အမေရိကန်-ဗင်နီဇွဲလားကြား စစ်ရေးသို့ ဦးတည်လာသည့် မူးယစ်ဒုစရိုက်ဂိုဏ်း နည်းတူ စွပ်စွဲချက် အလွဲများဖြင့် ရှုတ်ထွေးအောင် ဖန်တီးလာသည့်ထိုင်း-မြန်မာနယ်စပ် ကျားဖျန့် (ဘာသာပြန်ဆောင်းပါး)

 566

HtayOung ( NP News )

အမေရိကန်နဲ့ ဗင်နီဇွဲလားနိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်များအတွင်း စစ် ရေးနဲ့ ဖြေရှင်းကြတော့မယောင် အရိပ်လက္ခဏာများနဲ့အရှိန်အမြင့်ဆုံးဖြစ်လာပါတယ်။ အထူးသဖြင့် Cartel de los Soles “ကာတယ်လ်ဒါလော့ ဆိုလက်စ်” (စပိန်ဘာသာ-နေမင်းဂိုဏ်း) အမည်ရှိ မူးယစ်မှောင်ခို ဒုစရိုက်ဂိုဏ်းဟာ “မူးယစ်အကြမ်းဖက် အဖွဲ့အစည်း” ဖြစ်ကြောင်း ထရမ့်အစိုးရက ကြေညာပြီး ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ ဗင်နီဇွဲလား တပ်မတော်အရာရှိကြီးများက ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲလာပါတယ်။

အမေရိကန်အစိုးရဌာနများ အစီရင်ခံစာများ-အမေရိကန်တရားရုံး သက်သေထွက်ဆိုချက်များ- ငွေပေးငွေယူနဲ့ ဆက်သွယ်ရေးဆိုင်ရာအထောက်အထားများအရ ဗင်နီဇွဲလားသမ္မတနဲ့ စစ်တပ်အရာရှိကြီးများက ကြိုးကိုင်နေတယ်လို့ ဝါရှင်တန်က စွပ်စွဲပြီး ရေနံသယံဇာတပိုင်ဆိုင်မှု ကမ္ဘာ့အများဆုံး ကာရေဗီယန်ဒေသနိုင်ငံ အစိုးရခေါင်း ဆောင်ကို စစ်ရေးအရ အရေးယူရန် ပြင်ဆင်လာပါတယ်

ဗင်နီဇွဲလားနဲ့ ဒေသတွင်းနိုင်ငံများအပြင် လွတ်လပ်တဲ့ နိုင်ငံရေး-စစ်ရေးလေ့လာသူတွေကတော့ အဲ့ဒီ နေမင်း ဂိုဏ်းဆိုတာ အမှတ်တကယ် မရှိပဲ နိုင်ငံရေးလုပ်ကြံမှု သက်သက်ဖြစ်တယ်လို့ ချေပပြောဆိုကြပါတယ်။ တကယ်တော့ တရားမဝင် သတ္တုတူးဖော်မှု၊ မူးယစ်ဆေး-လက်နက်-လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုများနဲ့ အမေရိ ကန်ရဲ့ အကျိုးစီးပွားကို နှောက်ယှက်ဖျက်ဆီးနေကြောင်း ဝါရှင်တန်ရဲ့ ဆယ်စုနှစ်ချီ စွပ်စွဲချက်တွေဟာ အမေရိ ကန် ဗဟိုထောက်လှမ်းရေး CIA ရဲ့ “မလည်ရှုတ်လုပ် ဇာတ်လမ်း” မှ မြစ်ဖျားခံကြောင်း သိက္ခာရှိ အနောက်အုပ် စု မီဒီယာများက ဖွင့်ချရေးသားနေကြပါတယ်။ အမေရိကန်နိုင်ငံအတွင်း ကိုကင်းများ ခိုးသွင်းနေတဲ့ ကိုလံဘီ ယာ မူးယစ်ဂိုဏ်းများကို ထိုးဖောက်မွှေနှောက်ဖို့ ကိုလံဘီယာအိမ်နီးချင်း သူတို့နဲ့ အလွမ်းသင့်တဲ့ ဗင်နီဇွဲလား တပ်မတော် ဗိုလ်ချုပ်ကြီးများကို အဲ့ဒီအချိန် CIA က အသုံးချခဲ့ပါတယ်

