီသောရေပမာဏကို တွန်းဖယ် သည့်အကြောင်းကို ငယ်စဉ်က လူတိုင်းသင်ယူဖူးကြ မည်ဖြစ်သော်လည်း လောကကြီး၌ သက်ရှိတို့၏ရုပ် ပိုင်းနေရာယူခြင်းနှင့် စိတ်ပိုင်းနေရာယူခြင်းများကိုမူ လူတိုင်း သတိမူမိကြမည်မဟုတ်ပါ။
ရုပ်ပိုင်းတွင် ကောင်းမွန်မြင့်မြတ်သောနေရာယူ ခြင်းနှင့် ယုတ်ညံ့သည့်နေရာယူခြင်းရှိသကဲ့သို့ စိတ် ပိုင်းမှာလည်း ကောင်းမွန်မြင့်မြတ်သောနေရာယူခြင်းနှင့် ယုတ်ညံ့သောနေရာယူခြင်းဟုရှိပြန်သေးသည်။ စိတ် ၏စေခိုင်းမှုကြောင့် ရုပ်ကလိုက်လုပ်ရသည်ဖြစ်ရကာ စိတ်၏နေရာယူမှုအစွမ်းသတ္တိက အဓိကကျသည်ဟု ဆိုရမည်။
ဘင်္ဂါလီ(မွတ်စလင်)များက မည်သို့နေရာယူ၍ အခြားသူတွေကကော မည်သို့နေရာယူကြသနည်း။ ဆန်းစစ်ကြရန်အချိန်ရောက်ပြီ။ ရခိုင်ပြည်နယ်သို့ဝင် လာသောဘင်္ဂါလီများက ပထမတွင် စီးပွားရှာရန်သာ ရောက်လာကြသည်။ ရိုးရိုးသားသား လုပ်ကိုင်စား သောက်ကြ၏။ ကြာလာသည်နှင့်အမျှ လူဦးရေတိုးပွား လာကာ ၎င်းတို့၏စိတ်ထားပြောင်းလဲလာ၍ နယ်မြေ ချဲ့ထွင်လာကြသည်။ လက်နက်အားကိုးဖြင့် ရခိုင်ဒေ သခံများကိုအကြမ်းဖက်ပြီး ရခိုင်ရွာများကို ဘင်္ဂါလီရွာ များဖြစ်အောင်ဖန်တီးလာကြသည်။ လူမျိုးတို့စနစ်ဖြင့် နယ်မြေရရေး၊ အချုပ်အခြာရရေးအတွက် မိန်းမများ များယူ၍ ကလေးများများမွေးသည့်စနစ်ကိုအသုံးပြု လာကြသည်။ မောင်တောခရိုင်မှ ကလေးပေါက်ဖွား နှုန်းသည် ဘင်္ဂလားဒေ့ရှ်ထက်မနိမ့်၊ သာကောင်းသာ နိုင်သေးသည်။
ဘင်္ဂါလီများ မြန်မာမိန်းကလေးကို အိမ်ထောင်ပြု နိုင်လျှင် ဆုတော်ငွေဘယ်လောက်၊ အဆင့်မြင့် မြန် မာအမျိုးကောင်းသမီးကိုရလျှင် ဆုတော်ငွေ အဆ ပေါင်းများစွာရသည်ဟုလည်း ရှိပြန်သေးသည်။
မြန်မာနိုင်ငံ ပြဋ္ဌာန်းဥပဒေကို မလိုက်နာ၊ မနာခံ။ မြန်မာစာကိုမသင်၊ အာရဗီစာကိုသာသင်ကြသည်။ မြန်မာနိုင်ငံတော်အလံကို အလေးမပြု။ အရေးကြုံ လျှင် OIC ကိုတိုင်ကြသည်။ မြန်မာအစိုးရကို အ လေးမထား၊ ARSR တို့၊ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ကြိုးဆွဲသလိုသာလိုက်နာသည်။ မကျေနပ်လျှင် OIC နှင့်ပေါင်းပြီး မြန်မာခေါင်းဆောင်များကို ICJ ၊ ICC သို့တိုင်ကြသည်၊ တရားစွဲကြသည်။ မတည်ငြိမ်သည့် ဒေသဖြစ်အောင် ဖန်တီးကြသည်။
