ရုရှားထုတ် S-400ဒုံးကျည်စနစ်တွေအတွက် ဒုံးကျည်အစင်းရေ(၃၀၀)ကိုဝယ်ယူဖို့ အိန္ဒိယကြိုးပမ်းနေ

243

Pika(NP News)-နိုဝင်ဘာ ၃၀
ရုရှားထုတ် S-400မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်တွေအတွက် ဒုံးကျည်အစင်းရေ(၃၀၀)ကိုဝယ်ယူဖို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက လုပ်ဆောင်နေတယ်လို့ Hindustan Times (HT)သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့မေလမှာ အိန္ဒိယနဲ့ပါကစ္စတန်ကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယအစိုးရက ကာကွယ်ရေးပိုင်းကို မြှင့်တင်ဖို့ ဆက်တိုက်လုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ပြင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနဟာ ရုရှားရဲ့ Rosoboronexportအေဂျင်စီကို အမေရိကန်ဒေါ်လာ(၁ဒသမ၂)ဘီလျံခန့်ကုန်ကျမယ့် ဒုံးကျည်တွေအတွက် အဆိုပြုချက်တောင်းဆိုချက်ကို ထုတ်ပြန်ဖို့ ပြင်ဆင်နေတယ်လို့လည်း (HT)သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။(၂၀၂၆)ခုနှစ် မေလမတိုင်ခင် ဝယ်ယူမှုကို အပြီးသတ်နိုင်ဖို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မျှော်လင့်နေပြီး ကာကွယ်ရေးဝန်ကြီး Rajnath Singhကလည်း ခွင့်ပြုချက်ကို အတည်ပြုပြီးပြီဖြစ်တယ်လို့ (HT)သတင်းစာက ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့မေလတုန်းက အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ပါကစ္စတန်နဲ့ လေးရက်ကြာထိပ်တိုက်တွေ့ဆုံမှုအတွင်း ရုရှားထုတ် S-400မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်တွေရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးဂုဏ်ပြုခဲ့တယ်လို့လည်း သိရပါတယ်။မိုဒီက” S-400လိုမျိုး ဒုံးကျည်စနစ်တွေဟာ အိန္ဒိယနိုင်ငံအတွက် အားထားရတဲ့ စစ်လက်နက်ပစ္စည်းတွေဖြစ်ခဲ့ပါတယ်။အားကောင်းတဲ့ လုံခြုံရေးဒိုင်းဟာ အိန္ဒိယရဲ့ အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါပြီ။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
႐ုရွားထုတ္ S-400ဒုံးက်ည္စနစ္ေတြအတြက္ ဒုံးက်ည္အစင္းေရ(၃၀၀)ကိုဝယ္ယူဖို႔ အိႏၵိယႀကိဳးပမ္းေန
Pika(NP News)-ႏိုဝင္ဘာ ၃၀
႐ုရွားထုတ္ S-400ေျမျပင္မွေဝဟင္ပစ္ ဒုံးက်ည္စနစ္ေတြအတြက္ ဒုံးက်ည္အစင္းေရ(၃၀၀)ကိုဝယ္ယူဖို႔ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက လုပ္ေဆာင္ေနတယ္လို႔ Hindustan Times (HT)သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ၿပီးခဲ့တဲ့ေမလမွာ အိႏၵိယနဲ႔ပါကစၥတန္ၾကား ထိပ္တိုက္ေတြ႕ဆုံမႈေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယအစိုးရက ကာကြယ္ေရးပိုင္းကို ျမႇင့္တင္ဖို႔ ဆက္တိုက္လုပ္ေဆာင္လာခဲ့တာလည္းျဖစ္ပါတယ္။ဒါ့ျပင္ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနဟာ ႐ုရွားရဲ႕ Rosoboronexportေအဂ်င္စီကို အေမရိကန္ေဒၚလာ(၁ဒသမ၂)ဘီလ်ံခန႔္ကုန္က်မယ့္ ဒုံးက်ည္ေတြအတြက္ အဆိုျပဳခ်က္ေတာင္းဆိုခ်က္ကို ထုတ္ျပန္ဖို႔ ျပင္ဆင္ေနတယ္လို႔လည္း (HT)သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။(၂၀၂၆)ခုႏွစ္ ေမလမတိုင္ခင္ ဝယ္ယူမႈကို အၿပီးသတ္ႏိုင္ဖို႔ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက ေမွ်ာ္လင့္ေနၿပီး ကာကြယ္ေရးဝန္ႀကီး Rajnath Singhကလည္း ခြင့္ျပဳခ်က္ကို အတည္ျပဳၿပီးၿပီျဖစ္တယ္လို႔ (HT)သတင္းစာက ေဖာ္ျပထားပါတယ္။ၿပီးခဲ့တဲ့ေမလတုန္းက အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ ပါကစၥတန္နဲ႔ ေလးရက္ၾကာထိပ္တိုက္ေတြ႕ဆုံမႈအတြင္း ႐ုရွားထုတ္ S-400ေျမျပင္မွေဝဟင္ပစ္ ဒုံးက်ည္စနစ္ေတြရဲ႕ စြမ္းေဆာင္ရည္ေတြကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။မိုဒီက” S-400လိုမ်ိဳး ဒုံးက်ည္စနစ္ေတြဟာ အိႏၵိယႏိုင္ငံအတြက္ အားထားရတဲ့ စစ္လက္နက္ပစၥည္းေတြျဖစ္ခဲ့ပါတယ္။အားေကာင္းတဲ့ လုံၿခဳံေရးဒိုင္းဟာ အိႏၵိယရဲ႕ အမွတ္အသားတစ္ခုျဖစ္လာခဲ့ပါၿပီ။”လို႔ေျပာဆိုခဲ့ပါတယ္။