မန္တလေးနှင့် စစ်ကိုင်းစက်မှုဇုန်မှ အသေးစား သံရည်ကျိုနှင့် သံနန်းဆွဲ စက်ရုံ(၁၂၀)ကျော် ရပ်တန့်နေ

184

Pearl (NP News) - နိုဝင်ဘာလ ၂၈
အရည်အသွေးသတ်မှတ်ချက်ကြောင့် မန္တလေးနှင့် စစ်ကိုင်းစက်မှုဇုန်တို့မှ အသေးစား သံရည်ကျိုနှင့် သံနန်းဆွဲ စက်ရုံ(၁၂၀) ကျော် ရပ်တန့်နေကြောင်း NP News မှ လုပ်ငန်းရှင်များထံမှ မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ပြည်တွင်း၌ထုတ်သောသံများသည် အရည်အသွေးမမီသည့်အတွက် အဆောက်အအုံများ ဆောက်လုပ်ရာတွင် သုံးစွဲရန်မသင့်သည့်အတွက် စံချိန်စံနှုန်းအသစ်ဆောင်ရွက်နေချိန်တွင် တာဝန်ရှိသူ များက ရပ်နားခိုင်းထားသည့်အတွက် မန္တလေးနှင့် စစ်ကိုင်း စက်မှုဇုန်တို့မှ မိရိုးဖလာ အသေးစား သံ ရည်ကျိုနှင့် သံနန်းဆွဲ စက်ရုံ(၁၂၀) ကျော် ရပ်တန့် သွားခဲ့သည်မှာ (၆)လကျော် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။
" မန္တလေး ငလျင်ကြီးပြီးလို့ အဆောက်အအုံတွေပြိုတော့ လူကြီးတွေက အကြောင်းအရင်း ရှာကြတာပေါ့။ အကြောင်းအရင်းရှာတော့ အင်ဂျင်နီယာတွေက သူတို့ ခေါင်းမခံဘဲနဲ့ အင်ဂျင်နီယာတွေ ချည်းပဲ အစည်းအဝေးလုပ်ပြီးတော့ အင်ဂျင်နီယာတွေ ဒီစက်မှုလုပ်ငန်းရှင်တွေက မိရိုးဖလာတိုင်းရင်းသားလုပ်ငန်းရှင်လေးတွေ၊ လုပ်ငန်းငယ်လေးတွေကို သံရည်ကျို၊ သံနန်းဆွဲတွေကို ထိုးချလိုက်တာပေါ့။ မြန်မာသံလုံးတွေက အရည်အသွေးမကောင်းလို့ အဆောက်အအုံတွေ ပြိုရပါတယ်ဆိုပြီး ပြောတယ်။ အဲဒီလိုမှတ်ချက်ထွက်လာတော့ စက်ရုံတွေကို ဒါတွေ မရောင်းရဘူး။ ဒီစံချိန်စံနှုန်းနဲ့ မမီဘူး။ စံချိန်စံနှုန်းအသစ်လုပ်နေတဲ့ ကာလမှာ ရပ်ထားပါပေါ့။ အဲဒီတော့ စက်ရုံတွေက ကမောက်ကမတွေ ဖြစ်ပြီးတော့ ရပ်သွားကြတယ်။ စက်ရုံကြီးတွေနဲ့အတူ ချမှတ်တဲ့မူဝါဒတွေကို စက်မှုလုပ်ငန်းလေးတွေကို လိုက်ချမှတ်တယ်။ အခုကျတော့ စံချိန်စံနှုန်း သတ်မှတ်လိုက်တော့ စံချိန်စံနှုန်းမမီတာတွေကို မလုပ်ရဘူး ဆိုတော့ စစ်ကိုင်းစက်မှုဇုန်ရော၊ မန္တလေးစက်မှုဇုန်ရော ရပ်သွားတယ်။ အခုဆို လုံးဝရပ်သွားပြီ" ဟု လုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
အဆိုပါ မိရိုးဖလာ အသေးစား သံရည်ကျို နှင့် သံနန်းဆွဲ စက်ရုံများမှ ထုတ်လုပ်သည့် သံလုံးများ သည် လူများဖြင့် ပြုလုပ်သည့် တစ်တန်မကျော်သော သံလုံးများသာဖြစ်ပြီး အဆောက်အအုံအသေးစားများ ဆောက်လုပ်ရာတွင်သာ အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
