မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ သဘောတူလက်မှတ်ရေးထိုးကာ စာချုပ် (၁၆) စောင်လဲလှယ်

 316

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၈

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ သဘောတူလက်မှတ်ရေးထိုးကာ စာချုပ် (၁၆) စောင်လဲလှယ်ခဲ့ကြောင်း နိုင်ငံတော်လုံခြုံ‌ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့(နိုဝင်ဘာ ၂၇ရက်)၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ LOTTEE ဟိုတယ်တွင် မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံကုန်သည်စက်မှုအသင်းများဖြစ်ကြသော UMFCCI နှင့် BelCCI တို့ပူး ပေါင်း ၍ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို ကျင်းပခဲ့ပြီး အထက်ပါစာချုပ်များကို လဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဘဏ်နှင့်ငွေကြေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးအခြေခံစက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက သဘောတူ လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းစာချုပ် (၁၆) စောင်အား အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဝါဝါမောင်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေနှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းတို့တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘယ်လာရုစ်နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maxim RYZHENKOV ဦးဆောင်သည့် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် ရေးတာဝန်ခံ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်း “Bellegprom” ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဝန်ကြီး၊ စက်မှုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီးတို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ-ဘယ္လာ႐ုစ္ ႏွစ္ႏိုင္ငံအၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာကိစၥရပ္မ်ား သေဘာတူလက္မွတ္ေရးထိုးကာ စာခ်ဳပ္ (၁၆) ေစာင္လဲလွယ္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂၈

ျမန္မာ-ဘယ္လာ႐ုစ္ ႏွစ္ႏိုင္ငံအၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာကိစၥရပ္မ်ား သေဘာတူလက္မွတ္ေရးထိုးကာ စာခ်ဳပ္ (၁၆) ေစာင္လဲလွယ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံ‌ေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ထုတ္ျပန္ခ်က္အရ သိရသည္။

ယမန္ေန႔(ႏိုဝင္ဘာ ၂၇ရက္)၊ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕၊ LOTTEE ဟိုတယ္တြင္ ျမန္မာႏွင့္ ဘယ္လာ႐ုစ္ႏွစ္ႏိုင္ငံအၾကား စီးပြားေရးႏွင့္ ရင္းႏွီး ျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ႏွစ္ႏိုင္ငံကုန္သည္စက္မႈအသင္းမ်ားျဖစ္ၾကေသာ UMFCCI ႏွင့္ BelCCI တို႔ပူး ေပါင္း ၍ ျမန္မာ-ဘယ္လာ႐ုစ္ စီးပြားေရးဖိုရမ္ကို က်င္းပခဲ့ၿပီး အထက္ပါစာခ်ဳပ္မ်ားကို လဲလွယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆြးေႏြးပြဲတြင္ ဘဏ္ႏွင့္ေငြေၾကးက႑၊ သယ္ယူပို႔ေဆာင္ေရး၊ စိုက္ပ်ိဳးေရးအေျခခံစက္မႈကုန္ထုတ္လုပ္ငန္း၊ က်န္းမာေရးဝန္ေဆာင္မႈ လုပ္ငန္းမ်ားကို အဓိကေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ျမန္မာ-ဘယ္လာ႐ုစ္ ႏွစ္ႏိုင္ငံအၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာကိစၥရပ္မ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက သေဘာတူ လက္မွတ္ေရးထိုးျခင္း အစီအစဥ္ကို ဆက္လက္ေဆာင္႐ြက္ခဲ့ၿပီး စုစုေပါင္းစာခ်ဳပ္ (၁၆) ေစာင္အား အျပန္အလွန္လဲလွယ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ျမန္မာႏိုင္ငံမွ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ေဒါက္တာဝါဝါေမာင္၊ ဦးမင္းေနာင္၊ ေဒါက္တာခ်ာလီသန္း၊ ဦးခ်စ္ေဆြႏွင့္ ေဒါက္တာသက္ခိုင္ဝင္း၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္း၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) ဥကၠ႒ ဦးေအးဝင္းတို႔တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဘယ္လာ႐ုစ္ႏိုင္ငံဘက္မွ ႏိုင္ငံျခားေရးဝန္ႀကီး H.E.Mr. Maxim RYZHENKOV ဦးေဆာင္သည့္ ျမန္မာႏိုင္ငံႏွင့္ ပူးေပါင္း ေဆာင္႐ြက္ ေရးတာဝန္ခံ၊ ႏိုင္ငံပိုင္အေသးစားစက္မႈလုပ္ငန္း “Bellegprom” ဥကၠ႒၊ စိုက္ပ်ိဳးေရးဝန္ႀကီး၊ စက္မႈဝန္ႀကီး၊ က်န္းမာေရးဝန္ႀကီးႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ဘယ္လာ႐ုစ္သံ႐ုံးမွ သံအမတ္ႀကီးတို႔ တက္ေရာက္အားေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.