ယူဂန္ဓာတွင် ဗုဒ္ဓဘာသာဆိုင်ရာ အကြီးဆုံးပွဲ အဖြစ် ရှင်သာမဏေ (၁၀ဝ)၊ သီလရှင် (၁၀ဝ) ဝတ်ပွဲ ပြုလုပ်မည်

 245

သုတကျော် (NP News) - နိုဝင်ဘာလ ၂၈

အာဖရိကတိုက် ယူဂန္ဓာနိုင်ငံတွင် ဗုဒ္ဓဘာ သာဆိုင်ရာ အကြီးဆုံးပွဲအဖြစ် ရှင်သာမဏေ (၁၀ဝ)၊ သီလရှင် (၁၀ဝ)ဒုလ္လဘဝတ်ပွဲအခမ်းအနား ပြုလုပ် မည်ဖြစ်ကြောင်း ယူဂန္ဓာနိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာ စင်တာနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါစင်တာကို ယူဂန္ဓာနိုင်ငံ အင်တက် ဘီမြို့တွင် ဖွင့်လှစ်ထားခြင်းဖြစ်ကာ ယူဂန္ဓာလူမျိုး ဆရာတော် ဒေါက်တာ အရှင်ဗုဒ္ဓရက္ခိတက ဦးဆောင် နေပြီး မြန်မာရဟန်းတော်တစ်ပါးနှင့် မြန်မာ သီလရှင် နှစ်ပါးလည်းရှိနေကာ ယူဂန္ဓာလူမျိုးကလေးငယ်များ ကို ကိုရင်၊ သီလရှင်အဖြစ် ကျောင်းတွင်ထားရှိကာ သာသနာပြုနေခြင်း ဖြစ်သည်။
ထို့ပြင် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူများ အတွက်လည်း တရားဟော၊ တရားပြခြင်းများကို ဆောင်ရွက်နေကြောင်းသိရကာ ယခုတစ်ကြိမ် ရှင် သာမဏေ (၁၀ဝ)၊ သီလရှင် (၁၀ဝ)ဝတ်ပွဲသည် အဆိုပါစင်တာအတွက် ပထမဆုံးအကြိမ်အဖြစ် အရေအတွက် အများဆုံး ပြုလုပ်ခြင်း ဖြစ်ကာ ယူဂန္ဓာ နိုင်ငံတွင်လည်း အကြီးဆုံး ရှင်သာမဏေ၊ သီလရှင် ဝတ်ပွဲဖြစ်နိုင်ကြောင်း သိရသည်။
ယခု ဒုလ္လဘဝတ်ပွဲကို မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံ ဓမ္မာနန္ဒဝိဟာရကျောင်းထိုင်ဆရာ တော် ဦးဩသဓနှင့် ယူဂန္ဓာလူမျိုးဆရာတော် ဒေါက် တာ အရှင်ဗုဒ္ဓရက္ခိတတို့က လက်တွဲဦးဆောင် ကျင်း ပခြင်း ဖြစ်ကြောင်း သိရသည်။
" လာမယ့် ဒီဇင်ဘာ (၅)ရက်ကနေ (၁၅)ရက်အထိပေါ့။ ကိုရင် သီးသန့် အပါး (၁၀ဝ)၊ သီလရှင် အပါး (၁၀ဝ)ပါ။ ဒီဟာက ကျောင်းမှာ ပထမဆုံးအကြိမ် အရေအတွက်အများဆုံးပါ။ ပြီးခဲ့တဲ့နှစ်ကတော့ အပါး (၃၇၊ ၃၈) ပေါ့။ အသက်က မျိုးစုံပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ အများ ဆုံး ပါဝင်တာပေါ့။ ရုံးစာရေးမတွေ၊ ကောလိပ်ကျောင်း သူတွေ မျိုးစုံပါတယ်။ တချို့ နည်းနည်း အသက်ကြီး ကြီးတွေပါတယ် " ဟု အဆိုပါ နီးစပ်သူက ရှင်းပြ သည်။ လက်ရှိ အဆိုပါစင်တာတွင် ယူဂန္ဓာလူမျိုး ကိုရင် (၂၇)ပါးနှင့် သီလရှင်(၃၄)ပါး ရှိနေကာ ဗုဒ္ဓ ဘာသာ စာပေများကို သင်ကြားနေခြင်း ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
