ဂျပန်မှာ စွန့်ပစ်နေအိမ်တွေကို ရှာဖွေဖို့ ဂြိုဟ်တုနဲ့ AI ကို အားကိုးလာ

 285

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈

ဂျပန် နိုင်ငံမှာ လူသူကင်းမဲ့တဲ့အိမ်ရာတွေ တိုးပွားလာနေတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရတာကြောင့် ဂျပန်ကုမ္ပဏီ ဒါဇင်ပေါင်းများစွာဟာ စွန့်ပစ်ထားတဲ့အိမ်တွေကို ရှာဖွေရောင်းချဖို့ ဂြိုဟ်တုပုံရိပ်နဲ့ ဉာဏ်ရည်အတု (AI) ကို အသုံးပြုနေကြပါတယ်။
အိမ်ခြံမြေကုမ္ပဏီ Where Inc ကတော့ သံချေးတက်နေတဲ့ အရောင်တွေလို ဝိသေသလက္ခဏာတွေအပေါ်အခြေခံပြီး ဟောင်းနွမ်းအိုမင်းနေတဲ့ အိမ်အမိုးတွေကို ခွဲခြားသတ်မှတ်ဖို့ ဓာတ်ပုံထောင်ပေါင်းများစွာနဲ့ လေ့ကျင့်ထားတဲ့ AI ကို အသုံးပြုကာ ဂြိုဟ်တုပုံရိပ်တွေက အိမ်ဟောင်းတွေကို ရှာဖွေနိုင်တဲ့ ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် မကြာသေးခင်က အဲဒီဝန်ဆောင်မှုကို အသုံးပြုခဲ့တဲ့ ဂျပန်နိုင်ငံအလယ်ပိုင်း ဂီဖူစီရင်စုရှိ အိမ်ငှားရမ်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုကို ဦးဆောင်နေသူ မစ္စတာယာဆူအီက စွန့်ပစ်ထားတဲ့ နှစ်ထပ်သစ်သား အိမ်တစ်လုံးကို တွေ့ရှိခဲ့ပြီး အိမ်ခြံမြေမှတ်ပုံတင်ရုံးမှတစ်ဆင့် ပိုင်ရှင်ကို ဆက်သွယ်ကာ ယန်း (၁) ယန်းတည်းနဲ့ ဝယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအိမ်ဟာ (၁၀) နှစ်ကျော်ကြာ စွန့်ပစ်ထားတဲ့အိမ်ဖြစ်ပြီး ပိုင်ရှင်က ဘယ်လိစွန့်ပစ်ရမလဲဆိုတာ မသိတာကြောင့် ဒီအတိုင်းထားရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဝန်ဆောင်မှုကို အသုံးမပြုမီက ဒေသခံအိမ်ခြံမြေအကျိုးဆောင်တွေဆီ သွားရောက်လည်ပတ်ခြင်း (သို့မဟုတ်) ဝက်ဘ်ဆိုက်တစ်ခုချင်းစီကို ကိုယ်တိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့ရတယ်လို့ မစ္စတာယာဆူအီက ပြောကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်က အစိုးရရဲ့အချက်အလက်တွေအရ ဂျပန်နိုင်ငံမှာ စွန့်ပစ်ထားတဲ့အိမ်အရေအတွက် မြင့်တက်လာနေ ပြီး အရေအတွက်စုစုပေါင်း ကိုးသန်းခန့်ရှိနေတယ်လို့ သိရပါတယ်။
