CI သက်တမ်းတိုးဆောင်ရွက်ရန်ကျန်ရှိသည့်သူများ လာမည့် ဒီဇင်ဘာ (၂၁)ရက်မတိုင်မီ လာရောက်ဆောင်ရွက်ရန် အသိပေး

88
Pearl (NP News) - ဒီဇင်ဘာလ ၁
CI သက်တမ်းတိုးဆောင်ရွက်ရန်ကျန်ရှိသည့်သူများ လာမည့် ဒီဇင်ဘာ (၂၁)ရက်မတိုင်မီ လာရောက်ဆောင်ရွက်ရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထားသည်။
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များတွင် သြဂုတ်လ (၁) ရက်နေ့မှ စတင်၍လည်းကောင်း၊ Mobile Unit ၁ ခုကို ကရာဘီမြို့တွင် အောက်တိုဘာ (၁၀) ရက်နေ့မှစတင်၍လည်းကောင်း ဖွင့်လှစ်၍ CI သက်တမ်းတိုးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ CI စခန်း ၄ ခုနှင့် Mobile Unit ၁ ခုတွင် ဆောင်ရွက်ပေးလျက်ရှိသည့် Cl သက်တမ်းတိုးထုတ်ပေးခြင်းလုပ်ငန်းစဉ်များသည် လာမည့် ဒီဇင်ဘာ (၂၁)ရက်နေ့တွင် ပြီးစီးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
ထို့ကြောင့် CI သက်တမ်းတိုးဆောင်ရွက်ရန်ကျန်ရှိသည့်သူများအနေဖြင့် လာမည့် ဒီဇင်ဘာ (၂၁)ရက် မတိုင်မီ အချိန်မီ CI သက်တမ်းတိုးဆောင်ရွက်ရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

Zawgyi Version:
CI သက္တမ္းတိုးေဆာင္႐ြက္ရန္က်န္ရွိသည့္သူမ်ား လာမည့္ ဒီဇင္ဘာ (၂၁)ရက္မတိုင္မီ လာေရာက္ေဆာင္႐ြက္ရန္ အသိေပး
Pearl (NP News) - ဒီဇင္ဘာလ ၁
CI သက္တမ္းတိုးေဆာင္႐ြက္ရန္က်န္ရွိသည့္သူမ်ား လာမည့္ ဒီဇင္ဘာ (၂၁)ရက္မတိုင္မီ လာေရာက္ေဆာင္႐ြက္ရန္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနက အသိေပးထားသည္။
ထိုင္းႏိုင္ငံတြင္ မည္သူမည္ဝါျဖစ္ေၾကာင္းသက္ေသခံလက္မွတ္ (Certificate of Identity CI) ထုတ္ေပးေရးစခန္း ၄ ခုကို စမုစခြန္၊ စမုပရာကန္၊ ခ်င္းမိုင္၊ ဆူရတ္ဌာနီၿမိဳ႕မ်ားတြင္ ၾသဂုတ္လ (၁) ရက္ေန႔မွ စတင္၍လည္းေကာင္း၊ Mobile Unit ၁ ခုကို ကရာဘီၿမိဳ႕တြင္ ေအာက္တိုဘာ (၁၀) ရက္ေန႔မွစတင္၍လည္းေကာင္း ဖြင့္လွစ္၍ CI သက္တမ္းတိုးလုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ CI စခန္း ၄ ခုႏွင့္ Mobile Unit ၁ ခုတြင္ ေဆာင္႐ြက္ေပးလ်က္ရွိသည့္ Cl သက္တမ္းတိုးထုတ္ေပးျခင္းလုပ္ငန္းစဥ္မ်ားသည္ လာမည့္ ဒီဇင္ဘာ (၂၁)ရက္ေန႔တြင္ ၿပီးစီးမည္ျဖစ္ေၾကာင္းလည္း အသိေပးထားသည္။
ထို႔ေၾကာင့္ CI သက္တမ္းတိုးေဆာင္႐ြက္ရန္က်န္ရွိသည့္သူမ်ားအေနျဖင့္ လာမည့္ ဒီဇင္ဘာ (၂၁)ရက္ မတိုင္မီ အခ်ိန္မီ CI သက္တမ္းတိုးေဆာင္႐ြက္ရန္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနက အသိေပး ထုတ္ျပန္ထားသည္။