၁၉၉၃-ခုနှစ်မှာ ပထမဆုံး စတင်ခဲ့ပြီး အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုမှာ “တော်လှန်ရေးအမည်ခံ လက်နက်ကိုင် မူးယစ်ကုန်ကူးသူ” နဲ့ အပြစ်မဲ့ ကိုလံ ဘီယာ အရပ်သား ထောင်သောင်းချီ သေဆုံးခဲ့ရပါတယ်။

နေမင်းဂိုဏ်းဆိုတာလည်း အဲ့ဒီ အရှုတ်တော်ပုံမှာ CIA အလိုကျ အသုံးတော်ခံခဲ့သူ ဗင်နီဇွဲလား ဗိုလ်ချုပ်ကြီး များရဲ့ “ဘိုလီဗားရီးယန်းတပ်မတော်”အဆောင်အယောင် “နေတံဆိပ်” ကို ဂျာနယ်လစ်များက ကင်ပွန်းတပ်ခဲ့ ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ စစ်ရေးပြင်ဆင်မှုတွေကတော့ လျော့မသွားပဲ စွပ်စွဲချက်များက ပိုမို ပြင်းထန်လာပါတယ်။

ဘာနဲ့တူသလဲဆိုတော့ လောလောဆယ် ကမ္ဘာက အာရုံစိုက်နေတဲ့ ထိုင်းမြန်မာနယ်စပ် “ကျားဖျန့်နှိမ်နင်းရေး” မှာ မြန်မာစစ်တပ်ကို စွပ်စွဲနေသလိုပါပဲ။ ဒါပေမယ့် ကျားဖျန့်ကိစ္စမှာ တပ်မတော်ခေါင်းဆောင်များး ပါဝင်ပတ်သက်တယ်လို့ အမေရိကန်က စွပ်စွဲခြင်း လုံး၀ မရှိပါ။ အဲ့ဒီအစား နလအအစိုးရရဲ့ အရေးပေါ်အခြေအနေ ရုတ် သိမ်းမှု-တိုင်းရင်းသားလက်နက်ကိုင်များနဲ့အပစ်အခတ်ရပ်စဲမှုနဲ့ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်တရား မျှတယ်လို့ မဟာချီးကျူးခန်းဖွင့်နေတဲ့အတွက် နေပြည်တော်ကို “အာဏာသိမ်း စစ်တပ်” လို့ တစ်ချိန်လုံး ပြစ် တင်ရှုတ်ချလာတဲ့ လူ့အခွင့်အရေးနဲ့ အတိုက်အခံများမှာ “အောင့်သက်သက်ကြီး” ဖြစ်နေကြပါတယ်။

BBC ဦးကျော်ဇံသာနဲ့ ဧရာဝတီ အောင်ဇော်တို့လို အတွေ့အကြုံရင့် မီဒီယာသမားတွေကိုယ်တိုင် မြန်မာစစ်တပ်ကို တစ်ဖက်သပ် စွပ်စွဲနေပေမယ့် ရွှေကုက္ကိုလ်-KK Park ကို စတင်နိဒါန်းပျိုးခဲ့သူမှာ NLD အစိုးရဖြစ်ခြင်း၊ ထောင်ကဲဒုစရိုက်သမားများထံမှ နှစ်စဉ် ဘတ်ငွေသန်းချီ အခွန်ရယူနေသူများမှာ KNU ဖြစ်နေခြင်းကိုတော့ ချန်လှပ်ထားပါတယ်။

