စိတ်လှုပ်ရှားအံ့သြဖွယ် မြန်မာအပါအဝင် အာရှဘောလုံးအသင်း ၄-သင်း (အတွေးအမြင် ဆောင်းပါး)

 4558

HtayOung (NP News) ဒီဇင်ဘာ ၁
ယမန်နေ့ညနေ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း AFC U-17 Asia Cup အာရှဘောလုံးအဖွဲ့ချုပ် အသက် ၁၇-နှစ်အောက် အမျိုးသားဘောလုံးခြေစစ်ပွဲမှာ မြန်မာအသင်းက ဆီးရီးယားကို ၂း၂ သရေကစားပြီး အုပ်စုဗိုလ်အ ဖြစ် ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါပြီ။

နိုင်ငံ့ကိုယ်စားပြု အသင်း ၃၈ တို့ဟာ အုပ်စု ၇-ခုအတွင်း ပတ်လည်ကစားကြပြီး ခြေစစ်ပွဲအောင်မြင်တဲ့ အသင်း ၇-သင်းနဲ့ အလိုလျောက်ပါဝင်ခွင့်ရရှိသူ ၉-သင်းတို့က လာမယ့် ၂၀၂၆-ခုနှစ် မေ ၇-၂၄ ရက် ဆော်ဒီအာရေးဗီး ယားနိုင်ငံမှာ ဆက်လက်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ ကွာတားဖိုင်နယ်-ဆီမီးဖိုင်နယ်ပွဲစဉ်များမှာ အကောင်းဆုံး ၈-သင်းတို့က ၂၀၂၆-ခုနှစ် ဖီဖာဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ္ဘာ့ဖလားပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၅-ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ အာရှ U-17 ဘောလုံးပွဲစဉ်များဟာ U-17 ဖြစ်လိုက် U-16 ဖြစ်လိုက် U-17 ပြန်ဖြစ်လိုက်နဲ့ ပြောင်းလဲခဲ့ပေမယ့် မြန်မာအသင်းရဲ့ ၂၀၀၆-ခုနှစ် ကာတာ အာရှဖလားပွဲဟာ နိုင်ငံတ ကာနောက်ဆုံးပွဲဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်များမှာ ဖိုင်နယ်အဆင့် အရည်အချင်းပြည့်မီတဲ့ U-17, U-20 အ မျိုးသား-အမျိုးသမီးဘောလုံးအသင်းရယ်လို့ မယ်မယ်ရရ မရှိခဲ့ပဲ ၁၉-နှစ်ကြာမှ တစ်ကျော့ပြန် အောင်မြင်မှု လို့ ဆိုရပါလိမ့်မယ်။

အမှန်အတိုင်း ပြောရလျင် မြန်မာ့လက်ရွေးစင် U-17 ဘောလုံးအသင်းမှာ နိုင်ငံတကာပွဲအဖြစ် ယခု ပထမဆုံးအကြိမ်ကစားခဲ့ခြင်းဖြစ်ပြီး ဘယ်သူတွေ ပါလို့ ပါမှန်းပင် လူသိနည်းပါတယ်။ ဒါပေမယ့် အုပ်စု(G) အသင်း ၅-သင်း ပတ်လည်ကစားကြရမှာ မြန်မာအသင်းရဲ့ ရှုံးပွဲ မရှိ၊ ၃-ပွဲဆက်တိုက် ဂိုးပြတ်အနိုင်ရရှိခြင်းက မြန်မာပြည်တလွှား မြို့ကြီးများမှ ကျား-မ အသက်အရွယ်စုံ ဘောလုံးပရိသတ်ကို သုဝဏ္ဏကွင်း လျံထွက်အောင် ခေါ်ယူခဲ့ ပါတယ်။