မြန်မာအစိုးရဥပဒေအရကိုင်တွယ်လျှင် သူတို့ လာရင်းဒေသ ဘင်္ဂလားသို့ထွက်ပြေးကြသည်။ ဘင်္ဂ လားအစိုးရနှင့်ပူးပေါင်းကာ (၁)သိန်းကို မြန်မာဒုက္ခ သည် (၃)သိန်းလက်ခံထားရသည်ဟုအော်သည်။ (၃)သိန်းကို မြန်မာဒုက္ခသည် (၇)သိန်း လက်ခံထား ရသည်ဟုအော်သည်။
ဘင်္ဂလားရွာများကို အရပ်သားမဆိုထားနှင့် အာ ဏာပိုင်များပင်မဝင်ရဲ၊ မဖြတ်ရဲကြ။ မောင်တောခရိုင် ကို ရိုဟင်ဂျာ သီးခြားပြည်နယ်ထူထောင်ရန်တောင်းဆိုကြသည်။ မောင်တောခရိုင်ရရေးအတွက် ပါကစ္စ တန်အစိုးရနှင့် အဆက်အသွယ်လုပ်ကြသည်။ ၎င်းတို့သည် ရိုဟင်ဂျာလူမျိုး လက်ရှိဒေသခံရခိုင်များ ထက် နှစ်ပေါင်း (၂ဝဝ)စော၍ရောက်သည်ဟု လိမ် လည်ကြသည်။ စစ်တကောင်းကလာသည်ကိုဖျောက် လို၍ ရိုဟင်ဂျာသမိုင်းလိမ်စာအုပ်ဖန်တီးပြီး ကမ္ဘာသို့ လိမ်လည်တင်ပြကြသည်။ ဤစစ်တကောင်းသား ဘင်္ဂါလီများနေရာယူမှုမှာ အေးချမ်းမြင့်မြတ်ပါ၏လော။ ယုတ်ညံပါ၏လော။
မြောက်ဦးခေတ်သီရိသုဓမ္မရာဇာမင်းသည် (၁၆၂၂)ခုနှစ်တွင်နန်းတက်သည်။ ထိုမင်းသည် စစ် မက်ရေးရာတွင်ကျွမ်းကျင်၍ ဘုန်းတန်ခိုးကြီးထွားကာ ဘင်္ဂလား၊ အိန္ဒိယနယ်စပ်တို့အထိဩဇာလွှမ်းခဲ့သည်။ ထိုနယ်စပ်ရှိ သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်း ထောင်၊ မြို့ထောင်တို့သို့ စိတ်ချရသောသူများကို နယ်စားအဖြစ်စေလွှတ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးသည်။
ထိုဒေသများသည် တောင်ပေါ်ဒေသဖြစ်သည့် အလျောက် သဘာဝအားဖြင့်အေးချမ်းမှုရှိသည်။ နေ ထိုင်သူတို့၏သဘောမနောမှာလည်း အလွန်ရိုးသား အေးချမ်းကြသည်။ အင်္ဂလိပ်ခေတ်ရောက်မှသာ ကိုယ်ပိုင်အုပ်ချုပ်သူဘဝမှ အုပ်ချုပ်ခံဘဝသို့ရောက် သွားကြသော်လည်း ဤနယ်မြေသည် ငါတို့ဘိုးဘွား ပိုင်နယ်မြေဟုခံယူထားကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည်လည်း ၎င်းတို့နိုင်ငံဟုအလေးထားကြသည်။ သို့ သော် မွတ်စလင်များနှင့် သွေးနှောမှုမရှိကြ။ နှစ်ပေါင်း (၅၀ဝ)တိုင်တိုင်နေထိုင်မှုကြောင့်လည်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ဌာနေတိုင်းရင်းများအဖြစ်သတ်မှတ်ပေး ကြပါ၏ ။
