ပြည်တွင်းပဋိပက္ခများအတွက် ပြည်ပအဖွဲ့အစည်းကို ခေါ်ယူရန် KNU ကြိုးစားခြင်းသည် နိုင်ငံတကာ အာရုံစိုက်ရန် လုပ်ဆောင်ခြင်းဟုဆို

593

သန့်ဇင်၊ စော (NP News) - ဒီဇင်ဘာ ၂
ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများအတွက် ပြည်ပအဖွဲ့အစည်းကို ခေါ်ယူရန် KNU ကြိုးစား ခြင်းသည် နိုင်ငံတကာအာရုံစိုက်ရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် စစ်ဘက်ရေးရာ လေ့လာသုံးသပ်သူများက NP News သို့ပြောသည်။
KNU အဖွဲ့သည် DKBA ၏ အကာအကွယ်အောက် လည်ပတ်နေသော ဖလူး (မင်းလက်ပံ) ဒေသ ရှိ ကျားဖျန့်များကို နှိမ်နင်းရန်အတွက် နိုင်ငံတကာအား ပူးပေါင်းရန် ပြီးခဲ့သည့် နိုဝင်ဘာ (၂၅)ရက်က တောင်းဆိုချက် စာထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြဝတီမြို့၏တောင်ဘက် (၁၆) ကီလိုမီတာခန့်အကွာရှိ ဖလူး (မင်းလက်ပံ) ဒေသမှ အခင်းဖြစ်စဉ်၏ နောက်ခံ အကြောင်းအရာ၊ ယင်းဖြစ်စဉ်နေရာနှင့် ပတ်သက်၍ မြေပြင်အကဲဖြတ်အဖွဲ့ကို စေလွှတ်ခြင်းနှင့် မြေပြင် အကဲဖြတ်အဖွဲ့၏ နိုဝင်ဘာ (၂၃၊ ၂၄၊ ၂၅) ရက်တို့မှ (၃) ရက်တိုင် တွေ့ရှိချက်များကိုလည်း ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
ယင်းအကြောင်းအရာနှင့်ပတ်သက်၍ KNU ၏ ပြည်ပအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ပေးရေး တောင်းဆိုချက်သည် နိုင်ငံတကာမှ ၎င်းတို့အဖွဲ့အစည်းအပေါ် အာရုံစိုက်လာစေရေးအတွက် လုပ်ဆောင် ခြင်းသာဖြစ်ကြောင်း ဒေါက်တာအောင်မျိုးက ဆိုသည်။ “ပြောချင်တာကတော့ ပထမဆုံးကတော့ KNU မှာ နိုင်ငံတကာကို အာရုံစိုက်အောင် လုပ်တတ်တဲ့ အလေ့အထတစ်ခုရှိတယ်။ ကြာပါပြီ မြိုင်ကလေး ဘိလပ်မြေစက်ရုံကနေ ပြင်သစ်ပညာရှင်တွေကို ပြန်ပေးဆွဲသွားတယ်လေ။ အဲဒီအချိန်ကနေ စပြီး နိုင်ငံ တကာရဲ့ Attention ရအောင်ပေါ့နော် သူက ဒီဟာကို လုပ်တတ်တယ်”ဟု ဒေါက်တာ အောင်မျိုးက ပြောသည်။
