ပေါ်ဆန်းစပါးကို ညအချိန် အလင်းရောင်ပေးခြင်း နည်းပညာဖြင့် စိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြုနေ

409

Pearl (NP News) - ဒီဇင်ဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲ၊ စပါးသုတေသနဗဟိုဌာနစိုက်ကွင်း၌ ရာသီပေါ်ဆန်းစပါးပျိုးခင်း အသက်ခုနစ်ရက်သားမှ ၂၅ ရက်သားအတွင်း ညအချိန်အလင်းရောင်ပေးခြင်း(Night-Break) နည်းပညာဖြင့် နောက်ကျစိုက်ပျိုးနိုင်ရန် စမ်းသပ်သုတေသနပြုဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ နည်းပညာအရ ည ၁၁ နာရီခွဲမှ ၁၂ နာရီခွဲအထိ LED-100 watt အားအသုံးပြု၍ ညအချိန် အလင်းရောင်ပေးခြင်းသည် ပေါ်ဆန်းစပါးကို ရာသီချိန်ကျော်၍ စိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်းတိုးခြင်းနှင့် အရည်အသွေးကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများကို မျှော်မှန်းကာ ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သုတေသစိုက်ကွင်းအား နိုဝင်ဘာ ၂၉ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဤသုတေသနသည် ရာသီပေါ်ဆန်းစပါးကို ရေကျနောက်စိုက်စိုက်ပျိုးသည့်ဒေသများတွင် လွန်စွာအသုံးဝင်မည့် စမ်းသပ်ချက်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့ပြင် ယခုနည်းပညာကို ဆောင်းရာသီနေ့တာတိုကာလတွင် ပန်းပွင့်ခြင်းအား နှောင့်နှေးအောင်ပြုလုပ်နိုင်မည့်အတွက် ပေါ်ဆန်းစပါးကို သာမန်စိုက်ပျိုးချိန်ထက် နောက်ကျစိုက်ပျိုး နိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
အလားတူ စပါးပင်၏ ပင်ပိုင်းကြီးထွားမှုဘဝ (Vegetative Phase)ကို ပိုရှည်စေသည့်အတွက် ပင်ပိုင်းကြီးထွားမှု ပိုကောင်းလာပြီး သာမန်စိုက်ပျိုးချိန်ကဲ့သို့ပင် သီးပွင့်၍ အထွက်တိုးစိုက်စနစ် ကျင့်သုံးစိုက်ပျိုးနိုင်ခြင်းကြောင့် အထွက်နှုန်းမြင့်တက်လာမည်ဖြစ်ကာ ရနံ့အရည်အသွေး (2AP)ကိုလည်း ကောင်းစွာထိန်းသိမ်းနိုင်မည်ဖြစ်၍ သုတေသီများအနေဖြင့် အလေးထားစောင့်ကြည့်ဆောင်ရွက်ကြရန်နှင့် တွေ့ရှိချက်ခိုင်မာစေရန် အကြိမ်များများစမ်းသပ်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေပၚဆန္းစပါးကို ညအခ်ိန္ အလင္းေရာင္ေပးျခင္း နည္းပညာျဖင့္ စိုက္ပ်ိဳးႏိုင္ရန္ စမ္းသပ္သုေတသနျပဳေန
Pearl (NP News) - ဒီဇင္ဘာ ၁
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာန စပါးသီးႏွံသုေတသနဌာနခြဲ၊ စပါးသုေတသနဗဟိုဌာနစိုက္ကြင္း၌ ရာသီေပၚဆန္းစပါးပ်ိဳးခင္း အသက္ခုနစ္ရက္သားမွ ၂၅ ရက္သားအတြင္း ညအခ်ိန္အလင္းေရာင္ေပးျခင္း(Night-Break) နည္းပညာျဖင့္ ေနာက္က်စိုက္ပ်ိဳးႏိုင္ရန္ စမ္းသပ္သုေတသနျပဳေဆာင္႐ြက္ေနေၾကာင္း သိရသည္။
အဆိုပါ နည္းပညာအရ ည ၁၁ နာရီခြဲမွ ၁၂ နာရီခြဲအထိ LED-100 watt အားအသုံးျပဳ၍ ညအခ်ိန္ အလင္းေရာင္ေပးျခင္းသည္ ေပၚဆန္းစပါးကို ရာသီခ်ိန္ေက်ာ္၍ စိုက္ပ်ိဳးႏိုင္ျခင္း၊ အထြက္ႏႈန္းတိုးျခင္းႏွင့္ အရည္အေသြးေကာင္းမြန္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားကို ေမွ်ာ္မွန္းကာ ေဆာင္႐ြက္ထားရွိျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သုေတသစိုက္ကြင္းအား ႏိုဝင္ဘာ ၂၉ ရက္က စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာတင္ထြဋ္ ၾကည့္ရႈစစ္ေဆးၿပီး ဒုတိယဝန္ႀကီးက ဤသုေတသနသည္ ရာသီေပၚဆန္းစပါးကို ေရက်ေနာက္စိုက္စိုက္ပ်ိဳးသည့္ေဒသမ်ားတြင္ လြန္စြာအသုံးဝင္မည့္ စမ္းသပ္ခ်က္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ယခုနည္းပညာကို ေဆာင္းရာသီေန႔တာတိုကာလတြင္ ပန္းပြင့္ျခင္းအား ေႏွာင့္ေႏွးေအာင္ျပဳလုပ္ႏိုင္မည့္အတြက္ ေပၚဆန္းစပါးကို သာမန္စိုက္ပ်ိဳးခ်ိန္ထက္ ေနာက္က်စိုက္ပ်ိဳး ႏိုင္မည္ျဖစ္ပါေၾကာင္းေျပာၾကားခဲ့သည္။
အလားတူ စပါးပင္၏ ပင္ပိုင္းႀကီးထြားမႈဘဝ (Vegetative Phase)ကို ပိုရွည္ေစသည့္အတြက္ ပင္ပိုင္းႀကီးထြားမႈ ပိုေကာင္းလာၿပီး သာမန္စိုက္ပ်ိဳးခ်ိန္ကဲ့သို႔ပင္ သီးပြင့္၍ အထြက္တိုးစိုက္စနစ္ က်င့္သုံးစိုက္ပ်ိဳးႏိုင္ျခင္းေၾကာင့္ အထြက္ႏႈန္းျမင့္တက္လာမည္ျဖစ္ကာ ရနံ႔အရည္အေသြး (2AP)ကိုလည္း ေကာင္းစြာထိန္းသိမ္းႏိုင္မည္ျဖစ္၍ သုေတသီမ်ားအေနျဖင့္ အေလးထားေစာင့္ၾကည့္ေဆာင္႐ြက္ၾကရန္ႏွင့္ ေတြ႕ရွိခ်က္ခိုင္မာေစရန္ အႀကိမ္မ်ားမ်ားစမ္းသပ္ရန္ တိုက္တြန္းမွာၾကားခဲ့ေၾကာင္း သိရသည္။