Fortnite ဂိမ်းတွင် တိုက်ရိုက် animation ဖျော်ဖြေမှုပါဝင်လာမည့် BLACKPINK အဖွဲ့ဝင်လီဆာ

72

Pika (NP News) - ဒီဇင်ဘာ ၁
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သူလီဆာသည် Fortnite ဂိမ်းထဲတွင် တိုက်ရိုက် animation ဖျော်ဖြေမှုပါဝင်လာမည့် ပထမဆုံး K-pop အနုပညာရှင်ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် လီဆာသည် Bruno Mars ၊ Lady Gaga ၊ Daft Punk နှင့် Sabrina Carpenter တို့ကဲ့သို့သော အဆိုတော်များနှင့်အတူ Fortnite မိသားစု၏ တစ် စိတ်တစ်ပိုင်းဖြစ်သော အဓိကဂီတ အနုပညာရှင်များအဖြစ် ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ Fortnite ဂိမ်းကုမ္ပဏီသည် pop culture franchises အများအပြားနှင့် ပူးပေါင်းဆောင်ရွက်မှု များ လုပ် ဆောင်ကာ ၎င်း၏အောင်မြင်မှုကို ဆက်လက်တိုးချဲ့နေသည့်အချိန်တွင် လီဆာနှင့်ပူးပေါင်းဆောင် ရွက် မည့်အစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂိမ်းထဲတွင်ပါဝင်လာမည့် Fortnite Festival တွင် ကစားသမားများသည် Rock Band သို့မဟုတ် Guitar Hero ကဲ့သို့သော ဂိမ်းများနှင့် ဆင်တူသည့် rhythm notes များကိုအသုံးပြုကာ သီချင်းများကို ဖျော်ဖြေမှုများ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် လီဆာသည် Season 12 Fortnite Festival စီးရီး၏ ခေါင်းစီးပိုင်းတွင် ပါဝင်လာမည်ဖြစ်ကြောင်းလည်းသိရသည်။ လက်ရှိ အချိန်တွင် BLACKPINK အဖွဲ့သည် အဖွဲ့လိုက် ပူးပေါင်းဖျော်ဖြေမှုများကို လုပ်ဆောင်ကြခြင်းမျိုး သိပ်မရှိတော့ သော်လည်း တစ်ကိုယ်တော်ခရီးများကို အသီးသီးလျှောက်လှမ်းနေကြကာ နယ်ပယ်အသီးသီး တွင် တစ်ကိုယ်တော်အနုပညာရှင်များအဖြစ် အောင်မြင်မှုများစွာကို ဆွတ်ခူးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
Fortnite ဂိမ္းတြင္ တိုက္႐ိုက္ animation ေဖ်ာ္ေျဖမႈပါဝင္လာမည့္ BLACKPINK အဖြဲ႕ဝင္လီဆာ
Pika (NP News) - ဒီဇင္ဘာ ၁
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ BLACKPINK ၏ အဖြဲ႕ဝင္တစ္ဦး ျဖစ္သူလီဆာသည္ Fortnite ဂိမ္းထဲတြင္ တိုက္႐ိုက္ animation ေဖ်ာ္ေျဖမႈပါဝင္လာမည့္ ပထမဆုံး K-pop အႏုပညာရွင္ျဖစ္လာမည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ လီဆာသည္ Bruno Mars ၊ Lady Gaga ၊ Daft Punk ႏွင့္ Sabrina Carpenter တို႔ကဲ့သို႔ေသာ အဆိုေတာ္မ်ားႏွင့္အတူ Fortnite မိသားစု၏ တစ္ စိတ္တစ္ပိုင္းျဖစ္ေသာ အဓိကဂီတ အႏုပညာရွင္မ်ားအျဖစ္ ပါဝင္လာမည္ျဖစ္ေၾကာင္း သိရသည္။ Fortnite ဂိမ္းကုမၸဏီသည္ pop culture franchises အမ်ားအျပားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ မ်ား လုပ္ ေဆာင္ကာ ၎၏ေအာင္ျမင္မႈကို ဆက္လက္တိုးခ်ဲ႕ေနသည့္အခ်ိန္တြင္ လီဆာႏွင့္ပူးေပါင္းေဆာင္ ႐ြက္ မည့္အစီအစဥ္ထြက္ေပၚလာျခင္းျဖစ္သည္။
ဂိမ္းထဲတြင္ပါဝင္လာမည့္ Fortnite Festival တြင္ ကစားသမားမ်ားသည္ Rock Band သို႔မဟုတ္ Guitar Hero ကဲ့သို႔ေသာ ဂိမ္းမ်ားႏွင့္ ဆင္တူသည့္ rhythm notes မ်ားကိုအသုံးျပဳကာ သီခ်င္းမ်ားကို ေဖ်ာ္ေျဖမႈမ်ား လုပ္ေဆာင္ႏိုင္မည္ ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ လီဆာသည္ Season 12 Fortnite Festival စီးရီး၏ ေခါင္းစီးပိုင္းတြင္ ပါဝင္လာမည္ျဖစ္ေၾကာင္းလည္းသိရသည္။ လက္ရွိ အခ်ိန္တြင္ BLACKPINK အဖြဲ႕သည္ အဖြဲ႕လိုက္ ပူးေပါင္းေဖ်ာ္ေျဖမႈမ်ားကို လုပ္ေဆာင္ၾကျခင္းမ်ိဳး သိပ္မရွိေတာ့ ေသာ္လည္း တစ္ကိုယ္ေတာ္ခရီးမ်ားကို အသီးသီးေလွ်ာက္လွမ္းေနၾကကာ နယ္ပယ္အသီးသီး တြင္ တစ္ကိုယ္ေတာ္အႏုပညာရွင္မ်ားအျဖစ္ ေအာင္ျမင္မႈမ်ားစြာကို ဆြတ္ခူးလ်က္ရွိေၾကာင္း သိရသည္။