ဌာနေတိုင်းရင်းသားအဖြစ်သတ်မှတ်ပေးကြ သော်လည်း ဘာလုပ်ပေးရမည်ဟု မဆီလျော်၊ မလျော်ကန်သည့်တောင်းဆိုမှုမျိုး မတောင်းဆိုကြ။ ဘင်္ဂလားဒေ့ရှ် ဌာနေတိုင်းရင်းသားများနည်းတူ အေး တူပူအမျှနေထိုင်ကြပါ၏။ ဘင်္ဂလားဒေ့ရှ်အစိုးရပြဋ္ဌာန်း ဥပဒေကိုလိုက်နာကြသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတော် အလံကို အလေးထားကြသည်။ အလေးပြုကြသည်။ သီးခြားပြည်နယ်ရရေး တောင်းဆိုမှုမရှိသကဲ့သို့ စိတ် ကူးတွင်လည်းမရှိကြ။ ဤစစ်တကောင်း တောင်တန်း ဒေသရှိလူများ စိတ်ပိုင်း၊ ရုပ်ပိုင်းနေရာယူမှုကကောင်း မွန်မြင့်မြတ်ပါပေသည်။
အလွန်အေးချမ်းသော စစ်တကောင်းတောင် တန်းဒေသ ကံဆိုးမိုးမှောင်ကျသည့်နေ့ကို ရောက်လာ ရသည်ဆိုရမည်။ ခရက်ချာရာချိုရီ (Chagt- achori) ခရိုင်၊ ဂုမ်မာရာ(Guimara)မြို့နယ် ဖလံတောင်ဒေသ တွင် ကျူရှင်ကပြန်လာသော (၈)တန်းကျောင်းသူ မြန်မာကျောင်းသူလေးကို အခြေတကျနေထိုင်သူ မွတ်စလင်(၃)ဦးကအဓမ္မပြုခဲ့သောဖြစ်ရပ်နှင့် စက် တင်ဘာလ (၂၆-၂၇)ရက်တို့တွင် စစ်တကောင်း တောင်တန်းဒေသတစ်လျှောက် ဆန္ဒပြပွဲများဖြစ်ပွား ခဲ့သည်။ (AB News) မြင့်မြတ်သောနေရာယူမှုတွင် ယုတ်ညံ့သောနေရာယူမှုဝင်ရောက်လာပါ၏။
ဒေသ ခံဒဏ်ရာရသူများ တရားမျှတမှုရရှိရန်
ဆန္ဒပြရာ၌ ဌာနေတိုင်းရင်းသားများကို တရား မဝင်နေထိုင်သူမွတ်စလင်များက ဓား၊ တုတ် လက် နက်များကိုင်ဆောင်ကာရိုက်ပုတ်ခြင်းကြောင့် ကျောင်းသားများ ပြင်းထန်စွာဒဏ်ရာရရှိကြသည်။
(AB News) စစ်တကောင်း တက္ကသိုလ် လမ်းမ ကြီးတစ်လျှောက်တွင် ကျောင်းသူ၊ ကျောင်းသားများ က မုဒိန်းကျင့်သူများကို ဖမ်းဆီးရေးဆန္ဒပြကြသည်။ ( ၂၇-၉-၂၀၂၅ ) News
(၂၈-၉-၂၀၂၅)နေ့ ခရတ်ချာရာချိုရီခရိုင်တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသော ကျောင်းသားများ ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကျောင်းသားများ ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း (AB News) ကဖော်ပြသည်။ (၃)ဦးထက်မနည်းသေ ဆုံးသည်။ သေဆုံးရုပ်အလောင်းများကို မီးရှို့ဖျက်ဆီး ကြသည်ဟုမျက်မြင်သက်သေများက Arakan Bay News သို့ပြောကြားသိရသည်။
ဂုမ်မာရီမြို့နယ်တွင် အင်တာနက်နှင့်ဆက်သွယ် ရေးလှိုင်းများကိုဖြတ်တောက်ထားသည်။ စစ်တပ်က နေရာအနှံ့တွင် ဒရုန်းဖြင့်ကင်းထောက်မှုများရှိကြောင်း ဗြ နြတျ ကဆိုသည်။
