၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အား ခွဲရုံစီမံကိန်း ၈၁ ရာခိုင်နှုန်းကျော်ပြီးစီး

 229

Pearl (NP News) - ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ စပါးကြွယ်ကျေးရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အား ခွဲရုံစီမံကိန်းသည် လက်ရှိတွင် ၈၁ ရာခိုင်နှုန်းကျော်ပြီးစီးပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါ ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အား ခွဲရုံ တည်ဆောက်ရေးစီမံကိန်းကို ပြီး ယမန်နေ့ (ဒီဇင်ဘာ ၁ရက်) က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် စီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သွားသော Shunt Reactor Bushing ပျက်စီးသွားမှုကို အမြန်ဆုံးစစ်ဆေးပြင်ဆင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိအမြဲရှိစေရေး ဂရုပြုဆောင်ရွက်သွားရန်နှင့် ကျန်ရှိသည့်လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ Switch Yard အတွင်း ထရန်စဖော်မာများ၊ Shunt Reactor နှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားခဲ့ကြောင်းလည်း သိရသည်။

ယခုအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅ဝဝ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အားခွဲရုံစီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၈၁ ဒသမ ဝ၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
၅၀၀ ေကဗြီ စပါးႂကြယ္ (ေတာင္ငူ) ဓာတ္အား ခြဲ႐ုံစီမံကိန္း ၈၁ ရာခိုင္ႏႈန္းေက်ာ္ၿပီးစီး
Pearl (NP News) - ဒီဇင္ဘာ ၂
ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္ရွိ စပါးႂကြယ္ေက်း႐ြာအနီးတြင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိ သည့္ ၅၀၀ ေကဗြီ စပါးႂကြယ္ (ေတာင္ငူ) ဓာတ္အား ခြဲ႐ုံစီမံကိန္းသည္ လက္ရွိတြင္ ၈၁ ရာခိုင္ႏႈန္းေက်ာ္ၿပီးစီးၿပီ ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ ၅၀၀ ေကဗြီ စပါးႂကြယ္ (ေတာင္ငူ) ဓာတ္အား ခြဲ႐ုံ တည္ေဆာက္ေရးစီမံကိန္းကို ၿပီး ယမန္ေန႔ (ဒီဇင္ဘာ ၁ရက္) က လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းသည္ စီမံကိန္း၏ လုပ္ငန္းတိုးတက္မႈအေျခအေနကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သြားေရာက္စဥ္ ျပည္ေထာင္စုဝန္ႀကီးက မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္သြားေသာ Shunt Reactor Bushing ပ်က္စီးသြားမႈကို အျမန္ဆုံးစစ္ေဆးျပင္ဆင္ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေရး၊ လုံၿခဳံေရးသတိ၊ လုံၿခဳံေရးအသိအၿမဲရွိေစေရး ဂ႐ုျပဳေဆာင္႐ြက္သြားရန္ႏွင့္ က်န္ရွိသည့္လုပ္ငန္းမ်ားအား သတ္မွတ္ကာလအတြင္း ၿပီးျပတ္ေစေရး ၾကပ္မတ္ေဆာင္႐ြက္သြားရန္ မွာၾကားကာ လိုအပ္သည္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးခဲ့ေၾကာင္းလည္း သိရသည္။
အလားတူ ျပည္ေထာင္စုဝန္ႀကီးသည္ စီမံကိန္းလုပ္ငန္းခြင္အတြင္း Control Building တည္ေဆာက္ျခင္း လုပ္ငန္းမ်ားေဆာင္႐ြက္ေနမႈ၊ Switch Yard အတြင္း ထရန္စေဖာ္မာမ်ား၊ Shunt Reactor ႏွင့္ Hybrid Gas Insulated Switchgear (HGIS) တပ္ဆင္ၿပီးစီးေနမႈအေျခအေနတို႔ကို လွည့္လည္ၾကည့္ရႈစစ္ေဆးၿပီး လိုအပ္သည္ မ်ား မွာၾကားခဲ့ေၾကာင္းလည္း သိရသည္။

ယခုအေကာင္အထည္ေဖာ္ တည္ေဆာက္လ်က္ရွိသည့္ ၅ဝဝ ေကဗြီ စပါးႂကြယ္ (ေတာင္ငူ) ဓာတ္အားခြဲ႐ုံစီမံကိန္းသည္ လက္ရွိအခ်ိန္တြင္ စီမံကိန္းတစ္ခုလုံးအေနျဖင့္ ၈၁ ဒသမ ဝ၇ ရာခိုင္ႏႈန္း ေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္ကာ စီမံကိန္းတစ္ခုလုံး ရာႏႈန္းျပည့္ ၿပီးစီးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.