(၆၆) မိုင် အကွာအဝေးခရီးကို လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ရရှိခဲ့သည့် တရုတ်စက်ရုပ်

 151

Pika (NP News) - ဒီဇင်ဘာ ၁

တရုတ်နည်းပညာကုမ္ပဏီ AgiBot က တီထွင်ဖန်တီးထားသည့် လူသားပုံစံစက်ရုပ် A2 သည် Jiangsu က ပြည်နယ်မှရှန်ဟိုင်းမြို့သို့ အကွာအဝေး (၆၆) မိုင်ကို လမ်းလျှောက်သွားခဲ့ပြီးနောက် ကမ္ဘာ့ ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါ လူသား ပုံစံစက်ရုပ် A2 သည် Jinji ရေကန်မှ စတင်ထွက် ခွာခဲ့ပြီး ရှန်ဟိုင်းမြို့ရှိBund ဧရိယာသို့ ဆက်တိုက်လမ်းလျှောက်သွားခဲ့ပြီးနောက် ယင်းကဲ့သို့ ကမ္ဘာ့ဂင်း နစ်စံချိန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် လူသားပုံစံစက်ရုပ် A2 သည် လမ်းလျှောက်နေစဉ်အချိန်အတွင်း ဘက်ထရီများကို လဲ လှယ်နိုင်စေရန်တီထွင်ထားသော စနစ်တစ်ခုဖြင့် ဆက်လက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လူသားပုံစံစက်ရုပ် A2 ၏ အချိန်(၂၄)နာရီကြာ လမ်းလျှောက်ခရီးစဉ်နှင့်ပတ်သက်ပြီး AgiBot ကုမ္ပဏီ သည် လူသားပုံစံစက်ရုပ်က လမ်းလျှောက်သည့် အရှည်ကြာဆုံးခရီးစဉ်အတွက် ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းကို ရရှိခဲ့ကြောင်းသိရသည်။
လူသားပုံစံစက်ရုပ် A2 သည် ၎င်း၏ရှည်လျားသောခရီးစဉ်တစ်လျှောက် ယာဉ်စည်းကမ်းအား လုံးကို လိုက်နာခဲ့ပြီး ကတ္တရာ၊အုတ်ခင်းထားသော လမ်းနှင့် တံတားများအပါအဝင် မျက်နှာပြင်အမျိုးမျိုး ကို လမ်းလျှောက်သွားခဲ့ကြောင်း AgiBot ကုမ္ပဏီက ထုတ်ပြန်ပြောကြားခဲ့သည်။ ထို့ပြင် လူသားပုံစံ စက် ရုပ် A2 သည် ၎င်း၏လမ်းလျှောက်ခရီးစဉ်အဆုံးတွင် သတင်းထောက်များနှင့် အပြန်အလှန်ဆက်ဆံခဲ့ပြီး ကောင်းမွန်စွာလည်ပတ်နိုင်ခဲ့ကြောင်း Global Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။

Zawgyi Version:
(၆၆) မိုင္ အကြာအေဝးခရီးကို လမ္းေလွ်ာက္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္ရရွိခဲ့သည့္ တ႐ုတ္စက္႐ုပ္
Pika (NP News) - ဒီဇင္ဘာ ၁
တ႐ုတ္နည္းပညာကုမၸဏီ AgiBot က တီထြင္ဖန္တီးထားသည့္ လူသားပုံစံစက္႐ုပ္ A2 သည္ Jiangsu က ျပည္နယ္မွရွန္ဟိုင္းၿမိဳ႕သို႔ အကြာအေဝး (၆၆) မိုင္ကို လမ္းေလွ်ာက္သြားခဲ့ၿပီးေနာက္ ကမာၻ႔ ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္းသိရသည္။ အဆိုပါ လူသား ပုံစံစက္႐ုပ္ A2 သည္ Jinji ေရကန္မွ စတင္ထြက္ ခြာခဲ့ၿပီး ရွန္ဟိုင္းၿမိဳ႕ရွိBund ဧရိယာသို႔ ဆက္တိုက္လမ္းေလွ်ာက္သြားခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ ကမာၻ႔ဂင္း နစ္စံခ်ိန္ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ လူသားပုံစံစက္႐ုပ္ A2 သည္ လမ္းေလွ်ာက္ေနစဥ္အခ်ိန္အတြင္း ဘက္ထရီမ်ားကို လဲ လွယ္ႏိုင္ေစရန္တီထြင္ထားေသာ စနစ္တစ္ခုျဖင့္ ဆက္လက္လည္ပတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ လူသားပုံစံစက္႐ုပ္ A2 ၏ အခ်ိန္(၂၄)နာရီၾကာ လမ္းေလွ်ာက္ခရီးစဥ္ႏွင့္ပတ္သက္ၿပီး AgiBot ကုမၸဏီ သည္ လူသားပုံစံစက္႐ုပ္က လမ္းေလွ်ာက္သည့္ အရွည္ၾကာဆုံးခရီးစဥ္အတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ မွတ္တမ္းကို ရရွိခဲ့ေၾကာင္းသိရသည္။
လူသားပုံစံစက္႐ုပ္ A2 သည္ ၎၏ရွည္လ်ားေသာခရီးစဥ္တစ္ေလွ်ာက္ ယာဥ္စည္းကမ္းအား လုံးကို လိုက္နာခဲ့ၿပီး ကတၱရာ၊အုတ္ခင္းထားေသာ လမ္းႏွင့္ တံတားမ်ားအပါအဝင္ မ်က္ႏွာျပင္အမ်ိဳးမ်ိဳး ကို လမ္းေလွ်ာက္သြားခဲ့ေၾကာင္း AgiBot ကုမၸဏီက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ထို႔ျပင္ လူသားပုံစံ စက္ ႐ုပ္ A2 သည္ ၎၏လမ္းေလွ်ာက္ခရီးစဥ္အဆုံးတြင္ သတင္းေထာက္မ်ားႏွင့္ အျပန္အလွန္ဆက္ဆံခဲ့ၿပီး ေကာင္းမြန္စြာလည္ပတ္ႏိုင္ခဲ့ေၾကာင္း Global Times သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.