Where ရဲ့အဆိုအရ လပေါ်က ချိုင့်ဝှမ်းတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ဂျပန်အာကာသစူးစမ်းလေ့လာရေး အေဂျင်စီနဲ့ဆက်နွယ်တဲ့အဖွဲ့အစည်းတစ်ခုမှ တီထွင်နေတဲ့နည်းပညာရဲ့အကူအညီနဲ့ AI ဝန်ဆောင်မှုကို မိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္မွာ စြန႔္ပစ္ေနအိမ္ေတြကို ရွာေဖြဖို႔ ၿဂိဳဟ္တုနဲ႔ AI ကို အားကိုးလာ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၈
ဂ်ပန္ ႏိုင္ငံမွာ လူသူကင္းမဲ့တဲ့အိမ္ရာေတြ တိုးပြားလာေနတဲ့ ျပႆနာနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ ဂ်ပန္ကုမၸဏီ ဒါဇင္ေပါင္းမ်ားစြာဟာ စြန႔္ပစ္ထားတဲ့အိမ္ေတြကို ရွာေဖြေရာင္းခ်ဖို႔ ၿဂိဳဟ္တုပုံရိပ္နဲ႔ ဉာဏ္ရည္အတု (AI) ကို အသုံးျပဳေနၾကပါတယ္။
အိမ္ၿခံေျမကုမၸဏီ Where Inc ကေတာ့ သံေခ်းတက္ေနတဲ့ အေရာင္ေတြလို ဝိေသသလကၡဏာေတြအေပၚအေျခခံၿပီး ေဟာင္းႏြမ္းအိုမင္းေနတဲ့ အိမ္အမိုးေတြကို ခြဲျခားသတ္မွတ္ဖို႔ ဓာတ္ပုံေထာင္ေပါင္းမ်ားစြာနဲ႔ ေလ့က်င့္ထားတဲ့ AI ကို အသုံးျပဳကာ ၿဂိဳဟ္တုပုံရိပ္ေတြက အိမ္ေဟာင္းေတြကို ရွာေဖြႏိုင္တဲ့ ဝန္ေဆာင္မႈကို မိတ္ဆက္ခဲ့ပါတယ္။ အဲဒီေနာက္ မၾကာေသးခင္က အဲဒီဝန္ေဆာင္မႈကို အသုံးျပဳခဲ့တဲ့ ဂ်ပန္ႏိုင္ငံအလယ္ပိုင္း ဂီဖူစီရင္စုရွိ အိမ္ငွားရမ္းဝန္ေဆာင္မႈကုမၸဏီတစ္ခုကို ဦးေဆာင္ေနသူ မစၥတာယာဆူအီက စြန႔္ပစ္ထားတဲ့ ႏွစ္ထပ္သစ္သား အိမ္တစ္လုံးကို ေတြ႕ရွိခဲ့ၿပီး အိမ္ၿခံေျမမွတ္ပုံတင္႐ုံးမွတစ္ဆင့္ ပိုင္ရွင္ကို ဆက္သြယ္ကာ ယန္း (၁) ယန္းတည္းနဲ႔ ဝယ္ယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီအိမ္ဟာ (၁၀) ႏွစ္ေက်ာ္ၾကာ စြန႔္ပစ္ထားတဲ့အိမ္ျဖစ္ၿပီး ပိုင္ရွင္က ဘယ္လိစြန႔္ပစ္ရမလဲဆိုတာ မသိတာေၾကာင့္ ဒီအတိုင္းထားရွိခဲ့တယ္လို႔ သိရပါတယ္။
ဒီဝန္ေဆာင္မႈကို အသုံးမျပဳမီက ေဒသခံအိမ္ၿခံေျမအက်ိဳးေဆာင္ေတြဆီ သြားေရာက္လည္ပတ္ျခင္း (သို႔မဟုတ္) ဝက္ဘ္ဆိုက္တစ္ခုခ်င္းစီကို ကိုယ္တိုင္စစ္ေဆးျခင္း ျပဳလုပ္ခဲ့ရတယ္လို႔ မစၥတာယာဆူအီက ေျပာၾကားခဲ့ပါတယ္။ ၂၀၂၃ ခုႏွစ္က အစိုးရရဲ႕အခ်က္အလက္ေတြအရ ဂ်ပန္ႏိုင္ငံမွာ စြန႔္ပစ္ထားတဲ့အိမ္အေရအတြက္ ျမင့္တက္လာေန ၿပီး အေရအတြက္စုစုေပါင္း ကိုးသန္းခန႔္ရွိေနတယ္လို႔ သိရပါတယ္။
Where ရဲ႕အဆိုအရ လေပၚက ခ်ိဳင့္ဝွမ္းေတြကို ခြဲျခမ္းစိတ္ျဖာဖို႔ ဂ်ပန္အာကာသစူးစမ္းေလ့လာေရး ေအဂ်င္စီနဲ႔ဆက္ႏြယ္တဲ့အဖြဲ႕အစည္းတစ္ခုမွ တီထြင္ေနတဲ့နည္းပညာရဲ႕အကူအညီနဲ႔ AI ဝန္ေဆာင္မႈကို မိတ္ဆက္ေပးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.