အထူးသဖြင့် နယ်စပ်ဒေသ ကျားဖျန့်ယန္တယားလည်ပတ်ဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၂-ဒါဇင် လောက်မှ လူပေါင်း သိန်းဂဏန်းမျှ ရောက်ရှိနေသူ အများစုဟာ ထိုင်းနိုင်ငံမှ တဆင့်ဖြစ်ကြောင်း လေသံမျှပင် မဟရဲကြပါ။ “အမေရိကန်ရဲ့ ကျားဖျန့်တိုက်ဖျက်ရေးတပ်” SCSF ကပဲ နက်ဖန်သဘက် ဝင်တိုက်တော့မှာမို့ လက်စဖျောက်သယာင် အခြေအမြစ် မရှိ လုပ်ကြံပြောဆိုနေကြပါတယ်။

ဗင်နီဇွဲလား မူးယစ်ဒုစရိုက်ဂိုဏ်းမှာ သမ္မတ မာဒူရိုနဲ့ ဘိုလီဗားရီးယန်းတပ်မတော်ခေါင်းဆောင် ပါဝင်ကြောင်း အထောက်အထား မရှိပါ။ ဒါပေမယ့် အကျင့်ပျက်ခြစားမှု အမြစ်တွယ်နေတဲ့ တိုင်းပြည်မှာ စစ်ဘက်-နယ်ဘက် အကြီးပိုင်းအချို့ ပါဝင်ပတ်သက်ပုံ ရပါတယ်။ ထိုင်းမြန်မာနယ်စပ် ကျားဖျန့်မှာလည်း အလားတူဖြစ်ပြီး နယ်ခြား စောင့် BGF များ၊ တပ်မတော်လိုလားသူ DKBA နဲ့ KNU တို့ကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုခင်း ဆိုင်ရာရုံး UNODC က အတိအလင်း စွပ်စွဲထားပါတယ်။ ထို့အတူ အမေရိကန်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှု စာ ရင်းသွင်းထားပါတယ်။

အဲ့ဒီနယ်မြေမှာ တပ်မတော်က ပြန်လည်စိုးမိုးနိုင်ခဲ့တာ ရက်ပေါင်း ၉၀ တောင် မရှိသေးပါဘူး၊ ၂၀၂၁-ခုနှစ် နောက်ပိုင်း တပ်မတော်ရဲ့ နယ်စပ်ဒေသစိုးမိုးမှု ယာယီဆုံးရှုံးခဲ့တာ အတော်များပါတယ်။ မျက်နှာပူပူနဲ့ ပြော ရရင် ကော့ကရိတ်-သင်္ကန်းညီနောင်နဲ့ မြဝတီမြို့များအနီး ကင်းစခန်း-တပ်ရင်း-ဗျူဟာကုန်းများမကျန် ဆုတ်ခွာ ပေးခဲ့ရပြီး ထိုင်းမြန်မာချစ်ကြည်ရေး တံတားကြီးအောက် ပြေးဝင်နိုင်သူ အရာရှိစစ်သည်များသာလျင် အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း အခု ပေါက်ကရပြောနေသူတွေပဲ အဲ့ဒီအချိန်ရေးခဲ့တာပါ။
.

Zawgyi Version:
အေမရိကန္-ဗင္နီဇြဲလားၾကား စစ္ေရးသို႔ ဦးတည္လာသည့္ မူးယစ္ဒုစ႐ိုက္ဂိုဏ္း နည္းတူ စြပ္စြဲခ်က္ အလြဲမ်ားျဖင့္ ရႈတ္ေထြးေအာင္ ဖန္တီးလာသည့္ထိုင္း-ျမန္မာနယ္စပ္ က်ားဖ်န႔္
(ဘာသာျပန္ေဆာင္းပါး)
HtayOung ( NP News )