မြန်မာတို့အတွက် ဘောလုံးပွဲဆိုတာ အားကစားပွဲတစ်ခုထက် ပိုပါတယ်။ လူ ၁၁-ယောက်ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဘောလုံးပွဲမှာ မြန်မာပရိသတ်ဟာ ၁၂-ဦးမြောက်အားကစားသမားဖြစ်ပါတယ်။ နိုင်နိုင် ရှုံးရှုံး မိုးရွာရွာ နေပူပူ “မြန်မာဟေ့ မြန်မာ” လည်ချောင်းကွဲမတတ် အော်ဟစ်အားပေးခဲ့ကြပါတယ်။ ကစားပွဲအစ နိုင်ငံတော်သီချင်း တီးမှုတ်ရာမှာ တစ်ကွင်းလုံး မတ်တပ်ရပ်ပြီး သံပြိုင်လိုက်ဆိုခဲ့ကြပါတယ်။ ပြည်တွင်းသာမဟုတ် ပြည်ပရောက် မြန်မာအမျိုး သမီးငယ်လေးတွေကလဲ (ဘောလုံးပွဲမှာ တစ်ဖက်ဘယ်နှစ်ယောက် ကစားကြမှန်း မသိသည့်တိုင်) “ ငါတို့ မြန်မာတွေ နိုင်ကို နိုင်ရမယ်” လို့ စိတ်ချ ယုံကြည်ကြကြောင်း လေးစားဂုဏ်ယူဖွယ် တွေ့ရှိရပါတယ်။

တစ်ချိန်က အာရှဘောလုံးချန်ပီယံ မြန်မာအသင်းဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး-စီးပွားရေး နာတာရှည်မှုနဲ့အတူ အံကြိတ်ခံခဲ့ရပါတယ်။ ၁၂- ၁၅ နှစ်အရွယ် လူငယ်အားကစားသမားများကို ကာလရှည် မွေးမြူခဲ့ရပါတယ်။ နိုင်ငံ တကာအဆင့် ပြည်တွင်း လိဂ်ပြိုင်ပွဲများ- လေ့ကျင့်ရေးနည်းစနစ်ကောင်းမွန်ဖို့ လိုအပ်နေဆဲဖြစ်ပြီး ပြည်ပနိုင်ငံ များမှာ သွားရောက်လေ့ကျင့်ဖို့ ခြေစမ်းပွဲကစားဖို့ ငွေကြေးအခက်အခဲရှိနေပါတယ်။ ယခုနှစ်ပိုင်း မြန်မာအမျိုး သား အမျိုးသမီးဘောလုံးပွဲများ အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများမှာ အောင်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာခြင်း ဟာ စိတ်ဝင်စားဖွယ် ထူးခြားချက်ဖြစ်ပါတယ်။

ဆီးရီးယားအသင်းကလည်း အလားတူပါ။ ၂၀၁၁-ခုနှစ် အာရပ်နွေဦးတော်လှန်ရေးနဲ့အတူ ဆီးရီးယားတစ် ပြည်လုံးစစ်မီးတောက်လောင်ပြီး မြို့ကြီးအတော်များများ ပြာပုံဖြစ်သွားပါတယ်။ ဒါပေမယ့် လုံခြုံတဲ့ ဒေသတွေ မှာ လေ့ကျင့်မှုတွေ ကစားပွဲတွေ ဆက်လက်တည်ရှိနေပါတယ်။ ပြည်ပရောက် ဆီးရီးယန်းတို့ရဲ့ရဲ့ ထောက် ပံ့ လှူဒါန်းမှု၊ ပြည်ပရောက် ဆီးရီးယားနွယ်ဖွား ပရိုဖက်ရှင်နယ်အဆင့် ကစားသမားတွေနဲ့ အားဖြည့်နိုင်ခဲ့ပါတယ် ။ ဆီးရီးယားဘောလုံးအသင်းရဲ့ အဆင့်အတန်းဟာ အာရှမှာ မြင့်မားဆဲဖြစ်ပြီး အရည်အချင်းရှိတဲ့ အသင်း ကောင်းဖြစ်ကြောင်း ယမန်နေ့ သုဝဏ္ဏကွင်း ပရိသတ်ရှေ့မှာ မြန်မာအသင်းကို ၂း၂ ဂိုး သရေနဲ့ ကစားနိုင်ခဲ့ပါ တယ်။ ဒုတိယပိုင်းမှာ ချေပဂိုး ပြန်သွင်းယူပြီး မြန်မာအသင်းကို ကွင်းတစ်ဝက်ဖိကစားနိုင်ခဲ့ပါတယ်။

အလားတူ ယီမင်အသင်းကလဲ အံ့သြ စိတ်ဝင်စားစရာပါ။ ကမ္ဘာ့အဆင်းရဲဆုံးနဲ့ ဆယ်စုနှစ်ဝက်နီးပါး စစ်ဒဏ် သင့်နေပေမယ့် ဘောလုံးဟာ ယီမင်ပြည်သူလူထုကြား လူကြိုက်အများဆုံး အားကစားနည်းဖြစ်ပါတယ်။ အား ကစားသမားများ လေ့ကျင့်ရေး ခရီးသွားလာရေးမှာ အလွန်အန္တရာယ်များပါတယ်။ လူပေါင်း သန်းချီ အငတ်ဘေးဆိုက်နေပြီး ပစ္စည်းကိရိယာများ ဝယ်ယူဖို့ ခရီးစရိတ်အတွက် ငွေကြေးအခက်အခဲရှိပါတယ်။

အံ့သြလေးစားစရာအကောင်းဆုံးကတော့ အာဖဂန်နစ္စတန်အသင်းဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ စစ် ဒဏ်သင့်နိုင်ငံမှာ လူမျိုးစု-ကိုးကွယ်ရာဘာသာ-နိုင်ငံရေး ကွဲပြားမှုတွေကို ဘောလုံးက ပြန်လည်စုစည်းပေးနေပါတယ်။ အားကစားလုပ်ခြင်းဖြင့် ကြောက်မက်ဖွယ် စစ်ရေးအနိဌာရုံများကို လွတ်မြောက်စေပါတယ်။ အထူးသဖြင့် အာဖဂန်အမျိုးသမီးဘောလုံးအသင်းဟာ အံ့အားသင့်စရာကောင်းပါတယ်။ တာလီဘန်လက်ထက် အာဖဂန်အမျိုးသမီးဘောလုံးအားကစားသမားအများစုစာ ပြည်ပနိုင်ငံအနှံ့မှာ ဒုက္ခသည်ဖြစ်ကုန်ပါတယ်။ မိဘ အကို မောင်ဘွားများရဲ့ ခွင့်ပြုချက် လိုအပ်တဲ့အပြင် ဘာသာရေးအစွန်းရောက် အလွန်များပြားတဲ့တိုင်းပြည်မှာ အမျိုး သမီးတစ်ယောက် ဘောလုံးကန်ခြင်းဟာ သေမင်းကို ဖိတ်ခေါ်ခြင်းနဲ့ အတူတူပါပဲ။ ဒါပေမယ့် ရောက်ရာ တိုင်းပြည်မှာ လေ့ကျင့်ရင်း/ FIFA, AFC အကူအညီနဲ့ နိုင်ငံ့ကိုယ်စားပြု ကစားရင်း အိမ်ပြန်နိုင်မယ့်ရက်ကို မျှော် လင့်နေပါတယ်။
.

Zawgyi Version:
စိတ္လႈပ္ရွားအံ့ၾသဖြယ္ ျမန္မာအပါအဝင္ အာရွ ေဘာလုံးအသင္း ၄-သင္း
(အေတြးအျမင္ ေဆာင္းပါး)
HtayOung (NP News) ဒီဇင္ဘာ ၁
ယမန္ေန႔ညေန ရန္ကုန္ၿမိဳ႕ သုဝဏၰေဘာလုံးကြင္း AFC U-17 Asia Cup အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ အသက္ ၁၇-ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးေျခစစ္ပြဲမွာ ျမန္မာအသင္းက ဆီးရီးယားကို ၂း၂ သေရကစားၿပီး အုပ္စုဗိုလ္အ ျဖစ္ ေျခစစ္ပြဲ ေအာင္ျမင္သြားခဲ့ပါၿပီ။

