အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် (၃၀၃)ဦးအထိ ရှိလာ

 159

Pika(NP News)-ဒီဇင်ဘာ ၁
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ (၃၀၃)ဦးအထိ မြင့်တက်လာပြီဖြစ်တယ်လို့လည်း သိရပါတယ်။အစောပိုင်းအချက်အလက်တွေအရ သေဆုံးသူအရေအတွက်ကို (၁၇၄)ဦးအဖြစ် စာရင်းသွင်းခဲ့ပေမယ့်လည်း နောက်ထပ်ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်ခဲ့ပြီးနောက် သေဆုံးသူအရေအတွက် ထပ်မံတိုးမြင့်လာတာဖြစ်တယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ အကြီးအကဲ ဆူဟာရိုင်ယန်တိုက ပြောကြားခဲ့ပါတယ်။ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့မှုနဲ့အတူ အင်ဒိုနီးရှား၊မလေးရှားနဲ့ထိုင်းနိုင်ငံတို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကို သီတင်းပတ်(၁)ပတ်ခန့် ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ဆူမားတြားကျွန်းမှာ လူပေါင်း(၈၀၀၀၀)လောက်ကို ဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းပေးထားပြီး အနည်းဆုံးလူ(၂၇၉)ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆူဟာရိုင်ယန်တိုက ပြောကြားခဲ့ပါတယ်။ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ ဆူမားတြားကျွန်းမြောက်ပိုင်းမှာ အကူအညီပေးရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် ရဟတ်ယာဉ်တွေကို အသုံးပြုခဲ့ရတယ်လို့ ဆူဟာရိုင်ယန်တိုက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားႏိုင္ငံမွာ ေရႀကီးမႈနဲ႔ေျမၿပိဳမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ (၃၀၃)ဦးအထိ ရွိဘာ
Pika(NP News)-ဒီဇင္ဘာ ၁
အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကြၽန္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈနဲ႔ ေျမၿပိဳမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၃၀၃)ဦးအထိ ျမင့္တက္လာၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။အေစာပိုင္းအခ်က္အလက္ေတြအရ ေသဆုံးသူအေရအတြက္ကို (၁၇၄)ဦးအျဖစ္ စာရင္းသြင္းခဲ့ေပမယ့္လည္း ေနာက္ထပ္ရွာေဖြကယ္ဆယ္ေရးေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ေသဆုံးသူအေရအတြက္ ထပ္မံတိုးျမင့္လာတာျဖစ္တယ္လို႔ အင္ဒိုနီးရွား သဘာဝေဘးအႏၲရာယ္ေလ်ာ့ပါးေရးေအဂ်င္စီ အႀကီးအကဲ ဆူဟာ႐ိုင္ယန္တိုက ေျပာၾကားခဲ့ပါတယ္။ဆိုင္ကလုန္းမုန္တိုင္းဝင္ေရာက္တိုက္ခတ္ခဲ့မႈနဲ႔အတူ အင္ဒိုနီးရွား၊မေလးရွားနဲ႔ထိုင္းႏိုင္ငံတို႔မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈကို သီတင္းပတ္(၁)ပတ္ခန႔္ ႀကဳံေတြ႕ခဲ့ရတယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ဆူမားၾတားကြၽန္းမွာ လူေပါင္း(၈၀၀၀၀)ေလာက္ကို ေဘးလြတ္ကင္းရာကို ေ႐ႊ႕ေျပာင္းေပးထားၿပီး အနည္းဆုံးလူ(၂၇၉)ဦးေပ်ာက္ဆုံးေနဆဲျဖစ္တယ္လို႔ ဆူဟာ႐ိုင္ယန္တိုက ေျပာၾကားခဲ့ပါတယ္။ရွာေဖြကယ္ဆယ္ေရးသမားေတြဟာ ဆူမားၾတားကြၽန္းေျမာက္ပိုင္းမွာ အကူအညီေပးေရးနဲ႔ ေထာက္ပံ့ပို႔ေဆာင္ေရးအတြက္ ရဟတ္ယာဥ္ေတြကို အသုံးျပဳခဲ့ရတယ္လို႔ ဆူဟာ႐ိုင္ယန္တိုက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.