အေမရိကန္နဲ႔ ဗင္နီဇြဲလားႏိုင္ငံအၾကား ဆက္ဆံေရးတင္းမာမႈဟာ လြန္ခဲ့တဲ့ ရက္သတၱပတ္မ်ားအတြင္း စစ္ ေရးနဲ႔ ေျဖရွင္းၾကေတာ့မေယာင္ အရိပ္လကၡဏာမ်ားနဲ႔အရွိန္အျမင့္ဆုံးျဖစ္လာပါတယ္။ အထူးသျဖင့္ Cartel de los Soles “ကာတယ္လ္ဒါေလာ့ ဆိုလက္စ္” (စပိန္ဘာသာ-ေနမင္းဂိုဏ္း) အမည္ရွိ မူးယစ္ေမွာင္ခို ဒုစ႐ိုက္ဂိုဏ္းဟာ “မူးယစ္အၾကမ္းဖက္ အဖြဲ႕အစည္း” ျဖစ္ေၾကာင္း ထရမ့္အစိုးရက ေၾကညာၿပီး ဗင္နီဇြဲလားသမၼတ နီကိုလပ္စ္ မာဒူ႐ိုနဲ႔ ဗင္နီဇြဲလား တပ္မေတာ္အရာရွိႀကီးမ်ားက ပါဝင္ပတ္သက္ေနတယ္လို႔ စြပ္စြဲလာပါတယ္။

အေမရိကန္အစိုးရဌာနမ်ား အစီရင္ခံစာမ်ား-အေမရိကန္တရား႐ုံး သက္ေသထြက္ဆိုခ်က္မ်ား- ေငြေပးေငြယူနဲ႔ ဆက္သြယ္ေရးဆိုင္ရာအေထာက္အထားမ်ားအရ ဗင္နီဇြဲလားသမၼတနဲ႔ စစ္တပ္အရာရွိႀကီးမ်ားက ႀကိဳးကိုင္ေနတယ္လို႔ ဝါရွင္တန္က စြပ္စြဲၿပီး ေရနံသယံဇာတပိုင္ဆိုင္မႈ ကမာၻ႔အမ်ားဆုံး ကာေရဗီယန္ေဒသႏိုင္ငံ အစိုးရေခါင္း ေဆာင္ကို စစ္ေရးအရ အေရးယူရန္ ျပင္ဆင္လာပါတယ္

ဗင္နီဇြဲလားနဲ႔ ေဒသတြင္းႏိုင္ငံမ်ားအျပင္ လြတ္လပ္တဲ့ ႏိုင္ငံေရး-စစ္ေရးေလ့လာသူေတြကေတာ့ အဲ့ဒီ ေနမင္း ဂိုဏ္းဆိုတာ အမွတ္တကယ္ မရွိပဲ ႏိုင္ငံေရးလုပ္ႀကံမႈ သက္သက္ျဖစ္တယ္လို႔ ေခ်ပေျပာဆိုၾကပါတယ္။ တကယ္ေတာ့ တရားမဝင္ သတၱဳတူးေဖာ္မႈ၊ မူးယစ္ေဆး-လက္နက္-လူကုန္ကူးမႈ၊ ေငြေၾကးခဝါခ်မႈမ်ားနဲ႔ အေမရိ ကန္ရဲ႕ အက်ိဳးစီးပြားကို ေႏွာက္ယွက္ဖ်က္ဆီးေနေၾကာင္း ဝါရွင္တန္ရဲ႕ ဆယ္စုႏွစ္ခ်ီ စြပ္စြဲခ်က္ေတြဟာ အေမရိ ကန္ ဗဟိုေထာက္လွမ္းေရး CIA ရဲ႕ “မလည္ရႈတ္လုပ္ ဇာတ္လမ္း” မွ ျမစ္ဖ်ားခံေၾကာင္း သိကၡာရွိ အေနာက္အုပ္ စု မီဒီယာမ်ားက ဖြင့္ခ်ေရးသားေနၾကပါတယ္။ အေမရိကန္ႏိုင္ငံအတြင္း ကိုကင္းမ်ား ခိုးသြင္းေနတဲ့ ကိုလံဘီ ယာ မူးယစ္ဂိုဏ္းမ်ားကို ထိုးေဖာက္ေမႊေႏွာက္ဖို႔ ကိုလံဘီယာအိမ္နီးခ်င္း သူတို႔နဲ႔ အလြမ္းသင့္တဲ့ ဗင္နီဇြဲလား တပ္မေတာ္ ဗိုလ္ခ်ဳပ္ႀကီးမ်ားကို အဲ့ဒီအခ်ိန္ CIA က အသုံးခ်ခဲ့ပါတယ္