ထို့သို့ KNU ၏နိုင်ငံတကာသို့အကူအညီတောင်းခြင်းကိစ္စရပ်သည် လွဲမှားသည့် ခံယူချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဖြစ်မြောက်လာ မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် KNU အနေဖြင့် ၎င်းတို့နှင့် ချိတ်ဆက်မှုမရှိသည့် လုပ်ငန်းစဉ်မျိုးကို သွားရောက်အကူအညီတောင်းနေသည့် ပုံစံမျိုးသာဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှု အမှုဆောင် ဒါရိုက်တာဦးသိန်းထွန်းဦးက ဆိုသည်။
“ဘယ်သူကဝင်လာပြီး အဲဒီနေရာကိုလုပ်မှာလဲ။ မေးခွန်းက ရှိတယ်လေ။ မြန်မာနိုင်ငံရဲ့ နယ်နိ မိတ်ထဲမှာဖြစ်နေတဲ့ကိစ္စကို ဘယ်သူက ဝင်ရောက်ပြီးတော့ အလုပ်လုပ်ကြမှာလဲ။ ကိစ္စရပ်နောက် အဲဒီ ဖိတ်ခေါ်လိုက်တဲ့အဖွဲ့အစည်းကကော နိုင်ငံမှာဘယ်လောက်ထိ ကိုယ်စားပြုမှုရှိသလဲဆိုတဲ့မေးခွန်းတွေ ဒါတွေကအများကြီးရှိတယ်။ အဲဒါတွေကို ဖြေပြီးမှ ကျန်တဲ့လုပ်ငန်းစဉ်တွေက လုပ်လို့ရမှာ။ အဲဒါမရှင်းဘဲ နဲ့ ကျန်တဲ့ကိစ္စတွေ ဘယ်လိုမှ ပြောလို့ရမှာမဟုတ်ဘူး။ အဲဒီအပိုင်းက ခုနကပြောသလိုပဲ ကိုယ်နဲ့ ချိတ် ဆက်မှုမရှိတဲ့ လုပ်ငန်းစဉ်မျိုးကိုသွားပြီးတော့ အကူအညီတောင်းတဲ့ပုံစံမျိုးဖြစ်နေတယ်။ အဲဒီတော့ ဆက်စပ် စဉ်းစားကြည့် ဖြစ်နိုင်၏ မဖြစ်နိုင်၏ဆိုတာ”ဟု ၎င်းကပြောသည်။
KNU အဖွဲ့သည် DKBA ရှိသော အထက်ပါဖြစ်စဉ်နေရာသို့ ဝင်ရောက်ရှင်းလင်းခဲ့၍ တပ်ဖွဲ့များ တပ်စွဲထားကာ DKBA တပ်ဖွဲ့ဝင် အနည်းဆုံး (၂၃၀) ဦးလက်နက်ချခဲ့ပြီး ယင်းအခြေချစခန်းကိုထိန်းသိမ်း နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU ရဲ့ ထုတ်ပြန်ချက် စာ မျက်နှာ(၁)အပိုဒ် (၂) မှာ “KNUတပ်ဖွဲ့တွေက ၎င်း DKBA တပ်ဖွဲ့များတပ်စွဲထား၍ တိုက်ခိုက်သည့် နေရာ ကိုရှင်းလင်းရာ DKBA တပ်ဖွဲ့ဝင်အနည်းဆုံး (၂၃၀) လက်နက်ချပြီး ယင်းအခြေချစခန်းကို KNU ကထိန်း သိမ်းနိုင်ခဲ့သည်” ဟုရေးသားထားပါတယ်။ တကယ့်ဖြစ်စဉ်မှာတော့ (၂၀၂၅) ခုနှစ် နိုဝင်ဘာလ (၂၁) ရက် နေ့လယ် (၂) နာရီလောက်မှာ မင်းလက်ပံရွာကို KNU နဲ့ PDF အကြမ်းဖက်အဖွဲ့တချို့ ကားသုံးစီးနဲ့ ရောက်လာပါတယ်။ ခင်ဗျားတို့ စဉ်းစားကြည့်နော်။ မင်းလက်ပံရွာမှာရှိတဲ့ DKBA / KKO ပေါ့ဗျာ သူတို့ အချင်းချင်းဟာ တကယ့်ရန်ဘက်တွေ၊ ရန်သူတွေဆိုရင် ဒီလိုကားနဲ့ ပေါ်ပေါ်တင်တင်လာမလား။ ပြီး တော့ အဲဒီနေရာက KKO လုံခြုံရေးယူထားတဲ့ ဂိတ်ကိုရောက်လာပြီး KKO အဖွဲ့က ဗိုလ်မှူးအဆင့်ရှိ စောဖား ထီးကို ခေါ်ပြီး KKO အဖွဲ့ ကို လက်နက်တွေ သူတို့ဆီအပ်ဖို့ ပြောခဲ့တယ်လို့သိရပါတယ်။ စောဖားထီးက သူတို့ကို ဒီနေရာမှာ တာဝန်ခံက သူမဟုတ်ကြောင်း၊ စောကျော်ကိုမင်း (ခေါ်) သခွားသီး ဖြစ်ကြောင်းနဲ့သူတို့ကို မဖမ်းဖို့ပြောခဲ့ပါတယ်။ KNU/PDF အဖွဲ့အနေနဲ့ သူတို့ကို KNU ဗဟိုက ဖမ်းခိုင်း တာဖြစ်ကြောင်းနဲ့ KKO ဆီကလက်နက် အလက် (၁၇၀) နဲ့ အဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားခဲ့ပါတယ်”ဟု နိုဝင်ဘာ (၂၇) ရက်တွင် ထုတ်ပြန်ပြော ကြားခဲ့သည်။

Zawgyi Version:
ျပည္တြင္းပဋိပကၡမ်ားအတြက္ ျပည္ပအဖြဲ႕အစည္းကို ေခၚယူရန္ KNU ႀကိဳးစားျခင္းသည္ ႏိုင္ငံတကာ အာ႐ုံစိုက္ ရန္ လုပ္ေဆာင္ျခင္းဟုဆို
သန႔္ဇင္၊ ေစာ (NP News) - ဒီဇင္ဘာ ၂
ျပည္တြင္း လက္နက္ကိုင္ပဋိပကၡမ်ားအတြက္ ျပည္ပအဖြဲ႕အစည္းကို ေခၚယူရန္ KNU ႀကိဳးစား ျခင္းသည္ ႏိုင္ငံတကာအာ႐ုံစိုက္ရန္ လုပ္ေဆာင္ျခင္းသာျဖစ္ေၾကာင္း ႏိုင္ငံေရးေလ့လာသုံးသပ္သူႏွင့္ စစ္ဘက္ေရးရာ ေလ့လာသုံးသပ္သူမ်ားက NP News သို႔ေျပာသည္။
KNU အဖြဲ႕သည္ DKBA ၏ အကာအကြယ္ေအာက္ လည္ပတ္ေနေသာ ဖလူး (မင္းလက္ပံ) ေဒသ ရွိ က်ားဖ်န႔္မ်ားကို ႏွိမ္နင္းရန္အတြက္ ႏိုင္ငံတကာအား ပူးေပါင္းရန္ ၿပီးခဲ့သည့္ ႏိုဝင္ဘာ (၂၅)ရက္က ေတာင္းဆိုခ်က္ စာထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ထုတ္ျပန္ခ်က္တြင္ ျမဝတီၿမိဳ႕၏ေတာင္ဘက္ (၁၆) ကီလိုမီတာခန႔္အကြာရွိ ဖလူး (မင္းလက္ပံ) ေဒသမွ အခင္းျဖစ္စဥ္၏ ေနာက္ခံ အေၾကာင္းအရာ၊ ယင္းျဖစ္စဥ္ေနရာႏွင့္ ပတ္သက္၍ ေျမျပင္အကဲျဖတ္အဖြဲ႕ကို ေစလႊတ္ျခင္းႏွင့္ ေျမျပင္ အကဲျဖတ္အဖြဲ႕၏ ႏိုဝင္ဘာ (၂၃၊ ၂၄၊ ၂၅) ရက္တို႔မွ (၃) ရက္တိုင္ ေတြ႕ရွိခ်က္မ်ားကိုလည္း ထည့္သြင္း ေဖာ္ျပထားေၾကာင္း သိရသည္။
ယင္းအေၾကာင္းအရာႏွင့္ပတ္သက္၍ KNU ၏ ျပည္ပအဖြဲ႕အစည္းမ်ားမွ ပူးေပါင္းပါဝင္ ေပးေရး ေတာင္းဆိုခ်က္သည္ ႏိုင္ငံတကာမွ ၎တို႔အဖြဲ႕အစည္းအေပၚ အာ႐ုံစိုက္လာေစေရးအတြက္ လုပ္ေဆာင္ ျခင္းသာျဖစ္ေၾကာင္း ေဒါက္တာေအာင္မ်ိဳးက ဆိုသည္။ “ေျပာခ်င္တာကေတာ့ ပထမဆုံးကေတာ့ KNU မွာ ႏိုင္ငံတကာကို အာ႐ုံစိုက္ေအာင္ လုပ္တတ္တဲ့ အေလ့အထတစ္ခုရွိတယ္။ ၾကာပါၿပီ ၿမိဳင္ကေလး ဘိလပ္ေျမစက္႐ုံကေန ျပင္သစ္ပညာရွင္ေတြကို ျပန္ေပးဆြဲသြားတယ္ေလ။ အဲဒီအခ်ိန္ကေန စၿပီး ႏိုင္ငံ တကာရဲ႕ Attention ရေအာင္ေပါ့ေနာ္ သူက ဒီဟာကို လုပ္တတ္တယ္”ဟု ေဒါက္တာ ေအာင္မ်ိဳးက ေျပာသည္။
ထို႔သို႔ KNU ၏ႏိုင္ငံတကာသို႔အကူအညီေတာင္းျခင္းကိစၥရပ္သည္ လြဲမွားသည့္ ခံယူခ်က္ျဖင့္ လုပ္ေဆာင္ျခင္းျဖစ္သည့္အတြက္ ျဖစ္ေျမာက္လာ မည္မဟုတ္ေၾကာင္း ၎ကဆိုသည္။ ထို႔ျပင္ KNU အေနျဖင့္ ၎တို႔ႏွင့္ ခ်ိတ္ဆက္မႈမရွိသည့္ လုပ္ငန္းစဥ္မ်ိဳးကို သြားေရာက္အကူအညီေတာင္းေနသည့္ ပုံစံမ်ိဳးသာျဖစ္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မႈ အမႈေဆာင္ ဒါ႐ိုက္တာဦးသိန္းထြန္းဦးက ဆိုသည္။
“ဘယ္သူကဝင္လာၿပီး အဲဒီေနရာကိုလုပ္မွာလဲ။ ေမးခြန္းက ရွိတယ္ေလ။ ျမန္မာႏိုင္ငံရဲ႕ နယ္နိ မိတ္ထဲမွာျဖစ္ေနတဲ့ကိစၥကို ဘယ္သူက ဝင္ေရာက္ၿပီးေတာ့ အလုပ္လုပ္ၾကမွာလဲ။ ကိစၥရပ္ေနာက္ အဲဒီ ဖိတ္ေခၚလိုက္တဲ့အဖြဲ႕အစည္းကေကာ ႏိုင္ငံမွာဘယ္ေလာက္ထိ ကိုယ္စားျပဳမႈရွိသလဲဆိုတဲ့ေမးခြန္းေတြ ဒါေတြကအမ်ားႀကီးရွိတယ္။ အဲဒါေတြကို ေျဖၿပီးမွ က်န္တဲ့လုပ္ငန္းစဥ္ေတြက လုပ္လို႔ရမွာ။ အဲဒါမရွင္းဘဲ နဲ႔ က်န္တဲ့ကိစၥေတြ ဘယ္လိုမွ ေျပာလို႔ရမွာမဟုတ္ဘူး။ အဲဒီအပိုင္းက ခုနကေျပာသလိုပဲ ကိုယ္နဲ႔ ခ်ိတ္ ဆက္မႈမရွိတဲ့ လုပ္ငန္းစဥ္မ်ိဳးကိုသြားၿပီးေတာ့ အကူအညီေတာင္းတဲ့ပုံစံမ်ိဳးျဖစ္ေနတယ္။ အဲဒီေတာ့ ဆက္စပ္ စဥ္းစားၾကည့္ ျဖစ္ႏိုင္၏ မျဖစ္ႏိုင္၏ဆိုတာ”ဟု ၎ကေျပာသည္။