" ဗမာသံလုံးက နဂိုတည်းက သူ့အရည် အသွေးနဲ့ သူရှိပြီးသား။ ဘယ်သူမှ ဗမာသံလုံးကို အထပ်မြင့်အဆောက်အအုံကို မဆောက်ဘူး။ ဗမာသံလုံးက ကြမ်းခင်းလုပ်တဲ့နေရာသုံးမယ်၊Toilet လုပ်တဲ့နေရာသုံးမယ်၊ မီးဖိုချောင်လေး ဆောက်တဲ့အခါသုံးမယ်။ ဒါမျိုးလေးတွေပဲ သုံးကြ တာပါ။ တချို့နယ်တွေမှာဆို နွားတင်းကုပ်တို့ ဆောက်မယ်၊ တစ်ထပ်လေးတွေ ဆောက်မယ်ပေါ့။ အမှန်ဆို အဆောက်အအုံပြိုတဲ့နေရာမှာ အင်ဂျင် နီယာမှာ တာဝန်အရှိဆုံးပဲ။ အဲဒါကို သံလုံးတွေကို ထိုးချလိုက်တော့ ပါမစ်လုပ်ငန်းတွေဝင်လာပြီ။ ပါမစ်စီးပွားရေးသမားဝင်လာတော့ ပါမစ်တွေ လိုက်လျှောက်ကြ၊ ပိုပြီးဈေးကွက်တွေကပျက်၊ ဒီမိရိုးဖလာ လုပ်ငန်းအသေးလေးတွေက သူတို့ ပြောတဲ့နည်းပညာတွေ ဘာတွေနားလည်ချင်မှ နားလည်မယ်။ တာဝန်ရှိသူတွေ လုပ်ချင်တာတွေကိုက ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ဟာတွေနဲ့တော့ ကိုက်ညီမယ်လုပ်နိုင်မယ်။ စက်ရုံကြီးတွေက တန်တွေ အများကြီး ကရိန်းတွေနဲ့လောင်းတာ။ ကိုယ်တွေ လုပ်ငန်းက လူနဲ့လောင်းတာ တစ်လုံးကို တစ်တန် တောင် မပြည့်ဘူး။ အသေးလေးတွေ။ လုပ်ငန်းရှင် တွေကတော့ ဗမာပြည်နဲ့ ကိုက်ညီတဲ့ စံချိန် စံနှုန်းလေး တွေ ဖြစ်စေချင်တာပေါ့" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မန္တလေးစက်မှုဇုန်ရှိ စက်ရုံ (၁၀ဝ)ကျော်နှင့် စစ်ကိုင်းစက်မှုဇုန်ရှိ စက်ရုံ (၂၀)ကျော် ရပ်နားထားရပြီး အဆိုပါ စက်ရုံများမှ လုပ်သား စုစုပေါင်း (၁၃၀ဝ)ကျော်ရှိကာ လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး အတွက် ゞင်းတို့ စက်ရုံမှ ထုတ်လုပ်သည့် သံ၏ စံချိန် စံနှုန်းများကို အသေးစားအဆောက်အအုံများတွင် အသုံးပြုမည့် စံနှုန်းများနှင့်အညီ သတ်မှတ်ပေးရန် မျှော်လင့်ကြောင်းလည်း သိရသည်။
" စစ်ကိုင်းစက်မှုဇုန်ဆိုရင် စာရင်းရှိ (၂၂) ရုံရှိတယ်။ မန္တလေးမှာဆိုရင် စက်ရုံအကြီးက (၃)ရုံ လောက်ရှိတယ်၊ မြောင်းတကာ စံချိန်စံနှုန်းနဲ့ ညီတာ။ သူတို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြီးတွေ အဲဒီမှာ ဗမာလုပ်သားက ယင်မောင်း၊ ခွေးမောင်းလောက် ပဲရှိတာ။ တရုတ်ပညာရှင်နဲ့ တရုတ်လုပ်သားတွေနဲ့။ အဲဒီစက်ရုံတွေကတော့ လည်တယ်။ အသေးစား လေးတွေ ဗမာတိုင်းရင်းသားလုပ်တဲ့ သံနန်းဆွဲ ၊ သံရည်ကျိုစက်ရုံ ရာဂဏန်း လောက်က အကုန်ရပ် သွားပြီ။ မန္တလေး စက်မှုဇုန်ကတော့ လုပ်သား ထောင် ဂဏာန်းရှိတယ်။ စစ်ကိုင်းစက်မှုဇုန်ကတော့ လုပ်သား သုံးလေးရာရှိတယ်။ လုပ်သားတွေက ငါန်းဇွန်တို့ ဘာတို့ ဘက်က ကျွမ်းကျင် လုပ်သားတွေ များတယ်။ သံရည်ကျိုကျွမ်းတာ ငါန်းဇွန်ဘက်က။ အဲဒီတော့ အလုပ်မရှိတော့ သူတို့ရွာ သူတို့ပြန် ၊ ပြန်ရောက်တော့ အကြမ်းဖက်အဖွဲ့တွေထဲ ရောက်တဲ့လူကရောက်၊ မနည်းထိန်းထားရတာ။ လမ်းခရီးကြောင့် တခြား စက်ရုံတွေလည်းပြောင်းကြတာနဲ့ ဘာနဲ့ဆိုရင် စစ်ကိုင်းစက်မှုဇုန်က ဒီနှစ်ကုန်လောက်ဆိုရင် ရပ်သွားနိုင်တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
သံ နှင့် သံမဏိများ၏အရည်အသွေးများကို ဆောက်လုပ်ရေးဝန်ကြီးဌာနကပြဋ္ဌာန်းထားသည့် National Building Code အပါအဝင် ဝန်ကြီးဌာန က သတ်မှတ်ထားချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းများထူထောင်နိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်နေပြီး ကနဦးအနေဖြင့် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွင် အမျိုးသားအဆင့် ဓာတ်ခွဲခန်းများ ထူထောင်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးႏွင့္ စစ္ကိုင္းစက္မႈဇုန္မွ အေသးစား သံရည္က်ိဳႏွင့္ သံနန္းဆြဲ စက္႐ုံ(၁၂၀)ေက်ာ္ ရပ္တန႔္ေန
Pearl (NP News) - ႏိုဝင္ဘာလ ၂၈
အရည္အေသြးသတ္မွတ္ခ်က္ေၾကာင့္ မႏၲေလးႏွင့္ စစ္ကိုင္းစက္မႈဇုန္တို႔မွ အေသးစား သံရည္က်ိဳႏွင့္ သံနန္းဆြဲ စက္႐ုံ(၁၂၀) ေက်ာ္ ရပ္တန႔္ေနေၾကာင္း NP News မွ လုပ္ငန္းရွင္မ်ားထံမွ ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ျပည္တြင္း၌ထုတ္ေသာသံမ်ားသည္ အရည္အေသြးမမီသည့္အတြက္ အေဆာက္အအုံမ်ား ေဆာက္လုပ္ရာတြင္ သုံးစြဲရန္မသင့္သည့္အတြက္ စံခ်ိန္စံႏႈန္းအသစ္ေဆာင္႐ြက္ေနခ်ိန္တြင္ တာဝန္ရွိသူ မ်ားက ရပ္နားခိုင္းထားသည့္အတြက္ မႏၲေလးႏွင့္ စစ္ကိုင္း စက္မႈဇုန္တို႔မွ မိ႐ိုးဖလာ အေသးစား သံ ရည္က်ိဳႏွင့္ သံနန္းဆြဲ စက္႐ုံ(၁၂၀) ေက်ာ္ ရပ္တန႔္ သြားခဲ့သည္မွာ (၆)လေက်ာ္ ၾကာျမင့္ၿပီျဖစ္ေၾကာင္း သိရသည္။