၁၉၉၃-ခုႏွစ္မွာ ပထမဆုံး စတင္ခဲ့ၿပီး အေမရိကန္ရဲ႕ ပါဝင္ပတ္သက္မႈမွာ “ေတာ္လွန္ေရးအမည္ခံ လက္နက္ကိုင္ မူးယစ္ကုန္ကူးသူ” နဲ႔ အျပစ္မဲ့ ကိုလံ ဘီယာ အရပ္သား ေထာင္ေသာင္းခ်ီ ေသဆုံးခဲ့ရပါတယ္။

ေနမင္းဂိုဏ္းဆိုတာလည္း အဲ့ဒီ အရႈတ္ေတာ္ပုံမွာ CIA အလိုက် အသုံးေတာ္ခံခဲ့သူ ဗင္နီဇြဲလား ဗိုလ္ခ်ဳပ္ႀကီး မ်ားရဲ႕ “ဘိုလီဗားရီးယန္းတပ္မေတာ္”အေဆာင္အေယာင္ “ေနတံဆိပ္” ကို ဂ်ာနယ္လစ္မ်ားက ကင္ပြန္းတပ္ခဲ့ ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ အေမရိကန္ရဲ႕ စစ္ေရးျပင္ဆင္မႈေတြကေတာ့ ေလ်ာ့မသြားပဲ စြပ္စြဲခ်က္မ်ားက ပိုမို ျပင္းထန္လာပါတယ္။

ဘာနဲ႔တူသလဲဆိုေတာ့ ေလာေလာဆယ္ ကမာၻက အာ႐ုံစိုက္ေနတဲ့ ထိုင္းျမန္မာနယ္စပ္ “က်ားဖ်န႔္ႏွိမ္နင္းေရး” မွာ ျမန္မာစစ္တပ္ကို စြပ္စြဲေနသလိုပါပဲ။ ဒါေပမယ့္ က်ားဖ်န႔္ကိစၥမွာ တပ္မေတာ္ေခါင္းေဆာင္မ်ားး ပါဝင္ပတ္သက္တယ္လို႔ အေမရိကန္က စြပ္စြဲျခင္း လုံး၀ မရွိပါ။ အဲ့ဒီအစား နလအအစိုးရရဲ႕ အေရးေပၚအေျခအေန ႐ုတ္ သိမ္းမႈ-တိုင္းရင္းသားလက္နက္ကိုင္မ်ားနဲ႔အပစ္အခတ္ရပ္စဲမႈနဲ႔ လာမယ့္ေ႐ြးေကာက္ပြဲဟာ လြတ္လပ္တရား မွ်တယ္လို႔ မဟာခ်ီးက်ဴးခန္းဖြင့္ေနတဲ့အတြက္ ေနျပည္ေတာ္ကို “အာဏာသိမ္း စစ္တပ္” လို႔ တစ္ခ်ိန္လုံး ျပစ္ တင္ရႈတ္ခ်လာတဲ့ လူ႔အခြင့္အေရးနဲ႔ အတိုက္အခံမ်ားမွာ “ေအာင့္သက္သက္ႀကီး” ျဖစ္ေနၾကပါတယ္။

BBC ဦးေက်ာ္ဇံသာနဲ႔ ဧရာဝတီ ေအာင္ေဇာ္တို႔လို အေတြ႕အႀကဳံရင့္ မီဒီယာသမားေတြကိုယ္တိုင္ ျမန္မာစစ္တပ္ကို တစ္ဖက္သပ္ စြပ္စြဲေနေပမယ့္ ေ႐ႊကုကၠိဳလ္-KK Park ကို စတင္နိဒါန္းပ်ိဳးခဲ့သူမွာ NLD အစိုးရျဖစ္ျခင္း၊ ေထာင္ကဲဒုစ႐ိုက္သမားမ်ားထံမွ ႏွစ္စဥ္ ဘတ္ေငြသန္းခ်ီ အခြန္ရယူေနသူမ်ားမွာ KNU ျဖစ္ေနျခင္းကိုေတာ့ ခ်န္လွပ္ထားပါတယ္။