ႏိုင္ငံ့ကိုယ္စားျပဳ အသင္း ၃၈ တို႔ဟာ အုပ္စု ၇-ခုအတြင္း ပတ္လည္ကစားၾကၿပီး ေျခစစ္ပြဲေအာင္ျမင္တဲ့ အသင္း ၇-သင္းနဲ႔ အလိုေလ်ာက္ပါဝင္ခြင့္ရရွိသူ ၉-သင္းတို႔က လာမယ့္ ၂၀၂၆-ခုႏွစ္ ေမ ၇-၂၄ ရက္ ေဆာ္ဒီအာေရးဗီး ယားႏိုင္ငံမွာ ဆက္လက္ယွဥ္ၿပိဳင္ၾကပါလိမ့္မယ္။ ကြာတားဖိုင္နယ္-ဆီမီးဖိုင္နယ္ပြဲစဥ္မ်ားမွာ အေကာင္းဆုံး ၈-သင္းတို႔က ၂၀၂၆-ခုႏွစ္ ဖီဖာေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ကမာၻ႔ဖလားပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိမွာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၁၉၈၅-ခုႏွစ္မွာ စတင္က်င္းပခဲ့တဲ့ အာရွ U-17 ေဘာလုံးပြဲစဥ္မ်ားဟာ U-17 ျဖစ္လိုက္ U-16 ျဖစ္လိုက္ U-17 ျပန္ျဖစ္လိုက္နဲ႔ ေျပာင္းလဲခဲ့ေပမယ့္ ျမန္မာအသင္းရဲ႕ ၂၀၀၆-ခုႏွစ္ ကာတာ အာရွဖလားပြဲဟာ ႏိုင္ငံတ ကာေနာက္ဆုံးပြဲျဖစ္ပါတယ္။ ႏိုင္ငံတကာပြဲစဥ္မ်ားမွာ ဖိုင္နယ္အဆင့္ အရည္အခ်င္းျပည့္မီတဲ့ U-17, U-20 အ မ်ိဳးသား-အမ်ိဳးသမီးေဘာလုံးအသင္းရယ္လို႔ မယ္မယ္ရရ မရွိခဲ့ပဲ ၁၉-ႏွစ္ၾကာမွ တစ္ေက်ာ့ျပန္ ေအာင္ျမင္မႈ လို႔ ဆိုရပါလိမ့္မယ္။

အမွန္အတိုင္း ေျပာရလ်င္ ျမန္မာ့လက္ေ႐ြးစင္ U-17 ေဘာလုံးအသင္းမွာ ႏိုင္ငံတကာပြဲအျဖစ္ ယခု ပထမဆုံးအႀကိမ္ကစားခဲ့ျခင္းျဖစ္ၿပီး ဘယ္သူေတြ ပါလို႔ ပါမွန္းပင္ လူသိနည္းပါတယ္။ ဒါေပမယ့္ အုပ္စု(G) အသင္း ၅-သင္း ပတ္လည္ကစားၾကရမွာ ျမန္မာအသင္းရဲ႕ ရႈံးပြဲ မရွိ၊ ၃-ပြဲဆက္တိုက္ ဂိုးျပတ္အႏိုင္ရရွိျခင္းက ျမန္မာျပည္တလႊား ၿမိဳ႕ႀကီးမ်ားမွ က်ား-မ အသက္အ႐ြယ္စုံ ေဘာလုံးပရိသတ္ကို သုဝဏၰကြင္း လ်ံထြက္ေအာင္ ေခၚယူခဲ့ ပါတယ္။

