အင်ဒိုနီးရှားမှာ ခွေးရူးပြန်ရောဂါအန္တရာယ်ကိုထိန်းချုပ်ဖို့ ကြောင်နဲ့ ခွေးသား ပိတ်ပင်

 186

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈

အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာမှာ ခွေးရူးပြန်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခွေး၊ ကြောင်နဲ့ လင်းနို့အသားတွေ ရောင်းချခြင်းနဲ့ စားသုံးခြင်းကို တားမြစ်လိုက်တယ်လို့ မြို့တော်အုပ်ချုပ်ရေးမှူးက အင်္ဂါနေ့ (နိုဝင်ဘာလ ၂၅ ရက်) မှာ ပြောကြားပါတယ်။ ဒါဟာ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေအတွက် အဓိက အောင်ပွဲ တစ်ခုလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ကတိပြုထားတဲ့တိုင်း တနင်္လာနေ့ (နိုဝင်ဘာ ၂၄ ရက်) မှာ စည်းမျဉ်းသစ်ကို လက်မှတ် ရေးထိုး ခဲ့ပြီး အစားအစာတွေမှာ ခွေးရူးပြန်ရောဂါပိုးကူးစက်နိုင်တဲ့ တိရစ္ဆာန်တွေ ရောင်းချခြင်းကို တားမြစ်လိုက်တယ်လို့ အုပ်ချုပ်ရေးမှူး ပရာမိုနိုအနန်က ပြောကြားခဲ့ပါတယ်။ တကယ်လို့ ချိုးဖောက်ခဲ့မယ်ဆိုရင် စီးပွားရေးလိုင်စင် ရုပ်သိမ်းခြင်းအထိ ပြစ်ဒဏ်များချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ တားမြစ်ချက်ဟာ အဲဒီမျိုးစိတ်တွေ ပါဝင်တဲ့ တိရစ္ဆာန်တွေ၊ အသားအစိမ်းတွေ (သို့မဟုတ်) ပြုပြင်ထားတဲ့ထုတ်ကုန်အားလုံးနဲ့သက်ဆိုင်ပြီး ဘယ်လိုအစား အစာမဆို အဆိုပါမျိုးစိတ်တွေကို တားမြစ်လိုက်တာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ခွေးနဲ့ ကြောင်သား ရောင်းချမှုကို ခွင့်ပြုထားတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်ခုဖြစ်ပေမယ့် တိရစ္ဆာန်ချစ်သူတွေရဲ့ဆန့်ကျင်မှုကြောင့် မြို့အတော်များများမှာ ဒေသန္တရတားမြစ်ချက်တွေ ပြဋ္ဌာန်းထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပြောကြားချက်အရ အင်ဒိုနီးရှားလူမျိုး ဆယ်ဂဏန်းခန့်ဟာ နှစ်စဉ် ခွေးရူး ပြန်ရောဂါကြောင့် သေဆုံးနေတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ မတ်လအတွင်း စုဆောင်းရရှိတဲ့ ကိန်းဂဏန်းတွေအရ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၂၅ ဦး ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားမွာ ေခြး႐ူးျပန္ေရာဂါအႏၲရာယ္ကိုထိန္းခ်ဳပ္ဖို႔ ေၾကာင္နဲ႔ ေခြးသား ပိတ္ပင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၈
အင္ဒိုနီးရွားႏိုင္ငံ၊ ၿမိဳ႕ေတာ္ဂ်ကာတာမွာ ေခြး႐ူးျပန္ေရာဂါပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ေခြး၊ ေၾကာင္နဲ႔ လင္းႏို႔အသားေတြ ေရာင္းခ်ျခင္းနဲ႔ စားသုံးျခင္းကို တားျမစ္လိုက္တယ္လို႔ ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးမႉးက အဂၤါေန႔ (ႏိုဝင္ဘာလ ၂၅ ရက္) မွာ ေျပာၾကားပါတယ္။ ဒါဟာ တိရစာၦန္အခြင့္အေရးလႈပ္ရွားသူေတြအတြက္ အဓိက ေအာင္ပြဲ တစ္ခုလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လက ကတိျပဳထားတဲ့တိုင္း တနလၤာေန႔ (ႏိုဝင္ဘာ ၂၄ ရက္) မွာ စည္းမ်ဥ္းသစ္ကို လက္မွတ္ ေရးထိုး ခဲ့ၿပီး အစားအစာေတြမွာ ေခြး႐ူးျပန္ေရာဂါပိုးကူးစက္ႏိုင္တဲ့ တိရစာၦန္ေတြ ေရာင္းခ်ျခင္းကို တားျမစ္လိုက္တယ္လို႔ အုပ္ခ်ဳပ္ေရးမႉး ပရာမိုႏိုအနန္က ေျပာၾကားခဲ့ပါတယ္။ တကယ္လို႔ ခ်ိဳးေဖာက္ခဲ့မယ္ဆိုရင္ စီးပြားေရးလိုင္စင္ ႐ုပ္သိမ္းျခင္းအထိ ျပစ္ဒဏ္မ်ားခ်မွတ္ခံရႏိုင္တယ္လို႔ ဆိုပါတယ္။ တားျမစ္ခ်က္ဟာ အဲဒီမ်ိဳးစိတ္ေတြ ပါဝင္တဲ့ တိရစာၦန္ေတြ၊ အသားအစိမ္းေတြ (သို႔မဟုတ္) ျပဳျပင္ထားတဲ့ထုတ္ကုန္အားလုံးနဲ႔သက္ဆိုင္ၿပီး ဘယ္လိုအစား အစာမဆို အဆိုပါမ်ိဳးစိတ္ေတြကို တားျမစ္လိုက္တာျဖစ္ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံဟာ ေခြးနဲ႔ ေၾကာင္သား ေရာင္းခ်မႈကို ခြင့္ျပဳထားတဲ့ ႏိုင္ငံအနည္းငယ္ထဲက တစ္ခုျဖစ္ေပမယ့္ တိရစာၦန္ခ်စ္သူေတြရဲ႕ဆန႔္က်င္မႈေၾကာင့္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ ေဒသႏၲရတားျမစ္ခ်က္ေတြ ျပ႒ာန္းထားပါတယ္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ေျပာၾကားခ်က္အရ အင္ဒိုနီးရွားလူမ်ိဳး ဆယ္ဂဏန္းခန႔္ဟာ ႏွစ္စဥ္ ေခြး႐ူး ျပန္ေရာဂါေၾကာင့္ ေသဆုံးေနတယ္လို႔ သိရပါတယ္။ အင္ဒိုနီးရွား က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ မွ မတ္လအတြင္း စုေဆာင္းရရွိတဲ့ ကိန္းဂဏန္းေတြအရ ေခြး႐ူးျပန္ေရာဂါေၾကာင့္ ေသဆုံးသူ ၂၅ ဦး ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.