(၂၉-၉-၂၀၂၅)ရက် ဂုမ်မာရီဒေသတွင် စစ် တပ်ပစ်ခတ်မှုနှင့် တရားမဝင်နေထိုင်သူမွတ်စလင်များ ၏ လုယက်၊ မီးရှို့တိုက်ခိုက်ဖျက်စီးမှုကြောင့် (၄) ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြသည်။ တောင်တန်း(၃)ခရိုင်တွင် ခရီးသွားလုပ်ငန်းကို ယာ ယီရပ်ဆိုင်းထားကြောင်း Jumma ကျောင်းသားများ ကကြေညာသည်။ (ဗြ နြတျ)
(၂၉-၉-၂၀၂၅)ရက် ကျောင်းသားများတောင်း ဆိုမှု
၁။ ကျောင်းသားများကို အာဏာသုံးခြိမ်းခြောက်နေ သောအာဏာပိုင်များကို အရေးယူပေးရန်။
၂။ ရှိနေသော မုဒိမ်းတရားခံ (၂ )ဦးကို ချက်ချင်း ဖမ်းဆီးအရေးယူးပေးရန်။
၃။ မုဒိမ်းမှုနှင့်အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် အတွက် ရက်(၃၀)အတွင်းတွင် ကြားနေအဖွဲ့ဖွဲ့ပေး ရန်။
၄။ ပျက်စီးသွားသော ဆိုင်ခန်းများ၊ အိမ်ထောင်ပရိ ဘောဂများအတွက် နစ်နာကြေးအပြည့်အဝပေးရန်။
၅။ ပျက်စီးသွားဦးသော ဂျူးမားစီးပွားရေးလုပ်ငန်းများ ကို လျော်ကြေးအပြည့်အဝပေးရန်။
၆။ ဖမ်းဆီးထားသော ကျောင်းသားအားလုံးကို လွှတ် ပေးရန်။
၇။ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ဆွေးနွေး မည့်စားပွဲဝိုင်းတစ်ခုကို ကျင်းပပေးရန်။
၈။ ပုဒ်မ (၁၄၄)ကိုဖျက်သိမ်းပေးရန်တို့ ဖြစ်သည်။
တောင်တန်းဒေသဌာနေတိုင်းရင်းသားများအ ပေါ် စစ်တပ်ကအကြမ်းဖက်မှုကို ဘင်္ဂလားဒေ့ရှ် မီဒီ ယာများတွင်ဖော်ပြမှုမရှိ။ နှုတ်ပိတ်နေကြသည်။ (၂၉-၉-၂၀၂၅ - (AB News))
(၂၄-၉-၂၀၂၅)ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တ ကောင်းဒေသရှိ ဌာနေတိုင်းရင်းသားများအား လူ့အ ခွင့်အရေးချိုးဖောက်နေခြင်းအပေါ် ကုလသမဂ္ဂကျွမ်း ကျင်ပညာရှင်များက အထူးစိုးရိမ်ပူပန်ကြောင်း သတင်းထုတ်ဖော်သည်။ (AB News)
အကြမ်းဖက်နည်းဖြင့် ပဋိပက္ခဖြေရှင်းသည့် ဘင်္ဂလားစစ်တပ်ကိုကန့်ကွက်ကြောင်းနှင့် အိန္ဒိယအ စိုးရကို ကြားဝင်ဖြေရှင်းပေးရန်တောင်းဆိုကြောင်း အိန္ဒိယ(AICSU) ကျောင်းသားသမဂ္ဂက တောင်းဆို သည်။
(၂၉-၉-၂၀၂၅)ရက် ရခိုင်ကျောင်းသားသမဂ္ဂ က ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရသည် မရမာ (၈)တန်းကျောင်းသူ မုဒိမ်းမှုကို မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။ အကြမ်းဖက်သောမွတ်စလင်များကိုမတား ဆီးဘဲ ပါဝင်ပူးပေါင်းခြင်းမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ် အနေဖြင့် လူသားမျိုးနွယ်စုအပေါ် ခွဲခြားဆက်ဆံ၍ သုတ်သင်ရှင်းလင်းရန် အားထုတ်နေသည်ဟုဆို သည်။