ျမန္မာတို႔အတြက္ ေဘာလုံးပြဲဆိုတာ အားကစားပြဲတစ္ခုထက္ ပိုပါတယ္။ လူ ၁၁-ေယာက္ပါဝင္ယွဥ္ၿပိဳင္ၾကတဲ့ ေဘာလုံးပြဲမွာ ျမန္မာပရိသတ္ဟာ ၁၂-ဦးေျမာက္အားကစားသမားျဖစ္ပါတယ္။ ႏိုင္ႏိုင္ ရႈံးရႈံး မိုး႐ြာ႐ြာ ေနပူပူ “ျမန္မာေဟ့ ျမန္မာ” လည္ေခ်ာင္းကြဲမတတ္ ေအာ္ဟစ္အားေပးခဲ့ၾကပါတယ္။ ကစားပြဲအစ ႏိုင္ငံေတာ္သီခ်င္း တီးမႈတ္ရာမွာ တစ္ကြင္းလုံး မတ္တပ္ရပ္ၿပီး သံၿပိဳင္လိုက္ဆိုခဲ့ၾကပါတယ္။ ျပည္တြင္းသာမဟုတ္ ျပည္ပေရာက္ ျမန္မာအမ်ိဳး သမီးငယ္ေလးေတြကလဲ (ေဘာလုံးပြဲမွာ တစ္ဖက္ဘယ္ႏွစ္ေယာက္ ကစားၾကမွန္း မသိသည့္တိုင္) “ ငါတို႔ ျမန္မာေတြ ႏိုင္ကို ႏိုင္ရမယ္” လို႔ စိတ္ခ် ယုံၾကည္ၾကေၾကာင္း ေလးစားဂုဏ္ယူဖြယ္ ေတြ႕ရွိရပါတယ္။

တစ္ခ်ိန္က အာရွေဘာလုံးခ်န္ပီယံ ျမန္မာအသင္းဟာ တိုင္းျပည္ရဲ႕ ႏိုင္ငံေရး-စီးပြားေရး နာတာရွည္မႈနဲ႔အတူ အံႀကိတ္ခံခဲ့ရပါတယ္။ ၁၂- ၁၅ ႏွစ္အ႐ြယ္ လူငယ္အားကစားသမားမ်ားကို ကာလရွည္ ေမြးျမဴခဲ့ရပါတယ္။ ႏိုင္ငံ တကာအဆင့္ ျပည္တြင္း လိဂ္ၿပိဳင္ပြဲမ်ား- ေလ့က်င့္ေရးနည္းစနစ္ေကာင္းမြန္ဖို႔ လိုအပ္ေနဆဲျဖစ္ၿပီး ျပည္ပႏိုင္ငံ မ်ားမွာ သြားေရာက္ေလ့က်င့္ဖို႔ ေျခစမ္းပြဲကစားဖို႔ ေငြေၾကးအခက္အခဲရွိေနပါတယ္။ ယခုႏွစ္ပိုင္း ျမန္မာအမ်ိဳး သား အမ်ိဳးသမီးေဘာလုံးပြဲမ်ား အျခားႏိုင္ငံတကာအားကစားၿပိဳင္ပြဲမ်ားမွာ ေအာင္ပြဲမ်ား ခပ္စိပ္စိပ္ျဖစ္လာျခင္း ဟာ စိတ္ဝင္စားဖြယ္ ထူးျခားခ်က္ျဖစ္ပါတယ္။

ဆီးရီးယားအသင္းကလည္း အလားတူပါ။ ၂၀၁၁-ခုႏွစ္ အာရပ္ေႏြဦးေတာ္လွန္ေရးနဲ႔အတူ ဆီးရီးယားတစ္ ျပည္လုံးစစ္မီးေတာက္ေလာင္ၿပီး ၿမိဳ႕ႀကီးအေတာ္မ်ားမ်ား ျပာပုံျဖစ္သြားပါတယ္။ ဒါေပမယ့္ လုံၿခဳံတဲ့ ေဒသေတြ မွာ ေလ့က်င့္မႈေတြ ကစားပြဲေတြ ဆက္လက္တည္ရွိေနပါတယ္။ ျပည္ပေရာက္ ဆီးရီးယန္းတို႔ရဲ႕ရဲ႕ ေထာက္ ပံ့ လႉဒါန္းမႈ၊ ျပည္ပေရာက္ ဆီးရီးယားႏြယ္ဖြား ပ႐ိုဖက္ရွင္နယ္အဆင့္ ကစားသမားေတြနဲ႔ အားျဖည့္ႏိုင္ခဲ့ပါတယ္ ။ ဆီးရီးယားေဘာလုံးအသင္းရဲ႕ အဆင့္အတန္းဟာ အာရွမွာ ျမင့္မားဆဲျဖစ္ၿပီး အရည္အခ်င္းရွိတဲ့ အသင္း ေကာင္းျဖစ္ေၾကာင္း ယမန္ေန႔ သုဝဏၰကြင္း ပရိသတ္ေရွ႕မွာ ျမန္မာအသင္းကို ၂း၂ ဂိုး သေရနဲ႔ ကစားႏိုင္ခဲ့ပါ တယ္။ ဒုတိယပိုင္းမွာ ေခ်ပဂိုး ျပန္သြင္းယူၿပီး ျမန္မာအသင္းကို ကြင္းတစ္ဝက္ဖိကစားႏိုင္ခဲ့ပါတယ္။