အထူးသျဖင့္ နယ္စပ္ေဒသ က်ားဖ်န႔္ယႏၲယားလည္ပတ္ဖို႔ ကမာၻ႔ႏိုင္ငံေပါင္း ၂-ဒါဇင္ ေလာက္မွ လူေပါင္း သိန္းဂဏန္းမွ် ေရာက္ရွိေနသူ အမ်ားစုဟာ ထိုင္းႏိုင္ငံမွ တဆင့္ျဖစ္ေၾကာင္း ေလသံမွ်ပင္ မဟရဲၾကပါ။ “အေမရိကန္ရဲ႕ က်ားဖ်န႔္တိုက္ဖ်က္ေရးတပ္” SCSF ကပဲ နက္ဖန္သဘက္ ဝင္တိုက္ေတာ့မွာမို႔ လက္စေဖ်ာက္သယာင္ အေျခအျမစ္ မရွိ လုပ္ႀကံေျပာဆိုေနၾကပါတယ္။

ဗင္နီဇြဲလား မူးယစ္ဒုစ႐ိုက္ဂိုဏ္းမွာ သမၼတ မာဒူ႐ိုနဲ႔ ဘိုလီဗားရီးယန္းတပ္မေတာ္ေခါင္းေဆာင္ ပါဝင္ေၾကာင္း အေထာက္အထား မရွိပါ။ ဒါေပမယ့္ အက်င့္ပ်က္ျခစားမႈ အျမစ္တြယ္ေနတဲ့ တိုင္းျပည္မွာ စစ္ဘက္-နယ္ဘက္ အႀကီးပိုင္းအခ်ိဳ႕ ပါဝင္ပတ္သက္ပုံ ရပါတယ္။ ထိုင္းျမန္မာနယ္စပ္ က်ားဖ်န႔္မွာလည္း အလားတူျဖစ္ၿပီး နယ္ျခား ေစာင့္ BGF မ်ား၊ တပ္မေတာ္လိုလားသူ DKBA နဲ႔ KNU တို႔ကို ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈခင္း ဆိုင္ရာ႐ုံး UNODC က အတိအလင္း စြပ္စြဲထားပါတယ္။ ထို႔အတူ အေမရိကန္ကလည္း ဒဏ္ခတ္ပိတ္ဆို႔မႈ စာ ရင္းသြင္းထားပါတယ္။

အဲ့ဒီနယ္ေျမမွာ တပ္မေတာ္က ျပန္လည္စိုးမိုးႏိုင္ခဲ့တာ ရက္ေပါင္း ၉၀ ေတာင္ မရွိေသးပါဘူး၊ ၂၀၂၁-ခုႏွစ္ ေနာက္ပိုင္း တပ္မေတာ္ရဲ႕ နယ္စပ္ေဒသစိုးမိုးမႈ ယာယီဆုံးရႈံးခဲ့တာ အေတာ္မ်ားပါတယ္။ မ်က္ႏွာပူပူနဲ႔ ေျပာ ရရင္ ေကာ့ကရိတ္-သကၤန္းညီေနာင္နဲ႔ ျမဝတီၿမိဳ႕မ်ားအနီး ကင္းစခန္း-တပ္ရင္း-ဗ်ဴဟာကုန္းမ်ားမက်န္ ဆုတ္ခြာ ေပးခဲ့ရၿပီး ထိုင္းျမန္မာခ်စ္ၾကည္ေရး တံတားႀကီးေအာက္ ေျပးဝင္ႏိုင္သူ အရာရွိစစ္သည္မ်ားသာလ်င္ အသက္ရွင္က်န္ရစ္ခဲ့ေၾကာင္း အခု ေပါက္ကရေျပာေနသူေတြပဲ အဲ့ဒီအခ်ိန္ေရးခဲ့တာပါ။
.

Related news

© 2021. All rights reserved.