အခွန်နှင့်ပတ်သက်၍ မကြာမီကာလအတွင်း လျှော့ချဆောင်ရွက်သွားရန် အစီအစဉ်ရှိ

 874

စော(NP News)- ဒီဇင်ဘာ ၁
အခွန်နှင့်ပတ်သက်၍ မကြာမီကာလအတွင်းလျှော့ချဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ယမန်နေ့ (နိုဝင်ဘာ ၃၀ရက်)က ပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအတွင်း ပြောကြားသောမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့နိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ အားနည်းနေသေးကာ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၈) ဘီလီယံပိုမိုရရှိနိုင်မည်ဖြစ်ပြီး သီးထပ်များပါ စိုက်ပျိုးနိုင်မည်ဆိုပါက အမေရိကန်ဒေါ်လာ (၁၂) ဘီလီယံခန့် ပိုမိုရရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးကဆိုသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားများလုံလောက်စွာရရှိမည်ဖြစ်သော်ကြောင့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ထပ်မံပြောကြားခဲ့သည်။
ကုန်သွယ်မှုအခွန်နှင့် ပတ်သက်၍ အချို့နေရာများတွင် အားနည်းချက်များရှိသည်ကို တွေ့ရှိရကြောင်း မိမိတို့အနေဖြင့် ကုန်သွယ်ခွန်နှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိပြီး
နိုင်ငံခြားငွေနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူချိန်မှစတင်ကာ စနစ်တကျဆောင်ရွက်ခဲ့ကြောင်း လည်း ပြောကြားခဲ့သည်။
ထို့ပြင် အခွန်ငွေနှင့်ပတ်သက်၍ မကြာမီကာလအတွင်း လျှော့ချဆောင်ရွက်သွားရန်ရှိကြောင်း နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်၊။

Zawgyi Version:

အခြန္ႏွင့္ပတ္သက္၍ မၾကာမီကာလအတြင္း ေလွ်ာ့ခ်ေဆာင္႐ြက္သြားရန္ အစီအစဥ္ရွိ
ေစာ(NP News)- ဒီဇင္ဘာ ၁
အခြန္ႏွင့္ပတ္သက္၍ မၾကာမီကာလအတြင္းေလွ်ာ့ခ်ေဆာင္႐ြက္သြားရန္ အစီအစဥ္ရွိေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားကဇာတ္႐ုံ၌ ယမန္ေန႔ (ႏိုဝင္ဘာ ၃၀ရက္)က ျပဳလုပ္ေသာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI)၏ (၃၄) ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အသင္းသားစုံညီအစည္းအေဝးအတြင္း ေျပာၾကားေသာမိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
မိမိတို႔ႏိုင္ငံတြင္ လယ္ယာစိုက္ပ်ိဳးေရးကုန္ထုတ္လုပ္မႈႏွင့္ ပတ္သက္၍ အားနည္းေနေသးကာ ပန္းတိုင္ရည္မွန္းခ်က္မ်ား ျပည့္မီေအာင္ စိုက္ပ်ိဳးႏိုင္မည္ဆိုပါက တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ (၈) ဘီလီယံပိုမိုရရွိႏိုင္မည္ျဖစ္ၿပီး သီးထပ္မ်ားပါ စိုက္ပ်ိဳးႏိုင္မည္ဆိုပါက အေမရိကန္ေဒၚလာ (၁၂) ဘီလီယံခန႔္ ပိုမိုရရွိမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးကဆိုသည္။
ထို႔ေၾကာင့္ မိမိတို႔အေနျဖင့္ ကုန္ထုတ္လုပ္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ၿပီး ျပည္ပသို႔တင္ပို႔ႏိုင္မည္ဆိုပါက ႏိုင္ငံအတြက္ ႏိုင္ငံျခားမ်ားလုံေလာက္စြာရရွိမည္ျဖစ္ေသာ္ေၾကာင့္ ကုန္ထုတ္လုပ္မႈမ်ား တိုးတက္လာေစေရးဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္သြားၾကေစလိုေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။
ကုန္သြယ္မႈအခြန္ႏွင့္ ပတ္သက္၍ အခ်ိဳ႕ေနရာမ်ားတြင္ အားနည္းခ်က္မ်ားရွိသည္ကို ေတြ႕ရွိရေၾကာင္း မိမိတို႔အေနျဖင့္ ကုန္သြယ္ခြန္ႏွင့္ပတ္သက္၍ အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေပးလ်က္ရွိၿပီး
ႏိုင္ငံျခားေငြႏွင့္ပတ္သက္၍ မိမိတို႔စတင္တာဝန္ယူခ်ိန္မွစတင္ကာ စနစ္တက်ေဆာင္႐ြက္ခဲ့ေၾကာင္း လည္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ အခြန္ေငြႏွင့္ပတ္သက္၍ မၾကာမီကာလအတြင္း ေလွ်ာ့ခ်ေဆာင္႐ြက္သြားရန္ရွိေၾကာင္း ႏိုင္ငံ့စီးပြားေရးႏွင့္ ပတ္သက္၍ အေကာင္းဆုံးျဖစ္ေအာင္ မိမိတို႔အေနျဖင့္ ေဆာင္႐ြက္လ်က္ရွိၿပီး တစ္ဖက္တြင္လည္း ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ မွန္မွန္ကန္ကန္ျဖင့္ လုပ္ငန္းမ်ား ေဆာင္႐ြက္ၾကေစလိုေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္၊။

Related news

© 2021. All rights reserved.