KNU အဖြဲ႕သည္ DKBA ရွိေသာ အထက္ပါျဖစ္စဥ္ေနရာသို႔ ဝင္ေရာက္ရွင္းလင္းခဲ့၍ တပ္ဖြဲ႕မ်ား တပ္စြဲထားကာ DKBA တပ္ဖြဲ႕ဝင္ အနည္းဆုံး (၂၃၀) ဦးလက္နက္ခ်ခဲ့ၿပီး ယင္းအေျခခ်စခန္းကိုထိန္းသိမ္း ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက KNU ရဲ႕ ထုတ္ျပန္ခ်က္ စာ မ်က္ႏွာ(၁)အပိုဒ္ (၂) မွာ “KNUတပ္ဖြဲ႕ေတြက ၎ DKBA တပ္ဖြဲ႕မ်ားတပ္စြဲထား၍ တိုက္ခိုက္သည့္ ေနရာ ကိုရွင္းလင္းရာ DKBA တပ္ဖြဲ႕ဝင္အနည္းဆုံး (၂၃၀) လက္နက္ခ်ၿပီး ယင္းအေျခခ်စခန္းကို KNU ကထိန္း သိမ္းႏိုင္ခဲ့သည္” ဟုေရးသားထားပါတယ္။ တကယ့္ျဖစ္စဥ္မွာေတာ့ (၂၀၂၅) ခုႏွစ္ ႏိုဝင္ဘာလ (၂၁) ရက္ ေန႔လယ္ (၂) နာရီေလာက္မွာ မင္းလက္ပံ႐ြာကို KNU နဲ႔ PDF အၾကမ္းဖက္အဖြဲ႕တခ်ိဳ႕ ကားသုံးစီးနဲ႔ ေရာက္လာပါတယ္။ ခင္ဗ်ားတို႔ စဥ္းစားၾကည့္ေနာ္။ မင္းလက္ပံ႐ြာမွာရွိတဲ့ DKBA / KKO ေပါ့ဗ်ာ သူတို႔ အခ်င္းခ်င္းဟာ တကယ့္ရန္ဘက္ေတြ၊ ရန္သူေတြဆိုရင္ ဒီလိုကားနဲ႔ ေပၚေပၚတင္တင္လာမလား။ ၿပီး ေတာ့ အဲဒီေနရာက KKO လုံၿခဳံေရးယူထားတဲ့ ဂိတ္ကိုေရာက္လာၿပီး KKO အဖြဲ႕က ဗိုလ္မႉးအဆင့္ရွိ ေစာဖား ထီးကို ေခၚၿပီး KKO အဖြဲ႕ ကို လက္နက္ေတြ သူတို႔ဆီအပ္ဖို႔ ေျပာခဲ့တယ္လို႔သိရပါတယ္။ ေစာဖားထီးက သူတို႔ကို ဒီေနရာမွာ တာဝန္ခံက သူမဟုတ္ေၾကာင္း၊ ေစာေက်ာ္ကိုမင္း (ေခၚ) သခြားသီး ျဖစ္ေၾကာင္းနဲ႔သူတို႔ကို မဖမ္းဖို႔ေျပာခဲ့ပါတယ္။ KNU/PDF အဖြဲ႕အေနနဲ႔ သူတို႔ကို KNU ဗဟိုက ဖမ္းခိုင္း တာျဖစ္ေၾကာင္းနဲ႔ KKO ဆီကလက္နက္ အလက္ (၁၇၀) နဲ႔ အဖြဲ႕ဝင္တခ်ိဳ႕ကို ဖမ္းဆီးသြားခဲ့ပါတယ္”ဟု ႏိုဝင္ဘာ (၂၇) ရက္တြင္ ထုတ္ျပန္ေျပာ ၾကားခဲ့သည္။