လေတပ်အတွက် မဟာဗျူဟာမြောက်စစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုအသစ်တွေကို တပ်ဆင်ပေးသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကြေညာ

 1768

Pika (NP News)-ဒီဇင်ဘာ ၁
မြောက်ကိုရီးယားလေတပ်မှာ မဟာဗျူဟာမြောက်စစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုအသစ်တွေကို တပ်ဆင်သွားမယ်လို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။မြောက်ကိုရီးယားလေတပ်ရဲ့ နှစ်(၈၀)ပြည့်အခမ်းအနားမှာ ကင်ဂျုံအန်းက ယခုလိုထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ကင်ဂျုံအန်းက”ကျွန်တော်တို့ရဲ့ လေတပ်ကို မဟာဗျူဟာမြောက် စစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုအသစ်တွေ တပ်ဆင်ပေးသွားပြီး အရေးကြီးတဲ့တာဝန်တစ်ခုကို ပေးအပ်သွားမှာပါ။မြောက်ကိုရီးယားလေတပ်ဟာ ရန်သူတွေရဲ့ သူလျှိုလုပ်ရပ်တွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ စစ်ရေးရန်စမှုတွေကို ပြတ်ပြတ်သားသား တွန်းလှန်ထိန်းချုပ်သွားပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေမှာ ကင်ဂျုံအန်းနဲ့ သမီးဖြစ်သူကင်ဂျူအေးတို့က ကောင်းကင်ပေါ်မှာပျံသန်းနေတဲ့ ဂျက်လေယာဉ်တွေလို့ ယူဆရတဲ့အရာကို ကြည့်ရှုနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။မြောက်ကိုရီးယားနဲ့တောင်ကိုရီးယား နယ်စပ်တစ်လျှောက် စစ်ရေးပဋိပက္ခတွေမတော်တဆဖြစ်ပွားလာမှာကို ရှောင်ရှားဖို့ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေအတွက် တောင်ကိုရီးယားအစိုးရရဲ့ ကမ်းလှမ်းချက်တွေကို လက်ရှိအချိန်အထိ တုံ့ပြန်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ေလတပ္အတြက္ မဟာဗ်ဴဟာေျမာက္စစ္ဘက္ဆိုင္ရာပိုင္ဆိုင္မႈအသစ္ေတြကို တပ္ဆင္ေပးသြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ေၾကညာ
Pika (NP News)-ဒီဇင္ဘာ ၁
ေျမာက္ကိုရီးယားေလတပ္မွာ မဟာဗ်ဴဟာေျမာက္စစ္ဘက္ဆိုင္ရာပိုင္ဆိုင္မႈအသစ္ေတြကို တပ္ဆင္သြားမယ္လို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ေျမာက္ကိုရီးယားေလတပ္ရဲ႕ ႏွစ္(၈၀)ျပည့္အခမ္းအနားမွာ ကင္ဂ်ဳံအန္းက ယခုလိုထုတ္ျပန္ေၾကညာခဲ့တာပဲျဖစ္ပါတယ္။ကင္ဂ်ဳံအန္းက”ကြၽန္ေတာ္တို႔ရဲ႕ ေလတပ္ကို မဟာဗ်ဴဟာေျမာက္ စစ္ဘက္ဆိုင္ရာပိုင္ဆိုင္မႈအသစ္ေတြ တပ္ဆင္ေပးသြားၿပီး အေရးႀကီးတဲ့တာဝန္တစ္ခုကို ေပးအပ္သြားမွာပါ။ေျမာက္ကိုရီးယားေလတပ္ဟာ ရန္သူေတြရဲ႕ သူလွ်ိဳလုပ္ရပ္ေတြနဲ႔ ျဖစ္ႏိုင္ေျခရွိတဲ့ စစ္ေရးရန္စမႈေတြကို ျပတ္ျပတ္သားသား တြန္းလွန္ထိန္းခ်ဳပ္သြားပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ေျမာက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာက ထုတ္ျပန္ထားတဲ့ ဓါတ္ပုံေတြမွာ ကင္ဂ်ဳံအန္းနဲ႔ သမီးျဖစ္သူကင္ဂ်ဴေအးတို႔က ေကာင္းကင္ေပၚမွာပ်ံသန္းေနတဲ့ ဂ်က္ေလယာဥ္ေတြလို႔ ယူဆရတဲ့အရာကို ၾကည့္ရႈေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ေျမာက္ကိုရီးယားနဲ႔ေတာင္ကိုရီးယား နယ္စပ္တစ္ေလွ်ာက္ စစ္ေရးပဋိပကၡေတြမေတာ္တဆျဖစ္ပြားလာမွာကို ေရွာင္ရွားဖို႔ရည္႐ြယ္တဲ့ ေဆြးေႏြးမႈေတြအတြက္ ေတာင္ကိုရီးယားအစိုးရရဲ႕ ကမ္းလွမ္းခ်က္ေတြကို လက္ရွိအခ်ိန္အထိ တုံ႔ျပန္တာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.