နိုင်ငံတော်အစိုးရမှ ပြစ်ဒါဏ်လွတ်ငြိမ်းသက်သာခွင့်ကြေညာပြီးနောက် မအူပင်အကျဉ်းထောင်မှ အကျဉ်းသား (၄) ဦးလွတ်ငြိမ်းခွင့်ရ

 142

ပြည့်ဖြိုးပိုင် (မအူပင်)-နိုဝင်ဘာ ၂၈
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကနိုဝင်ဘာလ (၂၆)ရက်နေ့ညပိုင်းတွင်အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးတွင် ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒ-ဏ်ကျခံနေရသူများအား လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်းကြေညာပြီးနောက် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ မအူပင်အကျဉ်းထောင်မှ အကျဉ်းသား (၄)ဦး နှင့် အချုပ်သား (၂)ဦး ၊ အချုပ်သူ (၁) ဦး လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့ဆီက (၄)ယောက်လွတ်ငြိမ်းခွင့်ရရှိခဲ့ပါတယ်။ (၂၇)ရက်နေ့ မနက်ပိုင်းက လွတ်ပေးခဲ့တာပါ။ ညနေပိုင်မှာတော့ အချုပ်သား (၂)ယောက်နဲ့ အချုပ်သူ (၁)ယောက်ဆက်လက်လွှတ်ပေးခဲ့ပါတယ်" ဟု မအူပင်အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မကြာမှီကျင်းပမည့်ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးတွင် ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒ-ဏ်ကျခံနေရသူများအား လွတ်ငြိမ်းသက်သာခွင့်ပြု‌ကြောင်း နိုဝင်ဘာလ (၂၆)ရက်နေ့ ညပိုင်းတွင်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဥ်းစခန်းအသီးသီးတွင် ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသူ(၃၀၈၅) ဦးကို ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပေးပြီး တရားရင်ဆိုင်နေရဆဲ (၅၅၈၀) ဦးကို အမှုပိ-တ်သိမ်းပေးခဲ့ ကြောင်းထုတ်ပြန်ချက်အရသိရသည်။
Photo - internet

Zawgyi Version:
ႏိုင္ငံေတာ္အစိုးရမွ ျပစ္ဒါဏ္လြတ္ၿငိမ္းသက္သာခြင့္ေၾကညာၿပီးေနာက္ မအူပင္အက်ဥ္းေထာင္မွ အက်ဥ္းသား (၄) ဦးလြတ္ၿငိမ္းခြင့္ရ
ျပည့္ၿဖိဳးပိုင္ (မအူပင္)-ႏိုဝင္ဘာ ၂၈
အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီကႏိုဝင္ဘာလ (၂၆)ရက္ေန႔ညပိုင္းတြင္အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္၊ အက်ဥ္းစခန္းအသီးသီးတြင္ ပုဒ္မ ၅၀၅-က ျဖင့္ ျပစ္ဒ-ဏ္က်ခံေနရသူမ်ားအား လြတ္ၿငိမ္းသက္သာခြင့္ျပဳေၾကာင္းေၾကညာၿပီးေနာက္ ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕ရွိ မအူပင္အက်ဥ္းေထာင္မွ အက်ဥ္းသား (၄)ဦး ႏွင့္ အခ်ဳပ္သား (၂)ဦး ၊ အခ်ဳပ္သူ (၁) ဦး လြတ္ၿငိမ္းခြင့္ရရွိခဲ့ေၾကာင္းသိရသည္။

"ကြၽန္ေတာ္တို႔ဆီက (၄)ေယာက္လြတ္ၿငိမ္းခြင့္ရရွိခဲ့ပါတယ္။ (၂၇)ရက္ေန႔ မနက္ပိုင္းက လြတ္ေပးခဲ့တာပါ။ ညေနပိုင္မွာေတာ့ အခ်ဳပ္သား (၂)ေယာက္နဲ႔ အခ်ဳပ္သူ (၁)ေယာက္ဆက္လက္လႊတ္ေပးခဲ့ပါတယ္" ဟု မအူပင္အက်ဥ္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

မၾကာမွီက်င္းပမည့္ေ႐ြးေကာက္ပြဲ၌ ဆႏၵမဲေပးပိုင္ခြင့္ရွိသူအားလုံး ဆႏၵမဲေပးႏိုင္ေရးအတြက္ အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္၊ အက်ဥ္းစခန္းအသီးသီးတြင္ ပုဒ္မ ၅၀၅-က ျဖင့္ ျပစ္ဒ-ဏ္က်ခံေနရသူမ်ားအား လြတ္ၿငိမ္းသက္သာခြင့္ျပဳ‌ေၾကာင္း ႏိုဝင္ဘာလ (၂၆)ရက္ေန႔ ညပိုင္းတြင္ေၾကညာခဲ့ၿပီး တစ္ႏိုင္ငံလုံးရွိ အက်ဥ္းေထာင္၊ အခ်ဳပ္ေထာင္၊ အက်ဥ္းစခန္းအသီးသီးတြင္ ပုဒ္မ ၅၀၅-က ျဖင့္ ျပစ္ဒဏ္က်ခံေနရသူ(၃၀၈၅) ဦးကို ျပစ္ဒ-ဏ္လြတ္ၿငိမ္းခြင့္ေပးၿပီး တရားရင္ဆိုင္ေနရဆဲ (၅၅၈၀) ဦးကို အမႈပိ-တ္သိမ္းေပးခဲ့ ေၾကာင္းထုတ္ျပန္ခ်က္အရသိရသည္။
Photo - internet

Related news

© 2021. All rights reserved.