ဌာနေတိုင်းရင်းသားအပေါ် အကြမ်းဖက်ဖြေရှင်း ခြင်းသည် ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အ ရေး၊ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသား အခွင့် အရေးကြေညာစာတမ်းကိုချိုးဖောက်နေခြင်းဟု ဖော် ပြသည်။ တရားမျှတရေးအတွက် ဌာနေကျောင်းသား များနှင့် အတူရပ်တည်ကြောင်းလည်းပြောကြားသည်။ အကြမ်းဖက်ဖြိုခွင်းသည့်ပုဂ္ဂိုလ်များကို အရေးယူပေး ရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုကြသည်။
(AB News) ဩစတြေးလျ အာရက္ခလူငယ်အ သင်း(AYS) ကလည်း
၁။ ကျူးလွန်သောအကြမ်းဖက်မှုများအတွက် ပွင့် လင်းမြင်သာစစ်ဆေးပေးရန်။
၂။ ရာဇဝတ်မှုကျူးလွန်သူများကို တာဝန်ယူမှု၊ တာ ဝန်ခံမှုရှိစေရန်။
၃။ ဒေသခံတိုင်းရင်းသားများ၏ အခြေခံအခွင့်အရေး များကို ကာကွယ်ပေးရန်။
၄။ တာရှည်ဖြစ်နေသောအကြမ်းဖက်မှုကို အပြစ်ပေး မှုမရှိသည့် သံသရာအား အဆုံးသတ်ပေးရန်ဟု တောင်းဆိုခဲ့သည်။(AB News)အမေရိကန်ရောက် ရခိုင်အသိုင်းအဝိုင်း (AAC)ကလည်း အကြမ်းဖက်၍ လူ့အခွင့်ရေးချိုးဖောက်နေသော ယူနွတ်စ်အစိုးရကို ပြစ်တင်ရှုတ်ချကြောင်းပြောဆိုသည်။
ဤသည်မှာ ရုပ်ပိုင်းစိတ်ပိုင်းနေရာယူမှု ယုတ် ညံ့သူများက ရုပ်ပိုင်း၊ စိတ်ပိုင်းမြင့်မြတ်စွာ နေရာယူသူ များကို ယုတ်ညံ့စွာအနိုင်ကျင့်နေသည်ကို အမှန်တ ရားလိုလားသူများက တရားမျှတမှုရအောင် တောင်း ဆိုမှုများပင်ဖြစ်ပါ၏ ။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရဝန်ကြီးချုပ် ယူ နွတ်စ်သည် ငြိမ်းချမ်းမြင့်မြတ်စွာနေရာယူနေသော စစ်တကောင်းတောင်တန်းဒေသရှိ ပြည်သူများ၏ ပဋိ ပက္ခကို (၂၀၁၂)ခုနှစ်ကဖြစ်ပျက်ခဲ့သော (၁၃)နှစ် ကြာ ပန်းဝါ/ရာမမြို့ ပဋိပက္ခကဲ့သို့ တရားမျှတမှုမရ ရှိစေရန် ကြံရွယ်ထားပြီးဖြစ်မည်။ သို့သော် ယူနွတ်စ် အနေဖြင့် ပြင်ပကမ္ဘာအားကိုးနှင့် ကလေးသူငယ်အ ခွင့်အရေး၊ လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ ဌာ နေတိုင်းရင်းသားများ၏အခွင့်အရေး ကြေညာစာတမ်း တို့ကို ‌ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းမှာ ကမ္ဘာ့ရာဇဝင် လူဆိုးကြီးစာရင်းဝင်သွားသည်ကိုတော့ နိုဘယ်ဆုရှင်ပီပီ နားလည်ဖို့သင့်သည်။