" ခရစ်ယာန်ပါတယ်။ အစ္စလာမ်ပါတယ်။ သူတို့ကို ဗုဒ္ဓဘာသာ ဖြစ်သွားပြီလို့ ပြောလို့မရဘူး။ မဟုတ်ဘူးဆိုတာလည်း ပြောလို့မရဘူး။ လာစမ်း ကြည့်ပေါ့။ လာသင်ကြည့် ဆိုတဲ့ ပုံစံမျိုး ဖွင့်ထားတာ ပါ။ ဗုဒ္ဓဘာသာက ဘယ်သူမဆို လေ့လာခွင့်ရှိတယ် လေ။ ဘာသာ မပြောင်းဘူး လေ့လာချင်တယ်ဆိုရင် လာလို့ရတယ်" ဟု ၎င်းက ဆိုသည်။
လက်ရှိ ကိုရင်များအနေဖြင့် ရဟန်းဘောင် သို့ ကူးပြောင်းလိုပါကလည်း သိမ်အပါအဝင် ရဟန်း အဖြစ် ကူးပြောင်းခြင်းဆိုင်ရာ အဆောက်အအုံများ နှင့် သီတင်းသုံးရန်နေရာများပါရှိပြီးဖြစ်ကြောင်း သိရ သည်။ စင်တာကို ဦးဆောင်နေသော ယူဂန္ဓာလူမျိုး ဆရာတော် ဒေါက်တာ အရှင်ဗုဒ္ဓရက္ခိတသည် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများသို့ သွားရောက်လေ့ လာခဲ့သော ရဟန်းတော်ဖြစ်ပြီး လက်ဦးဆရာမှာ မြန်မာလူမျိုးဆရာတော် ဦးသီလာနန္ဒာဘိဝံသ၊ အနု သာသကဆရာတော်မှာ ဦးဩသဓတို့ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ယူဂႏၶာတြင္ ဗုဒၶဘာသာဆိုင္ရာ အႀကီးဆုံးပြဲ အျဖစ္ ရွင္သာမေဏ (၁၀ဝ)၊ သီလရွင္ (၁၀ဝ) ဝတ္ပြဲ ျပဳလုပ္မည္
သုတေက်ာ္ (NP News) - ႏိုဝင္ဘာလ ၂၈
အာဖရိကတိုက္ ယူဂႏၶာႏိုင္ငံတြင္ ဗုဒၶဘာ သာဆိုင္ရာ အႀကီးဆုံးပြဲအျဖစ္ ရွင္သာမေဏ (၁၀ဝ)၊ သီလရွင္ (၁၀ဝ)ဒုလႅဘဝတ္ပြဲအခမ္းအနား ျပဳလုပ္ မည္ျဖစ္ေၾကာင္း ယူဂႏၶာႏိုင္ငံ ေထရဝါဒဗုဒၶဘာသာ စင္တာႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါစင္တာကို ယူဂႏၶာႏိုင္ငံ အင္တက္ ဘီၿမိဳ႕တြင္ ဖြင့္လွစ္ထားျခင္းျဖစ္ကာ ယူဂႏၶာလူမ်ိဳး ဆရာေတာ္ ေဒါက္တာ အရွင္ဗုဒၶရကၡိတက ဦးေဆာင္ ေနၿပီး ျမန္မာရဟန္းေတာ္တစ္ပါးႏွင့္ ျမန္မာ သီလရွင္ ႏွစ္ပါးလည္းရွိေနကာ ယူဂႏၶာလူမ်ိဳးကေလးငယ္မ်ား ကို ကိုရင္၊ သီလရွင္အျဖစ္ ေက်ာင္းတြင္ထားရွိကာ သာသနာျပဳေနျခင္း ျဖစ္သည္။