အလားတူ ယီမင္အသင္းကလဲ အံ့ၾသ စိတ္ဝင္စားစရာပါ။ ကမာၻ႔အဆင္းရဲဆုံးနဲ႔ ဆယ္စုႏွစ္ဝက္နီးပါး စစ္ဒဏ္ သင့္ေနေပမယ့္ ေဘာလုံးဟာ ယီမင္ျပည္သူလူထုၾကား လူႀကိဳက္အမ်ားဆုံး အားကစားနည္းျဖစ္ပါတယ္။ အား ကစားသမားမ်ား ေလ့က်င့္ေရး ခရီးသြားလာေရးမွာ အလြန္အႏၲရာယ္မ်ားပါတယ္။ လူေပါင္း သန္းခ်ီ အငတ္ေဘးဆိုက္ေနၿပီး ပစၥည္းကိရိယာမ်ား ဝယ္ယူဖို႔ ခရီးစရိတ္အတြက္ ေငြေၾကးအခက္အခဲရွိပါတယ္။

အံ့ၾသေလးစားစရာအေကာင္းဆုံးကေတာ့ အာဖဂန္နစၥတန္အသင္းျဖစ္ပါတယ္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ စစ္ ဒဏ္သင့္ႏိုင္ငံမွာ လူမ်ိဳးစု-ကိုးကြယ္ရာဘာသာ-ႏိုင္ငံေရး ကြဲျပားမႈေတြကို ေဘာလုံးက ျပန္လည္စုစည္းေပးေနပါတယ္။ အားကစားလုပ္ျခင္းျဖင့္ ေၾကာက္မက္ဖြယ္ စစ္ေရးအနိဌာ႐ုံမ်ားကို လြတ္ေျမာက္ေစပါတယ္။ အထူးသျဖင့္ အာဖဂန္အမ်ိဳးသမီးေဘာလုံးအသင္းဟာ အံ့အားသင့္စရာေကာင္းပါတယ္။ တာလီဘန္လက္ထက္ အာဖဂန္အမ်ိဳးသမီးေဘာလုံးအားကစားသမားအမ်ားစုစာ ျပည္ပႏိုင္ငံအႏွံ႔မွာ ဒုကၡသည္ျဖစ္ကုန္ပါတယ္။ မိဘ အကို ေမာင္ဘြားမ်ားရဲ႕ ခြင့္ျပဳခ်က္ လိုအပ္တဲ့အျပင္ ဘာသာေရးအစြန္းေရာက္ အလြန္မ်ားျပားတဲ့တိုင္းျပည္မွာ အမ်ိဳး သမီးတစ္ေယာက္ ေဘာလုံးကန္ျခင္းဟာ ေသမင္းကို ဖိတ္ေခၚျခင္းနဲ႔ အတူတူပါပဲ။ ဒါေပမယ့္ ေရာက္ရာ တိုင္းျပည္မွာ ေလ့က်င့္ရင္း/ FIFA, AFC အကူအညီနဲ႔ ႏိုင္ငံ့ကိုယ္စားျပဳ ကစားရင္း အိမ္ျပန္ႏိုင္မယ့္ရက္ကို ေမွ်ာ္ လင့္ေနပါတယ္။
.

Related news

© 2021. All rights reserved.