မဲရုံမှူး / ဒုမဲရုံမှူး နှင့်ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲများအားမအူပင်မြို့နယ် ရွေးကောက်မပွဲကော်ရှင်မှ သင်တန်းပေး

 113

ပြည့်ဖြိုးပိုင် (မအူပင်)ဒီဇင်ဘာ - ၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် မဲရုံမှူး / ဒုမဲရုံမှူး နှင့်ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲ သင်တန်းအား
မအူပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာလ (၁)ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အခုသင်တန်းက အပတ်စဉ် (၃)ပါ၊ အရင်လကတော့ အပတ်စဉ် (၁)နှင့် (၂) ပေးပြီးပါပြီ။မဲရုံမှူးနဲ့ ဒုမဲရုံမှူးသင်တန်းကတော့ (၂)ရက်သင်တန်းပါ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ သင်တန်းကတော့ (၁)ရက်ပါ။မဲရုံးမှူး နဲ့ ဒုမဲရုံမှူး သင်တန်းမှာ ဆရာ/ဆရာမ (၄၇၄)ယောက်ကို တစ်ပတ်စဉ်လျင် (၁၅၈) ဦးနှုန်းနဲ့ သင်တန်းပေးနေတာပါ။ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲသင်တန်းမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူး (၁၇၆) ဦးကို သင်တန်းပေးခဲ့ပါတယ်။သင်တန်းမှာတော့ အခက်အခဲကတော့ဘာမှမရှိပါဘူး ၊ မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်တွေအတွက်ကတော့ပ်ုပြီးတော့ ပိုပြီးတော့ကောင်းသွားပါတယ်။ မဲလက်မှတ်ထုတ်ပေးတဲ့အခါမှာ မဲစာရွက်တွေ ထပ်သွားမှာလည်းမပူရတော့ဘူး နောက်တစ်ခုကမဲရေတွက်ဖို့လည်း မလိုတော့ဘူး ၊ အဲ့အတွက်စက်နဲ့လုပ်တာကအချိန်ကုန်လည်းသက်သာတယ် လူပင်ပန်းလည်းသက်သာတယ်ထိန်းချုပ်စက်ကိုင်တွယ်သူတွေကိုလည်း သင်တန်းပေးထားတယ်ပေါ့နော်မအူပင်မြို့နယ်မှာ (၁၀၆၈) ဦးကို သင်တန်း (၈)ကြိမ်ခွဲပေးထားပါတယ် လိုအပ်တဲ့အခက်အခဲလေးတွေကိုလည်းအကုန်လုံးရှင်းပြထားပါတယ် " ဟု မအူပင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက NP News သတင်းဌာနသို့ပြောသည်။


မအူပင်မြို့နယ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသော ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁)တွင်ပါဝင်နေပြီး ပါတီပေါင်း (၈)ပါတီမှ က်ိုယ်စားလှယ်လောင်းများဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ မဲပေးနိုင်ခွင့်ရှိသူမှာ ဒုတိယအကြိမ် ကြေညာသောမဲစာရင်းအရ (၂၂၉၁၇)ဦး ရှိကြောင်းလည်းသိရသည်။
သတင်းဓါတ်ပုံ - ပြည့်ဖြိုးပိုင် (မအူပင်)

Zawgyi Version:
မဲရုံမှူး / ဒုမဲရုံမှူး နှင့်ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲများအားမအူပင်မြို့နယ် ရွေးကောက်ပွဲကော်ရှင်မှ သင်တန်းပေး



မအူပင်မြို့နယ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသော ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁)တွင်ပါဝင်နေပြီး ပါတီပေါင်း (၈)ပါတီမှ ကိုယ်စားလှယ်လောင်းများဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ မဲပေးနိုင်ခွင့်ရှိသူမှာ ဒုတိယအကြိမ် ကြေညာသောမဲစာရင်းအရ (၂၂၉၁၇)ဦး ရှိကြောင်းလည်းသိရသည်။

Related news

© 2021. All rights reserved.