ထို႔ျပင္ ဗုဒၶဘာသာကို စိတ္ဝင္စားသူမ်ား အတြက္လည္း တရားေဟာ၊ တရားျပျခင္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္းသိရကာ ယခုတစ္ႀကိမ္ ရွင္ သာမေဏ (၁၀ဝ)၊ သီလရွင္ (၁၀ဝ)ဝတ္ပြဲသည္ အဆိုပါစင္တာအတြက္ ပထမဆုံးအႀကိမ္အျဖစ္ အေရအတြက္ အမ်ားဆုံး ျပဳလုပ္ျခင္း ျဖစ္ကာ ယူဂႏၶာ ႏိုင္ငံတြင္လည္း အႀကီးဆုံး ရွင္သာမေဏ၊ သီလရွင္ ဝတ္ပြဲျဖစ္ႏိုင္ေၾကာင္း သိရသည္။
ယခု ဒုလႅဘဝတ္ပြဲကို ျမန္မာႏိုင္ငံသား အေမရိကန္ႏိုင္ငံ ဓမၼာနႏၵဝိဟာရေက်ာင္းထိုင္ဆရာ ေတာ္ ဦးဩသဓႏွင့္ ယူဂႏၶာလူမ်ိဳးဆရာေတာ္ ေဒါက္ တာ အရွင္ဗုဒၶရကၡိတတို႔က လက္တြဲဦးေဆာင္ က်င္း ပျခင္း ျဖစ္ေၾကာင္း သိရသည္။
" လာမယ့္ ဒီဇင္ဘာ (၅)ရက္ကေန (၁၅)ရက္အထိေပါ့။ ကိုရင္ သီးသန႔္ အပါး (၁၀ဝ)၊ သီလရွင္ အပါး (၁၀ဝ)ပါ။ ဒီဟာက ေက်ာင္းမွာ ပထမဆုံးအႀကိမ္ အေရအတြက္အမ်ားဆုံးပါ။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ အပါး (၃၇၊ ၃၈) ေပါ့။ အသက္က မ်ိဳးစုံပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူေတြ အမ်ား ဆုံး ပါဝင္တာေပါ့။ ႐ုံးစာေရးမေတြ၊ ေကာလိပ္ေက်ာင္း သူေတြ မ်ိဳးစုံပါတယ္။ တခ်ိဳ႕ နည္းနည္း အသက္ႀကီး ႀကီးေတြပါတယ္ " ဟု အဆိုပါ နီးစပ္သူက ရွင္းျပ သည္။ လက္ရွိ အဆိုပါစင္တာတြင္ ယူဂႏၶာလူမ်ိဳး ကိုရင္ (၂၇)ပါးႏွင့္ သီလရွင္(၃၄)ပါး ရွိေနကာ ဗုဒၶ ဘာသာ စာေပမ်ားကို သင္ၾကားေနျခင္း ျဖစ္ေၾကာင္း လည္း ၎က ဆိုသည္။
" ခရစ္ယာန္ပါတယ္။ အစၥလာမ္ပါတယ္။ သူတို႔ကို ဗုဒၶဘာသာ ျဖစ္သြားၿပီလို႔ ေျပာလို႔မရဘူး။ မဟုတ္ဘူးဆိုတာလည္း ေျပာလို႔မရဘူး။ လာစမ္း ၾကည့္ေပါ့။ လာသင္ၾကည့္ ဆိုတဲ့ ပုံစံမ်ိဳး ဖြင့္ထားတာ ပါ။ ဗုဒၶဘာသာက ဘယ္သူမဆို ေလ့လာခြင့္ရွိတယ္ ေလ။ ဘာသာ မေျပာင္းဘူး ေလ့လာခ်င္တယ္ဆိုရင္ လာလို႔ရတယ္" ဟု ၎က ဆိုသည္။
လက္ရွိ ကိုရင္မ်ားအေနျဖင့္ ရဟန္းေဘာင္ သို႔ ကူးေျပာင္းလိုပါကလည္း သိမ္အပါအဝင္ ရဟန္း အျဖစ္ ကူးေျပာင္းျခင္းဆိုင္ရာ အေဆာက္အအုံမ်ား ႏွင့္ သီတင္းသုံးရန္ေနရာမ်ားပါရွိၿပီးျဖစ္ေၾကာင္း သိရ သည္။ စင္တာကို ဦးေဆာင္ေနေသာ ယူဂႏၶာလူမ်ိဳး ဆရာေတာ္ ေဒါက္တာ အရွင္ဗုဒၶရကၡိတသည္ ေထရဝါဒ ဗုဒၶဘာသာႏိုင္ငံမ်ားသို႔ သြားေရာက္ေလ့ လာခဲ့ေသာ ရဟန္းေတာ္ျဖစ္ၿပီး လက္ဦးဆရာမွာ ျမန္မာလူမ်ိဳးဆရာေတာ္ ဦးသီလာနႏၵာဘိဝံသ၊ အႏု သာသကဆရာေတာ္မွာ ဦးဩသဓတို႔ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.