ဆန်အိတ်များ အိမ်အရောက်ပို့ဆောင်ရာတွင် ရွှေဘိုပေါ်ဆန်းကို အဝယ်များနေ

452

စော (NP News) - ဒီဇင်ဘာ ၁
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်း၍ ဆန်ဈေးနှုန်းများတည်ငြိမ်မှန်ကန်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ကို အိမ်အရောက် ပို့စနစ်ဖြင့်ရောင်းချပေးရန်စီစဉ်ခဲ့ပြီး နိုဝင်ဘာလ (၂၆)ရက်က စတင်အော်ဒါကောက်ယူခဲ့ရာ ရွှေဘို ပေါ် ဆန်းဆန်ကိုအဝယ်များနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြော သည်။
အဆိုပါ အိမ်တိုင်ရာရောက်စနစ်အပြင် ကားဖြင့် ရပ်ကွက်များသို့လှည့်လည်၍ အိတ်အသေး (10 Kg, 5 Kg)များ လိုက်လံရောင်းချပေးမှုများ လည်းရှိနေကြောင်းသိရသည်။ “အမှာတွေများတယ်။ အဓိက ကတော့ ရွှေဘိုပေါ်ဆန်းများတယ်။ ရွှေဘိုပေါ်ဆန်းက အပြင်မှာဈေးကြီးတာကိုး။ လောလောဆယ်တော့ ရန်ကုန်ကို ဒီတစ်ပတ်နှစ်ပတ်စပြီးလုပ်ဦးမယ်။ နောက်လထဲ မှာတော့ နေပြည်တော်တို့၊ မန္တလေးတို့ပါ ဆက်ပြီးလုပ်မယ်။ ဘယ်နေရာဖြစ်ဖြစ်၊ မင်္ဂလာဒုံဖြစ်ဖြစ်၊ တောင်ဥက္ကလာဖြစ်ဖြစ်၊ မြောက်ဒဂုံဖြစ်ဖြစ်ပို့ ပေးပါတယ်။ ပို့ ဆောင်ခအခမဲ့ပါ”ဟု ၎င်းကပြောသည်။
ထိုသို့ရောင်းချရာတွင် ရွှေဘိုပေါ်ဆန်း (၂၄)ပြည် ဆန်ဟောင်းတစ်အိတ်လျှင် (၁၈၀ဝဝဝ) ကျပ်၊ ဧရာဝတီပေါ်ဆန်း(ကြားပျံ) (၂၄)ပြည် ဆန် ဟောင်းတစ်အိတ်လျှင် (၁၅၀ဝဝဝ)ကျပ်နှင့် ဧရာဝတီ ပေါ် ဆန်း(ကြားပျံ) (၂၄)ပြည် ဆန်သစ်တစ်အိတ်လျှင် (၁၃၀ဝဝဝ)ကျပ်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဧရာဝတီပေါ်ဆန်း(နယ်စုံ) (၂၄)ပြည် ဆန်ဟောင်းတစ်အိတ်လျှင် (၁၂၅၀ဝဝ)ကျပ်၊ ဧရာဝတီ ပေါ်ဆန်း (နယ်စုံ)(၂၄)ပြည် ဆန်သစ်တစ် အိတ်လျှင် (၁၁၅၀ဝဝ)ကျပ်၊ ရက် (၉၀) (၂၄)ပြည် တစ်အိတ်လျှင် (၇၅၀ဝဝ)ကျပ်နှင့် ဧည့်မထ (၁၅)မှတ်(၂၄)ပြည်တစ်အိတ်လျှင် (၅၀ဝဝဝ)ကျပ်တို့ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
“အဓိကကတော့ ဆန်ဆိုင်တွေမှာ တချို့ဟာတွေလှောင်ထားပြီးတော့ ဈေးတင်ပြီးရောင်းဖို့လုပ် နေတာဖြစ်လို့ ဈေးကွက်ကို နည်းနည်းလေးလှုပ် လိုက်တဲ့သဘောပါ။ ရွှေဘိုပေါ်ဆန်းကြီးပဲ နှစ်အိတ် သုံးအိတ် ဝယ်လို့မရဘူး။ ရွှေဘိုပေါ်ဆန်းတစ်အိတ်၊ ဧည့်မထ တစ်အိတ် အဲဒီလိုဝယ်မယ်ဆိုရင်ရမယ်။ ဆိုင်တွေက ဝယ်မှာစိုးလို့ စားသုံးသူကိုပဲရောင်းတာ ဖြစ်လို့ပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ဆန်များဝယ်ယူရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သော ဝ၉-၄၀ဝ၀၆၇၂၄၀၊ ဝ၉-၄၀ဝ၀၆၇၂၅၀၊ ဝ၉-၄၀ဝ၀၆၇၂၆၀ သို့ ရုံးချိန်အတွင်းဆက်သွယ်နိုင်ပြီး မှာယူလိုသည့် ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို SMS or Viber Message ပေးပို့ရ မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပေးပို့ပြီးနောက် ဝယ်ယူသူထံသို့ အဆိုပါဖုန်းနံပါတ်များမှ ချက်ချင်းပြန်လည်ဆက်သွယ် မည်ဖြစ်၍ ယင်းဖုန်းနံပါတ်မှပြောသည့် KBZ pay နံပါတ်ကိုသာ ငွေကြိုပေးသွင်းရမည်ဖြစ်ပြီး ငွေသွင်း ပြီးစီးကြောင်းကို Viber သို့ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ငွေပေးသွင်းသည့်နေ့မှစ၍ ရုံး ဖွင့်ရက် (၃)ရက်အတွင်း ပေးပို့ထားသည့်လိပ်စာများ အတိုင်း ဆန်များကို Delivery အခမဲ့ဖြင့် ပို့ဆောင် ပေးမည်ဖြစ်သော်လည်း အထပ်မြင့်သို့ပို့ဆောင်ရပါက ထိုက်သင့်သည့်ဝန်ဆောင်ခ ထပ်မံပေးရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဆန္အိတ္မ်ား အိမ္အေရာက္ပို႔ေဆာင္ရာတြင္ ေ႐ႊဘိုေပၚဆန္းကို အဝယ္မ်ားေန
ေစာ (NP News) - ဒီဇင္ဘာ ၁
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းတို႔ပူးေပါင္း၍ ဆန္ေဈးႏႈန္းမ်ားတည္ၿငိမ္မွန္ကန္ေစေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဆန္ကို အိမ္အေရာက္ ပို႔စနစ္ျဖင့္ေရာင္းခ်ေပးရန္စီစဥ္ခဲ့ၿပီး ႏိုဝင္ဘာလ (၂၆)ရက္က စတင္ေအာ္ဒါေကာက္ယူခဲ့ရာ ေ႐ႊဘို ေပၚ ဆန္းဆန္ကိုအဝယ္မ်ားေနေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ ဥကၠ႒ ဦးရဲမင္းေအာင္ကေျပာ သည္။
အဆိုပါ အိမ္တိုင္ရာေရာက္စနစ္အျပင္ ကားျဖင့္ ရပ္ကြက္မ်ားသို႔လွည့္လည္၍ အိတ္အေသး (10 Kg, 5 Kg)မ်ား လိုက္လံေရာင္းခ်ေပးမႈမ်ား လည္းရွိေနေၾကာင္းသိရသည္။ “အမွာေတြမ်ားတယ္။ အဓိက ကေတာ့ ေ႐ႊဘိုေပၚဆန္းမ်ားတယ္။ ေ႐ႊဘိုေပၚဆန္းက အျပင္မွာေဈးႀကီးတာကိုး။ ေလာေလာဆယ္ေတာ့ ရန္ကုန္ကို ဒီတစ္ပတ္ႏွစ္ပတ္စၿပီးလုပ္ဦးမယ္။ ေနာက္လထဲ မွာေတာ့ ေနျပည္ေတာ္တို႔၊ မႏၲေလးတို႔ပါ ဆက္ၿပီးလုပ္မယ္။ ဘယ္ေနရာျဖစ္ျဖစ္၊ မဂၤလာဒုံျဖစ္ျဖစ္၊ ေတာင္ဥကၠလာျဖစ္ျဖစ္၊ ေျမာက္ဒဂုံျဖစ္ျဖစ္ပို႔ ေပးပါတယ္။ ပို႔ ေဆာင္ခအခမဲ့ပါ”ဟု ၎ကေျပာသည္။
