ဗင်နီဇွဲလားအပေါ် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ဖို့အတွက် အစမ်းလေ့ကျင့်မှုတွေကို အမေရိကန်လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်

 422

Pika(NP News)-ဒီဇင်ဘာ ၁
ဗင်နီဇွဲလားနိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် အစမ်းလေ့ကျင့်မှုတွေကို အမေရိကန်က ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိတွေရဲ့ ပြောဆိုချက်တွေကိုကိုးကားပြီး Wall Street Journal (WSJ)သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ဗင်နီဇွဲလားအစိုးရက မူးယစ်ဆေးဝါးဂိုဏ်းတွေကို လည်ပတ်နေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်စွပ်စွဲပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ဒေါ်နယ်ထရမ့်ရဲ့အမိန့်အရ အမေရိကန်စစ်တပ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလကနေစတင်ပြီး မူးယစ်ဆေးဝါးမှောင်ခိုသယ်ယူနေတယ်လို့ ယူဆရတဲ့ သင်္ဘော(၂၀)စီးကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး အနည်းဆုံးလူ(၈၁)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံဟာ လာမယ့်ရက်ပိုင်းအတွင်း ဗင်နီဇွဲလားနဲ့ဆက်စပ်တဲ့ စစ်ဆင်ရေးတွေရဲ့ အဆင့်သစ်တစ်ခုကိုစတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန်အရာရှိတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုလိုသတင်းတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ အမေရိကန်က စစ်ရေးတည်ဆောက်မှုတွေကို အရှိန်မြှင့်တင်လာတာဟာ ဗင်နီဇွဲလားအာဏာရှင်နီကိုလက်စ်မာဒူရိုကို ဆန့်ကျင်တဲ့ စစ်ရေးအရဝင်ရောက်စွက်ဖက်မှုတွေ လုပ်ဆောင်ဖို့ စဉ်းစားနေတာဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံကနေ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုကို ကုန်းလမ်းကနေ ရပ်တန့်ဖို့ ကြိုးပမ်းမှုတွေဟာ မကြာခင်အချိန်အတွင်း စတင်တော့မယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားအေပၚ ေလေၾကာင္းတိုက္ခိုက္မႈလုပ္ေဆာင္ဖို႔အတြက္ အစမ္းေလ့က်င့္မႈေတြကို အေမရိကန္လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြထြက္ေပၚ
Pika(NP News)-ဒီဇင္ဘာ ၁
ဗင္နီဇြဲလားႏိုင္ငံအေပၚ ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ အစမ္းေလ့က်င့္မႈေတြကို အေမရိကန္က ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္ကာကြယ္ေရးအရာရွိေတြရဲ႕ ေျပာဆိုခ်က္ေတြကိုကိုးကားၿပီး Wall Street Journal (WSJ)သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ဗင္နီဇြဲလားအစိုးရက မူးယစ္ေဆးဝါးဂိုဏ္းေတြကို လည္ပတ္ေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္စြပ္စြဲေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ေဒၚနယ္ထရမ့္ရဲ႕အမိန႔္အရ အေမရိကန္စစ္တပ္ဟာ ၿပီးခဲ့တဲ့စက္တင္ဘာလကေနစတင္ၿပီး မူးယစ္ေဆးဝါးေမွာင္ခိုသယ္ယူေနတယ္လို႔ ယူဆရတဲ့ သေဘၤာ(၂၀)စီးကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီး အနည္းဆုံးလူ(၈၁)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ႏိုင္ငံဟာ လာမယ့္ရက္ပိုင္းအတြင္း ဗင္နီဇြဲလားနဲ႔ဆက္စပ္တဲ့ စစ္ဆင္ေရးေတြရဲ႕ အဆင့္သစ္တစ္ခုကိုစတင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အေမရိကန္အရာရွိေတြက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုသတင္းေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ အေမရိကန္က စစ္ေရးတည္ေဆာက္မႈေတြကို အရွိန္ျမႇင့္တင္လာတာဟာ ဗင္နီဇြဲလားအာဏာရွင္နီကိုလက္စ္မာဒူ႐ိုကို ဆန႔္က်င္တဲ့ စစ္ေရးအရဝင္ေရာက္စြက္ဖက္မႈေတြ လုပ္ေဆာင္ဖို႔ စဥ္းစားေနတာျဖစ္ႏိုင္တယ္ဆိုတဲ့ ထင္ေၾကးေပးမႈေတြလည္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထြက္ေပၚလာခဲ့ပါတယ္။ ဗင္နီဇြဲလားႏိုင္ငံကေန မူးယစ္ေဆးဝါးကူးသန္းေရာင္းဝယ္မႈကို ကုန္းလမ္းကေန ရပ္တန႔္ဖို႔ ႀကိဳးပမ္းမႈေတြဟာ မၾကာခင္အခ်ိန္အတြင္း စတင္ေတာ့မယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.