" မႏၲေလး ငလ်င္ႀကီးၿပီးလို႔ အေဆာက္အအုံေတြၿပိဳေတာ့ လူႀကီးေတြက အေၾကာင္းအရင္း ရွာၾကတာေပါ့။ အေၾကာင္းအရင္းရွာေတာ့ အင္ဂ်င္နီယာေတြက သူတို႔ ေခါင္းမခံဘဲနဲ႔ အင္ဂ်င္နီယာေတြ ခ်ည္းပဲ အစည္းအေဝးလုပ္ၿပီးေတာ့ အင္ဂ်င္နီယာေတြ ဒီစက္မႈလုပ္ငန္းရွင္ေတြက မိ႐ိုးဖလာတိုင္းရင္းသားလုပ္ငန္းရွင္ေလးေတြ၊ လုပ္ငန္းငယ္ေလးေတြကို သံရည္က်ိဳ၊ သံနန္းဆြဲေတြကို ထိုးခ်လိုက္တာေပါ့။ ျမန္မာသံလုံးေတြက အရည္အေသြးမေကာင္းလို႔ အေဆာက္အအုံေတြ ၿပိဳရပါတယ္ဆိုၿပီး ေျပာတယ္။ အဲဒီလိုမွတ္ခ်က္ထြက္လာေတာ့ စက္႐ုံေတြကို ဒါေတြ မေရာင္းရဘူး။ ဒီစံခ်ိန္စံႏႈန္းနဲ႔ မမီဘူး။ စံခ်ိန္စံႏႈန္းအသစ္လုပ္ေနတဲ့ ကာလမွာ ရပ္ထားပါေပါ့။ အဲဒီေတာ့ စက္႐ုံေတြက ကေမာက္ကမေတြ ျဖစ္ၿပီးေတာ့ ရပ္သြားၾကတယ္။ စက္႐ုံႀကီးေတြနဲ႔အတူ ခ်မွတ္တဲ့မူဝါဒေတြကို စက္မႈလုပ္ငန္းေလးေတြကို လိုက္ခ်မွတ္တယ္။ အခုက်ေတာ့ စံခ်ိန္စံႏႈန္း သတ္မွတ္လိုက္ေတာ့ စံခ်ိန္စံႏႈန္းမမီတာေတြကို မလုပ္ရဘူး ဆိုေတာ့ စစ္ကိုင္းစက္မႈဇုန္ေရာ၊ မႏၲေလးစက္မႈဇုန္ေရာ ရပ္သြားတယ္။ အခုဆို လုံးဝရပ္သြားၿပီ" ဟု လုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
အဆိုပါ မိ႐ိုးဖလာ အေသးစား သံရည္က်ိဳ ႏွင့္ သံနန္းဆြဲ စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ သံလုံးမ်ား သည္ လူမ်ားျဖင့္ ျပဳလုပ္သည့္ တစ္တန္မေက်ာ္ေသာ သံလုံးမ်ားသာျဖစ္ၿပီး အေဆာက္အအုံအေသးစားမ်ား ေဆာက္လုပ္ရာတြင္သာ အသုံးျပဳျခင္းျဖစ္ေၾကာင္း သိရသည္။
" ဗမာသံလုံးက နဂိုတည္းက သူ႔အရည္ အေသြးနဲ႔ သူရွိၿပီးသား။ ဘယ္သူမွ ဗမာသံလုံးကို အထပ္ျမင့္အေဆာက္အအုံကို မေဆာက္ဘူး။ ဗမာသံလုံးက ၾကမ္းခင္းလုပ္တဲ့ေနရာသုံးမယ္၊Toilet လုပ္တဲ့ေနရာသုံးမယ္၊ မီးဖိုေခ်ာင္ေလး ေဆာက္တဲ့အခါသုံးမယ္။ ဒါမ်ိဳးေလးေတြပဲ သုံးၾက တာပါ။ တခ်ိဳ႕နယ္ေတြမွာဆို ႏြားတင္းကုပ္တို႔ ေဆာက္မယ္၊ တစ္ထပ္ေလးေတြ ေဆာက္မယ္ေပါ့။ အမွန္ဆို အေဆာက္အအုံၿပိဳတဲ့ေနရာမွာ အင္ဂ်င္ နီယာမွာ တာဝန္အရွိဆုံးပဲ။ အဲဒါကို သံလုံးေတြကို ထိုးခ်လိုက္ေတာ့ ပါမစ္လုပ္ငန္းေတြဝင္လာၿပီ။ ပါမစ္စီးပြားေရးသမားဝင္လာေတာ့ ပါမစ္ေတြ လိုက္ေလွ်ာက္ၾက၊ ပိုၿပီးေဈးကြက္ေတြကပ်က္၊ ဒီမိ႐ိုးဖလာ လုပ္ငန္းအေသးေလးေတြက သူတို႔ ေျပာတဲ့နည္းပညာေတြ ဘာေတြနားလည္ခ်င္မွ နားလည္မယ္။ တာဝန္ရွိသူေတြ လုပ္ခ်င္တာေတြကိုက ျပည္ပက လာေရာက္ရင္းႏွီးျမႇဳပ္ႏွံတဲ့ဟာေတြနဲ႔ေတာ့ ကိုက္ညီမယ္လုပ္ႏိုင္မယ္။ စက္႐ုံႀကီးေတြက တန္ေတြ အမ်ားႀကီး ကရိန္းေတြနဲ႔ေလာင္းတာ။ ကိုယ္ေတြ လုပ္ငန္းက လူနဲ႔ေလာင္းတာ တစ္လုံးကို တစ္တန္ ေတာင္ မျပည့္ဘူး။ အေသးေလးေတြ။ လုပ္ငန္းရွင္ ေတြကေတာ့ ဗမာျပည္နဲ႔ ကိုက္ညီတဲ့ စံခ်ိန္ စံႏႈန္းေလး ေတြ ျဖစ္ေစခ်င္တာေပါ့" ဟု ၎က ေျပာသည္။