ထိုသို႔ေရာင္းခ်ရာတြင္ ေ႐ႊဘိုေပၚဆန္း (၂၄)ျပည္ ဆန္ေဟာင္းတစ္အိတ္လွ်င္ (၁၈၀ဝဝဝ) က်ပ္၊ ဧရာဝတီေပၚဆန္း(ၾကားပ်ံ) (၂၄)ျပည္ ဆန္ ေဟာင္းတစ္အိတ္လွ်င္ (၁၅၀ဝဝဝ)က်ပ္ႏွင့္ ဧရာဝတီ ေပၚ ဆန္း(ၾကားပ်ံ) (၂၄)ျပည္ ဆန္သစ္တစ္အိတ္လွ်င္ (၁၃၀ဝဝဝ)က်ပ္ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ဧရာဝတီေပၚဆန္း(နယ္စုံ) (၂၄)ျပည္ ဆန္ေဟာင္းတစ္အိတ္လွ်င္ (၁၂၅၀ဝဝ)က်ပ္၊ ဧရာဝတီ ေပၚဆန္း (နယ္စုံ)(၂၄)ျပည္ ဆန္သစ္တစ္ အိတ္လွ်င္ (၁၁၅၀ဝဝ)က်ပ္၊ ရက္ (၉၀) (၂၄)ျပည္ တစ္အိတ္လွ်င္ (၇၅၀ဝဝ)က်ပ္ႏွင့္ ဧည့္မထ (၁၅)မွတ္(၂၄)ျပည္တစ္အိတ္လွ်င္ (၅၀ဝဝဝ)က်ပ္တို႔ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္းသိရသည္။
“အဓိကကေတာ့ ဆန္ဆိုင္ေတြမွာ တခ်ိဳ႕ဟာေတြေလွာင္ထားၿပီးေတာ့ ေဈးတင္ၿပီးေရာင္းဖို႔လုပ္ ေနတာျဖစ္လို႔ ေဈးကြက္ကို နည္းနည္းေလးလႈပ္ လိုက္တဲ့သေဘာပါ။ ေ႐ႊဘိုေပၚဆန္းႀကီးပဲ ႏွစ္အိတ္ သုံးအိတ္ ဝယ္လို႔မရဘူး။ ေ႐ႊဘိုေပၚဆန္းတစ္အိတ္၊ ဧည့္မထ တစ္အိတ္ အဲဒီလိုဝယ္မယ္ဆိုရင္ရမယ္။ ဆိုင္ေတြက ဝယ္မွာစိုးလို႔ စားသုံးသူကိုပဲေရာင္းတာ ျဖစ္လို႔ပါ”ဟု ၎ကဆက္လက္ေျပာသည္။
ဆန္မ်ားဝယ္ယူရန္အတြက္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ ဝ၉-၄၀ဝ၀၆၇၂၄၀၊ ဝ၉-၄၀ဝ၀၆၇၂၅၀၊ ဝ၉-၄၀ဝ၀၆၇၂၆၀ သို႔ ႐ုံးခ်ိန္အတြင္းဆက္သြယ္ႏိုင္ၿပီး မွာယူလိုသည့္ ဆန္အမ်ိဳးအစား၊ ေနရပ္လိပ္စာ၊ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္တို႔ကို SMS or Viber Message ေပးပို႔ရ မည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေပးပို႔ၿပီးေနာက္ ဝယ္ယူသူထံသို႔ အဆိုပါဖုန္းနံပါတ္မ်ားမွ ခ်က္ခ်င္းျပန္လည္ဆက္သြယ္ မည္ျဖစ္၍ ယင္းဖုန္းနံပါတ္မွေျပာသည့္ KBZ pay နံပါတ္ကိုသာ ေငြႀကိဳေပးသြင္းရမည္ျဖစ္ၿပီး ေငြသြင္း ၿပီးစီးေၾကာင္းကို Viber သို႔ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေငြေပးသြင္းသည့္ေန႔မွစ၍ ႐ုံး ဖြင့္ရက္ (၃)ရက္အတြင္း ေပးပို႔ထားသည့္လိပ္စာမ်ား အတိုင္း ဆန္မ်ားကို Delivery အခမဲ့ျဖင့္ ပို႔ေဆာင္ ေပးမည္ျဖစ္ေသာ္လည္း အထပ္ျမင့္သို႔ပို႔ေဆာင္ရပါက ထိုက္သင့္သည့္ဝန္ေဆာင္ခ ထပ္မံေပးရမည္ျဖစ္ေၾကာင္း သိရသည္။