မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို (၈၆) ရက်ကြာ ကျင်းပမည်

 413

NP News - နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီက စတင်ပြီး (၈၆) ရက်ကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရ သည်။
ဘုရားပွဲတော်ကျင်းပရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက် က ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့ကြောင်း သိရသည်။
"၂၀၂၆ ခုနှစ် ဇန်နဝါရီ မှာ စတင်ကျင်းပမယ့်မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် အောင်မြင်စွာကျင်းပနိုင်ဖို့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်နေတယ်” ဟု ဘုရားပွဲတော်ကျင်းပရေးဦးစီးကော်မတီက ပြောသည်။
မန်းရွှေစက်တော်ဘုရားကြီး၏ ၂ဝ၂၆ ခုနှစ်၊ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (တပို့တွဲ လဆန်း ၅ ရက် မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၂) ရက် မှ ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၈၆)ကြာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
လက်ရှိတွင် ပွဲတော်ဖြစ်မြောက်ရေးအတွက် ဘုရားပွဲတော် မုခ်ဦးနှင်းဖွင့်ပွဲအခမ်းအနားပြင်ဆင်ရန်၊ ဘုရားပွဲမြေ နေရာ မန်းချောင်းသောင်ပြင် ၊ပြင်ဆင်ရေး၊ အဆောက်အဦ၊ အထူးတံတား၊ ဈေးဆိုင်ခန်း၊ တည်းခိုဆောင်တွေ နေရာချထားရန်နှင့် ဆောက်လုပ်ရေး၊ ပွဲတော်နှင့်ပတ်သက်သော တင်ဒါ၊ လေလံ၊ ခေါ်ယူရောင်းချရေးလုပ်ငန်းများ ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ သတင်းနှင့် ပြန်ကြားရေး၊ ဘုရားပွဲတော်လုံခြုံရေးစသည့် ကဏ္ဍအလိုက် ဆောင်ရွက် ရမည့်လုပ်ငန်းများကို ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။

Zawgyi Version:
မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႀကီးကို (၈၆) ရက္ၾကာ က်င္းပမည္
NP News - ႏိုဝင္ဘာ ၂၉

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ိုင္၊ မင္းဘူး(စကု)ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ ဘုရားပြဲေတာ္ကို လာမည့္ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီက စတင္ၿပီး (၈၆) ရက္ၾကာ အစဥ္အလာမပ်က္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ဟု သိရ သည္။
ဘုရားပြဲေတာ္က်င္းပေရးအတြက္ ခ႐ိုင္အဆင့္လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ႏိုဝင္ဘာ ၂၇ ရက္ က ခ႐ိုင္အေထြ ေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အစည္းအေဝးခန္းမမွာျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
"၂၀၂၆ ခုႏွစ္ ဇန္နဝါရီ မွာ စတင္က်င္းပမယ့္မန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ႀကီးကို အစဥ္အလာမပ်က္ ေအာင္ျမင္စြာက်င္းပႏိုင္ဖို႔ညႇိႏႈိင္းေဆြးေႏြးမႈေတြျပဳလုပ္ေနတယ္” ဟု ဘုရားပြဲေတာ္က်င္းပေရးဦးစီးေကာ္မတီက ေျပာသည္။
မန္းေ႐ႊစက္ေတာ္ဘုရားႀကီး၏ ၂ဝ၂၆ ခုႏွစ္၊ ဗုဒၶပူဇနိယဘုရားပြဲေတာ္ႀကီးကို ႏွစ္စဥ္က်င္းပၿမဲျဖစ္သည့္ (တပို႔တြဲ လဆန္း ၅ ရက္ မွ ျမန္မာႏွစ္ဆန္း ၁ ရက္အထိ) ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ (၂၂) ရက္ မွ ဧၿပီ (၁၇) ရက္အထိ ရက္ေပါင္း (၈၆)ၾကာ က်င္းပျပဳလုပ္မယ္လို႔ သိရပါတယ္။
လက္ရွိတြင္ ပြဲေတာ္ျဖစ္ေျမာက္ေရးအတြက္ ဘုရားပြဲေတာ္ မုခ္ဦးႏွင္းဖြင့္ပြဲအခမ္းအနားျပင္ဆင္ရန္၊ ဘုရားပြဲေျမ ေနရာ မန္းေခ်ာင္းေသာင္ျပင္ ၊ျပင္ဆင္ေရး၊ အေဆာက္အဦ၊ အထူးတံတား၊ ေဈးဆိုင္ခန္း၊ တည္းခိုေဆာင္ေတြ ေနရာခ်ထားရန္ႏွင့္ ေဆာက္လုပ္ေရး၊ ပြဲေတာ္ႏွင့္ပတ္သက္ေသာ တင္ဒါ၊ ေလလံ၊ ေခၚယူေရာင္းခ်ေရးလုပ္ငန္းမ်ား ၊ လွ်ပ္စစ္မီး၊ က်န္းမာေရး၊ သတင္းႏွင့္ ျပန္ၾကားေရး၊ ဘုရားပြဲေတာ္လုံၿခဳံေရးစသည့္ က႑အလိုက္ ေဆာင္႐ြက္ ရမည့္လုပ္ငန္းမ်ားကို ေဆြးေႏြးမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.