လက္ရွိတြင္ မႏၲေလးစက္မႈဇုန္ရွိ စက္႐ုံ (၁၀ဝ)ေက်ာ္ႏွင့္ စစ္ကိုင္းစက္မႈဇုန္ရွိ စက္႐ုံ (၂၀)ေက်ာ္ ရပ္နားထားရၿပီး အဆိုပါ စက္႐ုံမ်ားမွ လုပ္သား စုစုေပါင္း (၁၃၀ဝ)ေက်ာ္ရွိကာ လုပ္ငန္းရွင္မ်ား အေနျဖင့္ လုပ္ငန္းမ်ား ျပန္လည္လည္ပတ္ႏိုင္ေရး အတြက္ ゞင္းတို႔ စက္႐ုံမွ ထုတ္လုပ္သည့္ သံ၏ စံခ်ိန္ စံႏႈန္းမ်ားကို အေသးစားအေဆာက္အအုံမ်ားတြင္ အသုံးျပဳမည့္ စံႏႈန္းမ်ားႏွင့္အညီ သတ္မွတ္ေပးရန္ ေမွ်ာ္လင့္ေၾကာင္းလည္း သိရသည္။
" စစ္ကိုင္းစက္မႈဇုန္ဆိုရင္ စာရင္းရွိ (၂၂) ႐ုံရွိတယ္။ မႏၲေလးမွာဆိုရင္ စက္႐ုံအႀကီးက (၃)႐ုံ ေလာက္ရွိတယ္၊ ေျမာင္းတကာ စံခ်ိန္စံႏႈန္းနဲ႔ ညီတာ။ သူတို႔က ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႀကီးေတြ အဲဒီမွာ ဗမာလုပ္သားက ယင္ေမာင္း၊ ေခြးေမာင္းေလာက္ ပဲရွိတာ။ တ႐ုတ္ပညာရွင္နဲ႔ တ႐ုတ္လုပ္သားေတြနဲ႔။ အဲဒီစက္႐ုံေတြကေတာ့ လည္တယ္။ အေသးစား ေလးေတြ ဗမာတိုင္းရင္းသားလုပ္တဲ့ သံနန္းဆြဲ ၊ သံရည္က်ိဳစက္႐ုံ ရာဂဏန္း ေလာက္က အကုန္ရပ္ သြားၿပီ။ မႏၲေလး စက္မႈဇုန္ကေတာ့ လုပ္သား ေထာင္ ဂဏာန္းရွိတယ္။ စစ္ကိုင္းစက္မႈဇုန္ကေတာ့ လုပ္သား သုံးေလးရာရွိတယ္။ လုပ္သားေတြက ငါန္းဇြန္တို႔ ဘာတို႔ ဘက္က ကြၽမ္းက်င္ လုပ္သားေတြ မ်ားတယ္။ သံရည္က်ိဳကြၽမ္းတာ ငါန္းဇြန္ဘက္က။ အဲဒီေတာ့ အလုပ္မရွိေတာ့ သူတို႔႐ြာ သူတို႔ျပန္ ၊ ျပန္ေရာက္ေတာ့ အၾကမ္းဖက္အဖြဲ႕ေတြထဲ ေရာက္တဲ့လူကေရာက္၊ မနည္းထိန္းထားရတာ။ လမ္းခရီးေၾကာင့္ တျခား စက္႐ုံေတြလည္းေျပာင္းၾကတာနဲ႔ ဘာနဲ႔ဆိုရင္ စစ္ကိုင္းစက္မႈဇုန္က ဒီႏွစ္ကုန္ေလာက္ဆိုရင္ ရပ္သြားႏိုင္တယ္" ဟု ၎က ဆက္လက္ေျပာသည္။
သံ ႏွင့္ သံမဏိမ်ား၏အရည္အေသြးမ်ားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနကျပ႒ာန္းထားသည့္ National Building Code အပါအဝင္ ဝန္ႀကီးဌာန က သတ္မွတ္ထားခ်က္မ်ားႏွင့္ ကိုက္ညီမႈ ရွိ၊ မရွိကို စစ္ေဆးရန္ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္း ေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမတို႔တြင္ ႏိုင္ငံတကာအသိအမွတ္ျပဳဓာတ္ခြဲခန္းမ်ားထူေထာင္ႏိုင္ေရးအတြက္ ညႇိႏႈိင္း ေဆာင္႐ြက္ေနၿပီး ကနဦးအေနျဖင့္ ရန္ကုန္တိုင္းႏွင့္ မႏၲေလးတိုင္းတြင္ အမ်ိဳးသားအဆင့္ ဓာတ္ခြဲခန္းမ်ား ထူေထာင္ႏိုင္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။