ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၉ ဘီလျံနီးပါးတန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများဖမ်းမိ

 236

Pearl (NP News) - နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၉ ဘီလျံနီးပါးတန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ပြင်ဦးလွင်မှ မန္တလေးဘက်သို့ ကျော်သူထိုက် မောင်းနှင်လာသော TOYOTA DYNA မော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၅၅ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၇၅ ဘီလျံ)နှင့် စိတ်ကြွဆေးပြား ၅ ဒသမ ၈ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၆၂ ဘီလျံ)ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၈.၉၉၅ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ အောင်ကြည် အား မတ္တရာမြို့နယ်၊ ကပိုင်ကျေးရွာတွင် လည်းကောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီအချိန် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား တာဝန်ခံသယ်ဆောင်သူ ကျော်ကျော်မြိုင်(ခ)ကျော်ကြီး အား အမရပူရမြို့နယ်၊ မြစ်ငယ်တံတားအနီးတွင် လည်းကောင်း၊ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ဝေယျာစိုး(ခ)ကိုတိုး အား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား သယ်ဆောင်ခိုင်းသူမှာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂၁)နေ မောင်ငယ်(ခ)စိုင်းမောင်ငယ်(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး နောင်ချိုမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ေငြက်ပ္ ၉ ဘီလ်ံနီးပါးတန္ဖိုးရွိ ဘိန္းျဖဴ ႏွင့္ စိတ္ႂကြေဆးျပားမ်ားဖမ္းမိ
Pearl (NP News) - ႏိုဝင္ဘာ ၂၇

မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ေငြက်ပ္ ၉ ဘီလ်ံနီးပါးတန္ဖိုးရွိ ဘိန္းျဖဴ ႏွင့္ စိတ္ႂကြေဆးျပားမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ႏိုဝင္ဘာလ ၆ ရက္ေန႔ ညေန ၄ နာရီခြဲအခ်ိန္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ေခ်ာေက်း႐ြာအနီးတြင္ ျပင္ဦးလြင္မွ မႏၲေလးဘက္သို႔ ေက်ာ္သူထိုက္ ေမာင္းႏွင္လာေသာ TOYOTA DYNA ေမာ္ေတာ္ယာဥ္အား သတင္းအရ စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ခဲ့ရာ ယာဥ္ေပၚမွ ဘိန္းျဖဴ ၅၅ ကီလို(၎ေဒသတန္ဖိုးေငြက်ပ္ ၁ ဒသမ ၃၇၅ ဘီလ်ံ)ႏွင့္ စိတ္ႂကြေဆးျပား ၅ ဒသမ ၈ သန္း(၎ေဒသတန္ဖိုးေငြက်ပ္ ၇ ဒသမ ၆၂ ဘီလ်ံ)ဖမ္းဆီးရမိခဲ့သျဖင့္ စုစုေပါင္း ၎ေဒသတန္ဖိုးေငြက်ပ္ ၈.၉၉၅ ဘီလ်ံတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ ႏိုဝင္ဘာလ ၇ ရက္ေန႔ ေန႔လယ္ ၁၁ နာရီခြဲအခ်ိန္ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားသယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူ ေအာင္ၾကည္ အား မတၱရာၿမိဳ႕နယ္၊ ကပိုင္ေက်း႐ြာတြင္ လည္းေကာင္း၊ ႏိုဝင္ဘာလ ၁၄ ရက္ေန႔ ညေန ၆ နာရီအခ်ိန္ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားအား တာဝန္ခံသယ္ေဆာင္သူ ေက်ာ္ေက်ာ္ၿမိဳင္(ခ)ေက်ာ္ႀကီး အား အမရပူရၿမိဳ႕နယ္၊ ျမစ္ငယ္တံတားအနီးတြင္ လည္းေကာင္း၊ ႏိုဝင္ဘာလ ၁၆ ရက္ေန႔ နံနက္ ၈ နာရီခြဲအခ်ိန္ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားသယ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္သူ ေဝယ်ာစိုး(ခ)ကိုတိုး အား ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး(၂၁)တြင္ လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားအား သယ္ေဆာင္ခိုင္းသူမွာ ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး(၂၁)ေန ေမာင္ငယ္(ခ)စိုင္းေမာင္ငယ္(ဖမ္းဆီးရန္က်န္)ျဖစ္ၿပီး ေနာင္ခ်ိဳၿမိဳ႕နယ္မွ မႏၲေလးသို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ၎တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.