ကမ္ဘာ့နိုဘယ်ဆုရှင်ကို ပြောရမှာအားနာသော် လည်း လူသားကောင်းကျိုးအတွက် အရဲစွန့်ပြောရပါ မည်။ စစ်တကောင်း တောင်တန်းဒေသ ဌာနေတိုင်း ရင်းသားများ ရခိုင်ပြည်နယ်(မြန်မာပြည်)ထဲဝင်လာ သောဘင်္ဂါလီများကဲ့သို့ ယုတ်ညံ့သည့်နေရာယူသူများ မဟုတ်ကြဆိုသည်ကိုသတိထားပါ။ ကောင်းမွန်မြင့် မြတ်သည့်နေရာယူသူများဖြစ်ကြပါလျက်နှင့် ゞင်းတို့ အပေါ် အဘယ်ကြောင့် အကြင်နာတရားမထားနိုင်ရ ပါသနည်း။ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်တို့မည်သည် လူသားမဆိုထားနှင့် သတ္တဝါတို့အပေါ်ပင် အကြင်နာ တရားထားသင့်သူပဲမဟုတ်ပါလား။
ရိုးသား၍ အေးချမ်းစွာနေသူများအပေါ် ကိုယ် ချင်းစာပါ။ ゞင်းတို့၏ဘဝအသိုက်အမြုံကို မဖျက်ဆီး ကောင်းပါ။ နိုင်ငံတော်အကြီးအကဲပီပီ ゞင်းတို့၏ ဘဝ ရပ်တည်မှုကို အလေးထားသင့်သည်။
ကမ္ဘာ့ရွှေ့ပြောင်းသူများထဲ မွတ်စလင် (၈၅%)ပါ၏။ အဆိုပါ(၈၅%)ထဲ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီလူ မျိုးအများဆုံးဆိုသည်ကို JLO ၏မှတ်တမ်းက သက် သေခံထားသည်ကိုမမေ့ပါနှင့်။ ဒီကနေ့ အင်္ဂလန်နိုင်ငံ တွင် ရွှေ့ပြောင်းလာသူ(မွတ်စလင်)များကို ဘာကြောင့် ကြီးကြီးမားမားဆန္ဒပြနေကြနည်း။ အမေရိကန်၊ စပိန်၊ ပြင်သစ်၊ အိုင်ယာလန်၊ ဂျာမနီ၊ ပိုလန်၊ ဩစတြေးလျ တို့ကကော ဘာကြောင့် လက်မခံတော့သနည်း။ ဘာ ကြောင့်ဆန္ဒပြနေကြသနည်း။ အိမ်နီးချင်းနိုင်ငံ မြန်မာ ကကော ဘာကြောင့်လက်မခံတော့သနည်း။ စဉ်းစားပါ။
ဤယုတ်ညံ့သည့် နေရာယူမှုကြောင့်ပင်မဟုတ် လား။ ဤယုတ်ညံ့သည့်နေရာယူမှုကို ဆုပ်ကိုင်မထား ပါနှင့်တော့။ ကမ္ဘာက ဆန့်ကျင်နေကြပြီဆိုသည်ကို လက်ခံလိုက်ပါ။
ကောင်းမွန်မြင့်မြတ်သည့်နေရာယူသူတွေကို မနှိပ်ကွပ်ပါနှင့်တော့။ ရိုးသားသည့် ဌာနေတိုင်းရင်း သားများတောင်းဆိုနေသောတရားမျှတမှုကို လိုက် လျောလိုက်ပါတော့။ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်ပီပီ အမှန်တရားကိုလက်ခံပေးလိုက်ပါဟု မေတ္တာရပ်ခံ ပါရစေ။
ကျမ်းကိုး =Arakan Bay News
Captain သာစိန်၏ အနောက်ရခိုင်သားများ
Zawgyi Version:
နေရာယူခြင်း
(အတွေးအမြင် ဆောင်းပါး)