အမေရိကန်သည် Online လိမ်လည်လောင်းကစားမှု နှိမ်နင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် ပြောဆိုလာပြီး “ပွဲလှန့်တုန်းဖျာခင်း” ခြင်းဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

 434

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၈

အမေရိကန်သည် Online လိမ်လည်လောင်းကစားမှု နှိမ်နင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် ပြောဆိုလာခြင်းများတွေ့ရှိရပြီး “ပွဲလှန့်တုန်းဖျာခင်း” ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယမန်နေ့(နိုဝင်ဘာ ၂၇ရက်)တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မြဝတီဒေသတွင် ဖြစ်ပေါ်နေသော Online လောင်းကစားမှုများကို နှိမ်နင်းနေသည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမေရိကန်နိုင်ငံက သူတို့နိုင်ငံသား တွေကို Online လိမ်လည်မှုကနေကာကွယ်ဖို့အတွက် Scam Center Strike Force (SCSF) ဖွဲ့ပြီး ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သလို အောက်လွှတ်တော်မှာလည်း မြန်မာ့အရေးဆွေးနွေးမှုတွေပြုလုပ်ပြီး Online လိမ်လည် လောင်းကစားမှု နှိမ်နင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ ပြောဆိုလာတာတွေ တွေ့ရှိရပါတယ်။ ဒါဟာ ပွဲလှန့်တုန်းဖျာခင်းတဲ့ ကိစ္စလို့ ကျွန်တော်တို့မြင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ထို့ပြင် မြဝတီဒေသရှိ အချို့သော အခိုင်အမာအဆောက်အအုံများအား Online လောင်းကစားမှု ပြန်လည်မလုပ်ဆောင်နိုင်ရန် မြေလှန် ဖျက်ဆီးမှု၊ မိုင်းခွဲဖျက်ဆီးမှုများလုပ်ဆောင်ပြီး ရေသောက်မြစ် အမြစ်ဖြတ်ဖျက်ဆီးလျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထို့ပြင် ဖမ်းဆီးထိန်းသိမ်းရမိထားသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ကိုယ့်နိုင်ငံသားများကို အမြန်ဆုံးလာရောက် ခေါ်ဆောင်ပေးရန်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။

“ဒီနိုင်ငံခြားသားတွေကို သူတို့နိုင်ငံရဲ့ အစိုးရတွေလာမခေါ်မချင်း သူတို့ကို ထိန်းသိမ်းထားရတဲ့တာဝန် အင်မ တန်ကြီးပါတယ်။ တစ်နေ့တာ လို အပ်တဲ့ အစားအစာအပြင် သောက်ရေ၊ သုံးရေကအစ ဝတ်စရာနဲ့ အိပ်ရာအဆုံးအားလုံးကို နိုင်ငံတော်ကဖြည့်ဆည်းပေးထားရ တာဖြစ် ပါတယ်။ စားစရိတ်အတွက်မှာတင် တစ်နေ့သုံးနပ်စာအတွက်တစ်ဦးကို တစ်သောင်းခွဲကျပ်နှုန်း အနည်းဆုံးကုန်ကျပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင် ဘာလ ၁၀ ရက် နေ့ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ငွေကျပ်သိန်း တစ်သောင်းသုံးထောင်ကျော် (၁,၃၃၆,၀၅၀,၀၀၀ ကျပ်) သုံးစွဲကုန်ကျ ခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံသိက္ခာမကျအောင် အခုလိုဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံသားကို အမြန်ဆုံးလာရောက်ခေါ်ဆောင်ပေးကြဖို့ကိုလည်း ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ဖျက်မီဒီယာများသည် အထက်ပါအချက်အလက်များကို အခွင့်ကောင်းယူကာ အဖျက်အမှောင့်များ လုပ်ဆောင်နေပြီး အစိုးရအပေါ် မီဒီယာအားဖြင့် ထိုးနှက်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြသည့်အတွက် သတိရှိရန်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္သည္ Online လိမ္လည္ေလာင္းကစားမႈ ႏွိမ္နင္းေရးကိစၥမ်ားကို ဝင္ေရာက္စြက္ဖက္ရန္ ေျပာဆိုလာၿပီး “ပြဲလွန႔္တုန္းဖ်ာခင္း” ျခင္းဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၈

အေမရိကန္သည္ Online လိမ္လည္ေလာင္းကစားမႈ ႏွိမ္နင္းေရးကိစၥမ်ားကို ဝင္ေရာက္စြက္ဖက္ရန္ ေျပာဆိုလာျခင္းမ်ားေတြ႕ရွိရၿပီး “ပြဲလွန႔္တုန္းဖ်ာခင္း” ျခင္းျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ယမန္ေန႔(ႏိုဝင္ဘာ ၂၇ရက္)တြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျမဝတီေဒသတြင္ ျဖစ္ေပၚေနေသာ Online ေလာင္းကစားမႈမ်ားကို ႏွိမ္နင္းေနသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အေမရိကန္ႏိုင္ငံက သူတို႔ႏိုင္ငံသား ေတြကို Online လိမ္လည္မႈကေနကာကြယ္ဖို႔အတြက္ Scam Center Strike Force (SCSF) ဖြဲ႕ၿပီး ေဆာင္႐ြက္ေနေၾကာင္း ထုတ္ျပန္ခဲ့သလို ေအာက္လႊတ္ေတာ္မွာလည္း ျမန္မာ့အေရးေဆြးေႏြးမႈေတြျပဳလုပ္ၿပီး Online လိမ္လည္ ေလာင္းကစားမႈ ႏွိမ္နင္းေရးကိစၥေတြကို ဝင္ေရာက္စြက္ဖက္ဖို႔ ေျပာဆိုလာတာေတြ ေတြ႕ရွိရပါတယ္။ ဒါဟာ ပြဲလွန႔္တုန္းဖ်ာခင္းတဲ့ ကိစၥလို႔ ကြၽန္ေတာ္တို႔ျမင္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။

ထို႔ျပင္ ျမဝတီေဒသရွိ အခ်ိဳ႕ေသာ အခိုင္အမာအေဆာက္အအုံမ်ားအား Online ေလာင္းကစားမႈ ျပန္လည္မလုပ္ေဆာင္ႏိုင္ရန္ ေျမလွန္ ဖ်က္ဆီးမႈ၊ မိုင္းခြဲဖ်က္ဆီးမႈမ်ားလုပ္ေဆာင္ၿပီး ေရေသာက္ျမစ္ အျမစ္ျဖတ္ဖ်က္ဆီးလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

ထို႔ျပင္ ဖမ္းဆီးထိန္းသိမ္းရမိထားသည့္ ႏိုင္ငံျခားသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားအေနျဖင့္ ကိုယ့္ႏိုင္ငံသားမ်ားကို အျမန္ဆုံးလာေရာက္ ေခၚေဆာင္ေပးရန္လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

“ဒီႏိုင္ငံျခားသားေတြကို သူတို႔ႏိုင္ငံရဲ႕ အစိုးရေတြလာမေခၚမခ်င္း သူတို႔ကို ထိန္းသိမ္းထားရတဲ့တာဝန္ အင္မ တန္ႀကီးပါတယ္။ တစ္ေန႔တာ လို အပ္တဲ့ အစားအစာအျပင္ ေသာက္ေရ၊ သုံးေရကအစ ဝတ္စရာနဲ႔ အိပ္ရာအဆုံးအားလုံးကို ႏိုင္ငံေတာ္ကျဖည့္ဆည္းေပးထားရ တာျဖစ္ ပါတယ္။ စားစရိတ္အတြက္မွာတင္ တစ္ေန႔သုံးနပ္စာအတြက္တစ္ဦးကို တစ္ေသာင္းခြဲက်ပ္ႏႈန္း အနည္းဆုံးကုန္က်ၿပီး ၂၀၂၄ ခုႏွစ္၊ ဒီဇင္ ဘာလ ၁၀ ရက္ ေန႔ကေန ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၂ ရက္ေန႔အထိ ေငြက်ပ္သိန္း တစ္ေသာင္းသုံးေထာင္ေက်ာ္ (၁,၃၃၆,၀၅၀,၀၀၀ က်ပ္) သုံးစြဲကုန္က် ခဲ့ၿပီးျဖစ္ပါတယ္။ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ႏိုင္ငံသိကၡာမက်ေအာင္ အခုလိုေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္။ သက္ဆိုင္ရာ ႏိုင္ငံေတြအေနနဲ႔ ကိုယ့္ႏိုင္ငံသားကို အျမန္ဆုံးလာေရာက္ေခၚေဆာင္ေပးၾကဖို႔ကိုလည္း ေျပာၾကားလိုပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။

ထို႔ျပင္ ျပည္ဖ်က္မီဒီယာမ်ားသည္ အထက္ပါအခ်က္အလက္မ်ားကို အခြင့္ေကာင္းယူကာ အဖ်က္အေမွာင့္မ်ား လုပ္ေဆာင္ေနၿပီး အစိုးရအေပၚ မီဒီယာအားျဖင့္ ထိုးႏွက္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနၾကသည့္အတြက္ သတိရွိရန္လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.